ႏိုင္ငံျခားကေန ျပန္ပင့္လာရတဲ့ ဦးေခါင္း ၃လုံး နဂါး႐ုံဘုရား ကို (၁၈) ႏွစ္တိုင္တိုင္ အိမ္မွာ ပူေဇာ္ထားေပမယ့္ ဆင္းတုေတာ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို အခုမွ သိရတဲ့ အျဖစ္….

Zawgyi

ႏိုင္ငံျခားကေန ျပန္ပင့္လာရတဲ့ ဦးေခါင္း ၃လုံး နဂါး႐ုံဘုရား ကို (၁၈) ႏွစ္တိုင္တိုင္ အိမ္မွာ ပူေဇာ္ထားေပမယ့္ ဆင္းတုေတာ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို အခုမွ သိရတဲ့ အျဖစ္….

ေရေျမရပ္ျခားတိုင္းတပါးမွ ျပန္လည္ပင့္ေဆာင္လာခဲ့ေသာ ဘိုးဘြားတို႔ရဲ႕အေမြျမန္မာ့ပန္းပုလက္ရာ ေရွးေဟာင္းဗုဒၶ႐ုပ္ပြာေတာ္တစ္ဆူ၏ ထူးျခားမႈအဖုံဖုံျဖစ္ေၾကာင္းကုန္စင္ကို ဗဟုသုတျဖန႔္ေဝေပးျခင္းကုသိုလ္ကြၽန္ေတာ္တို႔ဘိုးဘြားတို႔ရဲ႕အေမြ ျမန္မာလက္မႈအႏုပညာ ေရွးေဟာင္း႐ုပ္ပြားေတာ္ျမတ္ႀကီးကို စတင္ဖူးေတြ႕ရပုံကိုေျပာျပရမည္ဆိုလွ်င္

လြန္ခဲ့တဲ့(၁၈)ႏွစ္ခန႔္က ျမန္မာႏိုင္ငံကုန္သည္ႀကီးမ်ားႏွင့္စက္မႈ လက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၏ ဦးေဆာင္လမ္းၫႊန္မႈမ်ားျဖင့္ ထိုင္းႏိုင္ငံခ်င္း႐ိုင္ၿမိဳ႕၌က်င္းပေသာ ကုန္စည္ျပပြဲသို႔သြားေရာက္ၿပီး ေက်ာက္မ်က္ရတနာမ်ားကို သြားေရာက္ေရာင္းခ်စဥ္က ကြၽန္ေတာ္ေတြ႕ႀကဳံ ခဲ့ရပုံမ်ားကို စတင္ေျပာျပမွသာလွ်င္ ပိုမိုၿပီးျပည့္ျပည့္စုံစုံ‌ေျပာျပႏိုင္မွာမို႔ ျပန္လည္ေျပာျပေပးလိုပါတယ္ခင္ဗ်ာ

ထိုင္းႏိုင္ငံခ်င္း႐ိုင္ၿမိဳ႕သို႔ေရာက္ရွိေသာ ကြၽန္ေတာ္တို႔ျမန္မာကုန္သည္ တစ္သိုက္ဟာ‌ျပပြဲမွာ ေဈးေရာင္းေကာင္းသည္ျဖစ္ေစ ေဈးေရာင္းမေကာင္းသည္ျဖစ္ေစ နံနက္(၉)နာရီမွ ညေန(၅)နာရီအထိ ျပပြဲမွာ‌ေဈးေရာင္းၾကၿပီး ညေနျပခန္းပိတ္ၿပီဆိုတာနဲ႔တၿပိဳင္ထဲ စိတ္တူကိုယ္တူသမားမ်ားစု႐ုန္းၿပီး လည္ၾကပတ္ၾကေပ်ာ္ၾကပါးၾကနဲ႔ေပါ့ဗ်

ာကြၽန္ေတာ္ကေတာ့အေပ်ာ္အပါးထက္ သူမ်ားႏိုင္ငံမွာကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ေရွးေဟာင္းပစၥည္းေတြ ဘာေတြမ်ားေရာက္ရွိေနမလဲ ဘယ္လိုေရာက္ရွိသြားတာလဲ ေလ့လာခ်င္စိတ္စူးစမ္းခ်င္စိတ္မ်ားျဖင့္သာ ကြၽန္ေတာ္နဲ႔အတူလိုက္ပါလာေသာ တူေလးႏွစ္ေယာက္ကိုေခၚၿပီး သူတို႔စားခ်င္တာဝယ္ေကြၽးလိုက္ သူတို႔လိုခ်င္တာဝယ္ေပးလိုက္လုပ္ၿပီး

