ေ႐ႊတိဂုံေစတီ တနဂၤေႏြေထာင့္က ထူးျခားတဲ့ ဘီလူးခံဘုရား (သို႔) ပေကာယွိဘုရားအေၾကာင္း
Zawgyi
ေ႐ႊတိဂုံေစတီ တနဂၤေႏြေထာင့္က ထူးျခားတဲ့ ဘီလူးခံ ဘုရား (သို႔) ပေကာယွိဘုရားအေၾကာင္း
ေ႐ႊတိဂုံေစတီ တနဂၤေႏြေထာင့္က ထူးျခားတဲ့ ဘီလူးခံ ဘုရား (သို႔) ပေကာယွိဘုရားအေၾကာင္းခုတေလာ မဟာသမယသုတ္ကို ပူေဇာ္လာၾကတဲ့သူေတြ မ်ားလာတာေတြ႕လို႔ မဟာသမယသုတ္ပူေဇာ္ရင္ အဓိဌါန္ေအာင္တဲ့
ဆုေတာင္းျပည့္တဲ့ ေ႐ႊတိဂုံက ရွမ္းဘိုးေတာ္တစ္ပါးတည္တဲ့ ပေကာယွိဘုရားအေၾကာင္းေလး ေလ့လာမိသေလာက္ ျပန္ေဝမွ်ပါ့မယ္ေနာ္
ပေကာယွိဘုရားကို စသိတာက အစ္မတစ္ေယာက္က ပူေဇာ္ဖို႔ ပုံေလးပို႔ေပးလို႔ စသိတာပါ ေနာက္ေတာ့ ဘုရားအေၾကာင္း ေသခ်ာသိခ်င္လာတာနဲ႔ ဂ႐ုေတြထဲ ရွာေဖြဖတ္ရင္းမွ ဘုရားသမိုင္းနဲ႔ ပက္သက္တာေလးေတြပါ တင္ထားသူ ကြန္မန႔္ေရးထားသူေတြရွိလို႔ ပိုျပည့္ျပည့္စုံစုံသိလာရင္း ကိုယ့္လိုသိခ်င္သူေတြ ရွိမလားလို႔ ျပန္မွ်ေဝတာပါ။
ပေကာယွိဘုရားက ေ႐ႊတိဂုံေစတီေတာ္ တနဂၤေႏြေထာင့္နဲ႔ ေနာင္ေတာ္ႀကီးဘုရားနားမွာရွိပါတယ္ ဘုရားအမွတ္ ၇၂ ပါ။ ဘီလူးေခါင္းေတြ ခံတည္ထားတဲ့ ဘုရားလို႔ေမးရင္လဲသိပါတယ္။
မုဒ္ထဲက ဆင္းတုေတာ္ကိုေတာ့ နဂါးပတ္ၿပီး ေရခံတည္ထားပါတယ္ ဘုရားပူေဇာ္ရင္ ဘုရားဆင္းတုေတာ္ေရာ နဂါးေရာပါ အဲ့ဒီေရနဲ႔ ျပန္ေလာင္းၿပီး ေရပူေဇာ္ရပါတယ္မဟာသမယသုတ္မွာ အမည္ပါတဲ့ နတ္မင္းေတြျဖစ္တဲ့ ေဟမာဝတ သုစိေလာမ အာဠာဝက စတဲ့
ေသာတာပန္ နတ္စစ္သူႀကီးေတြက ဒီ ပေကာယွိဘုရားမွာ ရွိပါတယ္တဲ့ မဟာသမယသုတ္႐ြတ္ဖတ္ပူေဇာ္ၿပီး ေမတၱာပို႔အမွ်ေဝရင္ သူတို႔က အခက္အခဲေတြကို ကူညီေစာင္မပါတယ္ ပညာေရးနဲ႔ ႏိုင္ငံျခားသြားဖို႔ အခက္အခဲျဖစ္ေနသူမ်ား ဆုေတာင္း အဓိဌါန္လုပ္ရင္ ပိုၿပီးဆုေတာင္းျပည့္တယ္ေျပာပါတယ္
ဒါတင္မကဘူး တျခားကိစၥေတြမွာ အရမ္းအခက္အခဲႀကဳံေနရင္လဲ သူတို႔ရွိတဲ့ဘုရားမွာ မဟာသမယသုတ္ပူေဇာ္ၿပီး ေစာင့္ေရွာက္ေနတဲ့ နတ္ဘီလူးေတြကို ေမတၱာပို႔အမွ်ေဝရင္ ထူးျခားစြာျပည့္တယ္လို႔သိရပါတယ္
