Google Maps မွာ မိမိဆိုင္လိပ္စာကို Official ထည့္သြင္းနည္းေလး မွ်ေဝေပးလိုက္ပါတယ္

zawgyi

Google Maps မွာ မိမိဆိုင္လိပ္စာကို Official ထည့္သြင္းနည္းေလး မွ်ေဝေပးလိုက္ပါတယ္

ပထမဦးဆုံး ဘာမွမလုပ္ခင္မွာ မိမိဖုန္းမွာ Google Play Store၊ Gmail၊ Google နဲ႔ ပတ္သက္တာေတြ ရွိထားမွ ဒီနည္းလမ္းကို ျပဳလုပ္လို႔ ရမည္ ျဖစ္ ပါ သည္။

ကြၽန္ေတာ္ကေတာ့ iPhone နဲ႔ဘဲ လုပ္ျပပါေတာ့မည္။ Android နဲ႔ဘဲ လုပ္လုပ္ iPhone နဲ႔ဘဲလုပ္လုပ္ သေဘာတရားျခင္းက အတူတူပါဘဲ ခင္ဗ်ာ။ ဒါေၾကာင့္ ကြၽန္ေတာ့္ဆီမွာရွိတဲ့ ဖုန္းနဲ႔ဘဲ လုပ္ျပပါေတာ့မည္။

(၁) ပထမဦးဆုံး iPhoneအတြက္ဆိုApp Store ကေန Google My Business ရွာေဒါင္းလိုက္ပါ။Android အတြက္ဆိုရင္ Google Play Storeကေန Google My Business ရွာေဒါင္းလိုက္ပါ။ ၿပီးရင္ Openကိုႏွိပ္လိုက္ပါ။

(၂) GET STARTED ကို ႏွိပ္ပါ။

(၃) SKIP ကို ႏွိပ္ပါ။

(၄) မိမိရဲ႕ Gmail ထည့္ၿပီး NEXT ကို ႏွိပ္ပါ။

(၅) မိမိရဲ႕ Gmail Password ထည့္ၿပီး NEXT ကို ထပ္ႏွိပ္ပါ။

(၆)ဒီေနရာမွာ ခဏေစာင့္ေပးပါ။ ဘာမွ မလုပ္ပါနဲ႔။

နံပတ္ နဲ႔ နံပတ္၈မွာ မိမိရဲ႕ ဆိုင္နာမည္ ၊လိပ္စာ အတိအက်ေတြ ၊ Postal Code ေတြ အတိအက် ျဖည့္ေပးရပါမည္။ဒီေနရာမွာလြဲေခ်ာ္လို႔ မရပါဘူး။ဘာလို႔ဆိုေသာ္ Google ကေနမိမိရဲ႕ ဆိုင္ကိုစာတိုက္ကေန Verifyလုပ္ဖို႔ Codeပို႔ေပးမွာ မလို႔ပါ။

တကယ္လို႔ ေနရာ အတိအက် မေပးထားခဲ့ရင္ေတာ့ မိမိရဲ႕ ဆိုင္လိပ္စာကို Google Maps မွာ Official ျမင္ေတြ႕ရမည္ မဟုတ္ပါ။ဒါေၾကာင့္ ဒါေလးကိုေတာ့ အေလးေပးၿပီး ေသခ်ာေလး ျဖည့္ေပးေစခ်င္ပါသည္။

(၉) Business name မွာ မိမိရဲ႕ ဆိုင္နာမည္ ထည့္ပါ။ Country/ Region မွာေတာ့ Myanmar (Burma) က Auto ေ႐ြးၿပီးသား ျဖစ္ေနပါလိမ့္မည္။

ဒီအတိုင္း ထားလိုက္ပါ။ Street address မွာ မိမိရဲ႕ ဆိုင္လိပ္စာကို အတိအက် ထည့္ေပးပါ။ဒီေနရာမွာ ဘာမွ အႀကီးႀကီး စဥ္းစားေနစရာ မလိုပါဘူး။အိမ္နံပတ္ ၊ လမ္း နဲ႔ ၿမိဳ႕ ပါရင္ ရေနပါၿပီ။

ဥပမာ မိမိရဲ႕ ေနရာက လမ္းမႀကီးေပၚမွာဆိုရင္ Road ပါပါေစ။လမ္းမေလးေတြ ပါေနရင္ေတာ့ Street or st ေလး ထည့္ေပးယုံပါဘဲ။

