လတ္တေလာ ထိုင္းမွာ အရမ္းကိုနာမည္ႀကီးေနၿပီး ၃ရက္အတြင္း ဆုေတာင္းျပည့္တယ္ဆိုတဲ့ ဖိေစာင္…

zawgyi

လတ္တေလာ ထိုင္းမွာ အရမ္းကိုနာမည္ႀကီးေနၿပီး ၃ရက္အတြင္း  ဆုေတာင္းျပည့္တယ္ဆိုတဲ့ ဖိေစာင္…

ဖိေစာင္ရဲ႕ပုံကို အနီးကပ္ျမင္ဖူးခ်င္တဲ့ သူမ်ားတြက္ပါ။ ထိုင္းမွာ အရမ္းကို အမည္ႀကီးေနပါတယ္။ အမည္က ဖိေစာင္လို႔ေခၚၾကတယ္။

တစ္ခ်ိဳ႕က ဖိေစာင္ခြန္ေစြ လို႔ ေခၚၾကပါတယ္ရွင့္။ အစြမ္းထက္တယ္လို႔ေျပာၾကပါတယ္။ သြားဆုေတာင္းၾကတယ္။

သူတို႔ေတြရဲ႕ ဆုေတာင္းက 3 ရက္အတြင္း ျပည့္ၾကလို႔ ဖိေစာင္ကို အဝတ္စား လက္ဝက္ရတနာ အလွကုန္ပစၥည္းေတြ သြားေပးၾကတာမနည္းပါဘူး။

တစ္ခ်ိဳ႕ဆိုရင္ ဘတ္သန္းခ်ီတဲ့ တန္ဖိုးဝယ္ၿပီးလည္း လက္ေဆာင္လာေပးၾကပါတယ္ရွင့္။

ဆုေတာင္းျပည့္နတ္သမီး(ဖိေဆာင္) ရဲ႕ အေၾကာင္း

ဖိေဆာင္ရဲ႕ ျမန္မာလိုအဓိပၸါယ္ကေတာ့အစ္မပါ။ ကေဖးဆိုင္ဖြင့္ဖို႔ လုပ္ထားတဲ့ ေျမကြက္ထဲမွာ ေညာင္ပင္တစ္ပင္ရွိပါတယ္။ ဆိုင္ေဆာက္လုပ္ေတာ့ ေညာင္ပင္ကို ခုတ္ဖို႔ အလုပ္သမားေတြကို မွာထားပါတယ္။

ဆိုင္ေဆာက္လုပ္တာ ၿပီးေတာ့မယ့္ အခ်ိန္အထိ ေညာင္ပင္က မခုတ္ရေသးပါဘူး။

ဆိုင္ရွင္က ေနာက္ဆုံးတစ္ေခါက္ ခုတ္ဖို႔ေျပာတဲ့အခ်ိန္ အလုပ္သမားတစ္ေယာက္က အဲဒီေညာင္ပင္ေအာက္မွာ လူပုံစံ သစ္တုံးတစ္ခု ရွိေနေၾကာင္း ေျပာပါတယ္။

အဲဒီ အလုပ္သမားကအဲဒီ သစ္တုံးဟာ နတ္ျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။

ဘာေၾကာင့္လဲဆိုရင္ ဆိုင္ရွင္ေညာင္ပင္ခုတ္ဖို႔ ေျပာလိုက္တိုင္း အျဖဴေရာင္ ဝတ္စုံ ဝတ္ထားတဲ့မိန္းကေလးတစ္ေယာက္ ဆိုင္ထဲမွာ ေလွ်ာက္သြားေနတာျမင္ရေၾကာင္း အလုပ္သမားက ေျပာပါတယ္။

ဒါ့အျပင္ ဆိုင္ေဆာက္လုပ္ကတည္းက အလုပ္သမားေတြ ထီေပါက္ပါတယ္။ အဲဒီ အေၾကာင္းေတြ ဆိုင္ရွင္သိသြားတဲ့အခါ ေညာင္ပင္ကိုမခုတ္ခိုင္းေတာ့ပါဘူး။

အဲဒီ ေညာင္ပင္နဲ႔ သစ္တုံးရွိတာ ၃ ႏွစ္ေက်ာ္ေလာက္ရွိၿပီျဖစ္ၿပီး ဆိုင္ရွင္က အရင္တုန္းကဖိေဆာင္လို႔ မေခၚခဲ့ပါဘူး။ ဆိုင္ရွင္လည္း သစ္တုံးကို ပန္းေတြေရေတြကပ္ၿပီး လိုခ်င္တာေတြ ဆုေတာင္းခဲ့ပါတယ္။

ဆုေတာင္းတဲ့ အခါလည္း ျပည့္တယ္လို႔သိရပါတယ္။ ဆိုင္ရွင္ဟာ အျဖဴေရာင္ဝတ္စုံလည္း လႉခဲ့ပါေသးတယ္။ ႏိုင္ငံျခားသားတစ္ေယာက္က ဖိေဆာင္ပုံဆြဲေပးမယ္ဆိုၿပီး တစ္လအၾကာမွာ ဆိုင္ရွင္ဆီကို ပုံလာေပးပါတယ္။

