ဖတ္တဲ့သူေတြ ၾကက္သီးေမြးညႇင္းထသြားေစမယ့္ မိုင္းဖုန္းဆရာေတာ္ရဲ႕ ဂူထဲက အေတြ႕အႀကဳံ

Zawgyi

ဖတ္တဲ့သူေတြ ၾကက္သီးေမြးညႇင္းထသြားေစမယ့္ မိုင္းဖုန္းဆရာေတာ္ရဲ႕ ဂူထဲက အေတြ႕အႀကဳံ

မိုင္းဖုန္းဆရာေတာ္ဘုရားဂူထြက္ေတာ္မူခါနီးပါၿပီ။ ဘာသာျပန္သူေတာင္ ၾကက္သီးထတဲ့ ဂူထဲကအေတြ႕အႀကဳံေရးလာတဲ့ မိုင္းဖုန္းဆရာေတာ္ရဲ႕စာ။

သာသနာေတာ္ႏွစ္ ၂၅၆၆ ခု နယုန္လဆန္း ၁၅ ရက္ (13.6.2022) မဟာမုနိဓမၼဟိန္းမိုင္းက်က္ဂူမွ သားတပည့္အေပါင္း၊ အနယ္နယ္အရပ္မွ ဒကာဒကာမအေပါင္းတို႔ထံ ေပးပို႔ေသာ မိုင္းဖုန္းဆရာေတာ္ဘုရား၏ ေမတၱာစာ။

ဆရာေတာ္လည္း ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာစြာျဖင့္ သဘာဝဓမၼနဲ႔အတူ တရားဘာဝနာ ေမတၱာဘာဝနာ ပြားမ်ားကာ လြန္စြာတိုးတက္မႈ ရွိလာပါတယ္။မသိရွိေသးတဲ့အရာေတြ သိရွိလာသလို မျမင္ဖူးေသးတဲ့အရာေတြလည္း ျမင္လာတယ္။ သေဘာေပါက္လာတယ္။

ကာယလဟုတာ စိတၱလဟုတာ ခႏၶာကိုယ္ေပါ့ပါးမႈ စိတ္ေပါ့ပါးမႈေတြျဖစ္ကာ ဗ်ာပါဒမွ ကင္းစင္ပါတယ္။လိုလားေတာင့္တမႈေတြ ကင္းစင္ပါတယ္။ ေသမွာလည္း မေၾကာက္သလို ေသတာကိုလည္း မလိုလားေသးဘဲ စိတ္ကို မဇၩိမပဋိပဒါအျဖစ္ ထားရွိပါတယ္။

ေသျခင္းတရားဆိုတာ ေသေန႔ေစ့ရင္ လူတိုင္းထံ ေရာက္လာမွာပါပဲ။ ႐ုပ္နာမ္ရယ္လို႔ ေမြးဖြားလာကတည္းက ေသျခင္းတရားကလည္း အနာဂတ္မွာ အဆင္သင့္ေစာင့္ဆိုင္းေနပါတယ္။ဘယ္သူမွ မလႊတ္ႏိုင္ပါဘူး။ ဒါေၾကာင့္ အသက္ရွင္စဥ္၊ ပထဝီ အာေပါ ေတေဇာ ဝါေယာ ဓါတ္ႀကီးေလးပါး မေဖာက္ျပားမီ၊ ဝင္ေလထြက္ေလ မရပ္ေသးခင္ ေကာင္းမႈကုသိုလ္ေတြကို ျပဳလုပ္ဆည္းပူးၾကပါ။

ဒါနအစရွိတဲ့ ေကာင္းမႈကုသိုလ္ျပဳဖို႔အတြက္ ေစာေစာစီစီး ရဲရဲရင့္ရင့္ စိတ္ကို ပိုင္းျဖတ္ၾကပါ။ အခ်ိန္ကို အလဟသ မျဖဳန္းတီးပါနဲ႔။ မရဏရွင္ေသမင္းကေတာ့ အခ်ိန္ကို မေစာင့္ဘူး။ ေန႔စဥ္နဲ႔အမွ် ငါတို႔နဲ႔ နီးနီးကပ္လာပါၿပီ။ဒါေၾကာင့္ ေကာင္းမႈကုသိုလ္အတြက္ အားသြန္ခြန္စိုက္ ေဆာင္႐ြက္ၾကပါ။

ဒါန သိလ သမထ ဝိပႆနာ သတိပ႒ာန္တရားေလးပါးနဲ႔အညီ မေမ့မေလွ်ာ့ဘဲ က်င့္ႀကံၾကပါ။ သစၥာတရားဟာ မိမိတို႔ရဲ႕ ခႏၶာကိုယ္တြင္းမွာ တည္ရွိပါတယ္။ေလာကအတြင္းမွာ ရွိတဲ့သဘာဝဓမၼ သခၤါရဓမၼေတြအားလုံးဟာ ဒို႔ေတြကို ၫႊန္ၾကားေနတဲ့ တရားေတြခ်ည္းပါပဲ။ အခ်ိန္တိုင္း ေနရာတိုင္းမွာ ဒို႔တေတြကို သြန္သင္ၫႊန္ျပဆုံးေနၾကတယ္။

