ကမာၻ႔ကံအဆိုးဆုံးေန႔”လို႔ ယူဆထားၾကတဲ့ Friday 13 ရဲ႕ စိတ္ဝင္စားဖြယ္ အေၾကာင္း
Zawgyi
ႏွစ္တႏွစ္ရဲ႕ ဘယ္လမဆို ၁၃ ရက္ေန႔နဲ႔ ေသာၾကာေန႔ တိုက္တိုက္ဆိုင္ဆိုင္ တထပ္တည္းက်တဲ့ေန႔ကို “ကမာၻ႔ ကံအဆိုးဆုံးေန႔”လို႔ ယူဆထားၾကသူေတြက တကမာၻလုံး အတိုင္းအတာနဲ႔ ၾကည့္မယ္ဆိုရင္ အမ်ားအျပားပါ။
လူတခ်ိဳ႕ကေတာ့ ဒါဟာ အယူသီးမႈ သက္သက္ပဲလို႔ ေျပာဆိုၾကေပမယ့္ ၁၃ ရက္ ေသာၾကာေန႔မွာ ျဖစ္ပြားခဲ့တဲ့ ဆိုးဆိုး႐ြား႐ြား အျဖစ္အပ်က္ေတြကိုေတာ့ ခ်န္ခဲ့လို႔ မရပါဘူး။ ဒါေၾကာင့္မို႔လို႔ Friday 13 နဲ႔ပတ္သက္တဲ့ စိတ္ဝင္စားဖြယ္ အေၾကာင္းအရာေတြကို ဗဟုသုတအေနနဲ႔ ျပန္လည္ ေဖာ္ျပေပးခ်င္ပါတယ္။
(၁) ၁၄ ရာစုေလာက္ကစၿပီး Friday 13 ကို ကမာၻ႔ကံအဆိုးဆုံးေန႔အျဖစ္ သတ္မွတ္ထားၾကတာ ျဖစ္ေပမယ့္ ဂရိမွာေတာ့ ၁၃ ရက္ အဂၤါေန႔ကို ကံအဆိုးဆုံးေန႔အျဖစ္ သတ္မွတ္ထားၾကၿပီး အီတလီမွာေတာ့ ၁၇ ရက္ ေသာၾကာေန႔ကို ကံအဆိုးဆုံးေန႔လို႔ ယူဆထားၾကတာ ျဖစ္ပါတယ္။
(၂) သုေတသီေတြရဲ႕ ေလ့လာမႈ စစ္တမ္းေတြအရ မေတာ္တဆမႈေတြ ျဖစ္ပြားၿပီး ထိခိုက္ဒဏ္ရာရကာ ေဆး႐ုံေရာက္သူေတြရဲ႕ အေရအတြက္ဟာ တျခားေသာေန႔ေတြမွာထက္ ၁၃ ရက္ေသာၾကာေန႔မွာ ၂၅ ရာခိုင္ႏႈန္းခန႔္ ပိုမ်ားတယ္လို႔ ဆိုပါတယ္။
ဂ်ာမနီလူမ်ိဳးေတြရဲ႕ အယူအဆအရ ဆိုရင္ေတာ့ Friday 13 မွာ ေဆး႐ုံေတြဟာ ခြဲစိတ္ကုသမႈေတြကို ျပဳလုပ္ေပးေလ့ မရွိၾကသလို ေဆး႐ုံတက္မယ့္ လူနာတခ်ိဳ႕ဟာလည္း သိပ္အေရးမႀကီးရင္ ဒီရက္ကို ေရွာင္ေလ့ရွိတယ္လို႔ သိရပါတယ္။
(၃) ၁၉၉၅ ခုႏွစ္ေလာက္မွာ ဖင္လန္ႏိုင္ငံဟာ ၁၃ ရက္ေသာၾကာေန႔ကို National Accident Day အျဖစ္ သတ္မွတ္ခဲ့ၿပီး ဒီလိုသတ္မွတ္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ဒီရက္မွာ မေတာ္တဆျဖစ္မႈေတြကို ဂ႐ုစိုက္ႏိုင္မိေစဖို႔အတြက္ပဲ ျဖစ္ပါတယ္။
(၄) ၁၃ ရက္ေသာၾကာေန႔ကို အလြန္အက်ဴး ေၾကာက္တဲ့ေရာဂါကို Friggatriskaidekaphobia လို႔ေခၚၿပီး ဒီေဝဒနာခံစားရသူအမ်ားစုဟာ လူႀကီးေတြထက္ လူငယ္ေတြသာ ျဖစ္ၾကၿပီး သူတို႔ဟာ ၁၃ ဂဏန္းပါသမွ်ကို ေရွာင္ၾကဥ္ၾကသူေတြလည္း ျဖစ္ပါတယ္။
(၅) လက္ရွိအခ်ိန္ထိ Friday 13 မွာျဖစ္ပြားခဲ့တဲ့ အဆိုး႐ြားဆုံးျဖစ္ရပ္ေတြအေပၚ အေျခခံၿပီး ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္၊ တီဗီစီးရီးနဲ႔ စာအုပ္ေတြဟာ အေျမာက္အမ်ားျဖစ္ၿပီး ေဝဖန္ေရးသမားေတြက ေဝဖန္ခဲ့ၾကေပမယ့္ ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈကိုေတာ့ ရရွိခဲ့တာခ်ည္းပဲ ျဖစ္ပါတယ္။ခရက္ဒစ္
Unicode