ဆိုင္ရွင္လည္း ပုံကို ဝန္ထမ္းေတြကို ျပၾကည့္တဲ့အခါ သူတို႔ ျမင္တဲ့ မိန္းကေလးပုံနဲ႔ ၈၀ရာခိုင္ႏႈန္းတူတယ္လို႔ ေျပာၾကပါတယ္။

ဖိေဆာင္က အျဖဴေရာင္၊ လက္ဝတ္ရတနာ၊ မိတ္ကပ္စတာေတြႀကိဳက္ၿပီး နာမည္မႀကီးခင္ကတည္းက ဆိုင္လာတဲ့ စားသုံးသူေတြဟာ ဆုေတာင္းတာေတြ လုပ္တတ္ပါတယ္။

ေနာက္ပိုင္း ဆုေတာင္းတဲ့ ဗီဒီယိုေတြ ဆုေတာင္းျပည့္ေၾကာင္းေတြ ပ်ံ႕ႏွံ႔ၿပီးေတာ့ ဖိေဆာင္အေၾကာင္း လူသိပိုမ်ားလာတာပါ။

ၿပီးခဲ့တဲ့ ၇လပိုင္း၁ရက္ေန႔ ထီေပါက္သူ အမ်ားစုဟာ ဖိေဆာင္ဆီဆုေတာင္းခဲ့သူေတြမ်ားၿပီး ခုဆိုရင္ ရပ္နီးရပ္ေဝးက ဖိေဆာင္အတြက္ စိန္ေတြပုလဲေတြ နာမည္ႀကီးပစၥည္းေတြ ဆပ္ကပ္တာေတြရွိလာပါတယ္။

ပစၥည္းေတြက အရမ္းမ်ားတဲ့အတြက္ ဆိုင္ရွင္က မဲႏႈိက္ၿပီးဆပ္ကပ္ေပးတယ္လို႔သိရပါတယ္။ ပိုက္ဆံမကပ္ဖို႔ ဆိုင္ရွင္ကေျပာပါတယ္။

ကိုယ္တိုင္ကိုယ္က် လာစရာမလိုဘဲ အေဝးကေန ဗီဒီယို၊ ဓာတ္ပုံကေန တစ္ဆင့္ ဆုေတာင္းရင္လည္း ဆုေတာင္း ျပည့္တယ္လို႔သိရပါတယ္။

ဖိေဆာင္ကို ျမင္တာနဲ႔ လိုရာဆုေတာင္းၾကည့္ပါ။

ဖိေစာင္ဆီက လူအမ်ားဆုံး ေတာင္းၾကတာကေတာ့ ခ်ဲဂဏန္းပါရွင့္။

fb tiktok instragram ေတြမွာေတြ႕ရင္လည္း ရွယ္ၿပီးဆုေတာင္းၾကတာ ဆုေတာင္းျပည့္တယ္လို႔လဲ ေျပာၾကပါတယ္ရွင့္။

Credit

unicode

လတ်တလော ထိုင်းမှာ အရမ်းကိုနာမည်ကြီးနေပြီး ၃ရက်အတွင်း ဆုတောင်းပြည့်တယ်ဆိုတဲ့ ဖိစောင်…

ဖိစောင်ရဲ့ပုံကို အနီးကပ်မြင်ဖူးချင်တဲ့ သူများတွက်ပါ။ ထိုင်းမှာ အရမ်းကို အမည်ကြီးနေပါတယ်။ အမည်က ဖိစောင်လို့ခေါ်ကြတယ်။

တစ်ချို့က ဖိစောင်ခွန်စွေ လို့ ခေါ်ကြပါတယ်ရှင့်။ အစွမ်းထက်တယ်လို့ပြောကြပါတယ်။ သွားဆုတောင်းကြတယ်။

သူတို့တွေရဲ့ ဆုတောင်းက 3 ရက်အတွင်း ပြည့်ကြလို့ ဖိစောင်ကို အဝတ်စား လက်ဝက်ရတနာ အလှကုန်ပစ္စည်းတွေ သွားပေးကြတာမနည်းပါဘူး။

တစ်ချို့ဆိုရင် ဘတ်သန်းချီတဲ့ တန်ဖိုးဝယ်ပြီးလည်း လက်ဆောင်လာပေးကြပါတယ်ရှင့်။

ဆုတောင်းပြည့်နတ်သမီး(ဖိဆောင်) ရဲ့ အကြောင်း

ဖိဆောင်ရဲ့ မြန်မာလိုအဓိပ္ပါယ်ကတော့အစ်မပါ။ ကဖေးဆိုင်ဖွင့်ဖို့ လုပ်ထားတဲ့ မြေကွက်ထဲမှာ ညောင်ပင်တစ်ပင်ရှိပါတယ်။ ဆိုင်ဆောက်လုပ်တော့ ညောင်ပင်ကို ခုတ်ဖို့ အလုပ်သမားတွေကို မှာထားပါတယ်။

