မိမိတို႔ေမြးဖြားရာအရပ္ကို ျပန္ေရာက္ႏိုင္ဖို႔ အခက္အခဲေတြကို ေက်ာ္ျဖတ္ရင္း ေနာက္မ်ိဳးဆက္အတြက္ပါ ေပးဆပ္ခဲ့ၾကတဲ့ “ဆယ္လ္မြန္ငါး”ေတြရဲ႕ ဘဝ

Zawgyi

မိမိတို႔ေမြးဖြားရာအရပ္ကို ျပန္ေရာက္ႏိုင္ဖို႔ အခက္အခဲေတြကို ေက်ာ္ျဖတ္ရင္း ေနာက္မ်ိဳးဆက္အတြက္ပါ ေပးဆပ္ခဲ့ၾကတဲ့ “ဆယ္လ္မြန္ငါး”ေတြရဲ႕ ဘဝ

အဆိုေတာ္ ခင္ဝမ္း နဲ႔ ခင္ေမာင္တိုး တို႔ သီဆိုခဲ့ၾကတဲ့ “ဆယ္လ္မြန္ငါးတို႔အျပန္” ဆိုတဲ့သီခ်င္းေလးရဲ႕ အဓိပၸါယ္ကို အခုမွပဲ ေသခ်ာနားလည္ေတာ့တယ္…

“ဆယ္လ္မြန္ငါးတို႔အျပန္”

ဆယ္လ္မြန္ငါးေတြဟာ ေရခ်ိဳမွာ ေမြးဖြားၿပီး ေရငံ(ပင္လယ္)မွာ ႀကီးျပင္းတဲ့ငါးမ်ိဳးျဖစ္တယ္။ မိခင္ဆယ္လ္မြန္ငါးဥမွ (၃)လၾကာမွာ ငါးသားေလာင္းေတြအျဖစ္ ထြက္လာပါတယ္။ေရခ်ိဳမွာ ပ်မ္းမွ်(၂)ႏွစ္ခန႔္ ႀကီးထြားေအာင္ေနၿပီးမွ ပင္လယ္ျပင္ႀကီးဆီထြက္လာပါတယ္။

ပင္လယ္ျပင္မွာ (၃)ႏွစ္ၾကာရင္ ၾကင္ေဖၚရွာၿပီးမိမိတို႔ေမြးဖြားရာ ေရခ်ိဳအရပ္ဆီကို ျပန္ၾကပါတယ္။ တခ်ိဳ႕ဆယ္လ္မြန္ေတြကေတာ့ ၾကင္ေဖၚမေတြ႕ႏိုင္ပဲ ပင္လယ္သမုဒၶရာထဲ (၅)ႏွစ္အထိၾကာတတ္ပါတယ္။

ဒီၾကားထဲမွာေတာ့ လူသားေတြရဲ႕ဖမ္းဆီးျခင္း ခံရတာမ်ိဳးရွိၿပီး ေမြးရပ္ျပန္ မ်ိဳးဆက္မပြားႏိုင္တာလည္း မ်ားတယ္။ သုေတသီတို႔ ေတြ႕ရွိခ်က္အရ (၁၀)%သာ ေမြးရပ္ျပန္ မ်ိဳးပြားႏိုင္ေၾကာင္းေတြ႕ရွိရပါတယ္။

ဆယ္လ္မြန္ငါးတို႔ရဲ႕ အျပန္ခရီးဟာ မိုင္ေပါင္း(၂၀၀၀)ေလာက္ ရွိၾကတယ္တဲ့။ ခ်စ္ေဖၚနဲ႔လက္တြဲ မ်ိဳးဆက္သစ္ေမြးဖြားဖို႔ အျပန္ခရီး စတင္ၿပီဆိုတာနဲ႔ ဆယ္လ္မြန္စုံတြဲဟာ လုံးဝ အစာမစားေတာ့ပါ။

အဲလိုနဲ႔ မိမိတို႔ေမြးဖြားရာ အရပ္ေရာက္ရင္ ဆယ္လ္မြန္ငါးတို႔ ခ်စ္ရည္လူးၿပီး အမျဖစ္သူဟာ ဥခ်ရန္ ၎ရဲ႕အၿမီးနဲ႔ ေက်ာက္စရစ္သားကို တူးဆြၿပီးတြင္းခ်ိဳင့္ျဖစ္ေအာင္လုပ္တယ္။ ဆယ္လ္မြန္ငါးေတြ ဥခ်ေမြးဖြားရာအရပ္စာ ေက်ာက္စရစ္ေျမခံေရၾကည္ရာအရပ္ျဖစ္တယ္။

