ေငြေတြဝင္လာမဆဲတဲ့ လွိမ့္ဝင္ တည္သုံး အိုးႏွစ္လုံး အေဆာင္အေၾကာင္း ႏွင့္ အသုံးျပဳနည္း

Zawgyi

ေငြေတြဝင္လာမဆဲတဲ့ လွိမ့္ဝင္ တည္သုံး အိုးႏွစ္လုံး အေဆာင္အေၾကာင္း ႏွင့္ အသုံးျပဳနည္း

တစ္နိုင္ငံလုံးစိတ္ဝင္စားေနၾကတဲ့ လွိမ့္ဝင္တည္သုံးယၾတာကကၽြန္ေတာ္စခဲ့တဲ့ဇာတ္လမ္းပါ။အျဖစ္က ဒီလိုပါ။မိတ္ေဆြတစ္ေယာက္နဲ႔ ၂ႏွစ္ခြဲေနမွ ျပန္ေတြ႕ေတာ့သူ႔မိသားစုကေတာ္ေတာ္ေလးအဆင္ေျပေနၿပီး

အရင္ထရံအိမ္ေလးေနရာမွာအာစီတစ္ထပ္တိုက္ႀကီးနဲ႔ေပါ့အရမ္းကိုအဆင္ေျပၿပီးေနာက္ထပ္တိုက္တစ္လုံးေတာင္ ေဆာက္ေနတယ္လို႔ ေျပာပါတယ္။ သူ႔လုပ္ငန္းက တအားလွိမ့္ဝင္သြားတာကို..အဲ့ သူ႔အိမ္ေရွ႕အဝင္ဝမွာလွိမ့္ဝင္စဉ့္အ႐ုပ္ေလးကိုအိမ္ဘက္လွိမ့္ဝင္ေနတဲ့ပုံခ်ိတ္ထားတာေတြ႕ရပါတယ္။

အိမ္ဧည့္ခန္းမွာေတာ့စဉ့္အိုးေလးတည္ေနတဲ့ပုံကိုတင္ထားတာေတြ႕ရပါတယ္။ေမးၾကည့္ေတာ့ လွိမ့္ ဝင္ တည္ သုံးေလတဲ့။စီးပြားျဖစ္တယ္လုပ္ငန္းေကာင္းတယ္တဲ့ဗ်ာ..ကၽြန္ေတာ္တို႔ ၿမိဳ႕မွာထမင္းဆိုင္တစ္ဆိုင္ရွိတယ္။အရမ္းကိုေရာင္းရတယ္။

အလႉေပးေနသလိုကိုေရာင္းရတာသူတို႔အိမ္မွာလည္း အိမ္ေရွ႕သံတံခါးအုတ္ခုံမွာအဲဒီလွိမ့္ဝင္အ႐ုပ္ေလးအိမ္ဘက္ကိုလွိမ့္ဝင္ေနတဲ့ ပုံေလး တင္ထားတာေတြ႕ရပါတယ္။သူ႔ထမင္းဆိုင္ကေတာ့လူေတြလွိမ့္ဝင္ေနေတာ့တာပါပဲဗ်ာ..

အဲဒါနဲ႔လူမဝင္လုပ္ငန္းမေကာင္းတဲ့သူနဲ႔အေႂကြးတင္ေနတဲ့မိတ္ေဆြတစ္ေယာက္ႏွစ္ေယာက္ကိုအဲဒီအ႐ုပ္ေလးႏွစ္ခုကိုထားဖို႔ေျပာလိုက္တာသူတို႔လည္း ေက်ာက္ဆည္တေပါင္းပြဲနဲ႔ၾကဳံေတာ့စဉ့္ကူးက စဥ္အိုးသည္ေတြလာတာနဲ႔အဲဒီအ႐ုပ္ေလးကိုတစ္႐ုပ္ကိုအိမ္ေရွမွာထားၿပီး

တစ္႐ုပ္ကို အိမ္ထဲမွာထားဖို႔ ေျပာလိုက္တာအဲဒီ ၃ေယာက္ဟာ ၆လအတြင္းလုံးဝမဆပ္နိုင္ေတာ့ဘူးလို႔ထင္ထားတဲ့အေႂကြးေတြ ေၾကၿပီးအဆင္ေျပသူေတြျဖစ္ေနပါၿပီဗ်ာ။”လွိမ့္ဝင္ တည္သုံး” စဉ့္အိုးေလးေတြ ဘယ္လိုဓာတ္ဆင္ရတာပါလဲ”