ကြၽန္ေတာ္သြားခ်င္တဲ့ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္မ်ားသို႔ ေခၚေဆာင္သြားေလ့ရွိပါတယ္တစ္ေန႔မေမွ်ာ္လင့္မရည္႐ြယ္ပါဘဲႏွင့္ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္ တစ္ဆိုင္သို႔ေရာက္ရွိသြားရာ ကြၽန္ေတာ္တို႔ ျမန္မာလက္မႈပစၥည္းေတာ္ေတာ္မ်ားမ်ား တိုင္းတပါးသို႔ေရာက္ရွိေနတာကို ဝမ္းနည္းဖြယ္ရာေတြ႕ျမင္ရပါေတာ့တယ္

ထိုေရွးေဟာင္းပစၥည္းအေရာင္းဆိုင္၏ ေထာင့္တစ္ေနရာတြင္ထူးထူးဆန္းဆန္း ေမွာင္ခိုေဈးကြက္မွတဆင့္ ေရာက္ရွိလာဟန္တူေသာ ပုဂံေခတ္လက္ရာ ဦးေခါင္း၃လုံးပါ နဂါး႐ုံဘုရားတစ္ဆူကို ေတြ႕ျမင္လိုက္ရတာနဲ႔တၿပိဳင္ထဲ ကြၽန္ေတာ့္စိတ္ထဲမွာ အမ်ိဳးအမည္မသိ ေဝဒနာတစ္ခုခံစားရၿပီး ဝမ္းနည္းသလို ဝမ္းသာသလိုျဖစ္ကာ ေရွးပစၥည္းေရာင္းတဲ့ဆိုင္ထဲမွာပဲ အရွက္မရွိငို‌ေႂကြးေနမိပါေတာ့တယ္

ကြၽန္ေတာ္နဲ႔အတူလိုက္ပါလာတဲ့ တူေလးေက်ာ္ေက်ာ္နဲ႔သားသြင္တို႔အား သားရယ္ ေအာင္ေအာင္ ဒီ႐ုပ္ပြားေတာ္ႀကီးကို ျမန္မာျပည္သို႔ ျပန္ပင့္ခ်င္လိုက္တာလို႔ဖြင့္ေျပာေတာ့ တူေလးက မျဖစ္ႏိုင္တာေအာင္ေအာင္ရာ ေဈးကလည္းေဒၚလာ(၃၀၀၀) တဲ့ ဘယ္မွာလဲပိုက္ဆံ ပိုက္ဆံရွိေတာ့လဲ လမ္းမွာ အဖမ္းခံရရင္ ဘယ္လိုလုပ္မလဲတဲ့တူေလးေျပာတာဟုတ္ပါတယ္ေလ

အားမတန္ေတာ့မာန္ေလွ်ာ့ၿပီး တည္းခိုရာဟိုတည္သာျပန္လာခဲ့ရေပမဲ့ ကြၽန္ေတာ့္စိတ္က နဂါး႐ုံဘုရားစီကိုပဲ အၿမဲေရာက္ေနေတာ့ ျမန္မာျပည္မျပန္မခ်င္း အဲ့ဒီေရွးေဟာင္းပစၥည္းဆိုင္ကို ေန႔တိုင္းေရာက္ေအာင္သြားတယ္ နဂါး႐ုံ႐ုပ္ပြားေတာ္ကို ဘုရားကန္ေတာ့တယ္သစၥာဆိုတယ္

အဲ့ဒီလိုနဲ႔ျပပြဲေနာက္ဆုံးေန႔သို႔ ေရာက္ရွိသည့္တိုင္ေအာင္ ေဈးေရာင္းမေကာင္းတဲ့အတြက္ ဘုရားဝယ္ဖို႔ ပိုက္ဆံမဆိုထားနဲ႔ လမ္းစရိတ္ေတာင္ျပန္ဖို႔ရန္ အႏိုင္ႏိုင္ျဖစ္ေနေတာ့ ေအာ္ တို႔ျမန္မာျပည္ကဘိုးဘြားေတြပိုင္တဲ့ နဂါး႐ုံ႐ုပ္ပြားေတာ္ႀကီးနဲ႔ေဝးရပါၿပီေပါ့သို႔ေပမဲျပပြဲေနာက္ဆုံးေန႔မွာပဲ ထူးျခားတိုက္ဆိုင္မႈတစ္ခုက ေရွးေဟာင္းပစၥည္းဆိုင္ကသူေဌး ျပပြဲလာၾကည့္ရင္းကေန

