ပေါင်(၁၄၀၀)နဲ့ အမြင့် (၉)ပေရှိ ဝက်ဝံကြီးတွေကို သားအရင်းလို စောင့်ရှောက်ထားတဲ့ ဇနီးမောင်နှံ

zawgyi

Jim နဲ့ Susan Kowalczik တို့ လင်မယားနှစ်ယောက်ဟာ ပေါင် 1400အလေးချိန်ရှိ Kodiak ဝက်ဝံညိုအမျိုးအစား ဝက်ဝံကြီးနှစ်ကောင်ကိုနဲ့ အခြားဝက်ဝံများစွာကို နယူးယောခ့်ပြည်နယ်ရှိတဲ့ ၎င်းတို့ပိုင်ဥယျာဉ်ခြံမှာ သားအရင်းတွေလို စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အကောင်းသေးတဲ့ ဝက်ဝံကြီးရဲ့ အမည်ကတော့ Jimmy ဖြစ်ပြီးအသက်က 22နှစ် ရှိပါပြီ။အကောင်ကြီးတဲ့ဝက်ဝံကတော့ Jimbo ဖြစ်ပါတယ်။သူကတော့ 23 နှစ် ရှိပါပြီ။ Jimboဟာအရပ်အမြင့်9 ပေ ရှိပြီး၊ အလေးချိန်အားဖြင့် 100စတုံရှိတယ်လို့သိရပါတယ်။

၎င်းကိုတော့ဝက်ဝံပေါက်အရွယ်ကတည်းကJimတို့က စောင့်ရှောက်ခဲ့ရတာမို့သားအရင်းလို ဖြစ်နေပြီလို့ဆိုပါတယ်။Jimတို့ ဇနီးမောင်နှံဟာ ၎င်းတို့ ခြံထဲမှာ ဝက်ဝံ 11 ကောင်ကို စောင့်ရှောက်ထားပြီး၊ Kodiak ဝက်ဝံညို၊ ဆီးရီးယားဝက်ဝံနဲ့ ဝက်ဝံအမည်းတွေ အမျိုးအစား စုံလင်ပါတယ်။

၎င်းတို့ကို ဧက 100 ကျော် ကျယ်ဝန်းတဲ့ ခြံဝင်းကြီးထဲမှာ ခိုင်လုံစွာ ကာရံထားပြီး စောင့်ရှောက်မှုတွေ ပေးနေပါတယ်။Kodiak ဝက်ဝံညိုတွေဟာ အလက်စကားပြည်နယ်မှာ အများဆုံးတွေ့ရပြီး အလေးချိန် 107 စတုံအထိ ရှိနိုင်တယ်လို့ သိရပါတယ်။

၎င်းတို့ဟာ သားစားဝက်ဝံများဖြစ်ကြပြီး လူတွေကို ရှောင်ကြဉ်ပါတယ်။ ၎င်းတို့ရဲ့ အစာနဲ့ မိသားစုကို နှောက်ယှက်မယ်လို့ ယူစရင်လည်း ရေကုန်ရေခမ်း တိုက်ခိုက်တတ်ပါတယ်။

ဝက်ဝံတွေ ထားရှိရာနေရာဟာ Orphaned Wildlife Centre ဖြစ်ပြီး အများပြည်သူ ကြည့်ရှုဖို့အတွက် 2015 ခုနှစ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နေ့စဉ် အစားအစာ ပေါင်ချိန် 30 ကျော် ကျွေးမွေးနေရပြီး၊ ၎င်းတို့အထဲမှာ အသား၊ သစ်သီးဝလံနဲ့၊ အိမ်မွေးတိရစ္ဆာန်အစားအစာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

crd

unicode

ပေါင်(၁၄၀၀)နဲ့ အမြင့် (၉)ပေရှိ ဝက်ဝံကြီးတွေကို သားအရင်းလို စောင့်ရှောက်ထားတဲ့ ဇနီးမောင်နှံ

Jim နဲ့ Susan Kowalczik တို့ လင်မယားနှစ်ယောက်ဟာ ပေါင် 1400အလေးချိန်ရှိ Kodiak ဝက်ဝံညိုအမျိုးအစား ဝက်ဝံကြီးနှစ်ကောင်ကိုနဲ့ အခြားဝက်ဝံများစွာကို နယူးယောခ့်ပြည်နယ်ရှိတဲ့ ၎င်းတို့ပိုင်ဥယျာဉ်ခြံမှာ သားအရင်းတွေလို စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အကောင်းသေးတဲ့ ဝက်ဝံကြီးရဲ့ အမည်ကတော့ Jimmy ဖြစ်ပြီး အသက်က 22 နှစ် ရှိပါပြီ။အကောင်ကြီးတဲ့ ဝက်ဝံကတော့ Jimbo ဖြစ်ပါတယ်။ သူကတော့ 23 နှစ် ရှိပါပြီ။ Jimbo ဟာ အရပ်အမြင့် 9 ပေ ရှိပြီး၊ အလေးချိန်အားဖြင့် 100 စတုံ ရှိတယ်လို့ သိရပါတယ်။

၎င်းကိုတော့ ဝက်ဝံပေါက်အရွယ်ကတည်းက Jim တို့က စောင့်ရှောက်ခဲ့ရတာမို့ သားအရင်းလို ဖြစ်နေပြီလို့ ဆိုပါတယ်။Jim တို့ ဇနီးမောင်နှံဟာ ၎င်းတို့ ခြံထဲမှာ ဝက်ဝံ 11 ကောင်ကို စောင့်ရှောက်ထားပြီး၊ Kodiak ဝက်ဝံညို၊ ဆီးရီးယားဝက်ဝံနဲ့ ဝက်ဝံအမည်းတွေ အမျိုးအစား စုံလင်ပါတယ်။