ေသာ့ေတြကို ေ႐ႊျဖတ္ကတ္ေၾကးနဲ႔ ျဖတ္လို႔မရေအာင္ ဒီနည္းလမ္းေလးနဲ႔ လုပ္ထားၾကပါ

Zawgyi

ေသာ့ေတြကို ေ႐ႊျဖတ္ကတ္ေၾကးနဲ႔ ျဖတ္လို႔မရေအာင္ ဒီနည္းလမ္းေလးနဲ႔ လုပ္ထားၾကပါ

Bolt cutter ဟာ ေသာ့ခေလာက္ေတြကို ျဖတ္ႏိုင္ပါတယ္။ Bolt cutter မွာ အသြားႏွစ္ခုပါပါတယ္။

ေသာ့ခေလာက္မွာပါတဲ့ သံေခ်ာင္းကို အဲ့ဒီအသြားႏွစ္ခုၾကားထဲ မဝင္ႏိုင္ေအာင္ ပုံမွာျပထားတဲ့အတိုင္း ဝါရွာ နဲ႔ နပ္ ေတြကို မိမိေသာ့ခေလာက္ အ႐ြယ္ေပၚမူတည္ၿပီး ထည့္သြင္းအသုံးျပဳၾကည့္ပါ။

အဓိက က ေသာ့ခေလာက္အတြင္းကို bolt cutter ထည့္လို႔မရေအာင္ ဝါရွာနဲ႔ နပ္ေတြခံေပးလိုက္တာပါပဲ။

ေနာက္တစ္ခ်က္အေနနဲ႔ ေသာ့ခေလာက္ကို ျမင့္ႏိုင္သေလာက္ အျမင့္မွာ ခတ္ပါ။

bolt cutter ဟာ leverage ေခၚ ကုတ္အား၊ ေမာင္းတံအေပၚ တည္ပါတယ္။

လက္ႏွစ္ဖက္ကို အားကုန္သုံးရတဲ့အတြက္ ခါးအျမင့္ေလာက္မွာ ကုတ္အားအေကာင္းဆုံးျဖစ္ၿပီး ျမင့္ေလ ကုတ္အားနည္းေလျဖစ္ပါတယ္။

အရည္အေသြးျမင့္တဲ့ ေသာ့ခေလာက္ကိုသုံးပါ။ သံႀကိဳးမသုံးပါနဲ႔။ ျဖတ္ရတယ္ပိုလြယ္ပါတယ္။

အေကာင္းဆုံးကေတာ့ လူေစာင့္ထားႏိုင္ရင္ပိုေကာင္းပါတယ္။

Credit

Unicode

သော့တွေကို ရွှေဖြတ်ကတ်ကြေးနဲ့ ဖြတ်လို့မရအောင် ဒီနည်းလမ်းလေးနဲ့ လုပ်ထားကြပါ

Bolt cutter ဟာ သော့ခလောက်တွေကို ဖြတ်နိုင်ပါတယ်။ Bolt cutter မှာ အသွားနှစ်ခုပါပါတယ်။

သော့ခလောက်မှာပါတဲ့ သံချောင်းကို အဲ့ဒီအသွားနှစ်ခုကြားထဲ မဝင်နိုင်အောင် ပုံမှာပြထားတဲ့အတိုင်း ဝါရှာ နဲ့ နပ် တွေကို မိမိသော့ခလောက် အရွယ်ပေါ်မူတည်ပြီး ထည့်သွင်းအသုံးပြုကြည့်ပါ။

အဓိက က သော့ခလောက်အတွင်းကို bolt cutter ထည့်လို့မရအောင် ဝါရှာနဲ့ နပ်တွေခံပေးလိုက်တာပါပဲ။

နောက်တစ်ချက်အနေနဲ့ သော့ခလောက်ကို မြင့်နိုင်သလောက် အမြင့်မှာ ခတ်ပါ။

bolt cutter ဟာ leverage ခေါ် ကုတ်အား၊ မောင်းတံအပေါ် တည်ပါတယ်။

လက်နှစ်ဖက်ကို အားကုန်သုံးရတဲ့အတွက် ခါးအမြင့်လောက်မှာ ကုတ်အားအကောင်းဆုံးဖြစ်ပြီး မြင့်လေ ကုတ်အားနည်းလေဖြစ်ပါတယ်။

အရည်အသွေးမြင့်တဲ့ သော့ခလောက်ကိုသုံးပါ။ သံကြိုးမသုံးပါနဲ့။ ဖြတ်ရတယ်ပိုလွယ်ပါတယ်။

အကောင်းဆုံးကတော့ လူစောင့်ထားနိုင်ရင်ပိုကောင်းပါတယ်။

Credit