ကြၽန္ေတာ့္ဆိုင္နားေရာက္လာေတာ့ ေန႔တိုင္းသူဆိုင္လာလာေနတဲ့ ကြၽန္ေတာ့္ကိုျမင္သြားၿပီး ကြၽန္ေတာ့္ျပခန္းကို ေသေသျခာျခာလာေရာက္ေလ့လာကာ သူလိုခ်င္တာေတြဝယ္ယူ အားေပးပါေတာ့တယ္သူ႔ကိုၾကည္ၿပီးကြၽန္ေတာ့္စိတ္ထဲကေန ေအာ္ သူေဌးရယ္ တို႔ျမန္မာျပည္က ႐ုပ္ပြားေတာ္ တို႔နဲ႔ျပန္ေပးပါလားဆိုၿပီး

စိတ္ထဲကေျပာေနစဥ္မွာပဲသူေဌးက ကြၽန္ေတာ္ပါလာတဲ့ေက်ာက္ေတြ႕ၾကည့္ရင္း ‌ေျပာင္သလိုေႏွာက္သလိုဟန္ျဖင့္ မင္းေက်ာက္ေတြနဲ႔ နဂါ႐ုံဘုရားနဲ႔ လဲမလားလို႔လာေျပာေတာ့ ကြၽန္ေတာ္ေလ ဟန္သာေဆာင္ေနရတယ္ ေရငတ္ေနတဲ့သူေရတြင္းထဲက်သလို မ်က္ႏွာ အမူအရာက ျဖစ္ေနၿပီး သူေဌးကို မ‌ေနာက္ပါနဲ႔ဗ်ာ

တကယ္လဲမွာဆိုရင္ အိမ္မွာကိုးကြယ္ခ်င္လို႔ လဲခ်င္တာေပါ့ဗ်ာဟု‌ေျပာလိုက္ေတာ့ သူေဌးကတကယ္လဲမယ္တဲ့ကြၽန္ေတာ္ကျမန္မာျပည္ကို ျပန္မသယ္တတ္ဘူး‌‌ေျပာေတာ့ သူ႔ဘက္က ျမဝတီထိပို႔ေပးမယ္တဲ့ ဟိုေရာက္ရင္ကိုယ့္ဘာသာကိုယ္သယ္တဲ့ ကြၽန္ေတာ္လည္းျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ထိုအခ်ိန္က ျမန္မာက်ပ္ေငြ ဆယ္သိန္းဖိုးခန႔္ရွိတဲ့ ေက်ာက္စိမ္းပုတီးေက်ာက္စိမ္းပန္းပု ေက်ာက္စိမ္းလက္ေကာက္

ေက်ာက္စိမ္းဆြဲသီးႏွင့္ အလဲအထပ္လုပ္လိုက္ရတာေၾကာင့္ ေပ်ာ္လိုက္တာမ်ားဗ်ာ ေမ်ာက္အုန္းသီးရသလိုပါပဲ ေျပာမေျပာခ်င္ေတာ့ပါဘူးျမန္မာျပည္ဘက္ျပန္ေရာက္တာနဲ႔ ျမဝတီကေန ရန္ကုန္သည္ေပးမည့္သူကို ကားဂိတ္သြားစုံစမ္းေတာ့လည္း ကူညီေပးမယ့္သူ အဆင္ေျပတာနဲ႔ ယခု႐ုပ္ပြားေတာ္ကို ရန္ကုန္သို႔ပင့္ၿပီး ကိုးကြယ္ပူ‌ေဇာ္လာတာဟာျဖင့္ ယခုဆိုရင္(၁၈)ႏွစ္ျပည့္တဲ့ေနပါပဲ

