အြန္လိုင္းေပၚမွာပ်ံ႕ေနတဲ့ ပုစြန္ေျခာက္လုပ္တဲ့ ဗီဒီယိုကိုၾကည့္ၿပီး ဝယ္စားဖို႔စိုး႐ြံ႕ေနသူမ်ားအတြက္ ပုစြန္ေျခာက္ကိုယ္တိုင္ျပဳလုပ္နည္း

Zawgyi

အြန္လိုင္းေပၚမွာပ်ံ႕ေနတဲ့ ပုစြန္ေျခာက္လုပ္တဲ့ ဗီဒီယိုကိုၾကည့္ၿပီး ဝယ္စားဖို႔စိုး႐ြံ႕ေနသူမ်ားအတြက္ ပုစြန္ေျခာက္ကိုယ္တိုင္ျပဳလုပ္နည္း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ပုစြန္ေျခာက္ ျပဳလုပ္တဲ့ ဗီဒီယိုဖိုင္ကို ၾကည့္ၿပီးတဲ့ေနာက္မွာ

လူအေတာ္မ်ားမ်ားက ပုစြန္ေျခာက္ကို ဝယ္စားဖို႔ စိုး႐ြံ႕ေနၾကပါတယ္။

ပုစြန္ေျခာက္ လုပ္ငန္းရွင္ေတြနဲ႔ ေရာင္းခ်သူေတြက တကယ့္ ပုစြန္ေျခာက္ လုပ္နည္းအမွန္ကို

အခ်ိန္နဲ႔ တေျပးညီ ေဖာ္ျပေပးေနေပမယ့္လည္း ဗီဒီယိုဖိုင္ ၾကည့္ၿပီးသူေတြကေတာ့ အရင္လို အိမ္မွာရွိတဲ့

ပုစြန္ေျခာက္ ပုလင္းထဲကေန ယူစားဖို႔ မဝံ့မရဲ ျဖစ္ေနၾကတာ အမွန္ပါတယ္။

အဲဒါေၾကာင့္ အသန႔္ႀကိဳက္သူမ်ားအတြက္ စိတ္သန႔္သန႔္နဲ႔ စားႏိုင္ေအာင္ ပုစြန္ေျခာက္ကို အိမ္မွာ ကိုယ္တိုင္

တပိုင္တႏိုင္ ျပဳလုပ္နည္းကို ေဖာ္ျပ ေပးလိုက္ပါတယ္။ အိမ္မွာ ကိုယ္တိုင္ လုပ္စားတဲ့ နည္းလမ္း ျဖစ္တာေၾကာင့္

စီးပြားျဖစ္ ထုတ္လုပ္တဲ့ ပုစြန္ေျခာက္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ အနံ႔အရသာ အနည္းငယ္ ကြဲျပားပါလိမ့္မယ္။

ပုစြန္ေျခာက္ကို အိမ္မွာ ကိုယ္တိုင္ ျပဳလုပ္နည္း၊ ပါဝင္ပစၥည္းမ်ား ပုစြန္ (၂၅ က်ပ္သား)၊ ဆား (အနည္းငယ္)

ျပဳလုပ္နည္း – ဦးစြာ ပုစြန္ကို ေရေဆးၿပီး အေမြးမ်ားကို ညႇပ္ပစ္ပါ။ ၿပီးလွ်င္ ဒယ္အိုးထဲထည့္ၿပီး မီးေအးေအးနဲ႔ ေလွာ္ပါ။

ေရခန္းၿပီဆိုလွ်င္ စကာေလးနဲ႔ ထည့္ၿပီး ေနပူျပပါ။ ၂ ရက္ေလာက္ဆိုလွ်င္ ပုစြန္ေျခာက္ေလးမ်ား ေျခာက္ပါၿပီ။

ေနပူမျပခ်င္လွ်င္ Oven ထဲ မီး အပူရွိန္အနည္းဆုံးနဲ႔ ၁ နာရီခန႔္ ကင္ပါ။ ႂကြပ္ေျခာက္လာတဲ့

ပုစြန္ေျခာက္ေလးမ်ားကို အခြံခြၽတ္ရန္အတြတ္ အဝတ္အိတ္ (သို႔) သင့္ေတာ္ရာအိတ္ထဲထည့္ၿပီး

အေပၚကေန ခပ္ဖြဖြ ေလးပင္တာတစ္ခုခုနဲ႔ ႐ိုက္ေပးလွ်င္ အခြံမ်ား ကြၽတ္ထြက္လာၿပီး ပုစြန္ေျခာက္ အေကာင္ေလးမ်ားရပါမယ္။

အခြံေတြထဲကေန ပုစြန္ေျခာက္ေလးမ်ားကို ေ႐ြး၍ ပုလင္းေလးထဲထည့္ၿပီး သုံးႏိုင္ပါၿပီ။

ပုစြန္အစိမ္း ၁ ပိႆာကို ပုစြန္ေျခာက္ ၁၀ က်ပ္သားပဲ က်န္ရွိႏိုင္ပါတယ္။

ဘာေတြနဲ႔ ဘယ္လို လုပ္ေနမွန္း မသိတဲ့ အျပင္စာေတြထက္ လြယ္လြယ္ကူကူနဲ႔ အိမ္မွာပဲ လုပ္ႏိုင္တဲ့

