ဧရာမပုလဲႀကီးက ေဒၚလာ သန္း(၁၀၀) ေလာက္တန္ေနတယ္ဆိုတာ မသိခဲ့ ဘဲ အိပ္ရာေအာက္မွာ သိမ္းထားခဲ့တဲ့ တံငါသည္
Zawgyi
ဧရာမပုလဲႀကီးက ေဒၚလာ သန္း(၁၀၀) ေလာက္တန္ေနတယ္ဆိုတာ မသိခဲ့ ဘဲ အိပ္ရာေအာက္မွာ သိမ္းထားခဲ့တဲ့ တံငါသည္
ဖိလစ္ပိုင္ႏိုင္ငံ ပါလဝမ္းကြၽန္းဟာ ေရေနသယံဇာတေတြ ေပါႂကြယ္ဝတဲ့ကြၽန္းတစ္ကြၽန္းျဖစ္ပါတယ္။ ၿမိဳ႕ေတာ္မနီလာဆီ တင္ပို႔တဲ့ငါးေတာ္ေတာ္မ်ားမ်ားဟာ ပါလဝမ္းကြၽန္းကေန ေရာက္လာတာပါ။
ငါးအမ်ိဳးမ်ိဳးဖမ္းဆီးရမိႏိုင္တဲ့ ေနရာျဖစ္တဲ့အျပင္ ပုလဲေတြေၾကာင့္လည္းပါလဝမ္းကြၽန္းဟာ နာမည္ႀကီးပါတယ္။ မၾက ာေသးခင္ကေတာ့ ပါလဝမ္းကြၽန္းေန တံငါသည္တစ္ဦးဟာ ပါလဝမ္းျပည္နယ္အစိုးရကိုဧရာမပုလဲႀကီးတစ္လုံး ေပးအပ္ခဲ့ပါေသးတယ္။
အ႐ြယ္အစားႀကီးလြန္းတဲ့ ပုလဲႀကီးဟာ ကမာ ၻ့အႀကီးဆုံး သဘာဝပုလဲႀကီး ျဖစ္ႏိုင္ပါတယ္။ အက်ယ္တစ္ေပရွိၿပီး (၂.၂) ေပ ရွည္လ်ားကာေပါင္(၇၅) ေပါင္နီးနီး ရွိပါတယ္။
ကမာၻ႔အႀကီးဆုံးပုလဲအျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ထားတဲ့ အေလးခ်ိန္(၁၄) ေပါင္ရွိ Pearl of Lao Tzu သို႔မဟုတ္ The Pearl of Allah ထက္ေတာင္ သာလြန္ၿပီး ႀကီးမားပါေသးတယ္။
၎ Pearl of Lao Tzu ပုလဲႀကီးကိုလည္း ဖိလစ္ပိုင္ႏိုင္ငံ ပါလဝမ္းကြၽန္းကေနပဲ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ပါလဝမ္းျပည္နယ္ အစိုးရရဲ႕ ေျပာစကားအရ ပုလဲရတနာႀကီးကို ရွာေဖြေတြ႕ရွိခဲ့တဲ့ တံငါသည္ဟာ ၎ပုလဲႀကီးကို သိမ္းထားတာ ဆယ္စုႏွစ္တစ္ခုေတာင္ ၾကာေနခဲ့ၿပီလို႔ဆိုပါတယ္။
တံငါသည္ႀကီးဟာ ငါးအရွာထြက္ရင္း တစ္ေန႔ မုန္တိုင္းထဲမွာ ဧရာမကမာခြံႀကီးတစ္ခုကို ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ တံငါသည္ႀကီးအတြက္ ပိုၿပီးအံ့ၾသရတာကေတာ့ ကမာခြံအတြင္းထဲမွာ ရွိေနတဲ့ ပုလဲႀကီးပဲ ျဖစ္ပါတယ္။
ပုလဲႀကီးဆယ္ယူမိေပမယ့္ လူမသိသူမသိ ထားခ်င္တာေၾကာင့္ တံငါသည္ႀကီးဟာ ပုလဲႀကီးကို သူ႔ အိပ္ရာေအာက္ထဲမွာ ကံေကာင္းေစဖို႔အတြက္ အေဆာင္သေဘာအေနနဲ႔ ထားခဲ့ပါတယ္။
ဒါေပမယ့္ ေနာက္ပိုင္းမွာ တံငါသည္ႀကီးဟာ အိမ္ခဏခဏအေျပာင္းအေ႐ႊ႕လုပ္ရတာေၾကာင့္ ပုလဲႀကီးကို ျပည္နယ္အစိုးရဆီ အပ္လိုက္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ထိုတံငါသည္ႀကီးဟာ ၎ဧရာမပုလဲႀကီးက ေဒၚလာသန္း(၁ ၀၀) ေလာက္တန္ေနတယ္ဆိုတာ မသိခဲ့ေၾကာင္း ေျပာျပခဲ့ပါေသးတယ္။
ပုလဲႀကီးရဲ႕ အ႐ြယ္အစားကေတာ့ ပုံမွာျမင္ရတဲ့အတိုင္း အႀကီးႀကီးပါပဲ။ လက္ရွိမွာ ပုလဲရတနာႀကီးကို Puerto Princesa City Hall မွာ ျပသထားပါတယ္။ ခရီးသြားလုပ္ငန္းဆိုင္ရာက တာဝန္ရွိသူေတြကေတာ့ ပုလဲႀကီးဟာ ကမာၻလွည့္ခရီးသည္အမ်ားအျပားကို ဆြဲေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
Credit
unicode