(၁၈)ႏွစ္ခန႔္ကိုးကြယ္လာတဲ့နဂါ႐ုံဘုရားမွာ ယခုလိုအံဝွပ္ရွိတာသိလာပုံကလည္း ကြၽန္ေတာ့္အက်င့္က ေနမေကာင္းရင္ အေမကို ပိုသတိရတယ္ အေမကို သတိရတိုင္းရတိုင္းအၿမဲတမ္း ကုသိုလ္တစ္ခုခုလုပ္ေနၾကဆိုေတာ့ ယေန႔ကြၽန္ေတာ့္ေနအိမ္ဘုရားခန္းမွာ ပူေဇာ္ထားေသာ႐ုပ္ပြားေတာ္ျမတ္မ်ားအား ေ႐ႊသကၤန္းကပ္လႉမယ္ဆိုၿပီး ေ႐ႊခ်ေပးတဲ့ဦးတင္ဝင္းကိုေခၚၿပီး

ေ႐ႊသကၤန္းကပ္လႉဖို႔ နဂါး႐ုံ႐ုပ္ပြားေတာ္ကို သစ္ေဆးသုတ္ေနစဥ္ေ႐ႊခ်တဲ့ဆရာက ဦးေအာင္နဂါးသုံးရစ္မွာ ေအာက္ဆုံးအရစ္ကလႈပ္ေနသလိုပဲ အရင္တစ္ႀကိမ္ေ႐ႊသကၤန္းကပ္ကထဲက သူသတိထားမိေနတာလို႔ေျပာတာနဲ႔ ကြၽန္ေတာ္နဲ႔ေ႐ႊသကၤန္းကပ္တဲ့ ဦးတင္ဝင္းတို႔နည္းမ်ိဳးစုံျဖင့္ ေအာက္ဆုံးအဆင့္ကိုခြၽတ္ၾကည့္ရာ အတြင္း၌႐ုပ္ပြားေတာ္ျမတ္တစ္ဆူ

ကိန္းဝပ္ပူေဇာ္ထားတာကို မ်က္ဝါးထင္ထင္ဖူးေမွ်ာ္ေတြ႕ပါေတာ့တယ္ကြၽန္ေတာ္တို႔ေရွးဘိုးဘြားမ်ားဟာ ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္ အလြန္ႀကီးမားနက္နဲလြန္းသလို ပန္းဆယ္မ်ိဳးအတတ္ပညာထဲမွာပါတဲ့ ပန္းပုပညာရဲ႕နက္နဲမႈ အတတ္ပညာ ေျပာင္ေျမာက္မႈတို႔ဟာ နဂါ႐ုံဘုရားထုလုပ္ထားပုံကိုၾကည့္ၿပီး အံ့ဩ၍မကုန္ျဖစ္ေနမိပါေတာ့တယ္ထိုင္းႏိုင္ငံကေနကြၽန္ေတာ့္ျပန္လည္ပင့္ေဆာင္လာတဲ့

နဂါး႐ုံ႐ုပ္ထုေတာ္ရဲ႕ နဂါးဦးေခါင္းသုံးလုံးအတြင္း၌ ကကုသန္ ေကာဏဂုံ ကႆဖ ဘုရားသုံးဆူကိုယ္စား႐ုပ္ပြာေတာ္၃ဆူကို မုျဒာအမ်ိဳးမ်ိဳး မထိျခင္းအမ်ိဳးမ်ိဳးျဖင့္ လက္ရာအေသးစိပ္ထုလုပ္ထားၿပီးထိုနဂါးဦးေခါင္းသုံးလုံးေအာက္၌ ေဂါတမဘုရားရွင္ကိုယ္စား ႐ုပ္ပြားေတာ္ျမတ္ႀကီးကိုလည္း ဦးေခါင္းေတာ္ႏွင့္ မ်က္နာက်က္ေတာ္မထိျခင္း

ပုခုံးေတာ္ႏွင့္နားေတာ္ႏွစ္ဖက္မထိျခင္း လက္ေတာ္ႏွစ္ဖက္ေတာ္မထိျခင္း လက္ေတာ္ႏွင့္‌‌ေျခေတာ္မထိျခင္း ပုလႅင္ေတာ္နဲ႔ခႏၶာကိုယ္မထိျခင္း ပုလႅင္ေတာ္ႏွင့္ဒူးေတာ္ႏွစ္ဖက္မထိျခင္း စသည့္ မထိျခင္း(၉)ပါးျဖင့္ ႀကိဳညိဳသပၸါယ္ဖြယ္သတင္းသုံး‌ေနသည့္ ေဂါတမဘုရားရွင္ကိုယ္စား႐ုပ္ပြားေတာ္ နဂါးခႏၶာကိုယ္လုံးေတာ္အတြင္း၌ အံဝွက္ျဖင့္ပူေဇာ္ထားေသာ

