သြားတိုက္ေဆးဗူး ညႇစ္တဲ့ကိစၥေၾကာင့္ ကြဲခဲ့ရတဲ့ လင္မယား

zawgyi

အိမ္ေထာင္ေရးဆိုတာ အေျပာက်ယ္လွသည္။ အိမ္ေထာင္ေရး သာယာဖို႔ ဘယ္သူ႔ကိုမွ စံျပဳၿပီး ပုံတူ ကူးခ်လို႔မရ၊ စုံတြဲ တစ္တြဲနဲ႔တစ္တြဲ အေတြ႕အႀကဳံေတြက မတူပါ။

ဒါေၾကာင့္ ကိုယ့္အိမ္ေထာင္ေရးမွာလည္း အျခားသူေတြရဲ႕ အိမ္ေထာင္ေရး ပုံစံေတြ သြတ္သြင္းလာလွ်င္လည္း ပ်က္ဆီးတတ္ပါတယ္။

ခြင့္မလႊတ္ႏိုင္တဲ့ ျပႆနာ အႀကီးစားေတြကသာလွ်င္ အိမ္ေထာင္ကြဲတတ္တာ မဟုတ္ဘဲ ဘာမဟုတ္တဲ့ ကိစၥ အေသးအဖြဲေလးေတြကေနလည္း အိမ္ေထာင္ ကြဲသြားတဲ့အထိ ျဖစ္တတ္ပါတယ္။

မေလးရွားႏိုင္ငံက စုံတြဲတစ္တြဲကေတာ့ သြားတိုက္ေဆးဗူး ညႇစ္ရာမွာ တစ္ဦးနဲ႔တစ္ဦး ညႇိလို႔ မရတဲ့အတြက္ ဘာသာေရး တရား႐ုံးမွာ ကြာရွင္းခြင့္ တင္ခဲ့ၾကပါတယ္။

ခင္ပြန္းျဖစ္သူက သြားတိုက္ေဆးဗူးကို ဖင္ပိုင္းကေန စညႇစ္ေပမယ့္ ဇနီးျဖစ္သူက အဆင္ေျပတဲ့ေနရာကေန ညႇစ္ၿပီး သြားတိုက္ေဆး ထည့္တတ္တဲ့ ကိစၥအေပၚ အႀကိမ္ႀကိမ္ ျပႆနာ တက္ၾကၿပီး ညႇိလို႔ မရတဲ့အဆုံး ကြာရွင္းဖို႔ ႏွစ္ဦးစလုံးက ဆုံးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

တရား႐ုံးေတာ္က သူတို႔လင္မယားကို အမ်ိဳးမ်ိဳး ႀကိဳးစားၿပီး နားခ်ခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ ကြာရွင္းခြင့္ ျပဳလိုက္ရပါတယ္။

အခုလိုမ်ိဳး ဘာမဟုတ္တဲ့ အေသးအဖြဲကိစၥေလးနဲ႔ လင္မယား ကြာရွင္းခဲ့ၾကတဲ့ ေနာက္ထပ္ စုံတြဲတစ္တြဲ ရွိပါေသးတယ္။

အမ်ိဳးသမီးက သူ အရမ္း သေဘာက် ႏွစ္သက္ေနတဲ့ အမ်ိဳးသားကို ရေအာင္ ႀကိဳးစားၿပီး လက္ထပ္ခဲ့ၾကပါတယ္။ လင္မယား ျဖစ္လာတဲ့အခါ အမ်ိဳးသားကလည္း နဂိုကတည္းက ခပ္ေအးေအး တိတ္တိတ္ဆိတ္ဆိတ္သမားမို႔ လက္ထပ္ၿပီး ႏွစ္အနည္းငယ္ ၾကာတဲ့အထိ ဘာမွ ျပႆနာ မရွိပါဘူး။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသမီးက သူမရဲ႕ခင္ပြန္းသည္ တိတ္တိတ္ဆိတ္ဆိတ္ ေအးတိေအးစက္ ေနတတ္တဲ့ အက်င့္အေပၚ ၿငီးေငြ႕လာပါတယ္။

တစ္ကယ္ေတာ့ အမ်ိဳးသားဟာ ငယ္ငယ္ကတည္းက ေအးေအးေဆးေဆး ေနတတ္တဲ့ အက်င့္ရွိသူပါ။ ေနာက္ဆုံးမွာလည္း သူတို႔စုံတြဲဟာ ခင္ပြန္းသည္က ပ်င္းစရာ ေကာင္းတယ္ဆိုတဲ့ ကိစၥေသးေသးေလးနဲ႔ပဲ ကြာရွင္းခဲ့ၾကပါတယ္။