႐ုပ္နာမ္သေဘာဟာ အမွန္တရားျဖစ္တဲ့ အနိစၵ မၿမဲျခင္း၊ ဒုကၡ ဆင္းရဲျခင္း၊ အနတၱ အစိုးမရျခင္း ျဖစ္ျခင္းပ်က္ျခင္း၊ အႏွစ္သာရကင္းမဲ့ျခင္းေတြပဲျဖစ္တယ္။ ေမြးဖြားလာတာဟာလည္း ေသေန႔ကို ေစာင့္ေနရတာပါပဲ။ေနရင္းထိုင္ရင္း စားရင္းေသာက္ရင္းနဲ႔လည္း ေသေန႔ကို ေစာင့္ေနရတာပါပဲ။ ေမြးဖြားလာၿပီးေတာ့ အို၊ အိုၿပီးေတာ့ နာ၊ နာၿပီးေတာ့ ေသျဖစ္ေနတဲ့ ဘဝမွာ အခ်ိန္ကို အလဟသမျဖဳန္းပစ္ပါနဲ႔။

သတိသံေဝဂေတြ ထားရွိကာ မိမိခႏၶာကိုယ္အတြင္းမွာ သစၥာတရားကို ေဖြရွာၾကပါ။ ခႏၶာကိုယ္အတြင္းမွာ ၿငိမ္းခ်မ္းတဲ့ အသခၤတ နိဗၺာန္ကို ရွာၾကပါ သူေတာ္ေကာင္းအေပါင္းတို႔။ တရားသည္သာလည္း ၿငိမ္းခ်မ္းၿပီး ေဘးရန္အေပါင္းမွ လႊတ္ေျမႇာက္ေစႏိုင္ပါတယ္။

အခ်ိန္ေတြ ကုန္ဆုံးသြားေလေလ အိုျခင္း နာျခင္းေတြ ထင္ရွားလာေလေလ။ ကိုယ့္‌ေ-တြင္းကို ကိုယ္မတူးမိေစနဲ႔။ ေဒါသနဲ႔တူတဲ့ ေႁမြေဟာက္ကို စိတ္ထဲေမြးမထားနဲ႔။ေလာဘ ေဒါသ ေမာဟ တဏွာ မာန ဒိ႒ိ အဝိဇၨာေတြနဲ႔ကင္းေဝးကာ ၿငိမ္းခ်မ္းတဲ့ သစၥာတရားကို ရွာပါ။

စိတ္ထားတတ္ရင္ နိဗၺာန္ခရီးဟာ အနီးေလးပါ

အခ်ိန္ဆိုတာ လူကိုမေစာင့္ဘဲ နမ့္ဆင္မ္ေခ်ာင္းလို တသြင္သြင္စီးဆင္းေနပါတယ္။ မၾကာခင္ သုံးႏွစ္ျပည့္ပါေတာ့မယ္။ ေနာက္ထပ္ တစ္လနဲ႔ သုံးရက္ပဲ က်န္ပါေတာ့တယ္။အခ်ိန္ေတြ ကုန္ဆုံးတာလဲ ျမန္လိုက္တာေနာ္။ အဓိ႒ာန္ဝင္တဲ့ ဂူႀကီးကို ခြဲခြာရေတာ့မွာ ႏွေမွ်ာမိပါတယ္။

ဆရာေတာ္ကို အမွီလာျပဳတဲ့ ေက်းငွက္ ေတာတိရစာၦန္ေလးေတြ ႂကြက္ ငွက္ ေႁမြႀကီး ငန္းေတာ္ၾကားစတာေတြလည္း သူတို႔ဖာသာ သူတို႔ ရွာစားရေတာ့မယ္။အားလုံးလဲ သီလနဲ႔အတူ ရွင္သန္ၾကပါ။ သီလရွိရင္ နိဗၺာန္တိုင္ေအာင္ မဆင္းရဲ ရေတာ့ပါဘူး တိရစာၦန္ေလးတို႔ေရ။ အားလုံး လိမၼာၾကပါ။ လူလိုဆုံးမ မခက္ၾကပါနဲ႔။

တန္ဖိုးအနဂၣ သဘာဝအေလွ်ာက္ သာယာလွပ ေအးျမလန္းဆန္း စိမ္းလန္းစိုေျပတဲ့ ေတာေတာင္ေရေျမ သဘာဝအလွနဲ႔ ၿခံရံထားတဲ့ မိုင္းက်က္ဂူထဲမွာ ဆရာေတာ္ တရားလာေရာက္ဘာဝနာအားထုတ္ရတာ ေန႔စဥ္နဲ႔အမွ် လြန္စြာ စိတ္ခ်မ္းသာလွပါတယ္။

ေတာငွက္ ေတာၾကက္ ေတာက်ီး ဥေဒါင္း ကိုတုတ္ငွက္ ေမ်ာက္လႊဲေက်ာ္ ေႁမြႀကီးေႁမြငယ္ အသြယ္သြယ္အျပင္ ဝက္ဝံႀကီး ဝက္ဝံနီစတာေတြလည္း ဆရာေတာ္ရဲ႕ ေမတၱာဓါတ္ကို ခံယူၾကပါတယ္။