တစ္ခ်ိဳ႕ဆို အႀကိမ္၅၀ေက်ာ္ေလာက္ထိ အဓိဌါန္ေအာင္တာေတြေတာင္ ရွိပါတယ္လို႔ေရးထားၾကပါတယ္ ဘုရားရွိခိုးသြားရင္းေတာ့ ပြဲေတြလႉၿပီး အဓိဌါန္ထားၾကတာေတြလဲ ေတြ႕ပါတယ္ ေအာက္မွာဘုရားသမိုင္းအက်ဥ္းနဲ႔ ဖတ္မိသေလာက္ေတြကို တင္ေပးထားပါတယ္
ေနာက္ထပ္လဲ ပေကာယွိဘုရားအေၾကာင္း ဒီ့ထက္ပိုျပည့္ျပည့္စုံစုံသိသူမ်ားရွိပါကလဲ ဝင္ေရာက္မွ်ေဝေပးဖို႔ ဖိတ္ေခၚပါတယ္ပေကာယွိ ဘုရား (သို႔) ဘီလူးဘုရား တနဂၤေႏြေထာင့္ ေ႐ႊတိဂုံဘုရားႏွင့္ ေနာင္ေတာ္ႀကီးၾကား သာယာဝတီမင္းေခါင္းေလာင္းေနာက္က မုခ္ေတြမွာ ဘီလူးေခါင္းေတြခံထားတဲ့ ေစတီပါ။
ပေကာယွိဘုရားလို႔ ေမးရင္ရပါတယ္။ဦးေနဝင္း လက္ထက္ကတည္းက ေ႐ႊတိဂုံေပၚမွာဘုရားေတြ မ်ားေနလို႔ ဘယ္သူ႔ကိုမွ ဘုရား ထပ္တည္ခြင့္ မေပးေတာ့ပါဘူး။ ပေကာယွိ ျဖစ္ရပ္က ထူးျခားလြန္းလို႔သာ အထူးအခြင့္အေရးေပးခဲ့တာပါ၊ပေကာယွိ က ရွမ္းဗမာပါ၊
ႏို႔စို႔အ႐ြယ္ ငယ္စဥ္ဓားျပေတြေၾကာင့္ မိဘေသ၊ ေတာထဲငိုေနစဥ္ တိဘက္ကုန္သည္ေတြ ေတြ႕ၿပီး တိဘက္ေခၚယူသြားရာမွ အ႐ြယ္ေရာက္လာေတာ့ တိဘက္ဘုန္းႀကီးျဖစ္လာပါတယ္။
တိဘက္က်င့္စဥ္ေတြအရ အဆင့္ဆင့္ အားထုတ္က်င့္ႀကံရင္း ေနာက္ဆုံးအဆင့္မွာ ဂူပိတ္က်င့္ဖို႔ ျဖစ္လာပါတယ္။ ေက်ာက္ဂူကို အေသပိတ္ပစ္ၿပီး ေအာက္မွာ အုတ္တခ်ပ္စာေလာက္သာ ေဖာက္ထားပါတယ္၊ ဒီအေပါက္ကေန႔စဥ္ တပည့္ေတြက အစာ၊ ေရသြင္းေပးၿပီး
၃ရက္ျပည့္လို႔မွ အထဲကပုဂံျပား ျပန္မထြက္လာရင္ အဲဒီအေပါက္ပါ အေသပိတ္ပစ္လိုက္ပါေတာ့တယ္။ေသေတာ့လည္း ဂူသြင္းၿပီးသားေပါ့၊ မေသလည္း က်င့္စဥ္ေအာင္မွ တန္ခိုးနဲ႔ျပန္ထြက္ ဆိုတဲ့အဓိပၸါယ္ပါ။ ပေကာယွိအေျပာအရ သူက်င့္လိုက္တာ ႏွစ္ေပါင္းဘယ္ေလာက္ၾကာသြားမွန္းမသိဘူးတဲ့။
တန္ခိုးနဲ႔ျပန္ထြက္လာေတာ့ တိဘက္မွာ သူသိတဲ့သူေတြ တေယာက္မွမရွိေတာ့ဘူး၊ လက္ရွိဘုန္းႀကီးေတြလည္း သူ႔ကိုမသိၾကေတာ့ဘူး တဲ့။မ်ိဳးဆက္က ၃-၄ ဆက္ေလာက္ ကြာသြားၿပီ။ သူဘယ္သြားရမလဲလို႔ အာ႐ုံျပဳၾကည့္ေတာ့ ျမန္မာျပည္ရဲ႕ေက်ဇူးေတြသူ႔မွာ အေႂကြးက်န္ေနတာျမင္သတဲ့၊
အဲဒီမွာ ျမန္မာျပည္ေရာက္လာ၊ နန္းဦးဆရာေတာ္နဲ႔ေတြ႕၊ ဦးေက်ာ္မင္းဆီ နာမ္ကိန္းၿပီး သာသနာျပဳခဲ့ပါတယ္။ ေ႐ႊတိဂုံတနဂၤေႏြေထာင့္က ပေကာယွိဘုရားက ဦးေက်ာ္မင္းတို႔အဖြဲ႕တည္ခဲ့တာပါ
ခရက္ဒစ္
unicode