Street address မွာလမ္းကိုဘဲအတိအက် ထည့္ေပးေနာ္။ ၿမိဳ႕နယ္နဲ႔ ၿမိဳ႕ကေတာ့ ေအာက္ကCity မွာထည့္ပါမည္။Postal codeကိုလည္း အတိအက် ထည့္ေပးပါ။မိမိၿမိဳ႕နယ္ရဲ႕ Postal code ကဂဏန္း ၅လုံး ရွိပါသည္။

မိမိ ၿမိဳ႕နယ္ရဲ႕ Postal code ေတြ မသိေသးရင္ google ကေန ရွာလို႔ ရပါသည္။ၿပီးရင္ Postal code မွာ ျဖည့္ပါ။Main business phone မွာေတာ့ ျမန္မာအလံ ဒီအတိုင္း ထားလိုက္ပါ။ Category မွာေတာ့ မိမိဆိုင္နဲ႔ သင္ေတာ္တဲ့ အရာ ေ႐ြးပါ။

ကြၽန္ေတာ္ကေတာ့ ဖုန္းဆိုင္ဆိုေတာ့ Cell Phone Store ကိုဘဲ ေ႐ြးလိုက္ပါသည္။ Website ရွိရင္ တစ္ခါထဲ ထည့္လိုက္ပါ။ ေနာက္မွ ထည့္လည္း ရပါသည္။

(၁၀) Yes ကို ေ႐ြးၿပီး Continue ကို ႏွိပ္ပါ။

(၁၁) အမွန္ဆို အေရွ႕ကို ဆက္သြားရမွာ ျဖစ္ေပမဲ့ Marker နဲ႔ Point Location ေ႐ြးေပးရပါအုန္းမည္။ အဲ့ဒီအတြက္အနီနဲ႔ ေရးထားတဲ့ Set marker location ကို ႏွိပ္လိုက္ပါ။

(၁၂) ကိုယ့္ရဲ႕ ေနရာေလးကို ေသခ်ာေလး ေ႐ြးေပးပါ။ ကိုယ့္ဆိုင္ရဲ႕ Location ေနရာကိုေတာ့ ေ႐ြးတတ္မယ္ ထင္ပါတယ္ေနာ္။ လက္ကေလးနဲ႔ ေ႐ႊ႕ၿပီး ေ႐ြးေပးရမွာ ျဖစ္ပါသည္။

(၁၃) မိမိဆိုင္ Location ေနရာကို ေသခ်ာေလး ၿဖဲၿပီး အနီးစပ္ဆုံး ေ႐ြးေပးလိုက္ပါ။ အရမ္းႀကီး တိက်ခ်င္တယ္ဆိုရင္ေတာ့ေသခ်ာေလး ၿဖဲၿပီး Point လုပ္ေပးပါေနာ္။ ၿပီးရင္ေတာ့ Done ကို ႏွိပ္လိုက္ပါ။

(၁၄) ဒါကေတာ့ မွန္ ၊ မမွန္ ေသခ်ာ ျပန္စစ္ေဆးၿပီးContinue ကို ထပ္ႏွိပ္လိုက္ပါ။ ေနာက္တစ္ဆင့္ ေရာက္သြားပါလိမ့္မည္။

(၁၅) Within 1 ထည့္ပါ။ အဆင္ေျပတာ ထည့္ပါ။ ကြၽန္ေတာ္ကေတာ့ 1 ဘဲ ထည့္လိုက္ပါတယ္။ Yangon ထဲ ဆိုရင္ ဘယ္ေလာက္ km ေနေန လာပို႔ေပးပါသည္။

နယ္ေတြကေတာ့ ရန္ကုန္ နဲ႔ မိမိ နယ္ အကြာအေဝးကို တြက္ခ်က္ၿပီး ထည့္ေပးပါ။ ကီလိုမီတာနဲ႔ ထည့္လို႔ ရသလို ၊ မိုင္ နဲ႔လည္း ထည့္လို႔ ရပါသည္။ဒါေပမဲ့ ဘာဘဲ ထည့္ထည့္ စာတိုက္ကေန လာပို႔ေပးပါလိမ့္မည္။

