လက္ထဲက ျမန္မာေငြ စိတ္မခ်ရလို႔ ကားဝယ္ထားခ်င္တဲ့သူေတြ မျဖစ္မေနသိထားသင့္တဲ့ အခ်က္မ်ား

zawgyi

လက္ထဲက ျမန္မာေငြ စိတ္မခ်ရလို႔ ကားဝယ္ထားခ်င္တဲ့သူေတြ မျဖစ္မေနသိထားသင့္တဲ့ အခ်က္မ်ား

ကားေစ်းဟာ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံတခ်ိဳ႕မွာ ေျမေစ်းလို လိုက္တက္တဲ့အခ်က္ကေတာ့ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ ရထားစနစ္၊ ဘတ္စ္စနစ္၊ သေဘၤာစနစ္ေတြ ေကာင္းလို႔ ကားကို အားကိုးဖို႔မလိုသေလာက္ ျဖစ္လို႔ ကားဝယ္သူနည္းတယ္။ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ ကားေစ်းက မႀကီးေပမဲ့

ကားဝယ္ၿပီး ေဆာင္ရတဲ့အခြန္နဲ႔ စရိတ္ေတြ အာမခံေၾကးေတြက ႀကီးေတာ့လူအေတာ္မ်ားမ်ားကအလုပ္ရႈပ္ခံၿပီးကားမဝယ္ၾကေတာ့ဘူး။ေနာက္တခ်က္ကဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ ကားစီးရတာဟာ အလုပ္သြား အလုပ္ျပန္ ကားပိုက်ပ္လို႔ မစီးၾကသလို ကားရပ္ခ ကားျဖတ္ခေတြကလည္း ႀကီးလို႔ ကိုယ္ပိုင္ကားစီးသူနည္းတယ္၊

ကားပါကင္ေတြ အလုံအေလာက္ လုပ္ထားေပးလို႔ လမ္းေပၚမွာ ကားရပ္ရမည့္ ပါကင္ျပႆနာလည္း အေတာ္နည္းေပမဲ့အခြန္အခက မေသးဘူး။ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက်ေတာ့ ကားတစီး တင္သြင္းလာတိုင္း အခြန္ပဲ ေကာက္တတ္ၾကတာ။ ကားအတြက္ ပါကင္ေနရာေတြ အဆင္ေျပဖို႔ မလုပ္ၾကဘူး။

ျဖစ္သလို ေျမျပင္ေတြေပၚမွာ ကားတစီးက ေနရာယူထားေရာ။ ကားတစီး သြင္းလာတိုင္းတိုင္းျပည္မွာကားတစီးအတြက္ ေျမေနရာ ၅ ေပ၁၀ ေပယူထားလိုက္သလို ျဖစ္ေနတယ္

ရန္ကုန္လို ေျမေစ်းႀကီးတဲ့ ေနရာေတြအတြက္ ရန္ကုန္လိုင္စင္နဲ႔ စီးတာေတာင္ အေတာ္ ကားက်ပ္တဲ့အျဖစ္။အထပ္ျမင့္ ကားပါကင္ေနရာေတြ ေဆာက္ေပးဖို႔ မေျပာနဲ႔ ။ ေျမျပင္မွာ မီးပြိဳင့္စနစ္ေတာင္ ေသခ်ာမလုပ္ေပးႏိုင္ဘူး။

ႏွစ္စဥ္ ကားက ရသမွ် အခြန္ေတြကိုလည္းကားအတြက္ ျပန္သုံးဖို႔ ေနေနသာသာ အခုလက္ရွိမွာကားခြန္ ဘီးခြန္ေတြသာ ရန္ကုန္မွာအဆမတန္ေကာက္ေနတာလမ္းေတြ အေတာ္မ်ားမ်ားမွာ ကားလမ္းေတြဟာ အေပါက္ႀကီးေတြ ၊ခ်ိဳင့္ႀကီးေတြနဲ႔ အေတာ္အေျခအေနဆိုးလာတယ္။

