မီတာ ၁၂၀၀ အျမင့္ရွိေခ်ာက္ကမ္းပါးကို ခိုတြဲထားတဲ့ ၇၀၀ နီးပါးရွိတဲ့သစ္သားေသတၱာမ်ားရဲ႕ေနာက္ကြယ္ရွိအျဖစ္မွန္

Zawgyi

မီတာ ၁၂၀၀ အျမင့္ရွိေခ်ာက္ကမ္းပါးကို ခိုတြဲထားတဲ့ ၇၀၀ နီးပါးရွိတဲ့သစ္သားေသတၱာမ်ားရဲ႕ေနာက္ကြယ္ရွိအျဖစ္မွန္

ကမာၻေပၚရွိအျခားႏိုင္ငံမ်ားနည္းတူ တ႐ုတ္ႏိုင္ငံမွာလည္း ပ်ားမ်ိဳးစိတ္မ်ားစြာမ်ိဳးသုဥ္း ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနသလိုအခ်ိဳ႕ေသာမ်ိဳးစိတ္မ်ားမွာ မ်ိဳးသုဥ္းသြားခဲ့ၿပီ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ Hubei ျပည္နယ္ Shennongjiaအမ်ိဳးသားဥယ်ာဥ္အလယ္ဗဟိုရွိမတ္ေစာက္တဲ့ေခ်ာက္ကမ္းပါးတစ္ခုေပၚကေန တြဲေလာင္းခ်ထားတဲ့ သစ္သားေသတၱာရာေပါင္းမ်ားစြာရွိရတဲ့အေၾကာင္းမွာ ၁၉ ရာစုမွာ သိပၸံအမည္ Apis mellifera ျဖစ္တဲ့ ဥေရာပပ်ားမ်ိဳးစိတ္ေပၚေပါက္လာခဲ့ၿပီး ၎တို႔အား ႏိုင္ငံအတြင္း ျပန္လည္တင္သြင္းဖို႔အတြက္ေၾကာင့္ဘဲျဖစ္ပါတယ္။

ထို႔ေနာက္ ပ်ားမ်ိဳးစိတ္အသစ္မ်ားက်ဴးေက်ာ္မႈရဲ႕အက်ိဳးဆက္ကိုကာကြယ္ရန္ Shennongjia အမ်ိဳးသားဥယ်ာဥ္ဟာ၎ပ်ားမ်ိဳးစိတ္မ်ားကိုထားရွိဖို႔ ေနရာတစ္ တစ္ခုျဖစ္လာခဲ့ပါတယ္။၎တို႔ရဲ႕ပ်ားမ်ိဳးစိတ္ထိန္းသိမ္းတဲ့နည္းလမ္းက ထူးျခားပါတယ္။

ပ်ားမ်ားအတြက္ ေနရာအျဖစ္ သစ္သားေသတၱာမ်ားျပဳလုပ္ၿပီး ျမင့္တဲ့ေခ်ာက္ကမ္းပါးမွာ တြဲေလာင္းခ်ိတ္ဆြဲထားခဲ့ၾကပါတယ္။ ဒီနည္းအားျဖင့္ ပ်ားရည္မ်ားကို ေသာက္သုံးတတ္ၾကတဲ့အႏၲရာယ္ေကာင္မ်ားရဲ႕ရန္မွ ကာကြယ္ေစခဲ့ပါတယ္။

သစ္သားေသတၱာအလုံးေပါင္း ၇၀၀ ကိုဒီဇိုင္းထုတ္လုပ္ၿပီး ပ်ားမ်ားရဲ႕အာ႐ုံကိုဆြဲေဆာင္ဖမ္းစားႏိုင္ဖို႔ပင္လယ္ေရမ်က္ႏွာျပင္ကေန ၁.၂ကီလိုမီတာျမင့္တဲ့၎ေခ်ာက္ကမ္းပါးေပၚမွာ ခ်ိတ္ဆြဲခဲ့ၾကပါတယ္။

ဒီမွ်ျမင့္မားတဲ့ ေခ်ာက္ကမ္းပါးေပၚရွိ ေသတၱာမ်ားရွိရာသို႔ေရာက္လာတဲ့အခါ ပ်ားေမြးျမဴသူအေနနဲ႔က ပ်ားသစ္သားေသတၱာတစ္လုံးကိုသာ ယူခ်ကာ ထုတ္ၾကည့္ႏိုင္ပါတယ္။ဌာေနတိုင္းရင္းသားမ်ားရဲ႕၎ကဲ့သို႔ေသာ တီထြင္ဆန္းသစ္မႈဟာ ကုလသမဂၢပညာေရး၊ သိပၸံႏွင့္ယဥ္ေက်းမႈအဖြဲ႕ မွ ပ်ားမ်ားသီးသန႔္ေနရာတစ္ခုအျဖစ္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။

တ႐ုတ္ႏိုင္ငံမွာရွိ ထိုေဒသမွာ မတူညီတဲ့ရာသီဥတုမ်ားရွိတဲ့အျပင္ ပန္းမန္ႏွင့္အပင္မ်ိဳးစုံရွိတာေၾကာင့္ Shennongjia အမ်ိဳးသားဥယ်ာဥ္ရွိ ေခ်ာက္ကမ္းပါးေပၚမွာ ပ်ားမ်ားထားရွိရန္ ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။