(၁၆) ဒီအဆင့္ ပါခဲ့ရင္ေတာ့ This dosen’t match ကို ႏွိပ္လိုက္ပါ။

(၁၇) ဒီေနရာမွာ မိမိလိပ္စာ မွန္ ၊ မမွန္ ျပန္ တိုက္ေပးပါသည္။ မွားေနရာ Back key ႏွိပ္ၿပီး ျပန္ျပင္လို႔ ရေအာင္လို႔ပါ။ မွန္တယ္ဆိုရင္ေတာ့ Continue ကို ႏွိပ္ပါ။

(၁၈) Loading လုပ္ေနပါလိမ့္မည္။ ခဏေစာင့္ေပးပါ။

(၁၉) VERIFY NOW ကို ႏွိပ္ပါ။

(၂၀) SEND POSTCARD ကို ႏွိပ္ပါ။

(၂၁) မိမိရဲ႕ နာမည္ထည့္ၿပီး ညာဘက္ေထာင့္ အေပၚက Sent ျမႇားေလးကို ႏွိပ္ေပးလိုက္ပါ။

(၂၂) OK ကို ႏွိပ္လိုက္ပါ။

(၂၃) ADD PHOTO ကို ႏွိပ္ၿပီး ဓါတ္ပုံ တစ္ပုံေလာက္ ထည့္လိုက္ပါ။

(၂၄) ADD HOURS ကို ႏွိပ္လိုက္ပါ။

(၂၅) ကြၽန္ေတာ္ကေတာ့ ပိတ္ရက္ မရွိတဲ့အတြက္ အကုန္လုံးကို အျပာေတြေပးၿပီး အခ်ိန္ကိုလည္း 9:00 AM – 9:00 PM ေပးလိုက္ပါသည္။ မိမိဆိုင္ရဲ႕ အခ်ိန္ေတြကိုေတာ့ ကိုယ့္ဘာသာ ျဖည့္လိုက္ေနာ္။

(၂၆) ADD CONTACT INFO ကို ႏွိပ္လိုက္ပါ။

(၂၇) ဖုန္းနံပတ္ ထည့္ေပးပါ။ ၂လုံး ရွိရင္ ၂လုံးထည့္ပါ။ ၃လုံးရွိရင္ ၃လုံး ထည့္ပါ။ ၿပီးရင္ေတာ့ SAVE ကို ႏွိပ္လိုက္ပါ။

(၂၈) ADD URL ကို ႏွိပ္ပါ။

(၂၉) ဒီမွာေတာ့ မိမိမွာ Website ရွိရင္Websiteထည့္ေပးလိုက္ပါ။ မရွိဘူး ဆိုရင္မိမိဆီမွာေတာ့ Page ေတာ့ရွိမွာပါ။အဲ့ဒီေတာ့Page လိပ္စာေလး ထည့္ေပးလိုက္ပါ။မရွိဘူးဆိုရင္လည္းမိမိရဲ႕ Facebook Profile Link ကိုထည့္ေပးလိုက္ပါ။

(၃၀ ADD PHOTOS ကို ႏွိပ္လိုက္ပါ။

(၃၁) Cover Photo ျဖစ္တဲ့အတြက္ မိမိဆိုင္နဲ႔ သက္ဆိုင္တဲ့ ပုံ လွလွေလး ထည့္ေပးေနာ္။

(၃၂) Your code is on its way ( LEARN MORE ) ဆိုၿပီး ေပၚလာရင္ OK ပါၿပီ။

(၃၃) ေနာက္ ၂ရက္ ၊ ၃ရက္ ေနရင္ Enter your verification code ဆိုၿပီး ေပၚလာပါလိမ့္မည္။ ဒါဆိုရင္ ထပ္ၿပီး OK ပါၿပီ။

ဆက္ၾကည့္ပါအုန္းမည္…

ဒါဆိုရင္ Verify လုပ္ဖို႔အတြက္ Google Team ကေနၿပီး ၁၅ ရက္ ကေန ရက္ ၃၀ အတြင္း မိမိ ဆိုင္လိပ္စာအတိုင္း ရန္ကုန္စာတိုက္ကေနဆိုင္အေရာက္ Google My Business ဆိုၿပီး စာအိတ္ကေလးနဲ႔ ေရာက္ရွိလာမည္ ျဖစ္ပါသည္။

အဲ့ဒီ စာအိတ္ေလးကို ေဖာက္ၿပီး အထဲမွာ code ရွိပါသည္။ အဲ့ဒီ code ေလးေတြကို မိမိဖုန္းထဲက Google My Business မွာ လာထည့္ေပးယုံပါဘဲ။

