ထူးထူးဆန္းဆန္း အပင္ေတြ႕ရင္ လက္အုပ္ေလးခ်ီ ဖူးၾကတဲ့ ေ႐ႊျမန္မာမ်ားႏွင့္ ပဒုမၼာ ငွက္ေပ်ာပန္း

Zawgyi

ထူးထူးဆန္းဆန္း အပင္ေတြ႕ရင္ လက္အုပ္ေလးခ်ီ ဖူးၾကတဲ့ ေ႐ႊျမန္မာမ်ားႏွင့္ ပဒုမၼာ ငွက္ေပ်ာပန္း

မိတ္ေဆြတေယာက္ ဒီအပင္ပုံနဲ႔ ေမးလာတယ္၊ သူ႔အေနနဲ႔ ထူးဆန္းလို႔ေနမွာ.. က်ေနာ့္အတြက္ေတာ့ ငွက္ေျပာပင္တပင္ထက္မပို.. မုံ႐ြာၿမိဳ႕နယ္ သာစည္႐ြာအနီး ဆည္ေတာ္ျမင္ (ေပၚေတာ္မူ) ေစတီေတာ္ႀကီး ရင္ျပင္ ေတာ္ေပၚမွာ ဒီအပင္ကိုေတြ႕ခဲ့ရသည္..

လူအမ်ားဝိုင္းအုံၿပီး အထူးအဆန္းသဖြယ္ ၾကည့္ေနၾကသည္..အပင္နဲ႔အတူတူ ဓာတ္ပုံတြဲ႐ိုက္ၾကသည္.. အခ်ိဳ႕က လက္အုပ္ေလးေတြခ်ီလို႔ တ႐ိုတေသ ဖူးၾကသည္.. အပင္အမည္ကိုလည္း ဆင္လက္ေမာင္းေတာ္ ငွက္ေပ်ာ ငွက္ေပ်ာပေဒသာ စသည္ျဖင့္ အဆင္ေျပသလို ေခၚေဝၚၾကသည္..

Wikipedia ထဲတြင္ အပင္၏ မူရင္းေဒသက တ႐ုပ္ျပည္ ယူနန္ေဒသကျဖစ္သည္.. အျမင့္ေပ ၂၅၀၀ မီတာ ရွိသည့္ ေတာင္တန္းေတြအေပၚမွာ ေပါက္ေသာ အပင္ျဖစ္သည္.. မပြင့္မီ အဖူးဘဝတြင္ ပဒုမၼာၾကာဖူးႏွင့္ တူလွသည္.. ငွက္ေပ်ာပင္ေတြလို ပန္းခိုင္က ေဘးကိုငိုက္မက်ဘဲ ထိပ္က ထြက္ေနလို႔ အလြန္လွသည္..

စိုက္ပ်ိဳးၿပီး တႏွစ္ေက်ာ္မွပြင့္ေလ့ရွိသည္.. ပန္းပြင့္လွ်င္ ရက္မ်ားစြာၾကာသည္.. ဘုရားႏွင့္ လိုက္ဖက္လြန္းသည္.. ဒါ့ေၾကာင့္လည္း တ႐ုပ္ေတြက ေ႐ႊဝါေရာင္ ပဒုမၼာငွက္ေပ်ာ လို႔ေပးခဲ့တာျဖစ္မည္..

Checklist 2003 ထဲမွာေတာ့ အပင္အမည္ ကို Musella lasiocarpa ေခၚၿပီး မႏၲေလး တဝိုက္တြင္ေပါက္သည္လို႔ ေရးသားမွတ္တမ္းျပဳထားပါတယ္.. Taxonomist တေယာက္အတြက္ေတာ့ ဘုရားလည္းဖူးရင္း အပင္တပင္လည္းသိရင္းေပါ့..

ငွက္ေပ်ာပညာရွင္ တူမကေတာ့ “အမရပူရမွာ ရာဇမတ္ကာၿပီးကို စိုက္ထားတာ.. ပြင့္ရင္ လာဘ္လာဘေကာင္းတယ္ ဆိုၿပီးအယူရွိပုံရတယ္” အခ်ိဳ႕ ဘုရားေတြမွာ စိုက္ထားၿပီး ပန္းပြင့္ရင္ အေမႊးတိုင္နဲ႔ေတာင္ ပူေဇာ္ပသၾကတယ္ဆိုတယ္..

ဗုဒၶဘာသာဝင္တေယာက္အေနနဲ႔ေတာ့ အလွစိုက္ပန္းပင္တပင္ကို မပူေဇာ္သင့္ပါဘူး.. မသိနားမလည္ေသာ သူမ်ားအေပၚလည္း အျမတ္မထုတ္သင့္ပါ.. ႐ုကၡေဗဒပညာရွင္အျမင္နဲ႔ ေျပာရရင္ ဒါက ငွက္ေျပာပင္တပင္ပါ..