ထိုေနရာကသာ ပ်ားမ်ားရွင္သန္ရန္၊ ဖြံ႕ၿဖိဳးတိုးတက္ရန္ ႏွင့္ ေဒသခံမ်ားအေနျဖင့္ပ်ားမ်ားမ်ိဳးသုဥ္းျခင္းကိုကာကြယ္ေပးႏိုင္မဲ့ စံျပပတ္ဝန္းက်င္တစ္ခုဘဲျဖစ္ပါတယ္။ Bee World Project အရ တ႐ုတ္ဟာ လက္ရွိမွာ ကမာၻ႔ပ်ားရည္ရဲ႕ထက္ဝက္ကိုေထာက္ပံ့ေပးေနေၾကာင္း သိရပါတယ္။

unicode

မီတာ ၁၂၀၀ အမြင့်ရှိချောက်ကမ်းပါးကို ခိုတွဲထားတဲ့ ၇၀၀ နီးပါးရှိတဲ့သစ်သားသေတ္တာများရဲ့နောက်ကွယ်ရှိအဖြစ်မှန်

ကမ္ဘာပေါ်ရှိအခြားနိုင်ငံများနည်းတူ တရုတ်နိုင်ငံမှာလည်း ပျားမျိုးစိတ်များစွာမျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသလိုအချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ Hubei ပြည်နယ် Shennongjiaအမျိုးသားဥယျာဉ်အလယ်ဗဟိုရှိမတ်စောက်တဲ့ချောက်ကမ်းပါးတစ်ခုပေါ်ကနေ တွဲလောင်းချထားတဲ့ သစ်သားသေတ္တာရာပေါင်းများစွာရှိရတဲ့အကြောင်းမှာ ၁၉ ရာစုမှာ သိပ္ပံအမည် Apis mellifera ဖြစ်တဲ့ ဥရောပပျားမျိုးစိတ်ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အား နိုင်ငံအတွင်း ပြန်လည်တင်သွင်းဖို့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။

ထို့နောက် ပျားမျိုးစိတ်အသစ်များကျူးကျော်မှုရဲ့အကျိုးဆက်ကိုကာကွယ်ရန် Shennongjia အမျိုးသားဥယျာဉ်ဟာ၎င်းပျားမျိုးစိတ်များကိုထားရှိဖို့ နေရာတစ် တစ်ခုဖြစ်လာခဲ့ပါတယ်။၎င်းတို့ရဲ့ပျားမျိုးစိတ်ထိန်းသိမ်းတဲ့နည်းလမ်းက ထူးခြားပါတယ်။

ပျားများအတွက် နေရာအဖြစ် သစ်သားသေတ္တာများပြုလုပ်ပြီး မြင့်တဲ့ချောက်ကမ်းပါးမှာ တွဲလောင်းချိတ်ဆွဲထားခဲ့ကြပါတယ်။ ဒီနည်းအားဖြင့် ပျားရည်များကို သောက်သုံးတတ်ကြတဲ့အန္တရာယ်ကောင်များရဲ့ရန်မှ ကာကွယ်စေခဲ့ပါတယ်။

သစ်သားသေတ္တာအလုံးပေါင်း ၇၀၀ ကိုဒီဇိုင်းထုတ်လုပ်ပြီး ပျားများရဲ့အာရုံကိုဆွဲဆောင်ဖမ်းစားနိုင်ဖို့ပင်လယ်ရေမျက်နှာပြင်ကနေ ၁.၂ကီလိုမီတာမြင့်တဲ့၎င်းချောက်ကမ်းပါးပေါ်မှာ ချိတ်ဆွဲခဲ့ကြပါတယ်။

ဒီမျှမြင့်မားတဲ့ ချောက်ကမ်းပါးပေါ်ရှိ သေတ္တာများရှိရာသို့ရောက်လာတဲ့အခါ ပျားမွေးမြူသူအနေနဲ့က ပျားသစ်သားသေတ္တာတစ်လုံးကိုသာ ယူချကာ ထုတ်ကြည့်နိုင်ပါတယ်။ဌာနေတိုင်းရင်းသားများရဲ့၎င်းကဲ့သို့သော တီထွင်ဆန်းသစ်မှုဟာ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ မှ ပျားများသီးသန့်နေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာရှိ ထိုဒေသမှာ မတူညီတဲ့ရာသီဥတုများရှိတဲ့အပြင် ပန်းမန်နှင့်အပင်မျိုးစုံရှိတာကြောင့် Shennongjia အမျိုးသားဥယျာဉ်ရှိ ချောက်ကမ်းပါးပေါ်မှာ ပျားများထားရှိရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ထိုနေရာကသာ ပျားများရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန် နှင့် ဒေသခံများအနေဖြင့်ပျားများမျိုးသုဉ်းခြင်းကိုကာကွယ်ပေးနိုင်မဲ့ စံပြပတ်ဝန်းကျင်တစ်ခုဘဲဖြစ်ပါတယ်။ Bee World Project အရ တရုတ်ဟာ လက်ရှိမှာ ကမ္ဘာ့ပျားရည်ရဲ့ထက်ဝက်ကိုထောက်ပံ့ပေးနေကြောင်း သိရပါတယ်။