မိမိရဲ႕ Google My Business မွာလည္း Verify ျဖစ္ေၾကာင္း အမွန္ျခစ္ေလး လာျပပါလိမ့္မည္။ ဒါဆိုရင္ Google Maps မွာ Official ျဖစ္သြားပါၿပီ။ဒါဆိုရင္ မိမိရဲ႕ ဆိုင္လိပ္စာေလးကို code ထည့္ၿပီး တစ္ပတ္အတြင္း Google Maps မွာ လာျမင္ရမည္ ျဖစ္ပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။

unicode

Google Maps မှာ မိမိဆိုင်လိပ်စာကို Official ထည့်သွင်းနည်းလေး မျှဝေပေးလိုက်ပါတယ်

ပထမဦးဆုံး ဘာမှမလုပ်ခင်မှာ မိမိဖုန်းမှာ Google Play Store၊ Gmail၊ Google နဲ့ ပတ်သက်တာတွေ ရှိထားမှ ဒီနည်းလမ်းကို ပြုလုပ်လို့ ရမည် ဖြစ် ပါ သည်။

ကျွန်တော်ကတော့ iPhone နဲ့ဘဲ လုပ်ပြပါတော့မည်။ Android နဲ့ဘဲ လုပ်လုပ် iPhone နဲ့ဘဲလုပ်လုပ် သဘောတရားခြင်းက အတူတူပါဘဲ ခင်ဗျာ။ ဒါကြောင့် ကျွန်တော့်ဆီမှာရှိတဲ့ ဖုန်းနဲ့ဘဲ လုပ်ပြပါတော့မည်။

(၁) ပထမဦးဆုံး iPhoneအတွက်ဆိုApp Store ကနေ Google My Business ရှာဒေါင်းလိုက်ပါ။Android အတွက်ဆိုရင် Google Play Storeကနေ Google My Business ရှာဒေါင်းလိုက်ပါ။ ပြီးရင် Openကိုနှိပ်လိုက်ပါ။

(၂) GET STARTED ကို နှိပ်ပါ။

(၃) SKIP ကို နှိပ်ပါ။

(၄) မိမိရဲ့ Gmail ထည့်ပြီး NEXT ကို နှိပ်ပါ။

(၅) မိမိရဲ့ Gmail Password ထည့်ပြီး NEXT ကို ထပ်နှိပ်ပါ။

(၆)ဒီနေရာမှာ ခဏစောင့်ပေးပါ။ ဘာမှ မလုပ်ပါနဲ့။

နံပတ် နဲ့ နံပတ်၈မှာ မိမိရဲ့ ဆိုင်နာမည် ၊လိပ်စာ အတိအကျတွေ ၊ Postal Code တွေ အတိအကျ ဖြည့်ပေးရပါမည်။ဒီနေရာမှာလွဲချော်လို့ မရပါဘူး။ဘာလို့ဆိုသော် Google ကနေမိမိရဲ့ ဆိုင်ကိုစာတိုက်ကနေ Verifyလုပ်ဖို့ Codeပို့ပေးမှာ မလို့ပါ။

တကယ်လို့ နေရာ အတိအကျ မပေးထားခဲ့ရင်တော့ မိမိရဲ့ ဆိုင်လိပ်စာကို Google Maps မှာ Official မြင်တွေ့ရမည် မဟုတ်ပါ။ဒါကြောင့် ဒါလေးကိုတော့ အလေးပေးပြီး သေချာလေး ဖြည့်ပေးစေချင်ပါသည်။

(၉) Business name မှာ မိမိရဲ့ ဆိုင်နာမည် ထည့်ပါ။ Country/ Region မှာတော့ Myanmar (Burma) က Auto ရွေးပြီးသား ဖြစ်နေပါလိမ့်မည်။

ဒီအတိုင်း ထားလိုက်ပါ။ Street address မှာ မိမိရဲ့ ဆိုင်လိပ်စာကို အတိအကျ ထည့်ပေးပါ။ဒီနေရာမှာ ဘာမှ အကြီးကြီး စဉ်းစားနေစရာ မလိုပါဘူး။အိမ်နံပတ် ၊ လမ်း နဲ့ မြို့ ပါရင် ရနေပါပြီ။

