ကားတံခါးကို Lock မက်ေအာင္လုပ္ၿပီး ကားေပၚပါပစၥည္းမ်ား ခိုးယူမႈေန

Zawgyi

ကားတံခါးကို Lock မက်ေအာင္လုပ္ၿပီး ကားေပၚပါပစၥည္းမ်ား ခိုးယူမႈေန (အာလုံး သတိျပဳၾကပါ)

လတ္တေလာမွာ ခိုးဆိုးလုႏႈိက္သူမ်ားက အသြင္သ႑ာပုံစံမ်ိဳးစုံျဖင့္ ေနရာအႏွံ႔တြင္ မ်ားျပားလာေနတာေတြ႕ရပါတယ္။

ယခုရက္ပိုင္းမွာ ရန္ကုန္ၿမိဳ႕တြင္းရွိ ကားမ်ားကို တံခါး Lock မက်ေအာင္လုပ္ၿပီး ကားေပၚပါ ပစၥည္းမ်ားကို ခိုးယူမႈမ်ားရွိလာေနသျဖင့္ ကားပိုင္ရွင္မ်ားအေနျဖင့္ အထူးသတိထားရန္လိုေနၿပီျဖစ္ေၾကာင္း အသိေပးမႈမ်ားရွိေနပါတယ္။

ကားတံခါး Lock မက်ေစရန္ ဘယ္လိုလုပ္ၿပီး ကားေပၚပါပစၥည္းေတြကို ဘယ္လို ခိုးယူသြားလဲဆိုတာ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသူ တစ္ဦးက ယခုလိုေျပာျပထားတာ ေတြ႕ရပါတယ္။

ပန္းဘဲတန္းၿမိဳ႕နယ္ေနကုမၸဏီဝန္ထမ္းတစ္ဦးက“ကားထဲထည့္ထားတဲ့ ပိုက္ဆံ ၇ သိန္းနဲ႔ အလုပ္နဲ႔ဆိုင္တဲ့ စာ႐ြက္စာတမ္းေတြ ခိုးခံလိုက္ရတယ္။ ကြၽန္ေတာ္ ကားကိုေသခ်ာေလာ့ခ်ခဲ့တဲ့ၾကားထဲကခိုးခံလိုက္ရတာ။ ပထမေတာ့ ဒီသူခိုး ဘယ္လိုေလာ့ျဖဳတ္ၿပီး ခိုးသြားသလဲေပါ့။

ဒီလိုခိုးခံလိုက္ရတဲ့ အသိတစ္ေယာက္ရွင္းျပမွပဲသိေတာ့တယ္။ ဒီေကာင္ေတြက ကြၽန္ေတာ္တို႔ကားကို ေလာ့ခ်တဲ့အခ်ိန္မေယာင္မလည္နဲ႔အနားမွေန၊ကြၽန္ေတာ္ကားေပၚကဆင္းၿပီးေလာ့ခ်ေတာ့မယ္ဆိုမွ

ကားကို Lock မခ်ခင္ ကားတစ္ဖက္ကေနကားတံခါးကိုအသာေလးဖြင့္ထားခဲ့လိုက္တာဗ်။ကြၽန္ေတာ္တို႔လည္း ကိုယ့္ကိစၥနဲ႔ကိုယ္ အေရးႀကီးေနတာဆိုေတာ့ ကား lock က်၊ မက်ေသခ်ာသတိမထားမိဘူးေလ။ ျပန္လည္မစစ္မိဘူး။

ဒီေကာင္ေတြကလည္း လ်င္ခ်က္ကေျပာမေနနဲ႔။အဲ့ဒါနဲ႔ကြၽန္ေတာ္တို႔လစ္ၿပီဆိုတာနဲ႔ ကားတံခါးေအးေဆး ဖြင့္ၿပီးကားေပၚရွိသမွ် “မ” သြားေတာ့တာပဲ။ အခုက ပုံစံမ်ိဳးစုံနဲ႔အလစ္သုတ္ေတြက မ်ားလာေတာ့ေသခ်ာ သတိထားၾကေပါ့ဗ်ာ။

မဟုတ္ရင္ ကြၽန္ေတာ့လိုခံရမွာပဲ”လို႔ ကိုယ္တိုင္ေတြ႕ႀကဳံခဲ့ရသူတစ္ဦးက ေျပာျပထားပါတယ္။ထိုသို႔ျဖစ္ရပ္တူတစ္ခုကိုလည္း ယခုရက္ပိုင္းမွာပဲ လသာလမ္းႏွင့္ မဟာဗႏၶဳလလမ္းေထာင့္အစြန္ဆုံးေနရာ မီးပြိဳင့္ေထာင့္တည့္တည့္ကားပါကင္ ရပ္သည့္ေနရာတြင္ျဖစ္ပြားခဲ့ၿပီး

