အစာေရစာရွားပါးလာမႈေၾကာင့္ အမႈိက္ပုံေတြမွာအစာရွာစားေနရတဲ့ ဆင္ႀကီးေတြ

zawgyi

အစာေရစာရွားပါးလာမႈေၾကာင့္ အမႈိက္ပုံေတြမွာအစာရွာစားေနရတဲ့ ဆင္ႀကီးေတြ

သီရိလကၤာႏိုင္ငံက အမႈိက္ပုံေတြမွာ အစာရွာစားေနရတဲ့ ဆင္ႀကီးမ်ားသီရိလကၤာႏိုင္ငံအေရွ႕ပိုင္းမွာ ဒါဇင္ခ်ီတဲ့ ဆင္ေတြ ေန႔တိုင္း သစ္ေတာထဲက ထြက္လာၿပီး အမႈိက္ပုံေတြမွာ အစာရွာေနရပါတယ္။

အမႈိက္ပုံေတြကို သူတို႔ႏွာေမာင္းေတြနဲ႔ ေမႊေႏွာက္ၿပီး စားလို႔ရေသးတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို ရွာေဖြေနၾကတာဟာ သား႐ိုင္းတိရစာၦန္ ေစာင့္ေရွာက္ေရးဇုန္နားက ႏိုင္ငံ့အႀကီးဆုံး အမႈိက္ပုံ ၃ ခုမွာ ေန႔စဥ္ ျမင္ေနက် ရႈခင္း ျဖစ္လာေနပါတယ္။

အမ္ပါရာေဒသထဲက အမႈိက္ပုံကို လွ်ပ္စစ္ဓာတ္လႊတ္ထားတဲ့ ၿခံစည္း႐ိုးနဲ႔ ကာထားေပမယ့္ ဆင္ေတြက လမ္းေပါက္ ေရာက္လာခဲ့ၿပီး ပလတ္စတစ္ေတြနဲ႔ အစာေတြကို ေရာစားေနၾကတယ္လို႔ ေဒသခံ အရာရွိေတြက ေျပာပါတယ္။

ဒါေၾကာင့္ ၂၀၁၉ တႏွစ္တည္းမွာ ဆင္ ၃၆၁ ေကာင္ ေသဆုံးခဲ့ၿပီး ဒါဟာ စံခ်ိန္သစ္ပဲ ျဖစ္တယ္လို႔ သတင္းဌာနေတြက ေျပာပါတယ္။ဒါေၾကာင့္အစိုးရက ဆင္ေတြကို ဟန႔္တားဖို႔ အမႈိက္ပုံပတ္လည္မွာ ေျမာင္းႀကီးေတြ တူးထားခဲ့ၿပီး အလုပ္ျဖစ္မယ္လို႔ အရာရွိေတြက ရႈျမင္ထားပါတယ္။

႐ြာသားေတြကေတာ့ အလုပ္ျဖစ္မယ္လို႔ မယုံၾကပါဘူး။ဂယ္လိုယာ လယ္သမားမ်ား ေကာ္မတီ အဖြဲ႕ဝင္ တစ္ေယာက္က “ဆင္႐ိုင္းေတြက အမႈိက္ပုံထဲ ဝင္မရလို႔ အနားက ႐ြာေတြထဲ ဝင္လာၿပီး႐ြာသားေတြကို အႏၲရာယ္ေပးတယ္၊ စိုက္ပ်ိဳးေျမေတြထဲ ဝင္စားလို႔ ပ်က္စီးကုန္တယ္။

ဒါေၾကာင့္ ဆင္နဲ႔လူၾကား ပဋိပကၡ ပိုဆိုးလာၿပီး ဆင္ေတြ ဆုံးရႈံးရတယ္”လို႔ ေျပာပါတယ္။တစ္ႏွစ္ကို ဆင္ေၾကာင့္ ေသဆုံးသူ ဦးေရ ၂၀ ကေန ၈၀ ၾကားမွာ ရွိေနပါတယ္။