အဲဒီလွိမ့္ဝင္တည္သုံးအ႐ုပ္ေလးေတြကဟို အရင္ေလာကီပညာရွင္(ဆန္းပညာရွင္)ေတြလုပ္သြားခဲ့တာပါ ။ပညႇပ္သြားရာဓါတ္သက္ပါဆိုသလိုလူအမ်ားသုံးစကားလွိမ့္ဝင္ဆိုတာကိုယူၿပီးလွိမ့္ဝင္ေနတဲ့ အ႐ုပ္ကေလးေတြကိုစီရင္ေပးသြားတာပါ။

အဲဒီမွာစဉ့္အိုးေလးကိုလွိမ့္ဝင္ေနတဲ့ေကာင္ေလး( ၂ ၄ )ပုံေလးပါ ။ စဉ့္အိုးကိုဘာလို႔သုံးလဲ။တစ္ျခားဟာတစ္ခုခုကိုလည္းလွိမ့္ဝင္လို႔ ရတာပဲလို႔ေတြးမိေတာ့ ..စဉ့္အိုး = ၃ ၁ ဆိုတာေအာင္ေစ = ေအးေစ = ၁ ၃ ကို ကက္ကင္းရိုက္သြားတယ္ထင္ပါတယ္။

လွိမ့္ဝင္ ဆိုတာကေတာ့ဗ်ာ လွိမ့္ဝင္ = ၄ ၄ = ေရႊလာ = လူလာ = လိုရာ = ရလာ ဓါတ္ေပါ့..လွိမ့္ဝင္ ၿပီးေတာ့ဘာလုပ္မလဲ ဆိုေတာ့တည္သုံးေလတစ္႐ုပ္လုပ္သြားပါတယ္။လွိမ့္ဝင္လာတဲ့ဟာေတြကိုဘုရားတည္။ေက်ာင္းတည္။ ဇရပ္တည္။

သာသနာတည္နိုင္တဲ့အထိသုံးနိုင္ဖို႔ ေလာကီဝိဇၨာ အဘမ်ားကစီရင္သြားခဲ့တဲ့ဓါတ္အ႐ုပ္ေလးေတြပါ။“ဘယ္လို သုံးမလဲ ၊ ဘယ္လို ေဆာင္မလဲ”သနေခ်ရပါတယ္။အညံ့ေျခရပါတယ္။ကိုယ့္စီးပြားအတြက္အထြဋ္ အျမတ္ေဆာင္မည့္ပစၥည္းဟာကားနဲ႔သယ္လားရင္အမ်ိဳးသားအမ်ိဳးသမီးကေလးလူႀကီးေက်ာ္ခြသြားတာမ်ိဳး၊ကားထိုင္ခံေအာက္ထဲထည့္ သယ္လာတာမ်ိဳးေတြရွိတတ္ပါတယ္။

အဲဒီလိုအညံ့ဓါတ္ေတြကင္းဖို႔ဆားရည္(ေရ ၁ ဂါလံကိုဆား၂ ဇြန္းထည့္ၿပီး)ကိုဇလုံထဲထည့္ၿပီးလက္ဆယ္ေခ်ာင္းကေဆးျဖစ္ေစဆိုၿပီး ၃ ခါေျပာၿပီးလက္ႏွစ္ဖက္ကိုဇလုံထဲထည့္ၿပီးသနပ္ခါးေသြးသလိုလက္ယာရစ္ေမႊၿပီး

ပါးစပ္မွလည္း““ ဥဳမ္ သန သန သန အေပါင္း ေထာင္ေသာင္း ေၾကစရာ ေၾက ”” ဆိုၿပီး ၃၇ ေခါက္ရြတ္ၿပီးမွအဲဒီအ႐ုပ္ မ်ားကို၎ေရနဲ႔ ေဆးပါ။ၿပီးမွ ၎အ႐ုပ္မ်ားကိုေရေမႊး (နဝင္းေရ) ရည္နဲ႔ပက္ျဖန္းၿပီးမွာအိမ္ဘက္သို႔ အိုးလွိမ့္ ဝင္ေနတဲ့ ပုံ အိုးကို အိမ္ဘက္အတြင္းသို႔ထားၿပီးအိမ္ေရွ႕မွာထားလိုက္ပါ။