အစားအေသာက္ေတြကို စားသုံးျခင္းဟာ ေငြကုန္ေၾကးက် ပိုမိုသက္သာသလို က်န္းမာေရးနဲ႔ ညီၫႊတ္မွာ ျဖစ္ပါတယ္။

ျမန္မာျပည္သူ ျပည္သားေတြ အားလုံး သန႔္ရွင္းက်န္းမာတဲ့ အစားအေသာက္ေတြကို စားေသာက္ႏိုင္ၾကၿပီး

ဂ်င္းထည့္ခံရျခင္းမွ ကင္းေဝးၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းလိုက္ရပါတယ္ ခင္ဗ်ာ။

unicode

အွန်လိုင်းပေါ်မှာပျံ့နေတဲ့ ပုစွန်ခြောက်လုပ်တဲ့ ဗီဒီယိုကိုကြည့်ပြီး ဝယ်စားဖို့စိုးရွံ့နေသူများအတွက် ပုစွန်ခြောက်ကိုယ်တိုင်ပြုလုပ်နည်း

အောကျတှငျ Unicode ဖွင့ျဖတျနိုငျပါသညျ။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ပုစွန်ခြောက် ပြုလုပ်တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီးတဲ့နောက်မှာ

လူအတော်များများက ပုစွန်ခြောက်ကို ဝယ်စားဖို့ စိုးရွံ့နေကြပါတယ်။

ပုစွန်ခြောက် လုပ်ငန်းရှင်တွေနဲ့ ရောင်းချသူတွေက တကယ့် ပုစွန်ခြောက် လုပ်နည်းအမှန်ကို

အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေပေမယ့်လည်း ဗီဒီယိုဖိုင် ကြည့်ပြီးသူတွေကတော့ အရင်လို အိမ်မှာရှိတဲ့

ပုစွန်ခြောက် ပုလင်းထဲကနေ ယူစားဖို့ မဝံ့မရဲ ဖြစ်နေကြတာ အမှန်ပါတယ်။

အဲဒါကြောင့် အသန့်ကြိုက်သူများအတွက် စိတ်သန့်သန့်နဲ့ စားနိုင်အောင် ပုစွန်ခြောက်ကို အိမ်မှာ ကိုယ်တိုင်

တပိုင်တနိုင် ပြုလုပ်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ အိမ်မှာ ကိုယ်တိုင် လုပ်စားတဲ့ နည်းလမ်း ဖြစ်တာကြောင့်

စီးပွားဖြစ် ထုတ်လုပ်တဲ့ ပုစွန်ခြောက်တွေနဲ့ နှိုင်းယှဉ်ရင်တော့ အနံ့အရသာ အနည်းငယ် ကွဲပြားပါလိမ့်မယ်။

ပုစွန်ခြောက်ကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်နည်း၊ ပါဝင်ပစ္စည်းများ ပုစွန် (၂၅ ကျပ်သား)၊ ဆား (အနည်းငယ်)

ပြုလုပ်နည်း – ဦးစွာ ပုစွန်ကို ရေဆေးပြီး အမွေးများကို ညှပ်ပစ်ပါ။ ပြီးလျှင် ဒယ်အိုးထဲထည့်ပြီး မီးအေးအေးနဲ့ လှော်ပါ။

ရေခန်းပြီဆိုလျှင် စကာလေးနဲ့ ထည့်ပြီး နေပူပြပါ။ ၂ ရက်လောက်ဆိုလျှင် ပုစွန်ခြောက်လေးများ ခြောက်ပါပြီ။

နေပူမပြချင်လျှင် Oven ထဲ မီး အပူရှိန်အနည်းဆုံးနဲ့ ၁ နာရီခန့် ကင်ပါ။ ကြွပ်ခြောက်လာတဲ့

ပုစွန်ခြောက်လေးများကို အခွံချွတ်ရန်အတွတ် အဝတ်အိတ် (သို့) သင့်တော်ရာအိတ်ထဲထည့်ပြီး

အပေါ်ကနေ ခပ်ဖွဖွ လေးပင်တာတစ်ခုခုနဲ့ ရိုက်ပေးလျှင် အခွံများ ကျွတ်ထွက်လာပြီး ပုစွန်ခြောက် အကောင်လေးများရပါမယ်။

အခွံတွေထဲကနေ ပုစွန်ခြောက်လေးများကို ရွေး၍ ပုလင်းလေးထဲထည့်ပြီး သုံးနိုင်ပါပြီ။

ပုစွန်အစိမ်း ၁ ပိဿာကို ပုစွန်ခြောက် ၁၀ ကျပ်သားပဲ ကျန်ရှိနိုင်ပါတယ်။

ဘာတွေနဲ့ ဘယ်လို လုပ်နေမှန်း မသိတဲ့ အပြင်စာတွေထက် လွယ်လွယ်ကူကူနဲ့ အိမ်မှာပဲ လုပ်နိုင်တဲ့

အစားအသောက်တွေကို စားသုံးခြင်းဟာ ငွေကုန်ကြေးကျ ပိုမိုသက်သာသလို ကျန်းမာရေးနဲ့ ညီညွှတ်မှာ ဖြစ်ပါတယ်။

မြန်မာပြည်သူ ပြည်သားတွေ အားလုံး သန့်ရှင်းကျန်းမာတဲ့ အစားအသောက်တွေကို စားသောက်နိုင်ကြပြီး

ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ။