ဧရာဝတီျမစ္ေရတိုက္စားမႈေၾကာင့္ ေရွးေဟာင္းသမိုင္းဝင္ ျပည္လုံးခ်မ္းသာ ဘုရားႀကီး ၿပိဳက်ပ်က္စီး

zawgyi

ဧရာဝတီျမစ္ေရတိုက္စားမႈေၾကာင့္ ေရွးေဟာင္းသမိုင္းဝင္ ျပည္လုံးခ်မ္းသာ ဘုရားႀကီး ၿပိဳက်ပ်က္စီး

မေကြးတိုင္း ၊ ပခုကၠဴၿမိဳ႕နယ္ ၊ ႏႈံးပို႔ေက်း႐ြာမွာရွိတဲ့ ေရွးေဟာင္းသမိုင္းဝင္ ျပည္လုံးခ်မ္းသာ ဘုရားႀကီဟာ ဒီကေန႔ ၊ ေန႔လယ္ ၁ နာရီဝန္းက်င္က ဧရာဝတီျမစ္ေရတိုက္စားၿပီး ျမစ္ထဲကို ၿပိဳက်ပ်က္စီးသြားတယ္လို႔ ႏႈံးပို႔႐ြာခံေတြဆီက သိရပါတယ္။

” ေန႔လယ္ ၁ နာရီက ဘုရားႀကီး ေရတိုက္စားၿပီး ျမစ္ထဲကို ၿပိဳက်ပ်က္စီးသြားတယ္ ၊ ေရွးေဟာင္းသမိုင္းဝင္ ဘုရားႀကီးျဖစ္တယ္ ” လို႔ ႏႈံးပို႔႐ြာခံတေယာက္က ေျပာပါတယ္ ။

ဒါ့အျပင္ ႏႈံးပို႔ေက်း႐ြာ ဘုန္းႀကီးေက်ာင္းဟာလည္း ျမစ္ကမ္းနဲ႔ ေပ ၂၀ အကြာတာ ရွိေတာ့တဲ့အတြက္ ေက်ာင္းေဆာင္တခ်ိဳ႕ကို ႐ြာရဲ႕ေတာင္ဘက္ကို အေရးေပၚ ေျပာင္းေ႐ႊ႕ထားရတယ္လို႔ သိရပါတယ္။

အခုလို ဧရာဝတီ နဲ႔ ခ်င္းတြင္း ၊ ျမစ္ေရႀကီးတဲ့ကာလေတြမွာ ႏွစ္တိုင္းလိုလို မေကြးတိုင္ထဲက ေရစႀကိဳ ၊ ပခုကၠဴ ၊ ပြင့္ျဖဴ ၊ မင္းဘူး ၊ စတဲ့ၿမိဳ႕နယ္ေတြက ျမစ္နားေန ေက်း႐ြာတခ်ိဳ႕ ျမစ္ေရတိုက္စားၿပီး ကမ္းပါးၿပိဳတာေၾကာင့္ ေျပာင္ေ႐ြ႕ရတယ္လို႔ သိရပါတယ္။

သြန္းသြန္း

unicode

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ ဘုရားကြီး ပြိုကျပျက်စီး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ နှုံးပို့ကျေးရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ ဘုရားကြီဟာ ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ထဲကို ပြိုကျပျက်စီးသွားတယ်လို့ နှုံးပို့ရွာခံတွေဆီက သိရပါတယ်။

” နေ့လယ် ၁ နာရီက ဘုရားကြီး ရေတိုက်စားပြီး မြစ်ထဲကို ပြိုကျပျက်စီးသွားတယ် ၊ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးဖြစ်တယ် ” လို့ နှုံးပို့ရွာခံတယောက်က ပြောပါတယ် ။

ဒါ့အပြင် နှုံးပို့ကျေးရွာ ဘုန်းကြီးကျောင်းဟာလည်း မြစ်ကမ်းနဲ့ ပေ ၂၀ အကွာတာ ရှိတော့တဲ့အတွက် ကျောင်းဆောင်တချို့ကို ရွာရဲ့တောင်ဘက်ကို အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။

အခုလို ဧရာဝတီ နဲ့ ချင်းတွင်း ၊ မြစ်ရေကြီးတဲ့ကာလတွေမှာ နှစ်တိုင်းလိုလို မကွေးတိုင်ထဲက ရေစကြို ၊ ပခုက္ကူ ၊ ပွင့်ဖြူ ၊ မင်းဘူး ၊ စတဲ့မြို့နယ်တွေက မြစ်နားနေ ကျေးရွာတချို့ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုတာကြောင့် ပြောင်ရွေ့ရတယ်လို့ သိရပါတယ်။

သွန်းသွန်း