ၾကက္သားဝယ္ရင္း ဒီလိုအျဖဴေရာင္အစင္းေၾကာင္းေတြပါေနတာ ေတြ႕လာခဲ့ရင္ …

Zawgyi

ၾကက္သားဝယ္ရင္း ဒီလိုအျဖဴေရာင္အစင္းေၾကာင္းေတြပါေနတာ ေတြ႕လာခဲ့ရင္ …

အာရွလူမ်ိဳးအမ်ားစုကေတာ့ အမဲသား၊ဝက္သားထက္ ၾကက္သားကိုပိုၿပီးအဓိကထားစားသုံးၾကတာမ်ားပါတယ္။ၾကက္သားက လူမ်ိဳးမေ႐ြးလည္းစားသုံးလို႔ရတဲ့အစားအစာျဖစ္တဲ့အျပင္ အိမ္ရွင္မတိုင္းကလည္း တစ္ပတ္ကို ၃ရက္၊၄ရက္ေလာက္ၾကက္သားခ်က္ျပဳတ္စားေသာက္တတ္ၾကပါတယ္။

ဒီလိုၾကက္သားကိုသြားဝယ္တဲ့အခါသတိထားရမွာေလးေတြရွိပါတယ္။က်န္းမာေရးရႈေထာင့္အရၾကည့္မယ္ဆိုရင္ ၾကက္သားရင္အုံမွာ အျဖဴေရာင္အစင္းေၾကာင္းေတြပါတဲ့အသားက က်န္းမာေရးနဲ႔မညီၫြတ္ဘူးလို႔ေတြ႕ရွိခဲ့ရပါတယ္။

Compassion in World Farming အဖြဲ႕အစည္းရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ အျဖဴေရာင္အစင္းေၾကာင္းေတြပါေနတဲ့ၾကက္သားဟာ က်န္းမာေရးနဲ႔မညီၫြတ္ပါဘူးတဲ့၊ၾကက္ကို ျမန္ျမန္ႀကီးထြားလာေစဖို႔ေမြးျမဴၾကတဲ့အခါ ႂကြက္သားတစ္ရႉးေတြေျပာင္းလဲသြားတတ္ပါတယ္။

အမ်ားဆုံးေတြ႕ရတဲ့လကၡဏာက အျဖဴေရာင္အစင္းေၾကာင္းေတြနဲ႔ မလတ္ဆတ္သလိုညိဳမႈိင္းေနတတ္တာပါ။ေနာက္ထပ္ေလ့လာခ်က္ေတြအရ အျဖဴေရာင္အစင္းေၾကာင္းပါေနတဲ့ၾကက္သားေတြဟာ ႏွစ္စဥ္နဲ႔အမွ်တိုးပြားလာတယ္လို႔လည္းသိရပါတယ္။

ဒီလိုအျဖဴေရာင္အစင္းေၾကာင္းပါဝင္မႈမ်ားတဲ့ၾကက္သားဟာ ၂၀၁၃ တုန္းက စမ္းသပ္ခ်က္အရ အျဖဴေရာင္အစင္းေၾကာင္းမပါတဲ့ၾကက္သားထက္အဆီပါဝင္မႈ၂၂၄ ရာခိုင္ႏႈန္းေတာင္ပိုၿပီးမ်ားေနတယ္လို႔ေတြ႕ရွိခဲ့ရပါတယ္။

သိတဲ့အတိုင္း အဆီဆိုရင္ ေရွာင္တာအေကာင္းဆုံးပါ။ၾကက္သားတိုင္းကေတာ့ အဆီပါမွာပါပဲ။ဒါေပမဲ့ ပုံမွန္ထက္မ်ားေနၿပီဆိုရင္ေတာ့ ကိုယ့္က်န္းမာေရးကိုလာၿပီးထိခိုက္လာေစမွာအမွန္ပါ။