အိမ္စီးကားေတြ နည္းဖို႔ ရထားစနစ္နဲ႔ ဘတ္စ္စနစ္က တိုးတက္မလာတဲ့အျပင္ ဘတ္စ္ကားစီးသူေတြကိုပါ အစီးလိုက္ေခၚၿပီး လုယက္ဓျမတိုက္မႈေတြ ျဖစ္လာေတာ့ အခုေနာက္ပိုင္းမွာ အရင္က ကားမဝယ္တဲသူေတြေတာင္ ကားက ဝယ္ရင္ ရႈံးမွန္းသိသိနဲ႔ ဝယ္လာၾကတယ္

ဒီေတာ့ ရထားစနစ္၊ ဘတ္စ္စနစ္ေတြ မေကာင္းေတာ့ ကားခ်ည္း စီးၾကေတာ့ လမ္းပိုၾကပ္ေတာ့ ကားလမ္းေတြ ပိုပိတ္၊ စက္သုံးဆီေတြ ပိုကုန္ရတယ္။ အနိမ့္ကားေတြ ပိုသုံးၾကေတာ့ အရင္က အပိုပစၥည္း အလွ်ံပယ္ရွိတဲ့ ကားအမ်ိဳးအစားေတြေတာင္ အပိုပစၥည္းေတြ ေဒၚလာတက္ေစ်းနဲ႔ ထပ္သြင္းရေတာ့ အပိုပစၥည္းေစ်း တက္လာေလ ကားေဟာင္းေစ်းကလည္း လိုက္တက္လာတယ္။

ကားဝယ္စီးလို႔ အရင္ေခတ္ေတြကလို ျမတ္မယ္ဆိုၿပီး စီးပြါးတြက္တြက္တဲ့သူေတြအတြက္ မျမတ္ဘူး။ ဒါေပမဲ့ ေန႔စဥ္ ေငြသြင္း ေငြထုတ္ လုပ္ေနသူေတြအတြက္ေတာ့ ဘတ္စ္ကားစီး၊ အငွါးကားစီးလို႔ လုခံရမွာထက္ ပိုၿပီး လုံၿခဳံေတာ့ အြန္လိုင္းစီးပြါးေရး လုပ္တဲ့သူအမ်ားစုဟာ ကိုယ္ပိုင္ကားေတြ ဝယ္၊ ငွားလာၾကတယ္။

ဒီေတာ့ ဥပမာ ရန္ကုန္လို လိုင္စင္နဲ႔မွ ေမာင္းလို႔ရတဲ့ကားေတြအတြက္ေတာ့ ေျမေနရာေတြ လိုလာတယ္။ ကားတစီးထားဖို႔ ေျမေနရာဟာ ေျမေစ်းအတိုင္း ေနရာယူလာေတာ့ ကားတစီးတင္သြင္းတိုင္း ပါကင္ေနရာ ရွားမႈက ျဖစ္လာတယ္။

ကြန္ဒိုေတြ အထပ္ျမင့္ ကားပါကင္ေတြမွာ ကားသြားထားျပန္ရင္လည္း တလကို အနည္းဆုံး ၅၀၀၀၀၊ ၆၀၀၀၀ အထက္ေပးရတယ္လူတခ်ိဳ႕က သိန္းစိန္ေခတ္ကလို ကားပါမစ္ေတြ လြယ္လြယ္ျပန္ခ်ေပးရင္ ကားေစ်းေတြ ဒလေဟာ ျပန္က်မယ္လို႔ ေျပာၾကေပမဲ့

လက္ေတြ႕အေျခအေနကို နားလည္တဲ့သူေတြကေတာ့ မျဖစ္ႏိုင္တာကို သိၾကတယ္။ ႐ြာေတြ နယ္တခ်ိဳ႕မွာ ကားပါကင္ ေပါၿပီး မိမိ အိမ္ၿခံထဲမွာ ထားလို႔ရေတာ့ လိုင္စင္ေတာင္ မလိုပဲ ႏွစ္ေပါင္းမ်ားစြာ စီးလာၾကတာ အေတာ္ၾကာေနၾကၿပီမလား။