လူဦးေရ ၂၂ သန္း ရွိတဲ့ သီရိလကၤာ ကြၽန္းႏိုင္ငံထဲမွာ ဆင္႐ိုင္းေကာင္ေရ၇၅၀၀ ေလာက္ ရွိေနတာပါ။ေမြးျမဴေရးဆင္ေတြကိုေတာ့ ဘာသာေရးနဲ႔ ယဥ္ေက်းမႈပြဲေတာ္ေတြအတြင္း တစ္ႏွစ္လုံး သုံးေလ့ ရွိပါတယ္

Crd

unicode

အစာရေစာရှားပါးလာမှုကြောင့် အမှိုက်ပုံတွေမှာအစာရှာစားနေရတဲ့ ဆင်ကြီးတွေ

သီရိလင်္ကာနိုင်ငံက အမှိုက်ပုံတွေမှာ အစာရှာစားနေရတဲ့ ဆင်ကြီးများသီရိလင်္ကာနိုင်ငံအရှေ့ပိုင်းမှာ ဒါဇင်ချီတဲ့ ဆင်တွေ နေ့တိုင်း သစ်တောထဲက ထွက်လာပြီး အမှိုက်ပုံတွေမှာ အစာရှာနေရပါတယ်။

အမှိုက်ပုံတွေကို သူတို့နှာမောင်းတွေနဲ့ မွှေနှောက်ပြီး စားလို့ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို ရှာဖွေနေကြတာဟာ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဇုန်နားက နိုင်ငံ့အကြီးဆုံး အမှိုက်ပုံ ၃ ခုမှာ နေ့စဉ် မြင်နေကျ ရှုခင်း ဖြစ်လာနေပါတယ်။

အမ်ပါရာဒေသထဲက အမှိုက်ပုံကို လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ခြံစည်းရိုးနဲ့ ကာထားပေမယ့် ဆင်တွေက လမ်းပေါက် ရောက်လာခဲ့ပြီး ပလတ်စတစ်တွေနဲ့ အစာတွေကို ရောစားနေကြတယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။

ဒါကြောင့် ၂၀၁၉ တနှစ်တည်းမှာ ဆင် ၃၆၁ ကောင် သေဆုံးခဲ့ပြီး ဒါဟာ စံချိန်သစ်ပဲ ဖြစ်တယ်လို့ သတင်းဌာနတွေက ပြောပါတယ်။ဒါကြောင့်အစိုးရက ဆင်တွေကို ဟန့်တားဖို့ အမှိုက်ပုံပတ်လည်မှာ မြောင်းကြီးတွေ တူးထားခဲ့ပြီး အလုပ်ဖြစ်မယ်လို့ အရာရှိတွေက ရှုမြင်ထားပါတယ်။

ရွာသားတွေကတော့ အလုပ်ဖြစ်မယ်လို့ မယုံကြပါဘူး။ဂယ်လိုယာ လယ်သမားများ ကော်မတီ အဖွဲ့ဝင် တစ်ယောက်က “ဆင်ရိုင်းတွေက အမှိုက်ပုံထဲ ဝင်မရလို့ အနားက ရွာတွေထဲ ဝင်လာပြီးရွာသားတွေကို အန္တရာယ်ပေးတယ်၊ စိုက်ပျိုးမြေတွေထဲ ဝင်စားလို့ ပျက်စီးကုန်တယ်။

ဒါကြောင့် ဆင်နဲ့လူကြား ပဋိပက္ခ ပိုဆိုးလာပြီး ဆင်တွေ ဆုံးရှုံးရတယ်”လို့ ပြောပါတယ်။တစ်နှစ်ကို ဆင်ကြောင့် သေဆုံးသူ ဦးရေ ၂၀ ကနေ ၈၀ ကြားမှာ ရှိနေပါတယ်။

လူဦးရေ ၂၂ သန်း ရှိတဲ့ သီရိလင်္ကာ ကျွန်းနိုင်ငံထဲမှာ ဆင်ရိုင်းကောင်ရေ၇၅၀၀ လောက် ရှိနေတာပါ။မွေးမြူရေးဆင်တွေကိုတော့ ဘာသာရေးနဲ့ ယဉ်ကျေးမှုပွဲတော်တွေအတွင်း တစ်နှစ်လုံး သုံးလေ့ ရှိပါတယ်

Crd