ဥပမာ မိမိရဲ့ နေရာက လမ်းမကြီးပေါ်မှာဆိုရင် Road ပါပါစေ။လမ်းမလေးတွေ ပါနေရင်တော့ Street or st လေး ထည့်ပေးယုံပါဘဲ။

Street address မှာလမ်းကိုဘဲအတိအကျ ထည့်ပေးနော်။ မြို့နယ်နဲ့ မြို့ကတော့ အောက်ကCity မှာထည့်ပါမည်။Postal codeကိုလည်း အတိအကျ ထည့်ပေးပါ။မိမိမြို့နယ်ရဲ့ Postal code ကဂဏန်း ၅လုံး ရှိပါသည်။

မိမိ မြို့နယ်ရဲ့ Postal code တွေ မသိသေးရင် google ကနေ ရှာလို့ ရပါသည်။ပြီးရင် Postal code မှာ ဖြည့်ပါ။Main business phone မှာတော့ မြန်မာအလံ ဒီအတိုင်း ထားလိုက်ပါ။ Category မှာတော့ မိမိဆိုင်နဲ့ သင်တော်တဲ့ အရာ ရွေးပါ။

ကျွန်တော်ကတော့ ဖုန်းဆိုင်ဆိုတော့ Cell Phone Store ကိုဘဲ ရွေးလိုက်ပါသည်။ Website ရှိရင် တစ်ခါထဲ ထည့်လိုက်ပါ။ နောက်မှ ထည့်လည်း ရပါသည်။

(၁၀) Yes ကို ရွေးပြီး Continue ကို နှိပ်ပါ။

(၁၁) အမှန်ဆို အရှေ့ကို ဆက်သွားရမှာ ဖြစ်ပေမဲ့ Marker နဲ့ Point Location ရွေးပေးရပါအုန်းမည်။ အဲ့ဒီအတွက်အနီနဲ့ ရေးထားတဲ့ Set marker location ကို နှိပ်လိုက်ပါ။

(၁၂) ကိုယ့်ရဲ့ နေရာလေးကို သေချာလေး ရွေးပေးပါ။ ကိုယ့်ဆိုင်ရဲ့ Location နေရာကိုတော့ ရွေးတတ်မယ် ထင်ပါတယ်နော်။ လက်ကလေးနဲ့ ရွှေ့ပြီး ရွေးပေးရမှာ ဖြစ်ပါသည်။

(၁၃) မိမိဆိုင် Location နေရာကို သေချာလေး ဖြဲပြီး အနီးစပ်ဆုံး ရွေးပေးလိုက်ပါ။ အရမ်းကြီး တိကျချင်တယ်ဆိုရင်တော့သေချာလေး ဖြဲပြီး Point လုပ်ပေးပါနော်။ ပြီးရင်တော့ Done ကို နှိပ်လိုက်ပါ။

(၁၄) ဒါကတော့ မှန် ၊ မမှန် သေချာ ပြန်စစ်ဆေးပြီးContinue ကို ထပ်နှိပ်လိုက်ပါ။ နောက်တစ်ဆင့် ရောက်သွားပါလိမ့်မည်။

(၁၅) Within 1 ထည့်ပါ။ အဆင်ပြေတာ ထည့်ပါ။ ကျွန်တော်ကတော့ 1 ဘဲ ထည့်လိုက်ပါတယ်။ Yangon ထဲ ဆိုရင် ဘယ်လောက် km နေနေ လာပို့ပေးပါသည်။

နယ်တွေကတော့ ရန်ကုန် နဲ့ မိမိ နယ် အကွာအဝေးကို တွက်ချက်ပြီး ထည့်ပေးပါ။ ကီလိုမီတာနဲ့ ထည့်လို့ ရသလို ၊ မိုင် နဲ့လည်း ထည့်လို့ ရပါသည်။ဒါပေမဲ့ ဘာဘဲ ထည့်ထည့် စာတိုက်ကနေ လာပို့ပေးပါလိမ့်မည်။

(၁၆) ဒီအဆင့် ပါခဲ့ရင်တော့ This dosen’t match ကို နှိပ်လိုက်ပါ။

(၁၇) ဒီနေရာမှာ မိမိလိပ်စာ မှန် ၊ မမှန် ပြန် တိုက်ပေးပါသည်။ မှားနေရာ Back key နှိပ်ပြီး ပြန်ပြင်လို့ ရအောင်လို့ပါ။ မှန်တယ်ဆိုရင်တော့ Continue ကို နှိပ်ပါ။

