ဒ႑ာရီဆန္ေသာ ” သူ​ေယာင္​မယ္​ ၊ သူ​ေယာင္​သီး ” အေၾကာင္း

Zawgyi

ဒ႑ာရီဆန္ေသာ ” သူ​ေယာင္​မယ္​ ၊ သူ​ေယာင္​သီး ” အေၾကာင္း

ဗာရာဏသီျပည္တြင္ ျဗဟၼဒတ္မင္း စိုးစံစဥ္ ဘုရားေလာင္းသည္ ကာသိတိုင္းတြင္ ပုဏၰားမ်ိဳး၌ ျဖစ္၍ကား အတတ္ပညာစုံေသာအခါ၌ ရေသ့ဝတ္ကာ ေတာ၌ေနေလ၏။ တေန႔တြင္ သမင္မတစ္ေကာင္သည္ ဘုရားအေလာင္းရေသ့ က်င္ငယ္စြန႔္ရာအရပ္၌ သုတ္ေရႏွင့္ ေရာေသာျမတ္ကို စားမိကာ ကိုယ္ဝန္တည္ေလ၏။

ထိုအခါမွစ၍ ရေသ့၏ ေက်ာင္းနားမွ မခြါေတာ့ေပ။ ေနာင္အခါ လူသားကေလးငယ္ကို ေမြးဖြားေလ၏။ ဘုရားအေလာင္းသည္ ထိုသူငယ္ကို သားဟူေသာ ခ်စ္ျခင္းျဖင့္ ေမြးျမဴလ်က္ `ဣသိသိဂၤ´ ဟု အမည္ေပးထား၏။ ဘုရားေလာင္းသည္ `ဣသိသိဂၤ´ သိၾကားနားလည္ေသာ အ႐ြယ္သို႔ ေရာက္ေသာအခါ ရေသ့ဝတ္ေပးထား၏။

အသက္အ႐ြယ္ ႀကီးရင့္ေနၿပီျဖစ္ေသာ ဘုရားေလာင္း ရေသ့သည္ ဣသိသိဂၤရေသ့ကို နာရိဝနမည္ေသာ သူေယာင္မယ္ေတာသို႔ ေခၚသြား၍ `တာတ ဣမသၼႎ ဟိမဝေႏၲ ဣေမဟိ ပုေပၹဟိ သဒိသာ ဣတၳိေယာ နာမ ေဟာႏၲိ၊ ( ခ်စ္သား ဤဟိမဝႏၲာ၌ – ဤပန္းတို႔ႏွင့္ တူကုန္ေသာ ဣတၳိယ-ေခၚ မိန္းမတို႔ ရွိကုန္၏။)

တာ အတၱေနာ ဝသံ ဂေတ မဟာဝိနာသံ ပါေပႏၲိ၊ ( ထိုမိန္းမတို႔သည္ မိမိအလိုသို႔ လိုက္ေသာသူတို႔ကို ႀကီးစြာေသာ ပ်က္စီးျခင္းသို႔ ေရာက္ေစၾကကုန္၏။) န တာသံ ဝသံ နာမ ဂႏၲဳံ ဝဋၬတိ၊ (ထိုမိန္းမတို႔၏ အလိုသို႔ လိုက္ပါျခင္းငွါ မသင့္။) ဟု ဆုံးမစကားေျပာၾကားကာ ေနာင္ေသာအခါ ကြယ္လြန္၍ ျဗဟၼာ့ျပည္သို႔ ေရာက္ေလ၏။

ဣသိသိဂၤရေသ့လည္း ရရွိထားေသာ ဈာန္ကိုကစားရင္း ျပင္းျပင္းထန္ထန္ က်င့္ႀကံအားထုတ္ေလရာ သိၾကားမင္း၏ ဗိမာန္ပင္ တုန္လႈပ္ေလ၏။ သိၾကားမင္းသည္ စုံစမ္းဆင္ျခင္၍ ထိုရေသ့၏ သီလတန္ခိုးေၾကာင့္ တုန္လႈပ္ျခင္းျဖစ္ေၾကာင္း သိသျဖင့္ `ငါ့ေနရာကို လိုခ်င္လို႔မ်ားအ႐ြယ္ေရာက္လား´ ဟု ယုံမွားသံသယျဖင့္