တခါဥရင္ အေကာင္ေရ(၂၀၀၀) မွ (၁၀၀၀၀) အထိရွိတတ္တယ္တဲ့။ ဆယ္လ္မြန္ငါးအမ ဥေတြခ်ေနခ်ိန္မွာ ငါးအထီးဟာေဘးနားမွာ ငါးမအႏၲရယ္ မျဖစ္ေအာင္ ကာကြယ္ဖို႔ ေစာင့္ေရွာက္ေနရပါတယ္။ ငါးအမဥေတြအကုန္ခ်ၿပီးမွာ အထီးျဖစ္သူက ဖိုမ်ိဳးေစ့ Spam ေတြဥပါခ်လိုက္တယ္။

အထီးျဖစ္သူ ဥေပၚမွထြက္ၿပီးမွာ အမျဖစ္သူက မ်ိဳးဆက္သစ္ျဖစ္မယ့္ ဥေတြ ေရစီးနဲ႔ ပါမသြားေအာင္ အေပၚကဝပ္ေပးၿပီးဘယ္မွမသြားေတာ့ပါ။ဒီလိုနဲ႔ (၃)ရက္မွ (၇)ရက္အတြင္း အမျဖစ္သူဟာ ၎ရဲ႕ ဥအသိုက္ေပၚမွာပဲ ေသဆုံးသြားပါတယ္။

အထီးျဖစ္သူကေတာ့ အနီးနား ပတ္ဝန္းက်င္မွာပဲ့ ေသဆုံးသြားပါတယ္။အဲလိုနဲ႔ ဆယ္လ္မြန္ငါး သားေပါက္ေလးေတြဟာ (၃)လမွာ ဥမွ ထြက္လာပါတယ္။ အဲဒီအခါမွာ ဆယ္လ္မြန္ငါးမိခင္ဟာ ေသဆုံးၿပီး ႐ုပ္ႂကြင္းမွ အသားမွ်င္ေလးေတြအျဖစ္အနီးနားမွာ ျပန႔္ႀကဲေနပါၿပီ။ ဥမွထြက္ထြက္ျခင္း ငါးေပါက္ေလးမ်ားဟာ ေရမကူးႏိုင္ေသးပါ။

တြားသြားၿပီး အစာအျဖစ္ မိခင္႐ုပ္ႂကြင္း အသားမွ်င္ေလးမ်ားကို စားၾကရပါတယ္။အဲဒီမွာ ဆယ္လ္မြန္ငါးတို႔ဟာ ဘာျဖစ္လို႔ မ်ိဳးဆက္သစ္ေမြးဖြားေတာ့မယ္ဆိုတာနဲ႔ အစာမစားေတာ့တာဟာ မိမိအသက္အေသခံဖို႔ တျခားအစာ (ေရညႇိေရေမွာ္ကအစ)ဘာမွမရွိတဲ့ေက်ာက္စရစ္ေရေအာက္ေျမသားမွာ မိမိအေသြးသားကို မိမိမ်ိဳးဆက္စားေသာက္ၿပီး အသက္ဆက္ဖို႔အတြက္ျဖစ္ပါတယ္။

ဆယ္လ္မြန္ငါးအထီးကေတာ့ အနီးနားမွာ ေသဆုံးၿပီး ႀကီးျပင္းလာတဲ့ မိမိမ်ိဳးဆက္အျပင္ တျခားေသာ ဆယ္လ္မြန္ငါးေတြအတြက္ အစာအျဖစ္ ေပးဆပ္ပါတယ္။ဆယ္လ္မြန္ငါးေတြရဲ႕ အလြန္ထူးျခားေသာ မ်ိဳးဆက္သစ္အတြက္ေပးဆပ္မႈက အလြန္ခ်ီးက်ဴးအံ့ၾသဖြယ္ရာပါ။

ထို႔ေၾကာင့္ ဂ်ပန္လူမ်ိဳးေတြတို႔မွာ ဆယ္လ္မြန္ငါးရဲ႕ သဘာဝကို စံထားၿပီး မိမိတို႔ မ်ိဳးဆက္သစ္အတြက္ဘေပးဆပ္ဖို႔ ပညာေပးၾကပါတယ္။ေရခ်ိဳျမစ္ေခ်ာင္းေတြထဲမွာ ဥ ဥၿပီး အေကာင္ေပါက္ေတာ့ ေရငန္ပင္လယ္ထဲကို ဆင္းသြားၾကတယ္။

