ဘုရားစင္ေပၚက ေညာင္ေရအိုးထဲ မစင္စြန႔္ရင္ ေ႐ႊမက်ီးေတာင့္ရတယ္ဆိုၿပီး အိမ္ရွင္ေယာက်္ားတိုင္း……..seemore

Zawgyi

ဘုရားစင္ေပၚက ေညာင္ေရအိုးထဲ မစင္စြန႔္ရင္ ေ႐ႊမက်ီးေတာင့္ရတယ္ဆိုၿပီး အိမ္ရွင္ေယာက်္ားတိုင္း……..seemore

ဟိုးေရွးေရွးတုန္းက၊႐ြာတစ္႐ြာ မွာ အိမ္ရွင္ ေယာက်ၤား တစ္ေယာက္ဟာ ညဥ့္တစ္ခ်က္တီးေလာက္မွာ ဝမ္းသြားခ်င္လြန္းလို႔ အိပ္ရာက ႏိုးလာပါတယ္။

လမိုက္ညကလည္း ျဖစိေနေတာ့ အျပင္လည္း မထြက္ခ်င္၊ ဝမ္းကလည္းအလြန္သြားခ်င္ေနေတာ့ ဘုရားစင္ေပၚက ေညာင္ေရအိုးႀကီး ကို လွမ္းၾကည့္ၿပီး “ေညာင္ေရအိုးႀကီး ကလည္း ေဟာင္းလွပါၿပီ မနက္မွ အသစ္ဝယ္ကပ္လိုက္ပါမယ္”လို႔ ေတြးမိၿပီး ဘုရားေညာင္ေရအိုးထဲ မစင္စြန႔္လိုက္ပါတယ္။

မနက္မိုးလင္းလို႔ ေညာင္ေရအိုးစြန႔္ဘို႔ အလုပ္မွာေညာင္ေရအိုးထဲမွာ မစင္ေတြအစား ေ႐ႊမန္က်ီးေတာင့္ေတြ ျဖစ္ေနသတဲ့။အဲဒီသတင္းဟာ တစ္႐ြာလုံးျပန႔္ႏွံ႔ သြားၿပီး။ ညဥ့္တစ္ခ်က္တီးမွာ အိမ္ရွင္ေယာက်ၤားေတြဟာ ဘုရားေညာင္ေရအိုးထဲ မစင့္စြန႔္ၾက။

မနက္ ေ႐ႊမက်ီးေတာင့္ေတြရၾကနဲ႔ တစ္႐ြားလုံး သူေဌး ေတြ ျဖစ္ကုန္ၾကသတဲ့။ဒါေပမဲ့ အဲဒီ႐ြာထဲက အိမ္တစ္အိမ္ကေတာ့ အိမ္ရွင္ေယာက်ၤားက ခရီးသြားေနလို႔ ေ႐ႊမန္က်ီးေတာင့္မရေသးဘူးျဖစ္ေနတယ္တဲ့။

ေနာက္သုံးေလးရက္အၾကာ အိမ္ရွင္ေယာက်ၤား ျပန္လာေတာ့ မိန္းမျဖစ္သူက”ရွင့္မလဲ ခရီးသြားတာၾကာ လိုက္တာေတာ္”လို႔ဆီးေျပာၿပီး ႐ြာထဲကအျဖစ္ေတြကို ေျပာျပတယ္တဲ့။ မိန္းမစကားလည္းဆုံးေရာ အိမ္ရွင္ေယာက်ၤားက

“ကဲရွင္မ ယူစရာရွိတာ ယူ၊ ကေလးေတြေခၚ က်ဳပ္တို႔ ဒီ႐ြာက အျမန္ဆုံးထြက္ၾကမွ ျဖစ္မယ္”လို႔ ေျပာသတဲ့။မိန္းမ က “ဘယ့္ႏွယ္က်ဳပ္တို႔ ေ႐ႊမက်ီးေတာင့္မရေသးဘူးေလ”လို႔ ေျပာေပမယ့္ ေယာက်ၤားေၾကာက္ရသူမို႔ ေယာက်ၤားေျပာတဲ့အတိုင္း အထုပ္ေတြထုပ္ၿပီး ကေလးေတြ လက္ဆြဲၿပီး႐ြာအျပင္ ဘက္ကို အေျပးထြက္ခဲ့ၾကပါသတဲ့။

သူတို႔မိသားစု လည္း ႐ြာအျပင္ဘက္ေရာက္ေရာ ႐ြာထဲ က ဝုန္းဆိုတဲ့ ႀကီးမားတဲ့အသံႀကီး ၾကားလို႔ လွည့္ၾကည့္ေတာ့ တ႐ြာလုံးေျမမ်ိဳ ၿပီး ေသဆုံးကုန္ၾကသတဲ့ ။

တကယ္ေတာ့ မလုပ္သင့္မလုပ္အပ္တာ လုပ္တဲ့ အတြက္ တ႐ြာလုံးေျမမ်ိဳဘို႔ ျဖစ္ေနတာပါ။ ခရီးသြားတဲ့ အိမ္ရွင္ေယာက်ၤား တစ္ေယာက္လိုေနေသးတဲ့အတြက္ ကံၾကမၼာက တရားသျဖင့္ရွိဘို႔ ေစာင့္ေနခဲ့တာပါ။