ျမင္အပ္မျမင္အပ္ ဂူေစာင့္နတ္နဲ႔ ဂူေစာင့္ေဇာ္ဂ်ီအျပင္ ေတာေစာင့္နတ္ ေတာင္ေစာင့္နတ္ေတြကိုလည္း ဆရာေတာ္ ေမတၱာပို႔ပါတယ္။ ေန႔စဥ္ေန႔တိုင္း သူတို႔ကို ေရစက္ခ် ကုသိုလ္အမွ်ေဝေပးပါတယ္။

ယခုအခါ ဆရာေတာ္ အဓိ႒ာန္ဝင္လာတာ သုံးႏွစ္ျပည့္ပါၿပီ။ ဂူအနီးမွာ ဆရာေတာ္ရဲ႕ ေမတၱာကို လာခံယူၾကတဲ့ ေတာငွက္တိရစာၦန္ေလးေတြနဲ႔ ခြဲခြာရေတာ့မွာပါ၊ ေန႔ေန႔ညည မနက္ အခ်ိန္မွန္ တြန္ၾကဴးတဲ့ ေတာၾကက္၊ မေမ့မေလွ်ာ့ေအာင္ အိုးေဝလို႔ ေအာ္ေခၚသတိေပးတဲ့ ဥေဒါင္းငွက္၊ ရဲရင့္ဖို႔ တိုက္တြန္းတဲ့ က်ားသစ္ေအာ္သံေတြ၊

အၿမဲတမ္း ႏႈိးၾကားေစတဲ့ ဂ်ီေဟာက္သံေတြအၾကား တဖြဲဖြဲက်ေနတဲ့ နံနက္ခင္းႏွင္းပြင့္ေတြနဲ႔အတူ ေမတၱာတရားေတြ ဆရာေတာ္မွ အားလုံးကို ျဖန္းေပးလ်က္ပါ။ဂူထြက္အမွတ္တရ ဗုဒၶါႏုႆတိ လက္ေဆာင္အျဖစ္ ဘုရားပုံေတြ၊ ေစတီေတာ္ပုံေတြေရးဆြဲပူေဇာ္ျဖစ္ပါတယ္။

ဒီမိုင္းက်က္ဂူထဲမွာ ဆရာေတာ္ အဓိ႒ာန္ဝင္ တရားလာေရာက္အားထုတ္လာခဲ့တာ သဘာဝဓမၼသေဘာတရားေတြ၊ မသိေသးတဲ့အရာေတြ မျမင္ေသးတဲ့ အရာေတြ တခ်ိဳ႕ သိျမင္ရပါတယ္။

ျမင္ေတြ႕ရတဲ့ နိမိတ္ေတြက မ်ားလြန္းတာေၾကာင့္ ေနာင္လာေနာက္သားေတြအတြက္ အခ်ိန္ရမွပဲ ရာဇဝင္တြင္ေအာင္ စာေပနဲ႔ ေရးသားေပးပါ့မယ္။ ႀကီးမားတဲ့ ကုသိုလ္ထူးမရွိရင္၊ ႀကီးမားတဲ့ သဒၶါတရား မထားႏိုင္ရင္၊ ျပည့္ဝတဲ့ ဝီရိယမရွိရင္၊ ႀကီးက်ယ္တဲ့ ေမတၱာမရွိရင္၊ ျမင့္ျမတ္တဲ့ ခႏၲီတရားမရွိရင္ ဒီမိုင္းက်က္ဂူထဲမွာ တစ္ပါးတည္း ေနလို႔မရႏိုင္ဘူး။

နတ္ေတြလည္း အမ်ိဳးမ်ိဳးလားစမ္းသပ္ၾကတယ္။ ျဖာလိပ္ေလာက္ရွိတဲ့ ေႁမြႀကီးေတြ၊ အိမ္တိုင္ေလာက္ ႀကီးတဲ့ ေႁမြႀကီးေတြအျပင္ အမ်ိဳးအမည္မသိတဲ့ အေကာင္ေတြနဲ႔လည္း ဂူအတြင္းမွာ တစ္မိသားစုတည္းလို ေနခဲ့ရတယ္။

ဒီ သုံးႏွစ္ျပည့္တဲ့ ဒီႏွစ္က ပိုၿပီးေတာ့ ထူးဆန္းတယ္။ လျပည့္ည သန္းေခါင္အခ်ိန္ ငန္းေတာ္ၾကားႀကီး တစ္ေကာင္ ဆရာေတာ္ရဲ႕ ဂူေပါက္ဝမွာ ေရာက္လာေသးတယ္။သန္းေခါင္ေက်ာ္ခ်ိန္မွာေတာ့ ဆရာေတာ္ရဲ႕ (မရိတ္ဘဲထားတဲ့) ဆံေတာ္ေတြ အလိုလို လိပ္ၿပီးေတာ့ ထုံးသြားတယ္။ နတ္ေတြ ဆံပင္ကို လာထုံးေပးသလိုပါ။

