ေမြးရာပါ အမွတ္အသား ကုိၾကည့္ျခင္းျဖင့္ သင့္အေၾကာင္းနဲ႔ သင့္ ကံဇာတာ ကုိသိႏုိင္….

Zawgyi

သိပၸံပညာ နဲ႔ ေဆးပညာ အရ ေမြးရာပါ အမွတ္အသား နဲ႔ ခႏၶာကုိယ္ မွာ ပါလာတဲ့ အမွတ္အသား ေတြက မိခင္ ရဲ႕ ဝမ္းဗုိက္သေႏၶတည္ ခ်ိန္မွာ မယ္လ္နင္ ဓာတ္ထုတ္လႊတ္ျခင္းကေန ျဖစ္ေပၚလာျခင္းပဲ ျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ဒီလုိမ်ိဳး ခႏၶာကုိယ္ မွာပါလာတဲ့ ေမြးရာပါ အမွတ္အသား ေတြကုိ ၾကည့္ျခင္းအားျဖင့္ အဲ့ဒီလူရဲ႕ ကံ၊ ဘဝပံုစံ၊ ေရြးခ်ယ္မႈနဲ႔ ကုိယ္ရည္ကုိယ္ေသြးေတြနဲ႔ ႀကိဳတင္ခန္႔မွန္း လုိ႔ရတယ္လုိ႔ လူေတာ္ေတာ္မ်ားမ်ားက ယံုၾကည္ထားပါတယ္။

ဘယ္အစိတ္အပုိင္းမွာျဖစ္ျဖစ္ေမြးရာပါ အမွတ္အသားတစ္ခုပါလာခဲ့ရင္ အဲ့ဒီလူက ဘယ္လုိလူ၊သူ႕ဘဝမွာဘာေတြႀကံဳေတြ႕လာရႏုိင္မလဲဆုိ တာကုိ လူေတြကခန္႔မွန္းေျပာၾကပါတယ္။ ကဲ ဒီေတာ့ ေမြးရာအမွတ္ေတြ ဘယ္အစိတ္အပုိင္းမွာရွိေန တတ္ရင္ ဘာေတြျဖစ္တတ္သလဲဆုိတာ ၾကည့္ရေအာင္..

ႏႈတ္ခမ္း အနားတစ္ဝုိက္မွာ ေမြးရာပါ အမွတ္အသား၊ မဲွ႔လုိ ပါလာခဲ့ရင္…သူက တျခားသူေတြနဲ႔ မတူညီပဲ ကြဲထြက္ေနတဲ့ ပံုစံရွိေနတဲ့သူပါ။ ပြင့္ပြင့္လင္းလင္း ေျပာဆုိတတ္သူျဖစ္ၿပီးေတာ့ တစ္ခုခုကုိဆုိ ပံုေသ နည္းနဲ႔ ခ်ဳပ္ကိုင္ထားတာကုိ မႀကိဳက္ပဲ လြတ္လြတ္လပ္လပ္ေတြးေခၚ တတ္သူမုိ႔လုိ႔ အျခားသူေတြနဲ႔ အျငင္းအခုန္ ျဖစ္ရတဲ့ အေျခအေနမ်ိဳးေတြလည္း ႀကံဳေတြ႕ရမွာပါ။

ဘယ္ဘက္ပါးေပၚ ေမြးရာပါအမွတ္နဲ႔ မွဲ႔ပါလာခဲ့ရင္… ဒါဟာ ျပႆနာ အမွတ္အသား လုိ႔ဆုိရမွာပါ။ ဘဝတစ္ ေလွ်ာက္လံုး ေငြေရးေၾကးေရးအခက္အခဲေတြႀကံဳေတြ႔ရတတ္ပါတယ္။ ဒါေပမယ့္ ကုိယ္ရည္ကုိယ္ ေသြးနဲ႕အရည္အခ်င္းေတြက ဒီအေျခအေနကုိ ေကာင္းေကာင္းထိန္းထားႏုိင္ခဲ့ရင္ ပုိမုိအဆင္ေျပမယ့္ ဘဝပံုစံကုိေတာင္ ရရွိႏုိင္မယ့္ သူပါ။

