စိန်တူးဖော်ရေမိုင်းလုပ်ငန်းတစ်ခု၌ အသားစားသတ္တဝါခပ်ဆိုးဆိုး ဒိုင်နိုဆောမျိုးစိပ်အသစ် အလောင်းတစ်ခုကို တွေ့ရှိ

Zawgyi











Credit

unicode

စိန်တူးဖော်ရေမိုင်းလုပ်ငန်းတစ်ခု၌ ဒိုင်နိုဆောမျိုးစိပ်အသစ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ရ

ရုရှားနိုင်ငံ၊ Udachny ပြည်နယ်မှာ၊ Siberia ဒေသမှာ အခြေစိုက်တဲ့ စိန်တူးဖော်ရေးမိုင်းလုပ်ငန်းတစ်ခုက လုပ်သားတွေဟာ လုပ်ငန်းခွင် ဆောင်ရွက်နေစဉ်အတွင်းမှာ ဒိုင်နိုဆောမျိုးစိပ်သစ်လို့ ယူဆရတဲ့ တိရစ္ဆာန်အကောင်သေ အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Udachny ပြည်နယ်ဟာ အနောက်မြောက်ပိုင်းမြို့တော် Yakutsk နဲ့ မိုင်ပေါင်း 1160 မိုင် ကွာဝေးတဲ့ဒေသဖြစ်ပြီး နှစ်စဉ်ဆောင်းရာသီတစ်ခုရဲ့ အပူချိန်ဟာအနှုတ် 43.6 C မှ အနှုတ် 35.2 C အထိ ရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီတိရစ္ဆာန်အလောင်ကို သိပ္ပံပညာရှင်တွေက လေ့လာစမ်းသပ်လိုနေကြပါတယ်။ဒီအကောင်သေကို သဲထဲကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သိပ္ပပညာရှင်တွေကတော့ ဒီအကောင်ဟာ ဒိုင်နိုဆောမျိုးစိပ်တစ်ခု ဆိုတာထက်အသားစားသတ္တဝါခပ်ဆိုးဆိုးတစ်ကောင် ဖြစ်ဖို့များတယ်လိ့ ယူဆကြပါတယ်။ ဒီအကောင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်းလုပ်သားတွေကတော့ “‘Monster Mummy” လို့ အမည်တပ်ထားပါတယ်။

စိန်တူးတဲ့လုပ်ငန်းခွင်မှာ သဲတွေဖုံးလွှမ်းလျှက် ရှိပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 252 နှစ်မှ 66 သန်းအတွင်းကတည်းကတည်ရှိခဲ့တာလို့ ယူဆရပါတယ်

ဒါ့အပြင် လက်ရှိ တွေ့ထားတဲ့ တိရစ္ဆာန်အသေဟာ အဲဒီဒေသရဲ့ ပျမ်းမျှအပူချိန်အရသေဆုံးသည်မှ လက်ရှိအချိန်ထိ မပျက်မစီး တည်ရှိနိုင်ဖို့အတွက်လုံလောက်တဲ့ အကြောင်းပြချက်လည်း ဖြစ်ပါတယ်။

1974 ခုနှစ်မှာ စိန်တူးဖော်မှု လွယ်ကူးစေရန်အတွက် Udachny ပြည်နယ်မှာစိန်မိုင်းတွင်းတွေရဲ့မြေအောက်ကနေ တန်ချိန် 1.7 ကီလိုတန်အလေချိန်ရှိအက်တမ်ဗုံးတစ်လုံး ဖောက်ခွဲခဲ့ပါတယ်။

အခု ရရှိထားတဲ့‘Monster Mummy”ကလည်းအဲဒီဂယက်လှိုင်းကြောင့်လူတွေရှာတွေ့နိုင်တဲ့ နေရာကို ရောက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်မှာတော့သိပ္ပံပညာရှင်တွေနဲ့ ဇီဝဗေဒပညာရှင်တွေဟာ အဲဒီတိရစ္ဆာန်အလောင်းကို လေ့လာနေဆဲဖြစ်ပြီး၊တိကျတဲ့ အဖြေတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး

Credit