ေၾကာက္႐ြံလွသျဖင့္ အလမၺဳသာ မည္ေသာ နတ္သမီးကို ေစလႊတ္၍ ထို ဣသိသိဂၤ ရေသ့၏ သီလကို ဖ်က္ဆီးေလ၏။မိန္းမႏွင့္တူတာဆိုလို႔ ကမလာ-ဟူေသာ သူေယာင္မယ္ႏြယ္ပြင့္ကိုသာ ျမင္ဖူးေသာ ဣသိသိဂၤရေသ့အဖို႔ အလမၺဳသာနတ္သမီး၏ မာယာၫႊတ္ကြင္းသို႔ အလြယ္တကူပင္ သက္ဆင္းမိေလ၏။

အလမၺဳသာနတ္သမီး၏ အထိအေတြ႕မွာ မူးေမ့ကာ ဈာန္တရားတို႔လည္း ကြယ္ေပ်ာက္ခဲ့ရ၏။သတိရ၍ အျဖစ္အပ်က္- အေၾကာင္းစုံကို သိရွိဆင္ျခင္ႏိုင္ေသာအခါ ဖခင္ႀကီး တခ်ိန္က ဆုံးမခဲ့သည္ကို နားမေထာင္မိခဲ့သည့္ အျဖစ္ကို ေနာင္တရမိေလ၏။ ကာမရာဂကို ပယ္၍ ဈာန္ကိုလည္း တဖန္ျဖစ္ေစႏိုင္ခဲ့၏။ ( ဇာတက ႒- ၅- ၁၆၁)

ဤဇာတ္ေတာ္၌ပါေသာ ကမလာ ဝုစၥတိ နာရီပုပၹလတာဟူေသာ ဖြင့္ဆိုခ်က္အရ သူေယာင္မယ္ဟူသည္ အပင္မွသီးေသာ အသီးမ်ိဳးမဟုတ္၊ အႏြယ္မွျဖစ္ေသာ အပြင့္တစ္မ်ိဳးဟု မွတ္အပ္၏။

ထို႔ေၾကာင့္ပင္ သတပဒိက ပုစာၦ ဝိသဇၨနာက်မ္း၌ မန္လည္ဆရာေတာ္က- `ေ႐ႊသူေယာင္၊ မတူေအာင္ လူလိုလွတယ္လို႔၊ ဆိုၾကစကား။ ျမတ္ဘုန္းႂကြယ္၊ ပင္ေစာက္အႏြယ္ႏွင့္၊ သူေယာင္မယ္ ရႈမၿငီးငယ္တို႔၊ သီးပြင့္ေလလား။´ ဟု ေမးအပ္ေသာအေမးကို

မင္းကြန္းဆရာေတာ္က- `ေ႐ႊသူေယာင္၊ မတူေအာင္ လူလိုလွတယ္လို႔၊ ဆိုၾကစကား။ သူေယာင္မယ္၊ အလွသူႂကြယ္လို႔၊ ကမလာႏြယ္ ေခါင္အၫြတ္မွာ၊ ျမဴးကြန႔္ဟန္ အလြန္တင့္တယ္၊ ပန္းပြင့္မွတ္သား။´ ဟု ေျဖၾကားေတာ္မႈပါသည္။ ( အ႒စတၱာလီသမ ပုစာၦႏွင့္ ဝိသဇၨနာ)

သူေယာင္ေတာႏွင့္ ပတ္သက္၍ ပိုမိုျပည့္စုံစြာ သိရေသာက်မ္းမွာ က်ီးသဲေလးထပ္ ဆရာေတာ္၏ မဟာဝင္ ဝတၳဳျဖစ္၏။ ထိုမဟာဝင္ ဝတၱဳက်မ္းမွ ဇမၺဳဒီပစာတမ္းတြင္ သူေယာင္ေတာ (လူ႐ုပ္သီးေသာ ေတာ) ကို ပါဠိလို နာရိဝန-ဟုေခၚေလသည္။

နာရိဝနေခၚ ထိုသူေယာင္ေတာအတြင္းရွိ သစ္ပင္မွသီးေသာ အသီးတို႔သည္ ၁၅-ႏွစ္၊ ၁၆-ႏွစ္အ႐ြယ္ တင့္တယ္ေသာ မိန္းမသ႑ာန္ ေယာက္်ားသ႑ာန္ခ်ည္းသီးကုန္သည္။