ေနာင္ပြင့္ေတာ္မူမည့္အရိေမတၱယ် ဘုရားရွင္ပုံေတာ္ကိုလည္း အဘယမုျဒာပုံထုလုပ္ထားသည္မွာ အံ့ဩဖြယ္ဖူးေမွ်ာ္ၾကည္ညိဳရပုံမ်ားကို ကြၽန္ေတာ့္ရဲ႕ဓမၼမိတ္ေဆြမ်ားအား ဖူးေမွ်ာ္ေစခ်င္ေသာေစတနာျဖင့္ ယခုလိုေျပာျပေပးျခင္းျဖစ္ပါတယ္ယခုလိုေျပာေပးျခင္းဟာလည္း ကြၽန္ေတာ့္မွာဘာရည္႐ြယ္ခ်က္မရွိဘဲ ျမန္မာ့ပန္းပုလက္ရာအံ့မခမ္းမႈကို ေျပာျပေပးျခင္းသာျဖစ္ပါေၾကာင္း ႀကိဳတင္ေျပာျပထားလိုပါတယ္ခင္ဗ်

ာေဒါက္တာလွဝင္းေအာင္(ခ)ဘစိုးဥ (၂၄.၁၂.၂၀၂၁)ေသာၾကာေန႔

unicode

နိုင်ငံခြားကနေ ပြန်ပင့်လာရတဲ့ ဦးခေါင်း ၃လုံး နဂါးရုံဘုရား ကို (၁၈) နှစ်တိုင်တိုင် အိမ်မှာ ပူဇော်ထားပေမယ့် ဆင်းတုတော်ရဲ့ လျှို့ဝှက်ချက်ကို အခုမှ သိရတဲ့ အဖြစ်….

ရေမြေရပ်ခြားတိုင်းတပါးမှ ပြန်လည်ပင့်ဆောင်လာခဲ့သော ဘိုးဘွားတို့ရဲ့အမွေမြန်မာ့ပန်းပုလက်ရာ ရှေးဟောင်းဗုဒ္ဓရုပ်ပွာတော်တစ်ဆူ၏ ထူးခြားမှုအဖုံဖုံဖြစ်ကြောင်းကုန်စင်ကို ဗဟုသုတဖြန့်ဝေပေးခြင်းကုသိုလ်ကျွန်တော်တို့ဘိုးဘွားတို့ရဲ့အမွေ မြန်မာလက်မှုအနုပညာ ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးကို စတင်ဖူးတွေ့ရပုံကိုပြောပြရမည်ဆိုလျှင်

လွန်ခဲ့တဲ့(၁၈)နှစ်ခန့်က မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုများဖြင့် ထိုင်းနိုင်ငံချင်းရိုင်မြို့၌ကျင်းပသော ကုန်စည်ပြပွဲသို့သွားရောက်ပြီး ကျောက်မျက်ရတနာများကို သွားရောက်ရောင်းချစဉ်က ကျွန်တော်တွေ့ကြုံ ခဲ့ရပုံများကို စတင်ပြောပြမှသာလျှင် ပိုမိုပြီးပြည့်ပြည့်စုံစုံ‌ပြောပြနိုင်မှာမို့ ပြန်လည်ပြောပြပေးလိုပါတယ်ခင်ဗျာ

ထိုင်းနိုင်ငံချင်းရိုင်မြို့သို့ရောက်ရှိသော ကျွန်တော်တို့မြန်မာကုန်သည် တစ်သိုက်ဟာ‌ပြပွဲမှာ ဈေးရောင်းကောင်းသည်ဖြစ်စေ ဈေးရောင်းမကောင်းသည်ဖြစ်စေ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ပြပွဲမှာ‌ဈေးရောင်းကြပြီး ညနေပြခန်းပိတ်ပြီဆိုတာနဲ့တပြိုင်ထဲ စိတ်တူကိုယ်တူသမားများစုရုန်းပြီး လည်ကြပတ်ကြပျော်ကြပါးကြနဲ့ပေါ့ဗျ

