နတ္ေတြ သိၾကားေတြ ဝိဇၨာေတြရဲ႕ ေစာင့္ေရွာက္မႈခံရတယ္ဆိုတာ….

Zawgyi

နတ္ေတြ သိၾကားေတြ ဝိဇၨာေတြရဲ႕ ေစာင့္ေရွာက္မႈခံရတယ္ဆိုတာ

သူနဲ႔ပဌာန္းဆက္ရွိတဲ့ လူေတြကို ဆိုင္ရာနတ္ေတြက ေစာင့္ ေရွာက္တယ္။ ေက်းဇူးရွိဖူးတဲ့သူေတြကို ဆိုင္ရာနတ္ေတြက ေစာင့္ေရွာက္တယ္။သာသနာအက်ိဳး ဘာသာအက်ိဳး အမွန္တကယ္ လုပ္တဲ့သူေတြကို သိၾကားမင္းနဲ႔ သူ႔အေပါင္းအပါေတြ သာသနာေစာင့္နတ္ေတြက ေစာင့္ေရွာက္တယ္။

တာဝတႎသာက သိၾကားမင္း ဘိုးေတာ္ မာဃဆိုတဲ့ သိၾကားမင္းက ေစာင့္ေရွာက္တာပါဘဲ ။ဒါကလည္း သူကလည္း ဘုရားရွင္ကို သူက ကတိေပးခဲ့လို႔ပါတဲ့ ။ ငါးပါးသီလ ရွိတဲ့သူ၊ မိဘကိုလုပ္ေကြၽးတဲ့သူေတြကိုလည္းနတ္ေတြကေစာင့္ေရွာင့္ၾကပါတယ္။

နတ္ေတြက လူလူခ်င္းလႉဒါန္းတဲ့ သူေတြကို ပိုသေဘာက်တယ္ဆိုပဲ ။ ဆင္းရဲတဲ့သူေတြကို လႉဒါန္းျခင္း ၊ မက်န္းမာခ်႕ိုတဲ့ တဲ့သူမ်ားကို လႉဒါန္းေပးကမ္းျခင္းတို႔ကို ျပဳလုပ္တဲ့သူေတြကို ပိုမိုသေဘာက်ပါတယ္တဲ့။

အဲလိုလႉ ဒါန္းမႈျပဳတဲ့ လူမ်ိဳးေတြကိုလည္း ေစာင့္ေရွာင့္ကူညီတယ္ဆိုပဲ။ဝိဇၨာေတြကေတာ့ ပဌာန္းဆက္ရွိတဲ့သူ၊ တပည့္ေတာ္ခဲ့ဖူးသူ ၊ အထက္ ဝိဇၨာေတြက တာဝန္ေပးခံရလို႔၊ ဝိဇၨာအက်င့္ကို ဝီရိယစိုက္ၿပီး က်င့္ႀကံေနသူ၊ အဲလိုလူမ်ိဳးေတြကို ေစာင့္ ေရွာက္ ရပါတယ္တဲ့။

အဲဒီမွာ ေျပာစရာရွိတာက နတ္ေတြက အသားငါး တအားစားတဲ့သူဆိုရင္ မကပ္ႏိုင္လို႔ ယူဇနာတစ္ရာကေန ေစာင့္ေရွာက္ၾကည့္ရႈရတယ္ဆိုပဲ။

ေက်းဇူးေတာ္ရွင္ ဖားေအာက္ေတာရ ဆရာေတာ္ႀကီး

မူရင္းေရးသားပူေဇာ္သူကို Credit ေပးပါသည္။

Unicode

နတ်တွေ သိကြားတွေ ဝိဇ္ဇာတွေရဲ့ စောင့်ရှောက်မှုခံရတယ်ဆိုတာ

သူနဲ့ပဌာန်းဆက်ရှိတဲ့ လူတွေကို ဆိုင်ရာနတ်တွေက စောင့် ရှောက်တယ်။ ကျေးဇူးရှိဖူးတဲ့သူတွေကို ဆိုင်ရာနတ်တွေက စောင့်ရှောက်တယ်။သာသနာအကျိုး ဘာသာအကျိုး အမှန်တကယ် လုပ်တဲ့သူတွေကို သိကြားမင်းနဲ့ သူ့အပေါင်းအပါတွေ သာသနာစောင့်နတ်တွေက စောင့်ရှောက်တယ်။

တာဝတိံသာက သိကြားမင်း ဘိုးတော် မာဃဆိုတဲ့ သိကြားမင်းက စောင့်ရှောက်တာပါဘဲ ။ဒါကလည်း သူကလည်း ဘုရားရှင်ကို သူက ကတိပေးခဲ့လို့ပါတဲ့ ။ ငါးပါးသီလ ရှိတဲ့သူ၊ မိဘကိုလုပ်ကျွေးတဲ့သူတွေကိုလည်းနတ်တွေကစောင့်ရှောင့်ကြပါတယ်။

နတ်တွေက လူလူချင်းလှူဒါန်းတဲ့ သူတွေကို ပိုသဘောကျတယ်ဆိုပဲ ။ ဆင်းရဲတဲ့သူတွေကို လှူဒါန်းခြင်း ၊ မကျန်းမာချ့ိုတဲ့ တဲ့သူများကို လှူဒါန်းပေးကမ်းခြင်းတို့ကို ပြုလုပ်တဲ့သူတွေကို ပိုမိုသဘောကျပါတယ်တဲ့။

အဲလိုလှူ ဒါန်းမှုပြုတဲ့ လူမျိုးတွေကိုလည်း စောင့်ရှောင့်ကူညီတယ်ဆိုပဲ။ဝိဇ္ဇာတွေကတော့ ပဌာန်းဆက်ရှိတဲ့သူ၊ တပည့်တော်ခဲ့ဖူးသူ ၊ အထက် ဝိဇ္ဇာတွေက တာဝန်ပေးခံရလို့၊ ဝိဇ္ဇာအကျင့်ကို ဝီရိယစိုက်ပြီး ကျင့်ကြံနေသူ၊ အဲလိုလူမျိုးတွေကို စောင့် ရှောက် ရပါတယ်တဲ့။

အဲဒီမှာ ပြောစရာရှိတာက နတ်တွေက အသားငါး တအားစားတဲ့သူဆိုရင် မကပ်နိုင်လို့ ယူဇနာတစ်ရာကနေ စောင့်ရှောက်ကြည့်ရှုရတယ်ဆိုပဲ။

ကျေးဇူးတော်ရှင် ဖားအောက်တောရ ဆရာတော်ကြီး

မူရင်းရေးသားပူဇော်သူကို Credit ပေးပါသည်။