ဦးေခါင္းေနရာမွ အညႇာတို႔သည္ျဖစ္ကုန္၏၊ တြဲရ႐ြဲဆြဲလ်က္တည္ကုန္၏၊ ေလခတ္ေသာအခါ ကခုန္ ျမဴးတူးဘိသကဲ့သို႔လည္းေကာင္း၊ တစ္ဦးသည္ တစ္ဦးအား ပိုက္ႏႊဲဖက္ယမ္းဘိသကဲ့သို႔လည္းေကာင္း ျဖစ္ၾကေလသည္။

ထို သူေယာင္ေတာသို႔ ရာဂမကင္းေသာ ဈာနလာဘီ ေဇာ္ဂ်ီ ရေသ့တို႔ေရာက္၍ ျမင္ရလွ်င္ ႐ႊင္လန္းတပ္မက္ေသာ ရာဂစိတ္သည္ ႏွိပ္နယ္၍မရေအာင္ ျဖစ္ၾကေလသည္။

ရာဂကင္းကြာေသာ ရဟႏၲာအရွင္ျမတ္တို႔ေသာ္မွလည္း ထိုအသီးတို႔၏ အသြင္ကိုျမင္လွ်င္ ႐ႊင္လန္းရယ္ျမဴးမိေခ်သည္။ ထိုအသီးတို႔ မွည့္ေသာအခါ ငွက္တို႔သာလွ်င္စားကုန္၏၊ ငွက္စားၿပီး၍ စြန႔္ပစ္အပ္ေသာ အေစ့တို႔၏ ရနံ႔တို႔သည္ သုသာန္ျပင္ကဲ့သို႔ အလြန္လွ်င္ စက္စုပ္ဖြယ္ရွိေလသည္။

ထိုသူေယာင္ေတာသည္ ေတာႀကီး (၇) ေတာမွ တစ္ေတာအပါအဝင္ျဖစ္သည္။ ထိုေတာႀကီး (၇) ေတာတြင္ ျမစ္ႀကီး (၇) စင္းရွိေၾကာင္း သူေယာင္သီးတို႔ကား အလြန္ခ်ိဳေၾကာင္း အညႇာသည္ ဦးေခါင္းမွာရွိ၍ ၁၅-၁၆ႏွစ္အ႐ြယ္ ေခ်ာေမာလွပေသာ လူအသြင္ေတြျဖစ္ေၾကာင္း ေဖာ္ျပထားရွိထားေလသည္။

ဂ်င္းဆင္ပင္ကိုလည္း အခ်ိဳ႕ေလာကီဆရာမ်ားက သူေယာင္ပင္ဟူ၍ လက္ခံထားၾကေလသည္။ ႏွစ္ငါးရာၾကာသြားသည့္ ဂ်င္းဆင္အျမစ္ဥတို႔သည္ ကေလးတစ္ေယာက္ပုံစံျဖစ္လာၿပီး လူတစ္ေယာက္လို အသက္ရွင္သန္ႏိုင္တယ္လို႔ ဆိုၾကပါသည္။ ဒ႑ာရီတစ္ခုပါပဲ။

ခရက္ဒစ္

unicode

ဒဏ္ဍာရီဆန်သော ” သူယောင်မယ် ၊ သူယောင်သီး ” အကြောင်း

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း စိုးစံစဉ် ဘုရားလောင်းသည် ကာသိတိုင်းတွင် ပုဏ္ဏားမျိုး၌ ဖြစ်၍ကား အတတ်ပညာစုံသောအခါ၌ ရသေ့ဝတ်ကာ တော၌နေလေ၏။ တနေ့တွင် သမင်မတစ်ကောင်သည် ဘုရားအလောင်းရသေ့ ကျင်ငယ်စွန့်ရာအရပ်၌ သုတ်ရေနှင့် ရောသောမြတ်ကို စားမိကာ ကိုယ်ဝန်တည်လေ၏။