မႏၲေလး၊ ရန္ကုန္၊ ဧရာဝတီ၊ ပဲခူးတို႔ဆိုတာလည္း ၿမိဳ႕ျပင္မွာသာ W စီးေနၾကတာ။ လူႀကီးပိုင္းနဲ႔ ပိုင္တဲ့သူေတြက W စီးေနၾကေတာ့ ကားလမ္းေတြဟာ အရင္မွန္းထားတဲ့ စီးေရထက္ အဆမတန္မ်ားၿပီး လမ္းေတြ ပိုၾကပ္လို႔ ကားကို တရားဝင္ သြင္းဖို႔ဆိုတာ မျဖစ္ႏိုင္ေသးတဲ့အခ်ိန္ပါပဲ။ ကားေစ်းေတြ အခုထက္ ပိုက် မက်ကေတာ့ ကိုယ္တိုင္ဆုံးျဖတ္ၾကေပါ့။ (Aung Kyaw Oo)

Crd

unicode

လက်ထဲက မြန်မာငွေ စိတ်မချရလို့ ကားဝယ်ထားချင်တဲ့သူတွေ မဖြစ်မနေသိထားသင့်တဲ့ အချက်များ

ကားဈေးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့မှာ မြေဈေးလို လိုက်တက်တဲ့အချက်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရထားစနစ်၊ ဘတ်စ်စနစ်၊ သင်္ဘောစနစ်တွေ ကောင်းလို့ ကားကို အားကိုးဖို့မလိုသလောက် ဖြစ်လို့ ကားဝယ်သူနည်းတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကားဈေးက မကြီးပေမဲ့

ကားဝယ်ပြီး ဆောင်ရတဲ့အခွန်နဲ့ စရိတ်တွေ အာမခံကြေးတွေက ကြီးတော့လူအတော်များများကအလုပ်ရှုပ်ခံပြီးကားမဝယ်ကြတော့ဘူး။နောက်တချက်ကဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကားစီးရတာဟာ အလုပ်သွား အလုပ်ပြန် ကားပိုကျပ်လို့ မစီးကြသလို ကားရပ်ခ ကားဖြတ်ခတွေကလည်း ကြီးလို့ ကိုယ်ပိုင်ကားစီးသူနည်းတယ်၊

ကားပါကင်တွေ အလုံအလောက် လုပ်ထားပေးလို့ လမ်းပေါ်မှာ ကားရပ်ရမည့် ပါကင်ပြဿနာလည်း အတော်နည်းပေမဲ့အခွန်အခက မသေးဘူး။ဖွံ့ဖြိုးဆဲနိုင်ငံတွေကျတော့ ကားတစီး တင်သွင်းလာတိုင်း အခွန်ပဲ ကောက်တတ်ကြတာ။ ကားအတွက် ပါကင်နေရာတွေ အဆင်ပြေဖို့ မလုပ်ကြဘူး။

ဖြစ်သလို မြေပြင်တွေပေါ်မှာ ကားတစီးက နေရာယူထားရော။ ကားတစီး သွင်းလာတိုင်းတိုင်းပြည်မှာကားတစီးအတွက် မြေနေရာ ၅ ပေ၁၀ ပေယူထားလိုက်သလို ဖြစ်နေတယ်

ရန်ကုန်လို မြေဈေးကြီးတဲ့ နေရာတွေအတွက် ရန်ကုန်လိုင်စင်နဲ့ စီးတာတောင် အတော် ကားကျပ်တဲ့အဖြစ်။အထပ်မြင့် ကားပါကင်နေရာတွေ ဆောက်ပေးဖို့ မပြောနဲ့ ။ မြေပြင်မှာ မီးပွိုင့်စနစ်တောင် သေချာမလုပ်ပေးနိုင်ဘူး။

နှစ်စဉ် ကားက ရသမျှ အခွန်တွေကိုလည်းကားအတွက် ပြန်သုံးဖို့ နေနေသာသာ အခုလက်ရှိမှာကားခွန် ဘီးခွန်တွေသာ ရန်ကုန်မှာအဆမတန်ကောက်နေတာလမ်းတွေ အတော်များများမှာ ကားလမ်းတွေဟာ အပေါက်ကြီးတွေ ၊ချိုင့်ကြီးတွေနဲ့ အတော်အခြေအနေဆိုးလာတယ်။