တည္သုံး အိုး ေလးကိုေတာ့အလုပ္စားပြဲ၊အိပ္ခန္းစားပြဲ၊အိမ္ထဲမွာထားထားလိုက္ထူးထူးျခားျခား အဆင္ေျပလာတာကိုေတြ႕ရပါလိမ့္မယ္ခင္ဗ်ာ။လွိမ့္ဝင္အိုးကိုအိမ္အျပင္ကေနအိမ္ထဲဖက္ကိုလွည့္ထားရပါမယ္။ျဖစ္နိုင္ရင္အိမ္အဝင္အျမင့္တေနရာမွာထားပါ။

တည္အိုးကို မိမိအိမ္ထဲမွ-ဂဟပတိအရပ္သို႔လွည့္ထားေပးပါ။ဂဟပတိအရပ္ဟူသည္

တနဂၤေႏြ(သား-သမီး အတြက္)အေနာက္ေတာင္အရပ္ဟူ၍မွတ္ပါေလ။

တနလၤာ (သား-သမီး အတြက္)အေနာက္စူးစူးအရပ္ဟူ၍မွတ္ပါေလ။

အဂၤါ(သား-သမီး အတြက္) အေနာက္ေျမာက္အရပ္ဟူ၍မွတ္ပါေလ။

ဗုဒၶဟူး (သား-သမီး အတြက္) -ေျမာက္အရပ္ဟူ၍မွတ္ပါေလ။

ရာဟု – (သား-သမီး အတြက္) အေရွ႕ေတာင္အရပ္ဟူ၍မွတ္ပါေလ။

ၾကာသပေတး – (သား-သမီး အတြက္) အေရွ႕စူးစူးအရပ္ဟူ၍မွတ္ပါေလ။

ေသာၾကာ(သား-သမီး အတြက္) ေတာင္အရပ္ဟူ၍မွတ္ပါေလ။

စေန -(သား-သမီး အတြက္) အေရွ႕ေျမာက္အရပ္ဟူ၍မွတ္ပါေလ။

လွိမ့္ဝင္=တည္သုံး အိုးႏွစ္လုံးကို မိမိေမြးေန႔မနက္ ၆နာရီကေန၇နာရီခြဲအတြင္းစတင္ၿပီးထားပါ။ေန႔စဥ္ရွင္သီဝလိ ၁၀ ဂါထာရြတ္ေပးပါ။(ေန႔စဥ္ရြတ္ဆိုပါရန္)လွိမ့္ဝင္အိုးမွာေကာတည္သုံးအိုးမွာပါေငြ ၃၆၀၀က်ပ္စီထည့္ေပးထားပါ။သိသိသာသာေငြဝင္လာပါလိမ့္မည္။

ေခ်းထားၿပီးျပန္မရေသာေငြမ်ား အ႐ူံးေပၚေနေသာလုပ္ငန္းမ်ား ေငြေၾကးကိစၥနဲ႔ပတ္သက္ေသာလုပ္ငန္းကိစၥမွန္သမၽွ သိသိသာသာ အဆင္ေျပလာပါလိမ့္မည္။ေငြကံပြင့္လာပါက မၾကာခဏဒါနျပဳပါ။ ပံ့သကူဒါနပစ္ပါ။ေငြအိုးႀကီးလွိမ့္ယူလာၿပီေရႊေတြတည္သုံးမည္။

လူမဝင္ေသာဆိုင္မ်ားတည္းခိုခန္းမ်ား ဟိုတယ္မ်ားလူမ်ားလွိမ့္ဝင္လာပါလိမ့္မယ္။အေရာင္းအဝယ္လုပ္ငန္းမ်ားသိသိသာသာတိုးတက္လာ တာကိုေတြ႕ရပါလိမ့္မည္။တစ္ပတ္ ေလာက္လွိမ့္ဝင္ေနၿပီးေနာက္ပိုင္းနည္းနည္းပါးသြားတာမ်ိဳးျဖစ္ခဲ့ရင္ေတာ့ လွိမ့္ဝင္အ႐ုပ္ကေလးကိုမ်က္ႏွာသစ္ေပးလိုက္ပါ။