ထိုအခါမှစ၍ ရသေ့၏ ကျောင်းနားမှ မခွါတော့ပေ။ နောင်အခါ လူသားကလေးငယ်ကို မွေးဖွားလေ၏။ ဘုရားအလောင်းသည် ထိုသူငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူလျက် `ဣသိသိင်္ဂ´ ဟု အမည်ပေးထား၏။ ဘုရားလောင်းသည် `ဣသိသိင်္ဂ´ သိကြားနားလည်သော အရွယ်သို့ ရောက်သောအခါ ရသေ့ဝတ်ပေးထား၏။

အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ဘုရားလောင်း ရသေ့သည် ဣသိသိင်္ဂရသေ့ကို နာရိဝနမည်သော သူယောင်မယ်တောသို့ ခေါ်သွား၍ `တာတ ဣမသ္မိံ ဟိမဝန္တေ ဣမေဟိ ပုပ္ဖေဟိ သဒိသာ ဣတ္ထိယော နာမ ဟောန္တိ၊ ( ချစ်သား ဤဟိမဝန္တာ၌ – ဤပန်းတို့နှင့် တူကုန်သော ဣတ္ထိယ-ခေါ် မိန်းမတို့ ရှိကုန်၏။)

တာ အတ္တနော ဝသံ ဂတေ မဟာဝိနာသံ ပါပေန္တိ၊ ( ထိုမိန်းမတို့သည် မိမိအလိုသို့ လိုက်သောသူတို့ကို ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေကြကုန်၏။) န တာသံ ဝသံ နာမ ဂန္တုံ ဝဋ္ဋတိ၊ (ထိုမိန်းမတို့၏ အလိုသို့ လိုက်ပါခြင်းငှါ မသင့်။) ဟု ဆုံးမစကားပြောကြားကာ နောင်သောအခါ ကွယ်လွန်၍ ဗြဟ္မာ့ပြည်သို့ ရောက်လေ၏။

ဣသိသိင်္ဂရသေ့လည်း ရရှိထားသော ဈာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။ သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်း သိသဖြင့် `ငါ့နေရာကို လိုချင်လို့များအရွယ်ရောက်လား´ ဟု ယုံမှားသံသယဖြင့်

ကြောက်ရွံလှသဖြင့် အလမ္ဗုသာ မည်သော နတ်သမီးကို စေလွှတ်၍ ထို ဣသိသိင်္ဂ ရသေ့၏ သီလကို ဖျက်ဆီးလေ၏။မိန်းမနှင့်တူတာဆိုလို့ ကမလာ-ဟူသော သူယောင်မယ်နွယ်ပွင့်ကိုသာ မြင်ဖူးသော ဣသိသိင်္ဂရသေ့အဖို့ အလမ္ဗုသာနတ်သမီး၏ မာယာညွှတ်ကွင်းသို့ အလွယ်တကူပင် သက်ဆင်းမိလေ၏။

အလမ္ဗုသာနတ်သမီး၏ အထိအတွေ့မှာ မူးမေ့ကာ ဈာန်တရားတို့လည်း ကွယ်ပျောက်ခဲ့ရ၏။သတိရ၍ အဖြစ်အပျက်- အကြောင်းစုံကို သိရှိဆင်ခြင်နိုင်သောအခါ ဖခင်ကြီး တချိန်က ဆုံးမခဲ့သည်ကို နားမထောင်မိခဲ့သည့် အဖြစ်ကို နောင်တရမိလေ၏။ ကာမရာဂကို ပယ်၍ ဈာန်ကိုလည်း တဖန်ဖြစ်စေနိုင်ခဲ့၏။ ( ဇာတက ဋ္ဌ- ၅- ၁၆၁)

ဤဇာတ်တော်၌ပါသော ကမလာ ဝုစ္စတိ နာရီပုပ္ဖလတာဟူသော ဖွင့်ဆိုချက်အရ သူယောင်မယ်ဟူသည် အပင်မှသီးသော အသီးမျိုးမဟုတ်၊ အနွယ်မှဖြစ်သော အပွင့်တစ်မျိုးဟု မှတ်အပ်၏။

ထို့ကြောင့်ပင် သတပဒိက ပုစ္ဆာ ဝိသဇ္ဇနာကျမ်း၌ မန်လည်ဆရာတော်က- `ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။ မြတ်ဘုန်းကြွယ်၊ ပင်စောက်အနွယ်နှင့်၊ သူယောင်မယ် ရှုမငြီးငယ်တို့၊ သီးပွင့်လေလား။´ ဟု မေးအပ်သောအမေးကို