ာကျွန်တော်ကတော့အပျော်အပါးထက် သူများနိုင်ငံမှာကျွန်တော်တို့နိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းတွေ ဘာတွေများရောက်ရှိနေမလဲ ဘယ်လိုရောက်ရှိသွားတာလဲ လေ့လာချင်စိတ်စူးစမ်းချင်စိတ်များဖြင့်သာ ကျွန်တော်နဲ့အတူလိုက်ပါလာသော တူလေးနှစ်ယောက်ကိုခေါ်ပြီး သူတို့စားချင်တာဝယ်ကျွေးလိုက် သူတို့လိုချင်တာဝယ်ပေးလိုက်လုပ်ပြီး

ကျွန်တော်သွားချင်တဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များသို့ ခေါ်ဆောင်သွားလေ့ရှိပါတယ်တစ်နေ့မမျှော်လင့်မရည်ရွယ်ပါဘဲနှင့် ရှေးဟောင်းပစ္စည်းအရောင်းဆိုင် တစ်ဆိုင်သို့ရောက်ရှိသွားရာ ကျွန်တော်တို့ မြန်မာလက်မှုပစ္စည်းတော်တော်များများ တိုင်းတပါးသို့ရောက်ရှိနေတာကို ဝမ်းနည်းဖွယ်ရာတွေ့မြင်ရပါတော့တယ်

ထိုရှေးဟောင်းပစ္စည်းအရောင်းဆိုင်၏ ထောင့်တစ်နေရာတွင်ထူးထူးဆန်းဆန်း မှောင်ခိုဈေးကွက်မှတဆင့် ရောက်ရှိလာဟန်တူသော ပုဂံခေတ်လက်ရာ ဦးခေါင်း၃လုံးပါ နဂါးရုံဘုရားတစ်ဆူကို တွေ့မြင်လိုက်ရတာနဲ့တပြိုင်ထဲ ကျွန်တော့်စိတ်ထဲမှာ အမျိုးအမည်မသိ ဝေဒနာတစ်ခုခံစားရပြီး ဝမ်းနည်းသလို ဝမ်းသာသလိုဖြစ်ကာ ရှေးပစ္စည်းရောင်းတဲ့ဆိုင်ထဲမှာပဲ အရှက်မရှိငို‌ကြွေးနေမိပါတော့တယ်

ကျွန်တော်နဲ့အတူလိုက်ပါလာတဲ့ တူလေးကျော်ကျော်နဲ့သားသွင်တို့အား သားရယ် အောင်အောင် ဒီရုပ်ပွားတော်ကြီးကို မြန်မာပြည်သို့ ပြန်ပင့်ချင်လိုက်တာလို့ဖွင့်ပြောတော့ တူလေးက မဖြစ်နိုင်တာအောင်အောင်ရာ ဈေးကလည်းဒေါ်လာ(၃၀၀၀) တဲ့ ဘယ်မှာလဲပိုက်ဆံ ပိုက်ဆံရှိတော့လဲ လမ်းမှာ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲတဲ့တူလေးပြောတာဟုတ်ပါတယ်လေ

အားမတန်တော့မာန်လျှော့ပြီး တည်းခိုရာဟိုတည်သာပြန်လာခဲ့ရပေမဲ့ ကျွန်တော့်စိတ်က နဂါးရုံဘုရားစီကိုပဲ အမြဲရောက်နေတော့ မြန်မာပြည်မပြန်မချင်း အဲ့ဒီရှေးဟောင်းပစ္စည်းဆိုင်ကို နေ့တိုင်းရောက်အောင်သွားတယ် နဂါးရုံရုပ်ပွားတော်ကို ဘုရားကန်တော့တယ်သစ္စာဆိုတယ်

အဲ့ဒီလိုနဲ့ပြပွဲနောက်ဆုံးနေ့သို့ ရောက်ရှိသည့်တိုင်အောင် ဈေးရောင်းမကောင်းတဲ့အတွက် ဘုရားဝယ်ဖို့ ပိုက်ဆံမဆိုထားနဲ့ လမ်းစရိတ်တောင်ပြန်ဖို့ရန် အနိုင်နိုင်ဖြစ်နေတော့ အော် တို့မြန်မာပြည်ကဘိုးဘွားတွေပိုင်တဲ့ နဂါးရုံရုပ်ပွားတော်ကြီးနဲ့ဝေးရပါပြီပေါ့သို့ပေမဲပြပွဲနောက်ဆုံးနေ့မှာပဲ ထူးခြားတိုက်ဆိုင်မှုတစ်ခုက ရှေးဟောင်းပစ္စည်းဆိုင်ကသူဌေး ပြပွဲလာကြည့်ရင်းကနေ