ဒါေၾကာင့္မို႔ အိမ္ေထာင္ေရးမွာ သီအိုရီ မရွိ အျပန္အလွန္ နားလည္မႈနဲ႔ အေပးအယူ မွ်တမွသာ ခရီးဆုံးသည့္တိုင္ လက္တြဲသြားႏိုင္ပါလိမ့္မည္။

Credit

unicode

သွားတိုက်ဆေးဗူး ညှစ်တဲ့ကိစ္စကြောင့် ကွဲခဲ့ရတဲ့ လင်မယား

အိမ်ထောင်ရေးဆိုတာ အပြောကျယ်လှသည်။ အိမ်ထောင်ရေး သာယာဖို့ ဘယ်သူ့ကိုမှ စံပြုပြီး ပုံတူ ကူးချလို့မရ၊ စုံတွဲ တစ်တွဲနဲ့တစ်တွဲ အတွေ့အကြုံတွေက မတူပါ။

ဒါကြောင့် ကိုယ့်အိမ်ထောင်ရေးမှာလည်း အခြားသူတွေရဲ့ အိမ်ထောင်ရေး ပုံစံတွေ သွတ်သွင်းလာလျှင်လည်း ပျက်ဆီးတတ်ပါတယ်။

ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ အကြီးစားတွေကသာလျှင် အိမ်ထောင်ကွဲတတ်တာ မဟုတ်ဘဲ ဘာမဟုတ်တဲ့ ကိစ္စ အသေးအဖွဲလေးတွေကနေလည်း အိမ်ထောင် ကွဲသွားတဲ့အထိ ဖြစ်တတ်ပါတယ်။

မလေးရှားနိုင်ငံက စုံတွဲတစ်တွဲကတော့ သွားတိုက်ဆေးဗူး ညှစ်ရာမှာ တစ်ဦးနဲ့တစ်ဦး ညှိလို့ မရတဲ့အတွက် ဘာသာရေး တရားရုံးမှာ ကွာရှင်းခွင့် တင်ခဲ့ကြပါတယ်။

ခင်ပွန်းဖြစ်သူက သွားတိုက်ဆေးဗူးကို ဖင်ပိုင်းကနေ စညှစ်ပေမယ့် ဇနီးဖြစ်သူက အဆင်ပြေတဲ့နေရာကနေ ညှစ်ပြီး သွားတိုက်ဆေး ထည့်တတ်တဲ့ ကိစ္စအပေါ် အကြိမ်ကြိမ် ပြဿနာ တက်ကြပြီး ညှိလို့ မရတဲ့အဆုံး ကွာရှင်းဖို့ နှစ်ဦးစလုံးက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တရားရုံးတော်က သူတို့လင်မယားကို အမျိုးမျိုး ကြိုးစားပြီး နားချခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ကွာရှင်းခွင့် ပြုလိုက်ရပါတယ်။

အခုလိုမျိုး ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးနဲ့ လင်မယား ကွာရှင်းခဲ့ကြတဲ့ နောက်ထပ် စုံတွဲတစ်တွဲ ရှိပါသေးတယ်။

အမျိုးသမီးက သူ အရမ်း သဘောကျ နှစ်သက်နေတဲ့ အမျိုးသားကို ရအောင် ကြိုးစားပြီး လက်ထပ်ခဲ့ကြပါတယ်။ လင်မယား ဖြစ်လာတဲ့အခါ အမျိုးသားကလည်း နဂိုကတည်းက ခပ်အေးအေး တိတ်တိတ်ဆိတ်ဆိတ်သမားမို့ လက်ထပ်ပြီး နှစ်အနည်းငယ် ကြာတဲ့အထိ ဘာမှ ပြဿနာ မရှိပါဘူး။

ဒါပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသမီးက သူမရဲ့ခင်ပွန်းသည် တိတ်တိတ်ဆိတ်ဆိတ် အေးတိအေးစက် နေတတ်တဲ့ အကျင့်အပေါ် ငြီးငွေ့လာပါတယ်။

တစ်ကယ်တော့ အမျိုးသားဟာ ငယ်ငယ်ကတည်းက အေးအေးဆေးဆေး နေတတ်တဲ့ အကျင့်ရှိသူပါ။ နောက်ဆုံးမှာလည်း သူတို့စုံတွဲဟာ ခင်ပွန်းသည်က ပျင်းစရာ ကောင်းတယ်ဆိုတဲ့ ကိစ္စသေးသေးလေးနဲ့ပဲ ကွာရှင်းခဲ့ကြပါတယ်။

ဒါကြောင့်မို့ အိမ်ထောင်ရေးမှာ သီအိုရီ မရှိ အပြန်အလှန် နားလည်မှုနဲ့ အပေးအယူ မျှတမှသာ ခရီးဆုံးသည့်တိုင် လက်တွဲသွားနိုင်ပါလိမ့်မည်။

Credit