
Zawgyi

















Crd

unicode

အဲကွန်းနဲ့ လျှပ်စစ်ပစ္စည်းတွေဝယ်ရင် ဒါလေးတွေကို စစ်ပါ မဟုတ်ရင် အိမ်တွင်းသူခိုး တကောင်ရောက်နေသလိုပါပဲ

ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းတွေက တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ဆိုတာထက် ပိုတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်..။

အင်တာနက် သုံးခြင်း၊ ဆက်သွယ်ခြင်း၊ သတင်းဖတ်ခြင်းနဲ့ ဂိမ်းကစားခြင်းတွေအပြင် ငွေလွှဲငွေထုတ်လည်း ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် စမတ်ဖုန်း အသုံးပြုခြင်းက အရေးပါနေပါတယ်..။

ဒီလိုပဲ စမတ်ဖုန်းတွေရဲ့ ဘတ်ထရီ ကြာရှည်ခံမှုကလည်း အဓိက လိုအပ်ချက် ဖြစ်နေပါတယ်။ စမတ်ဖုန်းတွေက ဘတ်ထရီ အကုန်မြန်နေတယ်ဆိုရင်တော့ သတိထားရမယ့် အခုလို အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်..။

(၁) အားအပြည့် အမြဲတမ်းလိုလို သွင်းထားခြင်း..

လူအများစုကတော့ ဖုန်းအားအပြည့်ရှိတာကို သဘောကျကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့သူတွေကတော့ ဖုန်းတွေမှာ ၃၀ ရာနှုန်းကနေ ၈၀ ရာနှုန်း ဘတ်ထရီအား ရှိနေတာက အကောင်းဆုံး ဖြစ်ပါတယ်လို့ ဆိုပါတယ်..။

(၂) အားကုန်တဲ့အထိ အသုံးပြုခြင်း..

ဖုန်းတိုင်းမှာ အားသွင်းရမယ့် ရာနှုန်းကို ဖော်ပြလေ့ ရှိပါတယ်။ ဒီလို ဖုန်းအားသွင်းဖို့ အသိပေးတဲ့ စာတွေ မလာခင်မှာ သင့်ဖုန်းကို အားသွင်းရမှာပါ။ ဒီလိုမျိုး အားကုန်သုံးပစ်တဲ့ အခြေအနေကလည်း နှစ်လမှာ တစ်ကြိမ်လောက် ဖြစ်တာကပဲ ဖုန်းဘတ်ထရီကို မထိခိုက်စေမှာ ဖြစ်ပါတယ်..။

(၃) အပူများအောင် ပြုလုပ်ခြင်း..

ဖုန်းတွေမှာ ဖြစ်တတ်တဲ့ အပူချိန်ထက် ပိုတဲ့ အပူချိန်ရောက်အောင် မပြုလုပ်သင့်ပါဘူး။ ဖုန်းတွေကို အလုပ်တွေ အင်မတန် ခိုင်းတာမျိုးနဲ့ ဂိမ်းကို ဆက်တိုက် ကစားတာမျိုးက ဖုန်းရဲ့ အပူချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ဖုန်းကို 1 ဒီဂရီ စင်တီဂရိတ်ကနေ ၃၅ ဒီဂရီ စင်တီဂရိတ်ကနေ ပိုပြီး အများအောင် ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်..။

(၄) ကြိုးမဲ့ အားသွင်းစနစ်ကို မကြာခဏ အသုံးပြုခြင်း..

Wireless သွင်းလို့ ရတဲ့ စနစ်တွေ ထွက်ပေါ်လာတဲ့နောက်မှာ လူတွေကို နှစ်သက်ပြီး Wireless ကို အသုံးပြုကြပါတယ်။ Wireless Charger တွေကလည်း ဖုန်းကို အပူလွန်ကဲစေတာကို သတိပြုသင့်ပါတယ်နော်..

(၅) မကိုက်ညီတဲ့ အားသွင်းကြိုးကို အသုံးပြုခြင်း..

ဖုန်းတိုင်းက သူတို့ ထွက်ရှိတဲ့ model အလိုက် သင့်လျော်တဲ့ အားသွင်းကြိုးတွေ ရှိလို့ နေပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေကို ပူစေပြီး အားကုန်မြန်စေတာက ဖုန်းနဲ့ မကိုက်ညီတဲ့ အားသွင်းကြိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်..။

(၆) ဖုန်းကို အားသွင်းနေရင်း အသုံးပြုခြင်း..

ဖုန်းအားသွင်းချိန်မှာ ဖုန်းအသုံးပြုခြင်းကလည်း ဖုန်းကို အပူလွန်ကဲ စေပါတယ်။ ဖုန်းအပူ လွန်ကဲမှုက ဖုန်းအားကုန်မြန်စေတဲ့ အကြောင်းတစ်ခုလည်း ဖြစ်တယ်ဆိုတာကို မမေ့ထားသင့်ပါဘူး..။

Crd