အိမ်စီးကားတွေ နည်းဖို့ ရထားစနစ်နဲ့ ဘတ်စ်စနစ်က တိုးတက်မလာတဲ့အပြင် ဘတ်စ်ကားစီးသူတွေကိုပါ အစီးလိုက်ခေါ်ပြီး လုယက်ဓမြတိုက်မှုတွေ ဖြစ်လာတော့ အခုနောက်ပိုင်းမှာ အရင်က ကားမဝယ်တဲသူတွေတောင် ကားက ဝယ်ရင် ရှုံးမှန်းသိသိနဲ့ ဝယ်လာကြတယ်

ဒီတော့ ရထားစနစ်၊ ဘတ်စ်စနစ်တွေ မကောင်းတော့ ကားချည်း စီးကြတော့ လမ်းပိုကြပ်တော့ ကားလမ်းတွေ ပိုပိတ်၊ စက်သုံးဆီတွေ ပိုကုန်ရတယ်။ အနိမ့်ကားတွေ ပိုသုံးကြတော့ အရင်က အပိုပစ္စည်း အလျှံပယ်ရှိတဲ့ ကားအမျိုးအစားတွေတောင် အပိုပစ္စည်းတွေ ဒေါ်လာတက်ဈေးနဲ့ ထပ်သွင်းရတော့ အပိုပစ္စည်းဈေး တက်လာလေ ကားဟောင်းဈေးကလည်း လိုက်တက်လာတယ်။

ကားဝယ်စီးလို့ အရင်ခေတ်တွေကလို မြတ်မယ်ဆိုပြီး စီးပွါးတွက်တွက်တဲ့သူတွေအတွက် မမြတ်ဘူး။ ဒါပေမဲ့ နေ့စဉ် ငွေသွင်း ငွေထုတ် လုပ်နေသူတွေအတွက်တော့ ဘတ်စ်ကားစီး၊ အငှါးကားစီးလို့ လုခံရမှာထက် ပိုပြီး လုံခြုံတော့ အွန်လိုင်းစီးပွါးရေး လုပ်တဲ့သူအများစုဟာ ကိုယ်ပိုင်ကားတွေ ဝယ်၊ ငှားလာကြတယ်။

ဒီတော့ ဥပမာ ရန်ကုန်လို လိုင်စင်နဲ့မှ မောင်းလို့ရတဲ့ကားတွေအတွက်တော့ မြေနေရာတွေ လိုလာတယ်။ ကားတစီးထားဖို့ မြေနေရာဟာ မြေဈေးအတိုင်း နေရာယူလာတော့ ကားတစီးတင်သွင်းတိုင်း ပါကင်နေရာ ရှားမှုက ဖြစ်လာတယ်။

ကွန်ဒိုတွေ အထပ်မြင့် ကားပါကင်တွေမှာ ကားသွားထားပြန်ရင်လည်း တလကို အနည်းဆုံး ၅၀၀၀၀၊ ၆၀၀၀၀ အထက်ပေးရတယ်လူတချို့က သိန်းစိန်ခေတ်ကလို ကားပါမစ်တွေ လွယ်လွယ်ပြန်ချပေးရင် ကားဈေးတွေ ဒလဟော ပြန်ကျမယ်လို့ ပြောကြပေမဲ့

လက်တွေ့အခြေအနေကို နားလည်တဲ့သူတွေကတော့ မဖြစ်နိုင်တာကို သိကြတယ်။ ရွာတွေ နယ်တချို့မှာ ကားပါကင် ပေါပြီး မိမိ အိမ်ခြံထဲမှာ ထားလို့ရတော့ လိုင်စင်တောင် မလိုပဲ နှစ်ပေါင်းများစွာ စီးလာကြတာ အတော်ကြာနေကြပြီမလား။

မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတို့ဆိုတာလည်း မြို့ပြင်မှာသာ W စီးနေကြတာ။ လူကြီးပိုင်းနဲ့ ပိုင်တဲ့သူတွေက W စီးနေကြတော့ ကားလမ်းတွေဟာ အရင်မှန်းထားတဲ့ စီးရေထက် အဆမတန်များပြီး လမ်းတွေ ပိုကြပ်လို့ ကားကို တရားဝင် သွင်းဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အချိန်ပါပဲ။ ကားဈေးတွေ အခုထက် ပိုကျ မကျကတော့ ကိုယ်တိုင်ဆုံးဖြတ်ကြပေါ့။ (Aung Kyaw Oo)

Crd