Zawgyi
Ref:bbc
Crd
unicode
“မဲခေါင်မြစ်ထဲမှာ ဖမ်းမိတဲ့ ကမ္ဘာ့အကြီးမားဆုံး ရေချိုငါးကြီး”
၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ညက ကမ္ဘောဒီးယားနိုင်ငံ၊ မဲခါင်မြစ်ထဲမှာ ဖမ်းမိခဲ့တဲ့ ကီလိုဂရမ် ၃၀၀ ( ပေါင် ၆၆၁ ) လေးတဲ့ ရေချို ငါးကြီး တစ်ကောင်ဟာ
မှတ်တမ်းတင်ဖူးသမျှထဲမှာ အကြီးမားဆုံး ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ပါ တယ်။၎င်းရေချုငါး(ငါးလိပ်ကျောက်)ကြီး ဟာ ၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ၆၄၆ ပေါင် အလေးချိန်ရှိတဲ့ မဲခေါင်ငါးခူရဲ့
ယခင်စံချိန် ကို ချိုးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ရေချိုငါးတွေရဲ့ တရားဝင်မှတ်တမ်းထားရှိခြင်းတော့ မရှိသေးပါဘူး။
၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ညက ကော့ပရာကျွန်း ဒေသခံ တံငါတစ်ဦးဟာ အလွန်ကြီးမားတဲ့ ငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ကြောင်း သုတေသီတွေအားပြောကြားခဲ့ပြီး
အလျား ၃.၉၈ မီတာ နဲ့ အနံ ၂.၂ မီတာရှိကြောင်းကမ္ဘောဒီးယား- အမေရိကန် ပူးပေါင်းအဖွဲ့ မဲခေါင်ရဲ့ အံ့ဖွယ်များလေ့လာရေးမှ တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
လက်ရှိမှာတော့ ဒီရေချိုငါးကြီး ( ငါးလိပ်ကျောက်) ရဲ့ လှုပ်ရှားမှုကို ခြေရာခံစနစ်ကို တပ်ဆင်ပြီး တဲ့
နောက်မြစ်ထဲကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။မဲခေါင်မြစ်ဟာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော်လည်းပဲ ငါးများအလွန်အကျွံဖမ်းဆီးခြင်း၊
ဆည်နဲ့ လေထုညစ်ညမ်းခြင်းတွေဟာ ၎င်းတို့ရဲ့ ပျက်စီးလွယ်တဲ့ ဂေဟစနစ်ကို ခြိမ်းခြောက်လျှက်ရှိနေတယ်လို့ သိရပါတယ်။
Ref:bbc
Crd