ၿပီးေတာ့ေရေမႊးေလး ျဖန္ေပးလိုက္ပါ။ၿပီးေတာ့ ““လာထား လာထား”” ဆိုၿပီး လက္ခုတ္တီးၿပီးေျပာလိုက္ပါ။ဝင္လာပါလိမ့္မယ္ဗ်ာ .. ပထမဆုံးဝင္ေသာေငြမွအနည္းအက်င္းကိုဘုရားလႉလိုက္ပါ။ၿပီးမွက်န္တဲ့ပိုက္ဆံကိုသုံးပါေလ။

ပထမဆုံးဝင္တဲ့ ပိုက္ဆံကိုအနိဌပစၥည္းေတြဝယ္မသုံးလိုက္ပါနဲ႔ ။ေနာက္ၿပီး လာဒ္တိတ္ေစတဲ့အေၾကာင္းတရားေတြကို ေရွာင္ေပးရပါတယ္။ အရင္ကေရးခဲ့ဖူးပါတယ္။ အခုျပန္ေရး ျပလိုက္ရပါတယ္ဗ်ာ။

၁။ မနက္ အိပ္ယာထလၽွင္အိမ္သာထဲသိုတန္းမသြားရ၊မီးဖိုေခ်ာင္ထဲသို႔တန္းသြားၿပီး မီးေမြးျခင္း ထမင္းအိုးတည္းျခင္းတန္းမလုပ္ရပါ။လာဒ္တိတ္တတ္ပါသည္။

၂။ ထမင္းစားလၽွင္ေဘးမွာက်ေနသာအမွိုက္မ်ားကိုထမင္းစားၿပီးလၽွင္မိမိပန္းကန္ထဲသို႔ထည့္ၿပီးေဆးဖို႔ မယူသြားရပါ။

၃။ စားၿပီးအိုးခြက္ပန္းကန္မ်ားကို မနက္မွ ေဆးေတာ့ပါမယ္ဆိုၿပီးမီးဖိုေခ်ာင္ထဲမွာမေဆးပဲ တစ္ညလုံး ပုံမထားသင့္ပါ။

၄။ အိမ္ေထာင္ဦး အမ်ိဳးသား၏ အက်ီး ၊ စြတ္က်ယ္ ၊တဘက္၊ပုဆိုး အေဟာင္းမ်ားကိုၾကမ္းသုတ္လက္သုတ္ဖုန္သုတ္မလုပ္ရပါ။

၅။ လင္မယားအခ်င္းခ်င္း ၉ နာရီ မေက်ာ္မီေစာေစာစီးစီးစကားမ်ားရန္မျဖစ္ရ။မျငဴစူးရ၊ေဒါသမျဖစ္ရပါ။ေစာေစာ စီးစီးနိမိတ္မေကာင္းေသာအမဂၤလာသီခ်င္းမ်ားမဖြင့္ရပါ။

အဲဒီ ၅ ခ်က္ ၂ ခ်က္ေလာက္လုပ္မိလၽွင္ လာဒ္တိတ္ေစတတ္ပါတယ္။ေငြဝင္ပါလၽွင္လည္း အသာလြတ္ ျပန္ျပန္ထြက္သြားတတ္ပါသည္။ထို႔ေၾကာင့္အဲဒီ အခ်က္မ်ားကိုေရွာင္သင့္ပါသည္။

အားလုံး ေငြေၾကး ရတနာမ်ားလုပ္ငန္းေကာင္းမ်ားလွိမ့္ဝင္ၾကၿပီးအလႉအတန္း ၊ဘာသာေရး၊သာသာနာေရး ပရဟိတ အေရးအတြက္တည္သုံးနိုင္ၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သရင္း….။

Crd…

unicode

ငွေတွေဝင်လာမဆဲတဲ့ လှိမ့်ဝင် တည်သုံး အိုးနှစ်လုံး အဆောင်အကြောင်း နှင့် အသုံးပြုနည်း

တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင်တည်သုံးယတြာကကျွန်တော်စခဲ့တဲ့ဇာတ်လမ်းပါ။အဖြစ်က ဒီလိုပါ။မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့သူ့မိသားစုကတော်တော်လေးအဆင်ပြေနေပြီး

အရင်ထရံအိမ်လေးနေရာမှာအာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။ သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို..အဲ့ သူ့အိမ်ရှေ့အဝင်ဝမှာလှိမ့်ဝင်စဉ့်အရုပ်လေးကိုအိမ်ဘက်လှိမ့်ဝင်နေတဲ့ပုံချိတ်ထားတာတွေ့ရပါတယ်။

အိမ်ဧည့်ခန်းမှာတော့စဉ့်အိုးလေးတည်နေတဲ့ပုံကိုတင်ထားတာတွေ့ရပါတယ်။မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့။စီးပွားဖြစ်တယ်လုပ်ငန်းကောင်းတယ်တဲ့ဗျာ..ကျွန်တော်တို့ မြို့မှာထမင်းဆိုင်တစ်ဆိုင်ရှိတယ်။အရမ်းကိုရောင်းရတယ်။

အလှူပေးနေသလိုကိုရောင်းရတာသူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါးအုတ်ခုံမှာအဲဒီလှိမ့်ဝင်အရုပ်လေးအိမ်ဘက်ကိုလှိမ့်ဝင်နေတဲ့ ပုံလေး တင်ထားတာတွေ့ရပါတယ်။သူ့ထမင်းဆိုင်ကတော့လူတွေလှိမ့်ဝင်နေတော့တာပါပဲဗျာ..

အဲဒါနဲ့လူမဝင်လုပ်ငန်းမကောင်းတဲ့သူနဲ့အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက်နှစ်ယောက်ကိုအဲဒီအရုပ်လေးနှစ်ခုကိုထားဖို့ပြောလိုက်တာသူတို့လည်း ကျောက်ဆည်တပေါင်းပွဲနဲ့ကြုံတော့စဉ့်ကူးက စဉ်အိုးသည်တွေလာတာနဲ့အဲဒီအရုပ်လေးကိုတစ်ရုပ်ကိုအိမ်ရှေမှာထားပြီ

တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာအဲဒီ ၃ယောက်ဟာ ၆လအတွင်းလုံးဝမဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေ ကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ။”လှိမ့်ဝင် တည်သုံး” စဉ့်အိုးလေးတွေ ဘယ်လိုဓာတ်ဆင်ရတာပါလဲ”

အဲဒီလှိမ့်ဝင်တည်သုံးအရုပ်လေးတွေကဟို အရင်လောကီပညာရှင်(ဆန်းပညာရှင်)တွေလုပ်သွားခဲ့တာပါ ။ပညှပ်သွားရာဓါတ်သက်ပါဆိုသလိုလူအများသုံးစကားလှိမ့်ဝင်ဆိုတာကိုယူပြီးလှိမ့်ဝင်နေတဲ့ အရုပ်ကလေးတွေကိုစီရင်ပေးသွားတာပါ။

အဲဒီမှာစဉ့်အိုးလေးကိုလှိမ့်ဝင်နေတဲ့ကောင်လေး( ၂ ၄ )ပုံလေးပါ ။ စဉ့်အိုးကိုဘာလို့သုံးလဲ။တစ်ခြားဟာတစ်ခုခုကိုလည်းလှိမ့်ဝင်လို့ ရတာပဲလို့တွေးမိတော့ ..စဉ့်အိုး = ၃ ၁ ဆိုတာအောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်းရိုက်သွားတယ်ထင်ပါတယ်။

လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့..လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့တည်သုံးလေတစ်ရုပ်လုပ်သွားပါတယ်။လှိမ့်ဝင်လာတဲ့ဟာတွေကိုဘုရားတည်။ကျောင်းတည်။ ဇရပ်တည်။