အိမ္မက္ထဲမွာလည္း နတ္ေတြ အႀကိမ္ႀကိမ္ ဆြမ္းလာကပ္တာ ျမင္မက္တယ္။ အိမ္မက္ထဲမွာ ဘုရားရွင္တို႔ ရဟႏၲာအရွင္တို႔ အႀကိမ္ႀကိမ္ တရားလာေဟာေပးတာ ျမင္မက္တယ္။

ဆရာေတာ္ရဲ႕ 58 ႏွစ္ျပည့္ ေမြးေန႔မွာ ဆရာေတာ္ အထက္စံေက်ာင္းေပၚမွာ နံနက္ပိုင္း သီတင္းသုံးေနစဥ္ ဝါ စိမ္း နီ နက္ ျဖဴ ညိဳ ေၾကာင္ အေရာင္ခုနစ္မ်ိဳးရွိတဲ့ငွက္ အေကာင္ ၃၀ ဆရာေတာ္ရဲ႕ အနီးအနားမွာ ခပ္ၾကာၾကာနားေနၾကၿပီး ပ်ံသြားၾကတယ္။ ေနာက္ၿပီး နယုန္လဆန္း ၈ ရက္ေန႔တုံးကလည္း ထူးထူးဆန္းဆန္း ေမ်ာက္ႀကီးတစ္ေကာင္ ဂူအေပါက္ဝနားမွာ လာထိုင္ေနတာ ေတြ႕ရတယ္။

နယုန္လဆန္း ၃ ရက္ နံနက္ ၃ နာရီ ဆရာေတာ္ ထၿပီး စၾကၤန္ေလွ်ာက္ရင္း ႂကြက္ေတြ ေတာေၾကာင္ေတြကို အစာေႂကြးေနစဥ္ ျဖာလိပ္ေလာက္ (အိမ္ဝါးလုံးတိုင္ေလာက္) စပါးအုံးႀကီးတစ္ေကာင္ ေက်ာက္ဂူေပါက္ကေန ထြက္လာတယ္။

ဆရာေတာ္ရဲ႕ ေက်ာင္းအနားမွာ လားေခြေနၿပီး သူရဲ႕ အေရခြံလည္း အေရာင္အေသြး စုံလွတယ္။ လွလည္းလွတယ္ ေၾကာက္လည္း ေၾကာက္စရာပါပဲ။ ေတာဝက္တို႔ ဂ်ီတို႔ကို အေကာင္လုံးလိုက္ မ်ိဳစားႏိုင္တာမို႔ ဆရာေတာ္ကိုလည္း သူမ်ိဳစားႏိုင္ပါတယ္။

သူက ဆရာေတာ္ကို အၾကာႀကီး စိုက္ၾကည့္တယ္။ သူ႔မ်က္လုံးက နီၿပီး ေတာက္ေနတယ္။ သူ႔ရဲ႕ ေမွးနဲ႔ ဦးေခါင္းက အဝါေရာင္အျပင္ အေမာက္ပါ ပါရွိေသးတယ္။ တစ္သက္မွတစ္ကိုယ္ ဒီလိုႀကီးတဲ့ေႁမြမ်ိဳး တစ္ခါမွ မျမင္ဖူးေသးဘူး။

စိတ္ထဲကေတာ့ သိပ္မေၾကာက္လွပါဘူး

နဲနဲေတာ့ လန႔္ပါတယ္။ ဒါေပမယ့္ ဆရာေတာ္က သူ႔ကို ေရစက္ခ် အမွ်ေဝေပးလိုက္တယ္။မၾကာခင္ ေႁမြႀကီးလည္း ေက်ာက္ဂူထဲ ျပန္ဝင္သြားေတာ့တယ္။ နတ္ဖန္ဆင္းလာတာလား မေျပာတတ္ဘူး။ ဆရာေတာ္လည္း ဂူေရွ႕ရွိ စံေက်ာင္းမွာ ေမတၱာဘာဝနာပြားေပးပါတယ္။

ဒါကေတာ့ ထူးဆန္းမႈ တစ္ခုလို႔ ဆိုရမွာပါ။ တစ္ခါမွ မႀကဳံဖူး မျမင္ဖူးခဲ့ဖူး။ ေၾကာက္စိတ္အားႀကီးတဲ့သူဆိုရင္ေတာ့ အိပ္ယာလိပ္ထမ္းၿပီး ဂူကေန ထြက္ေျပးမွာပါ။ဆရာေတာ္ကေတာ့ သူ႔ကို ေမတၱာပို႔ေပးတယ္။ တရားေဟာေပးတယ္။

အကယ္၍ သူက ဆရာေတာ္ကို မ်ိဳစားမယ္ဆိုရင္လည္း ဆရာေတာ္က မေၾကာက္မ႐ြံ႕ အသက္စြန႔္ဖို႔ပါပဲ။ အဲဒီည ဆရာေတာ္က အဲဒီေႁမြေတြ႕တဲ့ ေနရာမွာပဲ က်ိန္းခဲ့တယ္။အားလုံး က်န္းမာခ်မ္းသာၾကပါေစ။ ေအာင္ျမင္တိုးတက္ၾကပါေစ။ ေအးခ်မ္းၾကပါေစ။