ဧရာမပုလဲကြီးက ဒေါ်လာ သန်း(၁၀၀) လောက်တန်နေတယ်ဆိုတာ မသိခဲ့ ဘဲ အိပ်ရာအောက်မှာ သိမ်းထားခဲ့တဲ့ တံငါသည်
ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်းကျွန်းဟာ ရေနေသယံဇာတတွေ ပေါကြွယ်ဝတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ မြို့တော်မနီလာဆီ တင်ပို့တဲ့ငါးတော်တော်များများဟာ ပါလဝမ်းကျွန်းကနေ ရောက်လာတာပါ။
ငါးအမျိုးမျိုးဖမ်းဆီးရမိနိုင်တဲ့ နေရာဖြစ်တဲ့အပြင် ပုလဲတွေကြောင့်လည်းပါလဝမ်းကျွန်းဟာ နာမည်ကြီးပါတယ်။ မကြ ာသေးခင်ကတော့ ပါလဝမ်းကျွန်းနေ တံငါသည်တစ်ဦးဟာ ပါလဝမ်းပြည်နယ်အစိုးရကိုဧရာမပုလဲကြီးတစ်လုံး ပေးအပ်ခဲ့ပါသေးတယ်။
အရွယ်အစားကြီးလွန်းတဲ့ ပုလဲကြီးဟာ ကမာ ္ဘ့အကြီးဆုံး သဘာဝပုလဲကြီး ဖြစ်နိုင်ပါတယ်။ အကျယ်တစ်ပေရှိပြီး (၂.၂) ပေ ရှည်လျားကာပေါင်(၇၅) ပေါင်နီးနီး ရှိပါတယ်။
ကမ္ဘာ့အကြီးဆုံးပုလဲအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ အလေးချိန်(၁၄) ပေါင်ရှိ Pearl of Lao Tzu သို့မဟုတ် The Pearl of Allah ထက်တောင် သာလွန်ပြီး ကြီးမားပါသေးတယ်။
၎င်း Pearl of Lao Tzu ပုလဲကြီးကိုလည်း ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်းကျွန်းကနေပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပါလဝမ်းပြည်နယ် အစိုးရရဲ့ ပြောစကားအရ ပုလဲရတနာကြီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ တံငါသည်ဟာ ၎င်းပုလဲကြီးကို သိမ်းထားတာ ဆယ်စုနှစ်တစ်ခုတောင် ကြာနေခဲ့ပြီလို့ဆိုပါတယ်။
တံငါသည်ကြီးဟာ ငါးအရှာထွက်ရင်း တစ်နေ့ မုန်တိုင်းထဲမှာ ဧရာမကမာခွံကြီးတစ်ခုကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တံငါသည်ကြီးအတွက် ပိုပြီးအံ့သြရတာကတော့ ကမာခွံအတွင်းထဲမှာ ရှိနေတဲ့ ပုလဲကြီးပဲ ဖြစ်ပါတယ်။
ပုလဲကြီးဆယ်ယူမိပေမယ့် လူမသိသူမသိ ထားချင်တာကြောင့် တံငါသည်ကြီးဟာ ပုလဲကြီးကို သူ့ အိပ်ရာအောက်ထဲမှာ ကံကောင်းစေဖို့အတွက် အဆောင်သဘောအနေနဲ့ ထားခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ တံငါသည်ကြီးဟာ အိမ်ခဏခဏအပြောင်းအရွှေ့လုပ်ရတာကြောင့် ပုလဲကြီးကို ပြည်နယ်အစိုးရဆီ အပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုတံငါသည်ကြီးဟာ ၎င်းဧရာမပုလဲကြီးက ဒေါ်လာသန်း(၁ ၀၀) လောက်တန်နေတယ်ဆိုတာ မသိခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ်။
ပုလဲကြီးရဲ့ အရွယ်အစားကတော့ ပုံမှာမြင်ရတဲ့အတိုင်း အကြီးကြီးပါပဲ။ လက်ရှိမှာ ပုလဲရတနာကြီးကို Puerto Princesa City Hall မှာ ပြသထားပါတယ်။ ခရီးသွားလုပ်ငန်းဆိုင်ရာက တာဝန်ရှိသူတွေကတော့ ပုလဲကြီးဟာ ကမ္ဘာလှည့်ခရီးသည်အများအပြားကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
Credit