
Zawgyi









unicode

ကြောက်စရာကောင်းတဲ့ အသားစားငါးတွေနဲ့အတူ ရေကူးနေခဲ့တဲ့ အမျိုးသားတစ်ဦး (ရုပ်သံ)

Jeremy Wade အမည်ရှိ အမျိုးသားတစ်ဦးဟာ အသားစားငါးဖြစ်တဲ့ piranhasတွေကို အသားတွေနဲ့ ဆွဲဆောင်နိုင်မလားဆိုတာကို Wade ကသိချင်ခဲ့ပါတယ်။ သူက ရက်‌ပေါင်းများအစာမစားရတဲ့ အဲ့ဒီ piranhas တွေနဲ့ စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့စမ်းသပ်မှုက Wade ဟာ ဆာလောင်မွတ်သိပ်နေတဲ့ Piranhas တွေရဲ့ တုံ့ပြန်မှုကို ကြည့်ရှုရန် ရေကူးကန်ထဲကို သွေးတစ်စက် ထည့်လိုက်ပါတယ်။

အသားစားငါးငယ်တွေက သူတို့ရဲ့ သားကောင်များကိုဖမ်းဆီးရန် သွေးအိုင်သို့ နီးကပ်စွာ ရွေ့လျားလာခဲ့ပါတယ်။ နောက်ပြီး စာလောင်နေတဲ့ Piranha ဆီကို Wade က ရေကန်ထဲကို အမဲသားတစ်ဖဲ့ ထည့်လိုက်တဲ့အခါမှာ ၎င်းငါးတွေ အမဲသားစီကို အအုံလိုက်လာပြီး လုစားနေကြတာကိုတွေ့ရပါတယ်။

စောင့်ဆိုင်းခဲ့ရတဲ့ သူရဲ့စမ်းသပ်မှုကို Wade က မိမိကိုယ်တိုင် ဆာလောင်မွတ်သိပ်နေတဲ့ Piranhas တွေနဲ့ ထိတွေ့ခဲ့ပါတယ်။၎င်းဟာမယုံနိုင်စရာဖြစ်ပုံရသော်လည်း သေစေနိုင်တဲ့ piranhasတွေက သူကို စားသုံးခြင်းမရှိဘဲစိတ်တောင်မဝင်စားခဲ့ပါဘူး။နောက်ပြီးထိုစမ်းသပ်မှုအတွင်းမှာ တိုက်ခိုက်မှုတစ်ခုမျှ မတွေ့ရှိခဲ့ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ဘရာဇီးလ်နိုင်ငံ၊ Monte Alegre ပြည်နယ်ရှိ Maicuru မြစ်မှ ကြီးမားတဲ့ ပင်လယ်ရေတံခွန်ရဲ့တိုက်ခိုက်မှုကြောင့် Adrila Muniz လို့ အမည်ရတဲ့ အသက် (၆) နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးနဲ့ သူမရဲ့ အဖွား တို့နှစ်ဦး ရေထဲနစ်ခဲ့ပါတယ်။

ကံမကောင်းစွာပဲ Adrila ရဲ့အဖွားက မိန်းကလေးငယ်ကို ဘေးကင်းလုံခြုံအောင်မဆွဲဆောင်နိုင်ခဲ့တာကြောင့် အသက်ဆုံးသွားခဲ့ပါတယ်။ သူမရဲ့ အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ဒေသခံတွေက သူမရဲ့ခြေထောက်က အသားတွေအားလုံးကို Piranhas တွေ စားသုံးထားကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ Adrila ရဲ့ မိသားစုက မိန်းကလေးငယ်ကို အသားစားငါးဖြစ်တဲ့ Piranhasတွေ သူမကိုမစားမှီ ရေနစ်သေဆုံးခဲ့တယ်လို့ ယုံကြည်နေပါတယ်။