မင်းကွန်းဆရာတော်က- `ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။ သူယောင်မယ်၊ အလှသူကြွယ်လို့၊ ကမလာနွယ် ခေါင်အညွတ်မှာ၊ မြူးကွန့်ဟန် အလွန်တင့်တယ်၊ ပန်းပွင့်မှတ်သား။´ ဟု ဖြေကြားတော်မှုပါသည်။ ( အဋ္ဌစတ္တာလီသမ ပုစ္ဆာနှင့် ဝိသဇ္ဇနာ)

သူယောင်တောနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ သိရသောကျမ်းမှာ ကျီးသဲလေးထပ် ဆရာတော်၏ မဟာဝင် ဝတ္ထုဖြစ်၏။ ထိုမဟာဝင် ဝတ္တုကျမ်းမှ ဇမ္ဗုဒီပစာတမ်းတွင် သူယောင်တော (လူရုပ်သီးသော တော) ကို ပါဠိလို နာရိဝန-ဟုခေါ်လေသည်။

နာရိဝနခေါ် ထိုသူယောင်တောအတွင်းရှိ သစ်ပင်မှသီးသော အသီးတို့သည် ၁၅-နှစ်၊ ၁၆-နှစ်အရွယ် တင့်တယ်သော မိန်းမသဏ္ဍာန် ယောက်ျားသဏ္ဍာန်ချည်းသီးကုန်သည်။

ဦးခေါင်းနေရာမှ အညှာတို့သည်ဖြစ်ကုန်၏၊ တွဲရရွဲဆွဲလျက်တည်ကုန်၏၊ လေခတ်သောအခါ ကခုန် မြူးတူးဘိသကဲ့သို့လည်းကောင်း၊ တစ်ဦးသည် တစ်ဦးအား ပိုက်နွှဲဖက်ယမ်းဘိသကဲ့သို့လည်းကောင်း ဖြစ်ကြလေသည်။

ထို သူယောင်တောသို့ ရာဂမကင်းသော ဈာနလာဘီ ဇော်ဂျီ ရသေ့တို့ရောက်၍ မြင်ရလျှင် ရွှင်လန်းတပ်မက်သော ရာဂစိတ်သည် နှိပ်နယ်၍မရအောင် ဖြစ်ကြလေသည်။

ရာဂကင်းကွာသော ရဟန္တာအရှင်မြတ်တို့သော်မှလည်း ထိုအသီးတို့၏ အသွင်ကိုမြင်လျှင် ရွှင်လန်းရယ်မြူးမိချေသည်။ ထိုအသီးတို့ မှည့်သောအခါ ငှက်တို့သာလျှင်စားကုန်၏၊ ငှက်စားပြီး၍ စွန့်ပစ်အပ်သော အစေ့တို့၏ ရနံ့တို့သည် သုသာန်ပြင်ကဲ့သို့ အလွန်လျှင် စက်စုပ်ဖွယ်ရှိလေသည်။

ထိုသူယောင်တောသည် တောကြီး (၇) တောမှ တစ်တောအပါအဝင်ဖြစ်သည်။ ထိုတောကြီး (၇) တောတွင် မြစ်ကြီး (၇) စင်းရှိကြောင်း သူယောင်သီးတို့ကား အလွန်ချိုကြောင်း အညှာသည် ဦးခေါင်းမှာရှိ၍ ၁၅-၁၆နှစ်အရွယ် ချောမောလှပသော လူအသွင်တွေဖြစ်ကြောင်း ဖော်ပြထားရှိထားလေသည်။

ဂျင်းဆင်ပင်ကိုလည်း အချို့လောကီဆရာများက သူယောင်ပင်ဟူ၍ လက်ခံထားကြလေသည်။ နှစ်ငါးရာကြာသွားသည့် ဂျင်းဆင်အမြစ်ဥတို့သည် ကလေးတစ်ယောက်ပုံစံဖြစ်လာပြီး လူတစ်ယောက်လို အသက်ရှင်သန်နိုင်တယ်လို့ ဆိုကြပါသည်။ ဒဏ္ဍာရီတစ်ခုပါပဲ။

ခရက်ဒစ်