လူခ်မ္းသာ နတ္ခ်မ္းသာ နိဗၺာန္ခ်မ္းသာႏွင့္ ျပည့္ဝၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။အရညဝါသီမိုင္းဖုန္းဆရာေတာ္၏ ေမတၱာစာကို မူဆယ္ၿမိဳ႕ လြယ္တိန္ခမ္းေက်ာင္း ေတာင္တန္းသာသနာျပဳ ဦးသုခမိႏၵ (စဝ္ဆုခမ္း တန႔္ယန္း)မွ တာဝန္ယူ တာဝန္ခံ ဆီေလွ်ာ္ေအာင္ ဘာသာျပန္ေပးပါတယ္။

(မိုင္းဖုန္းဆရာေတာ္ အဓိ႒ာန္ေအာင္ ဂူထြက္မည့္ေန႔က (31.7.2022) ျဖစ္ေၾကာင္း အသိေပးပါတယ္။ ဂူထြက္ၿပီး မိုင္းက်က္ေအာက္ဂူတြင္ ၅ ရက္ အပူေဇာ္ခံကာ တာခ်ီလိတ္ မိုင္းဖုန္းကိုႂကြပါမယ္။ ဒုတိယဝါဆိုမည့္ ေနရာကို ဆရာေတာ္ ထပ္မိန႔္ပါမယ္။)

Unicode

ဖတ်တဲ့သူတွေ ကြက်သီးမွေးညှင်းထသွားစေမယ့် မိုင်းဖုန်းဆရာတော်ရဲ့ ဂူထဲက အတွေ့အကြုံ

မိုင်းဖုန်းဆရာတော်ဘုရားဂူထွက်တော်မူခါနီးပါပြီ။ ဘာသာပြန်သူတောင် ကြက်သီးထတဲ့ ဂူထဲကအတွေ့အကြုံရေးလာတဲ့ မိုင်းဖုန်းဆရာတော်ရဲ့စာ။

သာသနာတော်နှစ် ၂၅၆၆ ခု နယုန်လဆန်း ၁၅ ရက် (13.6.2022) မဟာမုနိဓမ္မဟိန်းမိုင်းကျက်ဂူမှ သားတပည့်အပေါင်း၊ အနယ်နယ်အရပ်မှ ဒကာဒကာမအပေါင်းတို့ထံ ပေးပို့သော မိုင်းဖုန်းဆရာတော်ဘုရား၏ မေတ္တာစာ။

ဆရာတော်လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သဘာဝဓမ္မနဲ့အတူ တရားဘာဝနာ မေတ္တာဘာဝနာ ပွားများကာ လွန်စွာတိုးတက်မှု ရှိလာပါတယ်။မသိရှိသေးတဲ့အရာတွေ သိရှိလာသလို မမြင်ဖူးသေးတဲ့အရာတွေလည်း မြင်လာတယ်။ သဘောပေါက်လာတယ်။

ကာယလဟုတာ စိတ္တလဟုတာ ခန္ဓာကိုယ်ပေါ့ပါးမှု စိတ်ပေါ့ပါးမှုတွေဖြစ်ကာ ဗျာပါဒမှ ကင်းစင်ပါတယ်။လိုလားတောင့်တမှုတွေ ကင်းစင်ပါတယ်။ သေမှာလည်း မကြောက်သလို သေတာကိုလည်း မလိုလားသေးဘဲ စိတ်ကို မဇ္ဈိမပဋိပဒါအဖြစ် ထားရှိပါတယ်။

သေခြင်းတရားဆိုတာ သေနေ့စေ့ရင် လူတိုင်းထံ ရောက်လာမှာပါပဲ။ ရုပ်နာမ်ရယ်လို့ မွေးဖွားလာကတည်းက သေခြင်းတရားကလည်း အနာဂတ်မှာ အဆင်သင့်စောင့်ဆိုင်းနေပါတယ်။ဘယ်သူမှ မလွှတ်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်စဉ်၊ ပထဝီ အာပေါ တေဇော ဝါယော ဓါတ်ကြီးလေးပါး မဖောက်ပြားမီ၊ ဝင်လေထွက်လေ မရပ်သေးခင် ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ဆည်းပူးကြပါ။

ဒါနအစရှိတဲ့ ကောင်းမှုကုသိုလ်ပြုဖို့အတွက် စောစောစီစီး ရဲရဲရင့်ရင့် စိတ်ကို ပိုင်းဖြတ်ကြပါ။ အချိန်ကို အလဟသ မဖြုန်းတီးပါနဲ့။ မရဏရှင်သေမင်းကတော့ အချိန်ကို မစောင့်ဘူး။ နေ့စဉ်နဲ့အမျှ ငါတို့နဲ့ နီးနီးကပ်လာပါပြီ။ဒါကြောင့် ကောင်းမှုကုသိုလ်အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ကြပါ။