ရွှေတိဂုံစေတီ တနင်္ဂနွေထောင့်က ထူးခြားတဲ့ ဘီလူးခံ ဘုရား (သို့) ပကောယှိဘုရားအကြောင်း
ရွှေတိဂုံစေတီ တနင်္ဂနွေထောင့်က ထူးခြားတဲ့ ဘီလူးခံ ဘုရား (သို့) ပကောယှိဘုရားအကြောင်းခုတလော မဟာသမယသုတ်ကို ပူဇော်လာကြတဲ့သူတွေ များလာတာတွေ့လို့ မဟာသမယသုတ်ပူဇော်ရင် အဓိဌါန်အောင်တဲ့
ဆုတောင်းပြည့်တဲ့ ရွှေတိဂုံက ရှမ်းဘိုးတော်တစ်ပါးတည်တဲ့ ပကောယှိဘုရားအကြောင်းလေး လေ့လာမိသလောက် ပြန်ဝေမျှပါ့မယ်နော်
ပကောယှိဘုရားကို စသိတာက အစ်မတစ်ယောက်က ပူဇော်ဖို့ ပုံလေးပို့ပေးလို့ စသိတာပါ နောက်တော့ ဘုရားအကြောင်း သေချာသိချင်လာတာနဲ့ ဂရုတွေထဲ ရှာဖွေဖတ်ရင်းမှ ဘုရားသမိုင်းနဲ့ ပက်သက်တာလေးတွေပါ တင်ထားသူ ကွန်မန့်ရေးထားသူတွေရှိလို့ ပိုပြည့်ပြည့်စုံစုံသိလာရင်း ကိုယ့်လိုသိချင်သူတွေ ရှိမလားလို့ ပြန်မျှဝေတာပါ။
ပကောယှိဘုရားက ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်နဲ့ နောင်တော်ကြီးဘုရားနားမှာရှိပါတယ် ဘုရားအမှတ် ၇၂ ပါ။ ဘီလူးခေါင်းတွေ ခံတည်ထားတဲ့ ဘုရားလို့မေးရင်လဲသိပါတယ်။
မုဒ်ထဲက ဆင်းတုတော်ကိုတော့ နဂါးပတ်ပြီး ရေခံတည်ထားပါတယ် ဘုရားပူဇော်ရင် ဘုရားဆင်းတုတော်ရော နဂါးရောပါ အဲ့ဒီရေနဲ့ ပြန်လောင်းပြီး ရေပူဇော်ရပါတယ်မဟာသမယသုတ်မှာ အမည်ပါတဲ့ နတ်မင်းတွေဖြစ်တဲ့ ဟေမာဝတ သုစိလောမ အာဠာဝက စတဲ့
သောတာပန် နတ်စစ်သူကြီးတွေက ဒီ ပကောယှိဘုရားမှာ ရှိပါတယ်တဲ့ မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့အမျှဝေရင် သူတို့က အခက်အခဲတွေကို ကူညီစောင်မပါတယ် ပညာရေးနဲ့ နိုင်ငံခြားသွားဖို့ အခက်အခဲဖြစ်နေသူများ ဆုတောင်း အဓိဌါန်လုပ်ရင် ပိုပြီးဆုတောင်းပြည့်တယ်ပြောပါတယ်
ဒါတင်မကဘူး တခြားကိစ္စတွေမှာ အရမ်းအခက်အခဲကြုံနေရင်လဲ သူတို့ရှိတဲ့ဘုရားမှာ မဟာသမယသုတ်ပူဇော်ပြီး စောင့်ရှောက်နေတဲ့ နတ်ဘီလူးတွေကို မေတ္တာပို့အမျှဝေရင် ထူးခြားစွာပြည့်တယ်လို့သိရပါတယ်
တစ်ချို့ဆို အကြိမ်၅၀ကျော်လောက်ထိ အဓိဌါန်အောင်တာတွေတောင် ရှိပါတယ်လို့ရေးထားကြပါတယ် ဘုရားရှိခိုးသွားရင်းတော့ ပွဲတွေလှူပြီး အဓိဌါန်ထားကြတာတွေလဲ တွေ့ပါတယ် အောက်မှာဘုရားသမိုင်းအကျဉ်းနဲ့ ဖတ်မိသလောက်တွေကို တင်ပေးထားပါတယ်