နှစ်တနှစ်ရဲ့ ဘယ်လမဆို ၁၃ ရက်နေ့နဲ့ သောကြာနေ့ တိုက်တိုက်ဆိုင်ဆိုင် တထပ်တည်းကျတဲ့နေ့ကို “ကမ္ဘာ့ ကံအဆိုးဆုံးနေ့”လို့ ယူဆထားကြသူတွေက တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အများအပြားပါ။
လူတချို့ကတော့ ဒါဟာ အယူသီးမှု သက်သက်ပဲလို့ ပြောဆိုကြပေမယ့် ၁၃ ရက် သောကြာနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးဆိုးရွားရွား အဖြစ်အပျက်တွေကိုတော့ ချန်ခဲ့လို့ မရပါဘူး။ ဒါကြောင့်မို့လို့ Friday 13 နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည် ဖော်ပြပေးချင်ပါတယ်။
(၁) ၁၄ ရာစုလောက်ကစပြီး Friday 13 ကို ကမ္ဘာ့ကံအဆိုးဆုံးနေ့အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပေမယ့် ဂရိမှာတော့ ၁၃ ရက် အင်္ဂါနေ့ကို ကံအဆိုးဆုံးနေ့အဖြစ် သတ်မှတ်ထားကြပြီး အီတလီမှာတော့ ၁၇ ရက် သောကြာနေ့ကို ကံအဆိုးဆုံးနေ့လို့ ယူဆထားကြတာ ဖြစ်ပါတယ်။
(၂) သုတေသီတွေရဲ့ လေ့လာမှု စစ်တမ်းတွေအရ မတော်တဆမှုတွေ ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရကာ ဆေးရုံရောက်သူတွေရဲ့ အရေအတွက်ဟာ တခြားသောနေ့တွေမှာထက် ၁၃ ရက်သောကြာနေ့မှာ ၂၅ ရာခိုင်နှုန်းခန့် ပိုများတယ်လို့ ဆိုပါတယ်။
ဂျာမနီလူမျိုးတွေရဲ့ အယူအဆအရ ဆိုရင်တော့ Friday 13 မှာ ဆေးရုံတွေဟာ ခွဲစိတ်ကုသမှုတွေကို ပြုလုပ်ပေးလေ့ မရှိကြသလို ဆေးရုံတက်မယ့် လူနာတချို့ဟာလည်း သိပ်အရေးမကြီးရင် ဒီရက်ကို ရှောင်လေ့ရှိတယ်လို့ သိရပါတယ်။
(၃) ၁၉၉၅ ခုနှစ်လောက်မှာ ဖင်လန်နိုင်ငံဟာ ၁၃ ရက်သောကြာနေ့ကို National Accident Day အဖြစ် သတ်မှတ်ခဲ့ပြီး ဒီလိုသတ်မှတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီရက်မှာ မတော်တဆဖြစ်မှုတွေကို ဂရုစိုက်နိုင်မိစေဖို့အတွက်ပဲ ဖြစ်ပါတယ်။
(၄) ၁၃ ရက်သောကြာနေ့ကို အလွန်အကျူး ကြောက်တဲ့ရောဂါကို Friggatriskaidekaphobia လို့ခေါ်ပြီး ဒီဝေဒနာခံစားရသူအများစုဟာ လူကြီးတွေထက် လူငယ်တွေသာ ဖြစ်ကြပြီး သူတို့ဟာ ၁၃ ဂဏန်းပါသမျှကို ရှောင်ကြဉ်ကြသူတွေလည်း ဖြစ်ပါတယ်။
(၅) လက်ရှိအချိန်ထိ Friday 13 မှာဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံးဖြစ်ရပ်တွေအပေါ် အခြေခံပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်၊ တီဗီစီးရီးနဲ့ စာအုပ်တွေဟာ အမြောက်အများဖြစ်ပြီး ဝေဖန်ရေးသမားတွေက ဝေဖန်ခဲ့ကြပေမယ့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုတော့ ရရှိခဲ့တာချည်းပဲ ဖြစ်ပါတယ်။ခရက်ဒစ်