ကျွန်တော့်ဆိုင်နားရောက်လာတော့ နေ့တိုင်းသူဆိုင်လာလာနေတဲ့ ကျွန်တော့်ကိုမြင်သွားပြီး ကျွန်တော့်ပြခန်းကို သေသေခြာခြာလာရောက်လေ့လာကာ သူလိုချင်တာတွေဝယ်ယူ အားပေးပါတော့တယ်သူ့ကိုကြည်ပြီးကျွန်တော့်စိတ်ထဲကနေ အော် သူဌေးရယ် တို့မြန်မာပြည်က ရုပ်ပွားတော် တို့နဲ့ပြန်ပေးပါလားဆိုပြီး

စိတ်ထဲကပြောနေစဉ်မှာပဲသူဌေးက ကျွန်တော်ပါလာတဲ့ကျောက်တွေ့ကြည့်ရင်း ‌ပြောင်သလိုနှောက်သလိုဟန်ဖြင့် မင်းကျောက်တွေနဲ့ နဂါရုံဘုရားနဲ့ လဲမလားလို့လာပြောတော့ ကျွန်တော်လေ ဟန်သာဆောင်နေရတယ် ရေငတ်နေတဲ့သူရေတွင်းထဲကျသလို မျက်နှာ အမူအရာက ဖြစ်နေပြီး သူဌေးကို မ‌နောက်ပါနဲ့ဗျာ

တကယ်လဲမှာဆိုရင် အိမ်မှာကိုးကွယ်ချင်လို့ လဲချင်တာပေါ့ဗျာဟု‌ပြောလိုက်တော့ သူဌေးကတကယ်လဲမယ်တဲ့ကျွန်တော်ကမြန်မာပြည်ကို ပြန်မသယ်တတ်ဘူး‌‌ပြောတော့ သူ့ဘက်က မြဝတီထိပို့ပေးမယ်တဲ့ ဟိုရောက်ရင်ကိုယ့်ဘာသာကိုယ်သယ်တဲ့ ကျွန်တော်လည်းဖြစ်ချင်ရာဖြစ်ဆိုပြီး ထိုအချိန်က မြန်မာကျပ်ငွေ ဆယ်သိန်းဖိုးခန့်ရှိတဲ့ ကျောက်စိမ်းပုတီးကျောက်စိမ်းပန်းပု ကျောက်စိမ်းလက်ကောက်

ကျောက်စိမ်းဆွဲသီးနှင့် အလဲအထပ်လုပ်လိုက်ရတာကြောင့် ပျော်လိုက်တာများဗျာ မျောက်အုန်းသီးရသလိုပါပဲ ပြောမပြောချင်တော့ပါဘူးမြန်မာပြည်ဘက်ပြန်ရောက်တာနဲ့ မြဝတီကနေ ရန်ကုန်သည်ပေးမည့်သူကို ကားဂိတ်သွားစုံစမ်းတော့လည်း ကူညီပေးမယ့်သူ အဆင်ပြေတာနဲ့ ယခုရုပ်ပွားတော်ကို ရန်ကုန်သို့ပင့်ပြီး ကိုးကွယ်ပူ‌ဇော်လာတာဟာဖြင့် ယခုဆိုရင်(၁၈)နှစ်ပြည့်တဲ့နေပါပဲ

(၁၈)နှစ်ခန့်ကိုးကွယ်လာတဲ့နဂါရုံဘုရားမှာ ယခုလိုအံဝှပ်ရှိတာသိလာပုံကလည်း ကျွန်တော့်အကျင့်က နေမကောင်းရင် အမေကို ပိုသတိရတယ် အမေကို သတိရတိုင်းရတိုင်းအမြဲတမ်း ကုသိုလ်တစ်ခုခုလုပ်နေကြဆိုတော့ ယနေ့ကျွန်တော့်နေအိမ်ဘုရားခန်းမှာ ပူဇော်ထားသောရုပ်ပွားတော်မြတ်များအား ရွှေသင်္ကန်းကပ်လှူမယ်ဆိုပြီး ရွှေချပေးတဲ့ဦးတင်ဝင်းကိုခေါ်ပြီး