မလုပ္သင့္တာ မလုပ္ဘူးဆိုတဲ့ ခရီးသြား အိမ္ရွင္ေယာက်ၤား ရဲ႕ အဆုံးအျဖတ္က သူတို႔မိသားစု အသက္ကို ကယ္တင္လိုက္တာပါ။သည္ပုံျပင္ေလးက အမ်ားမိုးခါးေရေသာက္တိုင္း မလုပ္သင့္တဲ့ အကုသိုလ္ အလုပ္ေတြ မလုပ္ မိၾက ပါေစနဲ႔ လို႔သတိေပးအပ္ပါတယ္။

Credit Original Uploader

unicode

ဘုရားစင်ပေါ်က ညောင်ရေအိုးထဲ မစင်စွန့်ရင် ရွှေမကျီးတောင့်ရတယ်ဆိုပြီး အိမ်ရှင်ယောကျ်ားတိုင်း……..seemore

ဟိုးရှေးရှေးတုန်းက၊ရွာတစ်ရွာ မှာ အိမ်ရှင် ယောင်္ကျား တစ်ယောက်ဟာ ညဉ့်တစ်ချက်တီးလောက်မှာ ဝမ်းသွားချင်လွန်းလို့ အိပ်ရာက နိုးလာပါတယ်။

လမိုက်ညကလည်း ဖြစိနေတော့ အပြင်လည်း မထွက်ချင်၊ ဝမ်းကလည်းအလွန်သွားချင်နေတော့ ဘုရားစင်ပေါ်က ညောင်ရေအိုးကြီး ကို လှမ်းကြည့်ပြီး “ညောင်ရေအိုးကြီး ကလည်း ဟောင်းလှပါပြီ မနက်မှ အသစ်ဝယ်ကပ်လိုက်ပါမယ်”လို့ တွေးမိပြီး ဘုရားညောင်ရေအိုးထဲ မစင်စွန့်လိုက်ပါတယ်။

မနက်မိုးလင်းလို့ ညောင်ရေအိုးစွန့်ဘို့ အလုပ်မှာညောင်ရေအိုးထဲမှာ မစင်တွေအစား ရွှေမန်ကျီးတောင့်တွေ ဖြစ်နေသတဲ့။အဲဒီသတင်းဟာ တစ်ရွာလုံးပြန့်နှံ့ သွားပြီး။ ညဉ့်တစ်ချက်တီးမှာ အိမ်ရှင်ယောင်္ကျားတွေဟာ ဘုရားညောင်ရေအိုးထဲ မစင့်စွန့်ကြ။

မနက် ရွှေမကျီးတောင့်တွေရကြနဲ့ တစ်ရွားလုံး သူဌေး တွေ ဖြစ်ကုန်ကြသတဲ့။ဒါပေမဲ့ အဲဒီရွာထဲက အိမ်တစ်အိမ်ကတော့ အိမ်ရှင်ယောင်္ကျားက ခရီးသွားနေလို့ ရွှေမန်ကျီးတောင့်မရသေးဘူးဖြစ်နေတယ်တဲ့။

နောက်သုံးလေးရက်အကြာ အိမ်ရှင်ယောင်္ကျား ပြန်လာတော့ မိန်းမဖြစ်သူက”ရှင့်မလဲ ခရီးသွားတာကြာ လိုက်တာတော်”လို့ဆီးပြောပြီး ရွာထဲကအဖြစ်တွေကို ပြောပြတယ်တဲ့။ မိန်းမစကားလည်းဆုံးရော အိမ်ရှင်ယောင်္ကျားက

“ကဲရှင်မ ယူစရာရှိတာ ယူ၊ ကလေးတွေခေါ် ကျုပ်တို့ ဒီရွာက အမြန်ဆုံးထွက်ကြမှ ဖြစ်မယ်”လို့ ပြောသတဲ့။မိန်းမ က “ဘယ့်နှယ်ကျုပ်တို့ ရွှေမကျီးတောင့်မရသေးဘူးလေ”လို့ ပြောပေမယ့် ယောင်္ကျားကြောက်ရသူမို့ ယောင်္ကျားပြောတဲ့အတိုင်း အထုပ်တွေထုပ်ပြီး ကလေးတွေ လက်ဆွဲပြီးရွာအပြင် ဘက်ကို အပြေးထွက်ခဲ့ကြပါသတဲ့။

သူတို့မိသားစု လည်း ရွာအပြင်ဘက်ရောက်ရော ရွာထဲ က ဝုန်းဆိုတဲ့ ကြီးမားတဲ့အသံကြီး ကြားလို့ လှည့်ကြည့်တော့ တရွာလုံးမြေမျို ပြီး သေဆုံးကုန်ကြသတဲ့ ။

တကယ်တော့ မလုပ်သင့်မလုပ်အပ်တာ လုပ်တဲ့ အတွက် တရွာလုံးမြေမျိုဘို့ ဖြစ်နေတာပါ။ ခရီးသွားတဲ့ အိမ်ရှင်ယောင်္ကျား တစ်ယောက်လိုနေသေးတဲ့အတွက် ကံကြမ္မာက တရားသဖြင့်ရှိဘို့ စောင့်နေခဲ့တာပါ။

မလုပ်သင့်တာ မလုပ်ဘူးဆိုတဲ့ ခရီးသွား အိမ်ရှင်ယောင်္ကျား ရဲ့ အဆုံးအဖြတ်က သူတို့မိသားစု အသက်ကို ကယ်တင်လိုက်တာပါ။သည်ပုံပြင်လေးက အများမိုးခါးရေသောက်တိုင်း မလုပ်သင့်တဲ့ အကုသိုလ် အလုပ်တွေ မလုပ် မိကြ ပါစေနဲ့ လို့သတိပေးအပ်ပါတယ်။

Credit Original Uploader