ဒါန သိလ သမထ ဝိပဿနာ သတိပဋ္ဌာန်တရားလေးပါးနဲ့အညီ မမေ့မလျှော့ဘဲ ကျင့်ကြံကြပါ။ သစ္စာတရားဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ တည်ရှိပါတယ်။လောကအတွင်းမှာ ရှိတဲ့သဘာဝဓမ္မ သင်္ခါရဓမ္မတွေအားလုံးဟာ ဒို့တွေကို ညွှန်ကြားနေတဲ့ တရားတွေချည်းပါပဲ။ အချိန်တိုင်း နေရာတိုင်းမှာ ဒို့တတွေကို သွန်သင်ညွှန်ပြဆုံးနေကြတယ်။

ရုပ်နာမ်သဘောဟာ အမှန်တရားဖြစ်တဲ့ အနိစ္ဒ မမြဲခြင်း၊ ဒုက္ခ ဆင်းရဲခြင်း၊ အနတ္တ အစိုးမရခြင်း ဖြစ်ခြင်းပျက်ခြင်း၊ အနှစ်သာရကင်းမဲ့ခြင်းတွေပဲဖြစ်တယ်။ မွေးဖွားလာတာဟာလည်း သေနေ့ကို စောင့်နေရတာပါပဲ။နေရင်းထိုင်ရင်း စားရင်းသောက်ရင်းနဲ့လည်း သေနေ့ကို စောင့်နေရတာပါပဲ။ မွေးဖွားလာပြီးတော့ အို၊ အိုပြီးတော့ နာ၊ နာပြီးတော့ သေဖြစ်နေတဲ့ ဘဝမှာ အချိန်ကို အလဟသမဖြုန်းပစ်ပါနဲ့။

သတိသံဝေဂတွေ ထားရှိကာ မိမိခန္ဓာကိုယ်အတွင်းမှာ သစ္စာတရားကို ဖွေရှာကြပါ။ ခန္ဓာကိုယ်အတွင်းမှာ ငြိမ်းချမ်းတဲ့ အသင်္ခတ နိဗ္ဗာန်ကို ရှာကြပါ သူတော်ကောင်းအပေါင်းတို့။ တရားသည်သာလည်း ငြိမ်းချမ်းပြီး ဘေးရန်အပေါင်းမှ လွှတ်မြှောက်စေနိုင်ပါတယ်။

အချိန်တွေ ကုန်ဆုံးသွားလေလေ အိုခြင်း နာခြင်းတွေ ထင်ရှားလာလေလေ။ ကိုယ့်‌ေ-တွင်းကို ကိုယ်မတူးမိစေနဲ့။ ဒေါသနဲ့တူတဲ့ မြွေဟောက်ကို စိတ်ထဲမွေးမထားနဲ့။လောဘ ဒေါသ မောဟ တဏှာ မာန ဒိဋ္ဌိ အဝိဇ္ဇာတွေနဲ့ကင်းဝေးကာ ငြိမ်းချမ်းတဲ့ သစ္စာတရားကို ရှာပါ။

စိတ်ထားတတ်ရင် နိဗ္ဗာန်ခရီးဟာ အနီးလေးပါ

အချိန်ဆိုတာ လူကိုမစောင့်ဘဲ နမ့်ဆင်မ်ချောင်းလို တသွင်သွင်စီးဆင်းနေပါတယ်။ မကြာခင် သုံးနှစ်ပြည့်ပါတော့မယ်။ နောက်ထပ် တစ်လနဲ့ သုံးရက်ပဲ ကျန်ပါတော့တယ်။အချိန်တွေ ကုန်ဆုံးတာလဲ မြန်လိုက်တာနော်။ အဓိဋ္ဌာန်ဝင်တဲ့ ဂူကြီးကို ခွဲခွာရတော့မှာ နှမျှောမိပါတယ်။

ဆရာတော်ကို အမှီလာပြုတဲ့ ကျေးငှက် တောတိရစ္ဆာန်လေးတွေ ကြွက် ငှက် မြွေကြီး ငန်းတော်ကြားစတာတွေလည်း သူတို့ဖာသာ သူတို့ ရှာစားရတော့မယ်။အားလုံးလဲ သီလနဲ့အတူ ရှင်သန်ကြပါ။ သီလရှိရင် နိဗ္ဗာန်တိုင်အောင် မဆင်းရဲ ရတော့ပါဘူး တိရစ္ဆာန်လေးတို့ရေ။ အားလုံး လိမ္မာကြပါ။ လူလိုဆုံးမ မခက်ကြပါနဲ့။

တန်ဖိုးအနဂ္ဃ သဘာဝအလျှောက် သာယာလှပ အေးမြလန်းဆန်း စိမ်းလန်းစိုပြေတဲ့ တောတောင်ရေမြေ သဘာဝအလှနဲ့ ခြံရံထားတဲ့ မိုင်းကျက်ဂူထဲမှာ ဆရာတော် တရားလာရောက်ဘာဝနာအားထုတ်ရတာ နေ့စဉ်နဲ့အမျှ လွန်စွာ စိတ်ချမ်းသာလှပါတယ်။