ဒါေၾကာင့္ အျဖဴေရာင္အစင္းေၾကာင္းေတြအမ်ားႀကီးျဖစ္ေနတဲ့ၾကက္သားကိုေတြ႕ရင္ေရွာင္ၿပီး အျဖဴေရာင္အစင္းေၾကာင္းမပါတဲ့၊လတ္ဆတ္တဲ့အသားကိုေ႐ြးခ်ယ္ၿပီးဝယ္ယူၾကပါလို႔ က်န္းမာေရးဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ပါတယ္။

Credit

unicode

ကြက်သားဝယ်ရင်း ဒီလိုအဖြူရောင်အစင်းကြောင်းတွေပါနေတာ တွေ့လာခဲ့ရင် …

အာရှလူမျိုးအများစုကတော့ အမဲသား၊ဝက်သားထက် ကြက်သားကိုပိုပြီးအဓိကထားစားသုံးကြတာများပါတယ်။ကြက်သားက လူမျိုးမရွေးလည်းစားသုံးလို့ရတဲ့အစားအစာဖြစ်တဲ့အပြင် အိမ်ရှင်မတိုင်းကလည်း တစ်ပတ်ကို ၃ရက်၊၄ရက်လောက်ကြက်သားချက်ပြုတ်စားသောက်တတ်ကြပါတယ်။

ဒီလိုကြက်သားကိုသွားဝယ်တဲ့အခါသတိထားရမှာလေးတွေရှိပါတယ်။ကျန်းမာရေးရှုထောင့်အရကြည့်မယ်ဆိုရင် ကြက်သားရင်အုံမှာ အဖြူရောင်အစင်းကြောင်းတွေပါတဲ့အသားက ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့တွေ့ရှိခဲ့ရပါတယ်။

Compassion in World Farming အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်အရ အဖြူရောင်အစင်းကြောင်းတွေပါနေတဲ့ကြက်သားဟာ ကျန်းမာရေးနဲ့မညီညွတ်ပါဘူးတဲ့၊ကြက်ကို မြန်မြန်ကြီးထွားလာစေဖို့မွေးမြူကြတဲ့အခါ ကြွက်သားတစ်ရှူးတွေပြောင်းလဲသွားတတ်ပါတယ်။

အများဆုံးတွေ့ရတဲ့လက္ခဏာက အဖြူရောင်အစင်းကြောင်းတွေနဲ့ မလတ်ဆတ်သလိုညိုမှိုင်းနေတတ်တာပါ။နောက်ထပ်လေ့လာချက်တွေအရ အဖြူရောင်အစင်းကြောင်းပါနေတဲ့ကြက်သားတွေဟာ နှစ်စဉ်နဲ့အမျှတိုးပွားလာတယ်လို့လည်းသိရပါတယ်။

ဒီလိုအဖြူရောင်အစင်းကြောင်းပါဝင်မှုများတဲ့ကြက်သားဟာ ၂၀၁၃ တုန်းက စမ်းသပ်ချက်အရ အဖြူရောင်အစင်းကြောင်းမပါတဲ့ကြက်သားထက်အဆီပါဝင်မှု၂၂၄ ရာခိုင်နှုန်းတောင်ပိုပြီးများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။

သိတဲ့အတိုင်း အဆီဆိုရင် ရှောင်တာအကောင်းဆုံးပါ။ကြက်သားတိုင်းကတော့ အဆီပါမှာပါပဲ။ဒါပေမဲ့ ပုံမှန်ထက်များနေပြီဆိုရင်တော့ ကိုယ့်ကျန်းမာရေးကိုလာပြီးထိခိုက်လာစေမှာအမှန်ပါ။

ဒါကြောင့် အဖြူရောင်အစင်းကြောင်းတွေအများကြီးဖြစ်နေတဲ့ကြက်သားကိုတွေ့ရင်ရှောင်ပြီး အဖြူရောင်အစင်းကြောင်းမပါတဲ့၊လတ်ဆတ်တဲ့အသားကိုရွေးချယ်ပြီးဝယ်ယူကြပါလို့ ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

Credit