သာသနာတည်နိုင်တဲ့အထိသုံးနိုင်ဖို့ လောကီဝိဇ္ဇာ အဘများကစီရင်သွားခဲ့တဲ့ဓါတ်အရုပ်လေးတွေပါ။“ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ”သနချေရပါတယ်။အညံ့ခြေရပါတယ်။ကိုယ့်စီးပွားအတွက်အထွဋ် အမြတ်ဆောင်မည့်ပစ္စည်းဟာကားနဲ့သယ်လားရင်အမျိုးသားအမျိုးသမီးကလေးလူကြီးကျော်ခွသွားတာမျိုး၊ကားထိုင်ခံအောက်ထဲထည့် သယ်လာတာမျိုးတွေရှိတတ်ပါတယ်။

အဲဒီလိုအညံ့ဓါတ်တွေကင်းဖို့ဆားရည်(ရေ ၁ ဂါလံကိုဆား၂ ဇွန်းထည့်ပြီး)ကိုဇလုံထဲထည့်ပြီးလက်ဆယ်ချောင်းကဆေးဖြစ်စေဆိုပြီး ၃ ခါပြောပြီးလက်နှစ်ဖက်ကိုဇလုံထဲထည့်ပြီးသနပ်ခါးသွေးသလိုလက်ယာရစ်မွှေပြီး

ပါးစပ်မှလည်း““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက်ရွတ်ပြီးမှအဲဒီအရုပ် များကို၎င်းရေနဲ့ ဆေးပါ။ပြီးမှ ၎င်းအရုပ်များကိုရေမွှေး (နဝင်းရေ) ရည်နဲ့ပက်ဖြန်းပြီးမှာအိမ်ဘက်သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုးကို အိမ်ဘက်အတွင်းသို့ထားပြီးအိမ်ရှေ့မှာထားလိုက်ပါ။

တည်သုံး အိုး လေးကိုတော့အလုပ်စားပွဲ၊အိပ်ခန်းစားပွဲ၊အိမ်ထဲမှာထားထားလိုက်ထူးထူးခြားခြား အဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ။လှိမ့်ဝင်အိုးကိုအိမ်အပြင်ကနေအိမ်ထဲဖက်ကိုလှည့်ထားရပါမယ်။ဖြစ်နိုင်ရင်အိမ်အဝင်အမြင့်တနေရာမှာထားပါ။

တည်အိုးကို မိမိအိမ်ထဲမှ-ဂဟပတိအရပ်သို့လှည့်ထားပေးပါ။ဂဟပတိအရပ်ဟူသည်

တနင်္ဂနွေ(သား-သမီး အတွက်)အနောက်တောင်အရပ်ဟူ၍မှတ်ပါလေ။

တနင်္လာ (သား-သမီး အတွက်)အနောက်စူးစူးအရပ်ဟူ၍မှတ်ပါလေ။

အင်္ဂါ(သား-သမီး အတွက်) အနောက်မြောက်အရပ်ဟူ၍မှတ်ပါလေ။

ဗုဒ္ဓဟူး (သား-သမီး အတွက်) -မြောက်အရပ်ဟူ၍မှတ်ပါလေ။

ရာဟု – (သား-သမီး အတွက်) အရှေ့တောင်အရပ်ဟူ၍မှတ်ပါလေ။

ကြာသပတေး – (သား-သမီး အတွက်) အရှေ့စူးစူးအရပ်ဟူ၍မှတ်ပါလေ။

သောကြာ(သား-သမီး အတွက်) တောင်အရပ်ဟူ၍မှတ်ပါလေ။

စနေ -(သား-သမီး အတွက်) အရှေ့မြောက်အရပ်ဟူ၍မှတ်ပါလေ။

လှိမ့်ဝင်=တည်သုံး အိုးနှစ်လုံးကို မိမိမွေးနေ့မနက် ၆နာရီကနေ၇နာရီခွဲအတွင်းစတင်ပြီးထားပါ။နေ့စဉ်ရှင်သီဝလိ ၁၀ ဂါထာရွတ်ပေးပါ။(နေ့စဉ်ရွတ်ဆိုပါရန်)လှိမ့်ဝင်အိုးမှာကောတည်သုံးအိုးမှာပါငွေ ၃၆၀၀ကျပ်စီထည့်ပေးထားပါ။သိသိသာသာငွေဝင်လာပါလိမ့်မည်။