တောငှက် တောကြက် တောကျီး ဥဒေါင်း ကိုတုတ်ငှက် မျောက်လွှဲကျော် မြွေကြီးမြွေငယ် အသွယ်သွယ်အပြင် ဝက်ဝံကြီး ဝက်ဝံနီစတာတွေလည်း ဆရာတော်ရဲ့ မေတ္တာဓါတ်ကို ခံယူကြပါတယ်။

မြင်အပ်မမြင်အပ် ဂူစောင့်နတ်နဲ့ ဂူစောင့်ဇော်ဂျီအပြင် တောစောင့်နတ် တောင်စောင့်နတ်တွေကိုလည်း ဆရာတော် မေတ္တာပို့ပါတယ်။ နေ့စဉ်နေ့တိုင်း သူတို့ကို ရေစက်ချ ကုသိုလ်အမျှဝေပေးပါတယ်။

ယခုအခါ ဆရာတော် အဓိဋ္ဌာန်ဝင်လာတာ သုံးနှစ်ပြည့်ပါပြီ။ ဂူအနီးမှာ ဆရာတော်ရဲ့ မေတ္တာကို လာခံယူကြတဲ့ တောငှက်တိရစ္ဆာန်လေးတွေနဲ့ ခွဲခွာရတော့မှာပါ၊ နေ့နေ့ညည မနက် အချိန်မှန် တွန်ကြူးတဲ့ တောကြက်၊ မမေ့မလျှော့အောင် အိုးဝေလို့ အော်ခေါ်သတိပေးတဲ့ ဥဒေါင်းငှက်၊ ရဲရင့်ဖို့ တိုက်တွန်းတဲ့ ကျားသစ်အော်သံတွေ၊

အမြဲတမ်း နှိုးကြားစေတဲ့ ဂျီဟောက်သံတွေအကြား တဖွဲဖွဲကျနေတဲ့ နံနက်ခင်းနှင်းပွင့်တွေနဲ့အတူ မေတ္တာတရားတွေ ဆရာတော်မှ အားလုံးကို ဖြန်းပေးလျက်ပါ။ဂူထွက်အမှတ်တရ ဗုဒ္ဓါနုဿတိ လက်ဆောင်အဖြစ် ဘုရားပုံတွေ၊ စေတီတော်ပုံတွေရေးဆွဲပူဇော်ဖြစ်ပါတယ်။

ဒီမိုင်းကျက်ဂူထဲမှာ ဆရာတော် အဓိဋ္ဌာန်ဝင် တရားလာရောက်အားထုတ်လာခဲ့တာ သဘာဝဓမ္မသဘောတရားတွေ၊ မသိသေးတဲ့အရာတွေ မမြင်သေးတဲ့ အရာတွေ တချို့ သိမြင်ရပါတယ်။

မြင်တွေ့ရတဲ့ နိမိတ်တွေက များလွန်းတာကြောင့် နောင်လာနောက်သားတွေအတွက် အချိန်ရမှပဲ ရာဇဝင်တွင်အောင် စာပေနဲ့ ရေးသားပေးပါ့မယ်။ ကြီးမားတဲ့ ကုသိုလ်ထူးမရှိရင်၊ ကြီးမားတဲ့ သဒ္ဓါတရား မထားနိုင်ရင်၊ ပြည့်ဝတဲ့ ဝီရိယမရှိရင်၊ ကြီးကျယ်တဲ့ မေတ္တာမရှိရင်၊ မြင့်မြတ်တဲ့ ခန္တီတရားမရှိရင် ဒီမိုင်းကျက်ဂူထဲမှာ တစ်ပါးတည်း နေလို့မရနိုင်ဘူး။

နတ်တွေလည်း အမျိုးမျိုးလားစမ်းသပ်ကြတယ်။ ဖြာလိပ်လောက်ရှိတဲ့ မြွေကြီးတွေ၊ အိမ်တိုင်လောက် ကြီးတဲ့ မြွေကြီးတွေအပြင် အမျိုးအမည်မသိတဲ့ အကောင်တွေနဲ့လည်း ဂူအတွင်းမှာ တစ်မိသားစုတည်းလို နေခဲ့ရတယ်။

ဒီ သုံးနှစ်ပြည့်တဲ့ ဒီနှစ်က ပိုပြီးတော့ ထူးဆန်းတယ်။ လပြည့်ည သန်းခေါင်အချိန် ငန်းတော်ကြားကြီး တစ်ကောင် ဆရာတော်ရဲ့ ဂူပေါက်ဝမှာ ရောက်လာသေးတယ်။သန်းခေါင်ကျော်ချိန်မှာတော့ ဆရာတော်ရဲ့ (မရိတ်ဘဲထားတဲ့) ဆံတော်တွေ အလိုလို လိပ်ပြီးတော့ ထုံးသွားတယ်။ နတ်တွေ ဆံပင်ကို လာထုံးပေးသလိုပါ။

အိမ်မက်ထဲမှာလည်း နတ်တွေ အကြိမ်ကြိမ် ဆွမ်းလာကပ်တာ မြင်မက်တယ်။ အိမ်မက်ထဲမှာ ဘုရားရှင်တို့ ရဟန္တာအရှင်တို့ အကြိမ်ကြိမ် တရားလာဟောပေးတာ မြင်မက်တယ်။