ေရငန္ပင္လယ္ထဲမွာ မ်ိဳးစိတ္အဆင့္အတန္းအလိုက္ တစ္ႏွစ္ကေန ငါးႏွစ္ေလာက္အထိ ေနၿပီးလို႔သူတို႔ရဲ႕ မ်ိဳးပြားအဂၤါေတြ ေကာင္းစြာဖြံ႕ၿဖိဳးလာတဲ့အခါမွာ ေရငန္ ပင္လယ္ထဲကေန သူတို႔ ေပါက္ဖြားခဲ့တဲ့ မူလေနရာ ေရခ်ိဳျမစ္ေခ်ာင္းေတြရဲ႕ အစေနရာကို ျပန္သြားၾကတယ္တဲ့။

ဒီအေၾကာင္းေတြကေတာ့ ၾကားဖူးၿပီးသားျဖစ္မွာပါ။ ဆယ္လ္မြန္ငါးတို႔ အျပန္ဆိုတဲ့ ႏိုင္ငံေက်ာ္သီခ်င္းေတာင္ ရွိေနေသးတာဘဲ။တကယ္ဆို ဆယ္လ္မြန္ငါးေတြရဲ႕ ဇာတိစြဲက ဘယ္ေလာက္ ခ်စ္စရာေကာင္းသလဲ။

ဘယ္ေနရာပဲ ေရာက္ေနေန သူတို႔ရဲ႕ ဇာတိကို ေမ့မသြားဘူးေလ။ ေရာက္ေအာင္ျပန္ၾကတယ္။ပင္လယ္ကေန မူလဇာတိ ျမစ္ေခ်ာင္းေတြဆီကို ျပန္တယ္ဆိုတာ လြယ္တဲ့ကိစၥမွ မဟုတ္တာ။ ျမစ္ေခ်ာင္းေတြဟာ အျမင့္မွာပင္လယ္က ဟိုးအနိမ့္ဆုံးမွာ အနိမ့္ဆုံးေနရာကေန အျမင့္ဆုံေနရာဆီကို ဆန္တက္ကူးခတ္ၿပီး ျပန္ၾကရတာေလ။

သူတို႔ေတြရဲ႕ လမ္းေၾကာင္းကို သိထားတဲ့ ႐ြာသူ႐ြာသားေတြက အျပန္လမ္းကို ေစာင့္ၿပီး ဖမ္းၾကေသးတယ္။ ပိုက္ေတြထဲ တိုးဝင္ၿပီး ပါသြားလိုက္တာ အမ်ားအျပား။ပိုဆိုးတာတစ္ခုက ျမစ္ေခ်ာင္းေတြဆီကေန ပင္လယ္ဆီကို လာတုန္းက အဆင္းလမ္းကို လာခဲ့ၾကတယ္။

ေရစီးနဲ႔ ေမွ်ာလိုက္ၿပီး လာခဲ့ၾကတယ္။ အခု ပင္လယ္ကေန ျမစ္ေခ်ာင္းေတြဆီကို ျပန္မယ္ဆိုေတာ့ ေရဆန္ကို ကူးခတ္ၾကရၿပီ။ေရဆန္မို႔လို႔ ပင္ပန္းေနပါတယ္ဆိုမွ လမ္းခရီးက ပုံစံေတြ ေျပာင္းေနတတ္ေသးတယ္။ ဆည္ေတြဖို႔လိုက္တာမ်ိဳးေျမာင္းေတြ ပိတ္ပစ္လိုက္တာမ်ိဳးေတြေပါ့။

အဲ့လိုေနရာေတြကို ေရာက္တဲ့အခါမွာ ငါးေလးေတြဟာ လမ္းေပ်ာက္သလိုျဖစ္ၿပီး ေသလိုက္ၾကတာမွ အတုံးအ႐ုံး။ဒါကို ႀကိဳသိေနတဲ့ ႐ြာသူ႐ြာသားေတြက ေပ်ာ္႐ႊင္စြာ သြားေကာက္ၾကတယ္တဲ့။ ၾကည့္သာ ၾကည့္ေနရတယ္ ကိုယ့္မွာ ဝမ္းနည္းပူေဆြးမႈေတြနဲ႔။ အိမ္ျပန္ရတာ အဲ့သေလာက္ပဲ ခက္ခဲသလား။

အိမ္အျပန္လမ္းဟာ အဲ့သေလာက္ပဲ ၾကမ္းတမ္းသလား။အိမ္ျပန္ေရာက္ခ်င္တဲ့စိတ္ဟာ က်ိန္စာတစ္ခုလို အသက္ကိုပါ ႏႈတ္ယူပစ္တတ္တာမ်ိဳးလား။အိမ္နဲ႔ ေဝးေနသူေတြရဲ႕ အိမ္ျပန္ခ်င္တဲ့စိတ္ဟာ တပါးသူရဲ႕ အႏိုင္က်င့္ႏွိပ္စက္မႈကို ခံယူၾကဖို႔လား။