ကိုယ္တို႔ဆီမွာသာ ရာဇမတ္ကာရတာနဲ႔ ေ႐ႊရည္ေငြရည္ျဖန္းရတာနဲ႔၊ အေမႊးတိုင္ပတ္လယ္စိုက္ရတာနဲ႔ တယုတယ လုပ္ေနၾကတာ၊ ယူနန္မွာေတာ့ ေပါလြန္းလို႔ ခုတ္ၿပီး ဝက္စာ ေကြၽးပစ္တယ္ဆိုဘဲ၊ ကဲ.. မခက္ေပဘူးလား..

unicode

ထူးထူးဆန်းဆန်း အပင်တွေ့ရင် လက်အုပ်လေးချီ ဖူးကြတဲ့ ရွှေမြန်မာများနှင့် ပဒုမ္မာ ငှက်ပျောပန်း

မိတ်ဆွေတယောက် ဒီအပင်ပုံနဲ့ မေးလာတယ်၊ သူ့အနေနဲ့ ထူးဆန်းလို့နေမှာ.. ကျနော့်အတွက်တော့ ငှက်ပြောပင်တပင်ထက်မပို.. မုံရွာမြို့နယ် သာစည်ရွာအနီး ဆည်တော်မြင် (ပေါ်တော်မူ) စေတီတော်ကြီး ရင်ပြင် တော်ပေါ်မှာ ဒီအပင်ကိုတွေ့ခဲ့ရသည်..

လူအများဝိုင်းအုံပြီး အထူးအဆန်းသဖွယ် ကြည့်နေကြသည်..အပင်နဲ့အတူတူ ဓာတ်ပုံတွဲရိုက်ကြသည်.. အချို့က လက်အုပ်လေးတွေချီလို့ တရိုတသေ ဖူးကြသည်.. အပင်အမည်ကိုလည်း ဆင်လက်မောင်းတော် ငှက်ပျော ငှက်ပျောပဒေသာ စသည်ဖြင့် အဆင်ပြေသလို ခေါ်ဝေါ်ကြသည်..

Wikipedia ထဲတွင် အပင်၏ မူရင်းဒေသက တရုပ်ပြည် ယူနန်ဒေသကဖြစ်သည်.. အမြင့်ပေ ၂၅၀၀ မီတာ ရှိသည့် တောင်တန်းတွေအပေါ်မှာ ပေါက်သော အပင်ဖြစ်သည်.. မပွင့်မီ အဖူးဘဝတွင် ပဒုမ္မာကြာဖူးနှင့် တူလှသည်.. ငှက်ပျောပင်တွေလို ပန်းခိုင်က ဘေးကိုငိုက်မကျဘဲ ထိပ်က ထွက်နေလို့ အလွန်လှသည်..

စိုက်ပျိုးပြီး တနှစ်ကျော်မှပွင့်လေ့ရှိသည်.. ပန်းပွင့်လျှင် ရက်များစွာကြာသည်.. ဘုရားနှင့် လိုက်ဖက်လွန်းသည်.. ဒါ့ကြောင့်လည်း တရုပ်တွေက ရွှေဝါရောင် ပဒုမ္မာငှက်ပျော လို့ပေးခဲ့တာဖြစ်မည်..

Checklist 2003 ထဲမှာတော့ အပင်အမည် ကို Musella lasiocarpa ခေါ်ပြီး မန္တလေး တဝိုက်တွင်ပေါက်သည်လို့ ရေးသားမှတ်တမ်းပြုထားပါတယ်.. Taxonomist တယောက်အတွက်တော့ ဘုရားလည်းဖူးရင်း အပင်တပင်လည်းသိရင်းပေါ့..

ငှက်ပျောပညာရှင် တူမကတော့ “အမရပူရမှာ ရာဇမတ်ကာပြီးကို စိုက်ထားတာ.. ပွင့်ရင် လာဘ်လာဘကောင်းတယ် ဆိုပြီးအယူရှိပုံရတယ်” အချို့ ဘုရားတွေမှာ စိုက်ထားပြီး ပန်းပွင့်ရင် အမွှေးတိုင်နဲ့တောင် ပူဇော်ပသကြတယ်ဆိုတယ်..

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တော့ အလှစိုက်ပန်းပင်တပင်ကို မပူဇော်သင့်ပါဘူး.. မသိနားမလည်သော သူများအပေါ်လည်း အမြတ်မထုတ်သင့်ပါ.. ရုက္ခဗေဒပညာရှင်အမြင်နဲ့ ပြောရရင် ဒါက ငှက်ပြောပင်တပင်ပါ..

ကိုယ်တို့ဆီမှာသာ ရာဇမတ်ကာရတာနဲ့ ရွှေရည်ငွေရည်ဖြန်းရတာနဲ့၊ အမွှေးတိုင်ပတ်လယ်စိုက်ရတာနဲ့ တယုတယ လုပ်နေကြတာ၊ ယူနန်မှာတော့ ပေါလွန်းလို့ ခုတ်ပြီး ဝက်စာ ကျွေးပစ်တယ်ဆိုဘဲ၊ ကဲ.. မခက်ပေဘူးလား..