ဆရာတော်ရဲ့ 58 နှစ်ပြည့် မွေးနေ့မှာ ဆရာတော် အထက်စံကျောင်းပေါ်မှာ နံနက်ပိုင်း သီတင်းသုံးနေစဉ် ဝါ စိမ်း နီ နက် ဖြူ ညို ကြောင် အရောင်ခုနစ်မျိုးရှိတဲ့ငှက် အကောင် ၃၀ ဆရာတော်ရဲ့ အနီးအနားမှာ ခပ်ကြာကြာနားနေကြပြီး ပျံသွားကြတယ်။ နောက်ပြီး နယုန်လဆန်း ၈ ရက်နေ့တုံးကလည်း ထူးထူးဆန်းဆန်း မျောက်ကြီးတစ်ကောင် ဂူအပေါက်ဝနားမှာ လာထိုင်နေတာ တွေ့ရတယ်။

နယုန်လဆန်း ၃ ရက် နံနက် ၃ နာရီ ဆရာတော် ထပြီး စင်္ကြန်လျှောက်ရင်း ကြွက်တွေ တောကြောင်တွေကို အစာကြွေးနေစဉ် ဖြာလိပ်လောက် (အိမ်ဝါးလုံးတိုင်လောက်) စပါးအုံးကြီးတစ်ကောင် ကျောက်ဂူပေါက်ကနေ ထွက်လာတယ်။

ဆရာတော်ရဲ့ ကျောင်းအနားမှာ လားခွေနေပြီး သူရဲ့ အရေခွံလည်း အရောင်အသွေး စုံလှတယ်။ လှလည်းလှတယ် ကြောက်လည်း ကြောက်စရာပါပဲ။ တောဝက်တို့ ဂျီတို့ကို အကောင်လုံးလိုက် မျိုစားနိုင်တာမို့ ဆရာတော်ကိုလည်း သူမျိုစားနိုင်ပါတယ်။

သူက ဆရာတော်ကို အကြာကြီး စိုက်ကြည့်တယ်။ သူ့မျက်လုံးက နီပြီး တောက်နေတယ်။ သူ့ရဲ့ မှေးနဲ့ ဦးခေါင်းက အဝါရောင်အပြင် အမောက်ပါ ပါရှိသေးတယ်။ တစ်သက်မှတစ်ကိုယ် ဒီလိုကြီးတဲ့မြွေမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။

စိတ်ထဲကတော့ သိပ်မကြောက်လှပါဘူး

နဲနဲတော့ လန့်ပါတယ်။ ဒါပေမယ့် ဆရာတော်က သူ့ကို ရေစက်ချ အမျှဝေပေးလိုက်တယ်။မကြာခင် မြွေကြီးလည်း ကျောက်ဂူထဲ ပြန်ဝင်သွားတော့တယ်။ နတ်ဖန်ဆင်းလာတာလား မပြောတတ်ဘူး။ ဆရာတော်လည်း ဂူရှေ့ရှိ စံကျောင်းမှာ မေတ္တာဘာဝနာပွားပေးပါတယ်။

ဒါကတော့ ထူးဆန်းမှု တစ်ခုလို့ ဆိုရမှာပါ။ တစ်ခါမှ မကြုံဖူး မမြင်ဖူးခဲ့ဖူး။ ကြောက်စိတ်အားကြီးတဲ့သူဆိုရင်တော့ အိပ်ယာလိပ်ထမ်းပြီး ဂူကနေ ထွက်ပြေးမှာပါ။ဆရာတော်ကတော့ သူ့ကို မေတ္တာပို့ပေးတယ်။ တရားဟောပေးတယ်။

အကယ်၍ သူက ဆရာတော်ကို မျိုစားမယ်ဆိုရင်လည်း ဆရာတော်က မကြောက်မရွံ့ အသက်စွန့်ဖို့ပါပဲ။ အဲဒီည ဆရာတော်က အဲဒီမြွေတွေ့တဲ့ နေရာမှာပဲ ကျိန်းခဲ့တယ်။အားလုံး ကျန်းမာချမ်းသာကြပါစေ။ အောင်မြင်တိုးတက်ကြပါစေ။ အေးချမ်းကြပါစေ။

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။အရညဝါသီမိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို မူဆယ်မြို့ လွယ်တိန်ခမ်းကျောင်း တောင်တန်းသာသနာပြု ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)မှ တာဝန်ယူ တာဝန်ခံ ဆီလျှော်အောင် ဘာသာပြန်ပေးပါတယ်။

(မိုင်းဖုန်းဆရာတော် အဓိဋ္ဌာန်အောင် ဂူထွက်မည့်နေ့က (31.7.2022) ဖြစ်ကြောင်း အသိပေးပါတယ်။ ဂူထွက်ပြီး မိုင်းကျက်အောက်ဂူတွင် ၅ ရက် အပူဇော်ခံကာ တာချီလိတ် မိုင်းဖုန်းကိုကြွပါမယ်။ ဒုတိယဝါဆိုမည့် နေရာကို ဆရာတော် ထပ်မိန့်ပါမယ်။)