ချေးထားပြီးပြန်မရသောငွေများ အရူံးပေါ်နေသောလုပ်ငန်းများ ငွေကြေးကိစ္စနဲ့ပတ်သက်သောလုပ်ငန်းကိစ္စမှန်သမျှ သိသိသာသာ အဆင်ပြေလာပါလိမ့်မည်။ငွေကံပွင့်လာပါက မကြာခဏဒါနပြုပါ။ ပံ့သကူဒါနပစ်ပါ။ငွေအိုးကြီးလှိမ့်ယူလာပြီရွှေတွေတည်သုံးမည်။

လူမဝင်သောဆိုင်များတည်းခိုခန်းများ ဟိုတယ်များလူများလှိမ့်ဝင်လာပါလိမ့်မယ်။အရောင်းအဝယ်လုပ်ငန်းများသိသိသာသာတိုးတက်လာ တာကိုတွေ့ရပါလိမ့်မည်။တစ်ပတ် လောက်လှိမ့်ဝင်နေပြီးနောက်ပိုင်းနည်းနည်းပါးသွားတာမျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင်အရုပ်ကလေးကိုမျက်နှာသစ်ပေးလိုက်ပါ။

ပြီးတော့ရေမွှေးလေး ဖြန်ပေးလိုက်ပါ။ပြီးတော့ ““လာထား လာထား”” ဆိုပြီး လက်ခုတ်တီးပြီးပြောလိုက်ပါ။ဝင်လာပါလိမ့်မယ်ဗျာ .. ပထမဆုံးဝင်သောငွေမှအနည်းအကျင်းကိုဘုရားလှူလိုက်ပါ။ပြီးမှကျန်တဲ့ပိုက်ဆံကိုသုံးပါလေ။

ပထမဆုံးဝင်တဲ့ ပိုက်ဆံကိုအနိဌပစ္စည်းတွေဝယ်မသုံးလိုက်ပါနဲ့ ။နောက်ပြီး လာဒ်တိတ်စေတဲ့အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်။ အရင်ကရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ်ဗျာ။

၁။ မနက် အိပ်ယာထလျှင်အိမ်သာထဲသိုတန်းမသွားရ၊မီးဖိုချောင်ထဲသို့တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်းတန်းမလုပ်ရပါ။လာဒ်တိတ်တတ်ပါသည်။

၂။ ထမင်းစားလျှင်ဘေးမှာကျနေသာအမှိုက်များကိုထမင်းစားပြီးလျှင်မိမိပန်းကန်ထဲသို့ထည့်ပြီးဆေးဖို့ မယူသွားရပါ။

၃။ စားပြီးအိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ်ဆိုပြီးမီးဖိုချောင်ထဲမှာမဆေးပဲ တစ်ညလုံး ပုံမထားသင့်ပါ။

၄။ အိမ်ထောင်ဦး အမျိုးသား၏ အကျီး ၊ စွတ်ကျယ် ၊တဘက်၊ပုဆိုး အဟောင်းများကိုကြမ်းသုတ်လက်သုတ်ဖုန်သုတ်မလုပ်ရပါ။

၅။ လင်မယားအချင်းချင်း ၉ နာရီ မကျော်မီစောစောစီးစီးစကားများရန်မဖြစ်ရ။မငြူစူးရ၊ဒေါသမဖြစ်ရပါ။စောစော စီးစီးနိမိတ်မကောင်းသောအမင်္ဂလာသီချင်းများမဖွင့်ရပါ။

အဲဒီ ၅ ချက် ၂ ချက်လောက်လုပ်မိလျှင် လာဒ်တိတ်စေတတ်ပါတယ်။ငွေဝင်ပါလျှင်လည်း အသာလွတ် ပြန်ပြန်ထွက်သွားတတ်ပါသည်။ထို့ကြောင့်အဲဒီ အချက်များကိုရှောင်သင့်ပါသည်။

အားလုံး ငွေကြေး ရတနာများလုပ်ငန်းကောင်းများလှိမ့်ဝင်ကြပြီးအလှူအတန်း ၊ဘာသာရေး၊သာသာနာရေး ပရဟိတ အရေးအတွက်တည်သုံးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း….။

Crd…