အိမ္ျပန္ခ်င္စိတ္ သိပ္ႏွိပ္စက္တဲ့အခါ ေသရမွာကိုေတာင္ မေၾကာက္ေတာ့တဲ့ ဆယ္လ္မြန္ငါး ေလးေတြရဲ႕ သတၱိကိုေတာ့ အေလးျပဳမိပါရဲ႕။ဆယ္လ္မြန္ငါးတို႔ရဲ႕ သဘာဝကိုအတုယူၿပီး မိမိတို႔မ်ိဳးဆက္အတြက္ေပးဆပ္တဲ့ အက်င့္ေလးမ်ားရွိဖို႔ အႀကံေပးပါရေစ။ ။

Credit

unicode

မိမိတို့မွေးဖွားရာအရပ်ကို ပြန်ရောက်နိုင်ဖို့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း နောက်မျိုးဆက်အတွက်ပါ ပေးဆပ်ခဲ့ကြတဲ့ “ဆယ်လ်မွန်ငါး”တွေရဲ့ ဘဝ

အဆိုတော် ခင်ဝမ်း နဲ့ ခင်မောင်တိုး တို့ သီဆိုခဲ့ကြတဲ့ “ဆယ်လ်မွန်ငါးတို့အပြန်” ဆိုတဲ့သီချင်းလေးရဲ့ အဓိပ္ပါယ်ကို အခုမှပဲ သေချာနားလည်တော့တယ်…

“ဆယ်လ်မွန်ငါးတို့အပြန်”

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာ မွေးဖွားပြီး ရေငံ(ပင်လယ်)မှာ ကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်။ မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ် ထွက်လာပါတယ်။ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်။

ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီးမိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကို ပြန်ကြပါတယ်။ တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်။

ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်း ခံရတာမျိုးရှိပြီး မွေးရပ်ပြန် မျိုးဆက်မပွားနိုင်တာလည်း များတယ်။ သုတေသီတို့ တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန် မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက် ရှိကြတယ်တဲ့။ ချစ်ဖေါ်နဲ့လက်တွဲ မျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီး စတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝ အစာမစားတော့ပါ။

အဲလိုနဲ့ မိမိတို့မွေးဖွားရာ အရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကို တူးဆွပြီးတွင်းချိုင့်ဖြစ်အောင်လုပ်တယ်။ ဆယ်လ်မွန်ငါးတွေ ဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်။

တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့။ ဆယ်လ်မွန်ငါးအမ ဥတွေချနေချိန်မှာ ငါးအထီးဟာဘေးနားမှာ ငါးမအန္တရယ် မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်။ ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပါချလိုက်တယ်။

အထီးဖြစ်သူ ဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေ ရေစီးနဲ့ ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ။ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်။

အထီးဖြစ်သူကတော့ အနီးနား ပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်။အဲလိုနဲ့ ဆယ်လ်မွန်ငါး သားပေါက်လေးတွေဟာ (၃)လမှာ ဥမှ ထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီး ရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ်အနီးနားမှာ ပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ။

တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်း အသားမျှင်လေးများကို စားကြရပါတယ်။အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ (ရေညှိရေမှော်ကအစ)ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။

ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာ သေဆုံးပြီး ကြီးပြင်းလာတဲ့ မိမိမျိုးဆက်အပြင် တခြားသော ဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ် ပေးဆပ်ပါတယ်။ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။

ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့ သဘာဝကို စံထားပြီး မိမိတို့ မျိုးဆက်သစ်အတွက်ဘပေးဆပ်ဖို့ ပညာပေးကြပါတယ်။ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်။

ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ်ကနေ ငါးနှစ်လောက်အထိ နေပြီးလို့သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့။

ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ။ ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ။တကယ်ဆို ဆယ်လ်မွန်ငါးတွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ။

ဘယ်နေရာပဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ။ ရောက်အောင်ပြန်ကြတယ်။ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ မြစ်ချောင်းတွေဟာ အမြင့်မှာပင်လယ်က ဟိုးအနိမ့်ဆုံးမှာ အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ။

သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်။ ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား။ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်။

ရေစီးနဲ့ မျှောလိုက်ပြီး လာခဲ့ကြတယ်။ အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ။ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်။ ဆည်တွေဖို့လိုက်တာမျိုးမြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့။

အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး။ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့။ ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့။ အိမ်ပြန်ရတာ အဲ့သလောက်ပဲ ခက်ခဲသလား။

အိမ်အပြန်လမ်းဟာ အဲ့သလောက်ပဲ ကြမ်းတမ်းသလား။အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား။အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား။

အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့။ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ။ ။

Credit