နောက်ထပ်လဲ ပကောယှိဘုရားအကြောင်း ဒီ့ထက်ပိုပြည့်ပြည့်စုံစုံသိသူများရှိပါကလဲ ဝင်ရောက်မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်ပကောယှိ ဘုရား (သို့) ဘီလူးဘုရား တနင်္ဂနွေထောင့် ရွှေတိဂုံဘုရားနှင့် နောင်တော်ကြီးကြား သာယာဝတီမင်းခေါင်းလောင်းနောက်က မုခ်တွေမှာ ဘီလူးခေါင်းတွေခံထားတဲ့ စေတီပါ။
ပကောယှိဘုရားလို့ မေးရင်ရပါတယ်။ဦးနေဝင်း လက်ထက်ကတည်းက ရွှေတိဂုံပေါ်မှာဘုရားတွေ များနေလို့ ဘယ်သူ့ကိုမှ ဘုရား ထပ်တည်ခွင့် မပေးတော့ပါဘူး။ ပကောယှိ ဖြစ်ရပ်က ထူးခြားလွန်းလို့သာ အထူးအခွင့်အရေးပေးခဲ့တာပါ၊ပကောယှိ က ရှမ်းဗမာပါ၊
နို့စို့အရွယ် ငယ်စဉ်ဓားပြတွေကြောင့် မိဘသေ၊ တောထဲငိုနေစဉ် တိဘက်ကုန်သည်တွေ တွေ့ပြီး တိဘက်ခေါ်ယူသွားရာမှ အရွယ်ရောက်လာတော့ တိဘက်ဘုန်းကြီးဖြစ်လာပါတယ်။
တိဘက်ကျင့်စဉ်တွေအရ အဆင့်ဆင့် အားထုတ်ကျင့်ကြံရင်း နောက်ဆုံးအဆင့်မှာ ဂူပိတ်ကျင့်ဖို့ ဖြစ်လာပါတယ်။ ကျောက်ဂူကို အသေပိတ်ပစ်ပြီး အောက်မှာ အုတ်တချပ်စာလောက်သာ ဖောက်ထားပါတယ်၊ ဒီအပေါက်ကနေ့စဉ် တပည့်တွေက အစာ၊ ရေသွင်းပေးပြီး
၃ရက်ပြည့်လို့မှ အထဲကပုဂံပြား ပြန်မထွက်လာရင် အဲဒီအပေါက်ပါ အသေပိတ်ပစ်လိုက်ပါတော့တယ်။သေတော့လည်း ဂူသွင်းပြီးသားပေါ့၊ မသေလည်း ကျင့်စဉ်အောင်မှ တန်ခိုးနဲ့ပြန်ထွက် ဆိုတဲ့အဓိပ္ပါယ်ပါ။ ပကောယှိအပြောအရ သူကျင့်လိုက်တာ နှစ်ပေါင်းဘယ်လောက်ကြာသွားမှန်းမသိဘူးတဲ့။
တန်ခိုးနဲ့ပြန်ထွက်လာတော့ တိဘက်မှာ သူသိတဲ့သူတွေ တယောက်မှမရှိတော့ဘူး၊ လက်ရှိဘုန်းကြီးတွေလည်း သူ့ကိုမသိကြတော့ဘူး တဲ့။မျိုးဆက်က ၃-၄ ဆက်လောက် ကွာသွားပြီ။ သူဘယ်သွားရမလဲလို့ အာရုံပြုကြည့်တော့ မြန်မာပြည်ရဲ့ကျေဇူးတွေသူ့မှာ အကြွေးကျန်နေတာမြင်သတဲ့၊
အဲဒီမှာ မြန်မာပြည်ရောက်လာ၊ နန်းဦးဆရာတော်နဲ့တွေ့၊ ဦးကျော်မင်းဆီ နာမ်ကိန်းပြီး သာသနာပြုခဲ့ပါတယ်။ ရွှေတိဂုံတနင်္ဂနွေထောင့်က ပကောယှိဘုရားက ဦးကျော်မင်းတို့အဖွဲ့တည်ခဲ့တာပါ
ခရက်ဒစ်