(၁၈) Loading လုပ်နေပါလိမ့်မည်။ ခဏစောင့်ပေးပါ။

(၁၉) VERIFY NOW ကို နှိပ်ပါ။

(၂၀) SEND POSTCARD ကို နှိပ်ပါ။

(၂၁) မိမိရဲ့ နာမည်ထည့်ပြီး ညာဘက်ထောင့် အပေါ်က Sent မြှားလေးကို နှိပ်ပေးလိုက်ပါ။

(၂၂) OK ကို နှိပ်လိုက်ပါ။

(၂၃) ADD PHOTO ကို နှိပ်ပြီး ဓါတ်ပုံ တစ်ပုံလောက် ထည့်လိုက်ပါ။

(၂၄) ADD HOURS ကို နှိပ်လိုက်ပါ။

(၂၅) ကျွန်တော်ကတော့ ပိတ်ရက် မရှိတဲ့အတွက် အကုန်လုံးကို အပြာတွေပေးပြီး အချိန်ကိုလည်း 9:00 AM – 9:00 PM ပေးလိုက်ပါသည်။ မိမိဆိုင်ရဲ့ အချိန်တွေကိုတော့ ကိုယ့်ဘာသာ ဖြည့်လိုက်နော်။

(၂၆) ADD CONTACT INFO ကို နှိပ်လိုက်ပါ။

(၂၇) ဖုန်းနံပတ် ထည့်ပေးပါ။ ၂လုံး ရှိရင် ၂လုံးထည့်ပါ။ ၃လုံးရှိရင် ၃လုံး ထည့်ပါ။ ပြီးရင်တော့ SAVE ကို နှိပ်လိုက်ပါ။

(၂၈) ADD URL ကို နှိပ်ပါ။

(၂၉) ဒီမှာတော့ မိမိမှာ Website ရှိရင်Websiteထည့်ပေးလိုက်ပါ။ မရှိဘူး ဆိုရင်မိမိဆီမှာတော့ Page တော့ရှိမှာပါ။အဲ့ဒီတော့Page လိပ်စာလေး ထည့်ပေးလိုက်ပါ။မရှိဘူးဆိုရင်လည်းမိမိရဲ့ Facebook Profile Link ကိုထည့်ပေးလိုက်ပါ။

(၃၀ ADD PHOTOS ကို နှိပ်လိုက်ပါ။

(၃၁) Cover Photo ဖြစ်တဲ့အတွက် မိမိဆိုင်နဲ့ သက်ဆိုင်တဲ့ ပုံ လှလှလေး ထည့်ပေးနော်။

(၃၂) Your code is on its way ( LEARN MORE ) ဆိုပြီး ပေါ်လာရင် OK ပါပြီ။

(၃၃) နောက် ၂ရက် ၊ ၃ရက် နေရင် Enter your verification code ဆိုပြီး ပေါ်လာပါလိမ့်မည်။ ဒါဆိုရင် ထပ်ပြီး OK ပါပြီ။

ဆက်ကြည့်ပါအုန်းမည်…

ဒါဆိုရင် Verify လုပ်ဖို့အတွက် Google Team ကနေပြီး ၁၅ ရက် ကနေ ရက် ၃၀ အတွင်း မိမိ ဆိုင်လိပ်စာအတိုင်း ရန်ကုန်စာတိုက်ကနေဆိုင်အရောက် Google My Business ဆိုပြီး စာအိတ်ကလေးနဲ့ ရောက်ရှိလာမည် ဖြစ်ပါသည်။

အဲ့ဒီ စာအိတ်လေးကို ဖောက်ပြီး အထဲမှာ code ရှိပါသည်။ အဲ့ဒီ code လေးတွေကို မိမိဖုန်းထဲက Google My Business မှာ လာထည့်ပေးယုံပါဘဲ။

မိမိရဲ့ Google My Business မှာလည်း Verify ဖြစ်ကြောင်း အမှန်ခြစ်လေး လာပြပါလိမ့်မည်။ ဒါဆိုရင် Google Maps မှာ Official ဖြစ်သွားပါပြီ။ဒါဆိုရင် မိမိရဲ့ ဆိုင်လိပ်စာလေးကို code ထည့်ပြီး တစ်ပတ်အတွင်း Google Maps မှာ လာမြင်ရမည် ဖြစ်ပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။