ဗုိက္သား ေပၚ ေမြးရာပါ အမွတ္ ပါလာခဲ့ရင္… ဘဝမွာ မွ်မွ်တတနဲ႕ အဆင္ေျပေျပေနႏုိင္တဲ့သူပါ။ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းေနရတာကုိ လုိလားၿပီးေတာ့ ပတ္ဝန္းက်င္ က လူေတြကုိလည္း ၿငိမ္းခ်မ္းေစခ်င္ တဲ့သူေတြ ျဖစ္ၾကပါတယ္။ ေပ်ာ္ရႊင္မႈ ေတြကုိ ခ်စ္ရသူေတြနဲ႕ ေဝငွရတာကုိႀကိဳက္ႏွစ္သက္ၿပီးေတာ့ အဆိုးျမင္ တဲ့ စိတ္ေတြ၊ ခံစားခ်က္ေတြကုိေတာ့ ႀကိဳးစားၿပီးေရွာင္ၾကဥ္သင့္သူလည္း ျဖစ္ပါတယ္။

ေမးေစ့ နားမွာ ေမြးရာပါ အမွတ္ ပါလာခဲ့ရင္… ကုိယ္ရည္ကုိယ္ေသြးေကာင္းမြန္ ႀကံ႕ခုိင္ၿပီးေတာ့ ၿပိဳင္ဘက္ေတြထက္ သန္မာတဲ့သူလည္းျဖစ္ပါတယ္။ အျခားသူေတြက စိတ္ဆိုးအမ်က္ထြက္ေအာင္ လုပ္ေနသည့္တုိင္ေအာင္ အၿပံဳးနဲ႔ အၾကင္နာနဲ႔ ျပန္လည္တုန္႔ျပန္တတ္သူလည္းျဖစ္ပါတယ္။

ေက်ာကုန္း မွာ ေမြးရာပါ အမွတ္အသား ပါလာခဲ့ရင္…ဒီလူေတြကေတာ့ ရိုးသားၿပီးေျဖာင့္မတ္မွန္ကန္ သူေတြျဖစ္ပါတယ္။ သူတုိ႔ေတြဟာ မေကာင္းတဲ့လူေတြကုိ ခပ္ေဝးေဝးကေန ေရွာင္ၾကဥ္ေပါင္းသင္း တတ္သူေတြျဖစ္ၾကရာ သူတု႔ိကုိယ္တုိင္လည္း လူေကာင္းတစ္ေယာက္ျဖစ္ဖုိ႔ ႀကိဳးစားေနထုိင္သူေတြ လည္း ျဖစ္ပါတယ္။ ခရက္ဒစ္

Unicode

သိပ္ပံပညာ နဲ့ ဆေးပညာ အရ မွေးရာပါ အမှတ်အသား နဲ့ ခန္ဓာကိုယ် မှာ ပါလာတဲ့ အမှတ်အသား တွေက မိခင် ရဲ့ ဝမ်းဗိုက်သန္ဓေတည် ချိန်မှာ မယ်လ်နင် ဓာတ်ထုတ်လွှတ်ခြင်းကနေ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ခန္ဓာကိုယ် မှာပါလာတဲ့ မွေးရာပါ အမှတ်အသား တွေကို ကြည့်ခြင်းအားဖြင့် အဲ့ဒီလူရဲ့ ကံ၊ ဘဝပုံစံ၊ ရွေးချယ်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကြိုတင်ခန့်မှန်း လို့ရတယ်လို့ လူတော်တော်များများက ယုံကြည်ထားပါတယ်။

ဘယ်အစိတ်အပိုင်းမှာဖြစ်ဖြစ်မွေးရာပါ အမှတ်အသားတစ်ခုပါလာခဲ့ရင် အဲ့ဒီလူက ဘယ်လိုလူ၊သူ့ဘဝမှာဘာတွေကြုံတွေ့လာရနိုင်မလဲဆို တာကို လူတွေကခန့်မှန်းပြောကြပါတယ်။ ကဲ ဒီတော့ မွေးရာအမှတ်တွေ ဘယ်အစိတ်အပိုင်းမှာရှိနေ တတ်ရင် ဘာတွေဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်..