ရွှေသင်္ကန်းကပ်လှူဖို့ နဂါးရုံရုပ်ပွားတော်ကို သစ်ဆေးသုတ်နေစဉ်ရွှေချတဲ့ဆရာက ဦးအောင်နဂါးသုံးရစ်မှာ အောက်ဆုံးအရစ်ကလှုပ်နေသလိုပဲ အရင်တစ်ကြိမ်ရွှေသင်္ကန်းကပ်ကထဲက သူသတိထားမိနေတာလို့ပြောတာနဲ့ ကျွန်တော်နဲ့ရွှေသင်္ကန်းကပ်တဲ့ ဦးတင်ဝင်းတို့နည်းမျိုးစုံဖြင့် အောက်ဆုံးအဆင့်ကိုချွတ်ကြည့်ရာ အတွင်း၌ရုပ်ပွားတော်မြတ်တစ်ဆူ

ကိန်းဝပ်ပူဇော်ထားတာကို မျက်ဝါးထင်ထင်ဖူးမျှော်တွေ့ပါတော့တယ်ကျွန်တော်တို့ရှေးဘိုးဘွားများဟာ ရည်ရွယ်ချက် ရည်မှန်းချက် အလွန်ကြီးမားနက်နဲလွန်းသလို ပန်းဆယ်မျိုးအတတ်ပညာထဲမှာပါတဲ့ ပန်းပုပညာရဲ့နက်နဲမှု အတတ်ပညာ ပြောင်မြောက်မှုတို့ဟာ နဂါရုံဘုရားထုလုပ်ထားပုံကိုကြည့်ပြီး အံ့ဩ၍မကုန်ဖြစ်နေမိပါတော့တယ်ထိုင်းနိုင်ငံကနေကျွန်တော့်ပြန်လည်ပင့်ဆောင်လာတဲ့

နဂါးရုံရုပ်ထုတော်ရဲ့ နဂါးဦးခေါင်းသုံးလုံးအတွင်း၌ ကကုသန် ကောဏဂုံ ကဿဖ ဘုရားသုံးဆူကိုယ်စားရုပ်ပွာတော်၃ဆူကို မုဒြာအမျိုးမျိုး မထိခြင်းအမျိုးမျိုးဖြင့် လက်ရာအသေးစိပ်ထုလုပ်ထားပြီးထိုနဂါးဦးခေါင်းသုံးလုံးအောက်၌ ဂေါတမဘုရားရှင်ကိုယ်စား ရုပ်ပွားတော်မြတ်ကြီးကိုလည်း ဦးခေါင်းတော်နှင့် မျက်နာကျက်တော်မထိခြင်း

ပုခုံးတော်နှင့်နားတော်နှစ်ဖက်မထိခြင်း လက်တော်နှစ်ဖက်တော်မထိခြင်း လက်တော်နှင့်‌‌ခြေတော်မထိခြင်း ပုလ္လင်တော်နဲ့ခန္ဓာကိုယ်မထိခြင်း ပုလ္လင်တော်နှင့်ဒူးတော်နှစ်ဖက်မထိခြင်း စသည့် မထိခြင်း(၉)ပါးဖြင့် ကြိုညိုသပ္ပါယ်ဖွယ်သတင်းသုံး‌နေသည့် ဂေါတမဘုရားရှင်ကိုယ်စားရုပ်ပွားတော် နဂါးခန္ဓာကိုယ်လုံးတော်အတွင်း၌ အံဝှက်ဖြင့်ပူဇော်ထားသော

နောင်ပွင့်တော်မူမည့်အရိမေတ္တယျ ဘုရားရှင်ပုံတော်ကိုလည်း အဘယမုဒြာပုံထုလုပ်ထားသည်မှာ အံ့ဩဖွယ်ဖူးမျှော်ကြည်ညိုရပုံများကို ကျွန်တော့်ရဲ့ဓမ္မမိတ်ဆွေများအား ဖူးမျှော်စေချင်သောစေတနာဖြင့် ယခုလိုပြောပြပေးခြင်းဖြစ်ပါတယ်ယခုလိုပြောပေးခြင်းဟာလည်း ကျွန်တော့်မှာဘာရည်ရွယ်ချက်မရှိဘဲ မြန်မာ့ပန်းပုလက်ရာအံ့မခမ်းမှုကို ပြောပြပေးခြင်းသာဖြစ်ပါကြောင်း ကြိုတင်ပြောပြထားလိုပါတယ်ခင်ဗျ

ာဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ (၂၄.၁၂.၂၀၂၁)သောကြာနေ့

unicode