ယာဥ္ပိုင္ရွင္မွာ ကားေလာ့ခ်ရာတြင္ ေလာ့မက်သည္ကို သတိထားမိၿပီး စစ္ၾကည့္ရာမွ ကားတစ္ဖက္ရွိ တံခါးအနည္းငယ္ပြင့္ေနသည္ကိုသိရွိခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ကား lock ခ်ၿပီး တံခါး lock က် မက် ေသခ်ာစစ္ေဆးၾကဖို႔ရန္ အသိေပးတိုက္တြန္းလိုက္ရပါတယ္။

unicode

ကားတံခါးကို Lock မကျအောင်လုပ်ပြီး ကားပေါ်ပါပစ္စည်းများ ခိုးယူမှုနေ (အာလုံး သတိပြုကြပါ)

လတ်တလောမှာ ခိုးဆိုးလုနှိုက်သူများက အသွင်သဏ္ဍာပုံစံမျိုးစုံဖြင့် နေရာအနှံ့တွင် များပြားလာနေတာတွေ့ရပါတယ်။

ယခုရက်ပိုင်းမှာ ရန်ကုန်မြို့တွင်းရှိ ကားများကို တံခါး Lock မကျအောင်လုပ်ပြီး ကားပေါ်ပါ ပစ္စည်းများကို ခိုးယူမှုများရှိလာနေသဖြင့် ကားပိုင်ရှင်များအနေဖြင့် အထူးသတိထားရန်လိုနေပြီဖြစ်ကြောင်း အသိပေးမှုများရှိနေပါတယ်။

ကားတံခါး Lock မကျစေရန် ဘယ်လိုလုပ်ပြီး ကားပေါ်ပါပစ္စည်းတွေကို ဘယ်လို ခိုးယူသွားလဲဆိုတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ယခုလိုပြောပြထားတာ တွေ့ရပါတယ်။

ပန်းဘဲတန်းမြို့နယ်နေကုမ္ပဏီဝန်ထမ်းတစ်ဦးက“ကားထဲထည့်ထားတဲ့ ပိုက်ဆံ ၇ သိန်းနဲ့ အလုပ်နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ ခိုးခံလိုက်ရတယ်။ ကျွန်တော် ကားကိုသေချာလော့ချခဲ့တဲ့ကြားထဲကခိုးခံလိုက်ရတာ။ ပထမတော့ ဒီသူခိုး ဘယ်လိုလော့ဖြုတ်ပြီး ခိုးသွားသလဲပေါ့။

ဒီလိုခိုးခံလိုက်ရတဲ့ အသိတစ်ယောက်ရှင်းပြမှပဲသိတော့တယ်။ ဒီကောင်တွေက ကျွန်တော်တို့ကားကို လော့ချတဲ့အချိန်မယောင်မလည်နဲ့အနားမှနေ၊ကျွန်တော်ကားပေါ်ကဆင်းပြီးလော့ချတော့မယ်ဆိုမှ

ကားကို Lock မချခင် ကားတစ်ဖက်ကနေကားတံခါးကိုအသာလေးဖွင့်ထားခဲ့လိုက်တာဗျ။ကျွန်တော်တို့လည်း ကိုယ့်ကိစ္စနဲ့ကိုယ် အရေးကြီးနေတာဆိုတော့ ကား lock ကျ၊ မကျသေချာသတိမထားမိဘူးလေ။ ပြန်လည်မစစ်မိဘူး။

ဒီကောင်တွေကလည်း လျင်ချက်ကပြောမနေနဲ့။အဲ့ဒါနဲ့ကျွန်တော်တို့လစ်ပြီဆိုတာနဲ့ ကားတံခါးအေးဆေး ဖွင့်ပြီးကားပေါ်ရှိသမျှ “မ” သွားတော့တာပဲ။ အခုက ပုံစံမျိုးစုံနဲ့အလစ်သုတ်တွေက များလာတော့သေချာ သတိထားကြပေါ့ဗျာ။

မဟုတ်ရင် ကျွန်တော့လိုခံရမှာပဲ”လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတစ်ဦးက ပြောပြထားပါတယ်။ထိုသို့ဖြစ်ရပ်တူတစ်ခုကိုလည်း ယခုရက်ပိုင်းမှာပဲ လသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်အစွန်ဆုံးနေရာ မီးပွိုင့်ထောင့်တည့်တည့်ကားပါကင် ရပ်သည့်နေရာတွင်ဖြစ်ပွားခဲ့ပြီး

ယာဉ်ပိုင်ရှင်မှာ ကားလော့ချရာတွင် လော့မကျသည်ကို သတိထားမိပြီး စစ်ကြည့်ရာမှ ကားတစ်ဖက်ရှိ တံခါးအနည်းငယ်ပွင့်နေသည်ကိုသိရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် ကား lock ချပြီး တံခါး lock ကျ မကျ သေချာစစ်ဆေးကြဖို့ရန် အသိပေးတိုက်တွန်းလိုက်ရပါတယ်။