ဆိုင်ဆောက်လုပ်တာ ပြီးတော့မယ့် အချိန်အထိ ညောင်ပင်က မခုတ်ရသေးပါဘူး။

ဆိုင်ရှင်က နောက်ဆုံးတစ်ခေါက် ခုတ်ဖို့ပြောတဲ့အချိန် အလုပ်သမားတစ်ယောက်က အဲဒီညောင်ပင်အောက်မှာ လူပုံစံ သစ်တုံးတစ်ခု ရှိနေကြောင်း ပြောပါတယ်။

အဲဒီ အလုပ်သမားကအဲဒီ သစ်တုံးဟာ နတ်ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဘာကြောင့်လဲဆိုရင် ဆိုင်ရှင်ညောင်ပင်ခုတ်ဖို့ ပြောလိုက်တိုင်း အဖြူရောင် ဝတ်စုံ ဝတ်ထားတဲ့မိန်းကလေးတစ်ယောက် ဆိုင်ထဲမှာ လျှောက်သွားနေတာမြင်ရကြောင်း အလုပ်သမားက ပြောပါတယ်။

ဒါ့အပြင် ဆိုင်ဆောက်လုပ်ကတည်းက အလုပ်သမားတွေ ထီပေါက်ပါတယ်။ အဲဒီ အကြောင်းတွေ ဆိုင်ရှင်သိသွားတဲ့အခါ ညောင်ပင်ကိုမခုတ်ခိုင်းတော့ပါဘူး။

အဲဒီ ညောင်ပင်နဲ့ သစ်တုံးရှိတာ ၃ နှစ်ကျော်လောက်ရှိပြီဖြစ်ပြီး ဆိုင်ရှင်က အရင်တုန်းကဖိဆောင်လို့ မခေါ်ခဲ့ပါဘူး။ ဆိုင်ရှင်လည်း သစ်တုံးကို ပန်းတွေရေတွေကပ်ပြီး လိုချင်တာတွေ ဆုတောင်းခဲ့ပါတယ်။

ဆုတောင်းတဲ့ အခါလည်း ပြည့်တယ်လို့သိရပါတယ်။ ဆိုင်ရှင်ဟာ အဖြူရောင်ဝတ်စုံလည်း လှူခဲ့ပါသေးတယ်။ နိုင်ငံခြားသားတစ်ယောက်က ဖိဆောင်ပုံဆွဲပေးမယ်ဆိုပြီး တစ်လအကြာမှာ ဆိုင်ရှင်ဆီကို ပုံလာပေးပါတယ်။

ဆိုင်ရှင်လည်း ပုံကို ဝန်ထမ်းတွေကို ပြကြည့်တဲ့အခါ သူတို့ မြင်တဲ့ မိန်းကလေးပုံနဲ့ ၈၀ရာခိုင်နှုန်းတူတယ်လို့ ပြောကြပါတယ်။

ဖိဆောင်က အဖြူရောင်၊ လက်ဝတ်ရတနာ၊ မိတ်ကပ်စတာတွေကြိုက်ပြီး နာမည်မကြီးခင်ကတည်းက ဆိုင်လာတဲ့ စားသုံးသူတွေဟာ ဆုတောင်းတာတွေ လုပ်တတ်ပါတယ်။

နောက်ပိုင်း ဆုတောင်းတဲ့ ဗီဒီယိုတွေ ဆုတောင်းပြည့်ကြောင်းတွေ ပျံ့နှံ့ပြီးတော့ ဖိဆောင်အကြောင်း လူသိပိုများလာတာပါ။

ပြီးခဲ့တဲ့ ၇လပိုင်း၁ရက်နေ့ ထီပေါက်သူ အများစုဟာ ဖိဆောင်ဆီဆုတောင်းခဲ့သူတွေများပြီး ခုဆိုရင် ရပ်နီးရပ်ဝေးက ဖိဆောင်အတွက် စိန်တွေပုလဲတွေ နာမည်ကြီးပစ္စည်းတွေ ဆပ်ကပ်တာတွေရှိလာပါတယ်။

ပစ္စည်းတွေက အရမ်းများတဲ့အတွက် ဆိုင်ရှင်က မဲနှိုက်ပြီးဆပ်ကပ်ပေးတယ်လို့သိရပါတယ်။ ပိုက်ဆံမကပ်ဖို့ ဆိုင်ရှင်ကပြောပါတယ်။

ကိုယ်တိုင်ကိုယ်ကျ လာစရာမလိုဘဲ အဝေးကနေ ဗီဒီယို၊ ဓာတ်ပုံကနေ တစ်ဆင့် ဆုတောင်းရင်လည်း ဆုတောင်း ပြည့်တယ်လို့သိရပါတယ်။

ဖိဆောင်ကို မြင်တာနဲ့ လိုရာဆုတောင်းကြည့်ပါ။

ဖိစောင်ဆီက လူအများဆုံး တောင်းကြတာကတော့ ချဲဂဏန်းပါရှင့်။

fb tiktok instragram တွေမှာတွေ့ရင်လည်း ရှယ်ပြီးဆုတောင်းကြတာ ဆုတောင်းပြည့်တယ်လို့လဲ ပြောကြပါတယ်ရှင့်။

Credit