နှုတ်ခမ်း အနားတစ်ဝိုက်မှာ မွေးရာပါ အမှတ်အသား၊ မဲှ့လို ပါလာခဲ့ရင်…သူက တခြားသူတွေနဲ့ မတူညီပဲ ကွဲထွက်နေတဲ့ ပုံစံရှိနေတဲ့သူပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်ပြီးတော့ တစ်ခုခုကိုဆို ပုံသေ နည်းနဲ့ ချုပ်ကိုင်ထားတာကို မကြိုက်ပဲ လွတ်လွတ်လပ်လပ်တွေးခေါ် တတ်သူမို့လို့ အခြားသူတွေနဲ့ အငြင်းအခုန် ဖြစ်ရတဲ့ အခြေအနေမျိုးတွေလည်း ကြုံတွေ့ရမှာပါ။

ဘယ်ဘက်ပါးပေါ် မွေးရာပါအမှတ်နဲ့ မှဲ့ပါလာခဲ့ရင်… ဒါဟာ ပြဿနာ အမှတ်အသား လို့ဆိုရမှာပါ။ ဘဝတစ် လျှောက်လုံး ငွေရေးကြေးရေးအခက်အခဲတွေကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ရည်ကိုယ် သွေးနဲ့အရည်အချင်းတွေက ဒီအခြေအနေကို ကောင်းကောင်းထိန်းထားနိုင်ခဲ့ရင် ပိုမိုအဆင်ပြေမယ့် ဘဝပုံစံကိုတောင် ရရှိနိုင်မယ့် သူပါ။

ဗိုက်သား ပေါ် မွေးရာပါ အမှတ် ပါလာခဲ့ရင်… ဘဝမှာ မျှမျှတတနဲ့ အဆင်ပြေပြေနေနိုင်တဲ့သူပါ။ ငြိမ်းငြိမ်း ချမ်းချမ်းနေရတာကို လိုလားပြီးတော့ ပတ်ဝန်းကျင် က လူတွေကိုလည်း ငြိမ်းချမ်းစေချင် တဲ့သူတွေ ဖြစ်ကြပါတယ်။ ပျော်ရွှင်မှု တွေကို ချစ်ရသူတွေနဲ့ ဝေငှရတာကိုကြိုက်နှစ်သက်ပြီးတော့ အဆိုးမြင် တဲ့ စိတ်တွေ၊ ခံစားချက်တွေကိုတော့ ကြိုးစားပြီးရှောင်ကြဉ်သင့်သူလည်း ဖြစ်ပါတယ်။

မေးစေ့ နားမှာ မွေးရာပါ အမှတ် ပါလာခဲ့ရင်… ကိုယ်ရည်ကိုယ်သွေးကောင်းမွန် ကြံ့ခိုင်ပြီးတော့ ပြိုင်ဘက်တွေထက် သန်မာတဲ့သူလည်းဖြစ်ပါတယ်။ အခြားသူတွေက စိတ်ဆိုးအမျက်ထွက်အောင် လုပ်နေသည့်တိုင်အောင် အပြုံးနဲ့ အကြင်နာနဲ့ ပြန်လည်တုန့်ပြန်တတ်သူလည်းဖြစ်ပါတယ်။

ကျောကုန်း မှာ မွေးရာပါ အမှတ်အသား ပါလာခဲ့ရင်…ဒီလူတွေကတော့ ရိုးသားပြီးဖြောင့်မတ်မှန်ကန် သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ မကောင်းတဲ့လူတွေကို ခပ်ဝေးဝေးကနေ ရှောင်ကြဉ်ပေါင်းသင်း တတ်သူတွေဖြစ်ကြရာ သူတု့ိကိုယ်တိုင်လည်း လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေထိုင်သူတွေ လည်း ဖြစ်ပါတယ်။ ခရက်ဒစ်