ေအာက္လမ္း ဆရာ ေၾကာက္ တဲ့ ထယ္သြား ကပ္ ေျမႀကီးႏွ င့္ ဘုရားဂုဏ္ေတာ္အစြမ္း အံ့မခန္း

Zawgyi

ေအာက္ လမ္း ဆရာ ေၾကာက္ တဲ့ ထယ္သြား ကပ္ ေျမႀကီးႏွ င့္ ဘုရားဂုဏ္ေတာ္အစြမ္း အံ့မခန္း

“ေအာင့္ တယ္…ေအာင့္တယ္”ဟူ၍ေအာ္ေနေသာ ေမာင္ေက်ာ္မိုး ၏ ေအာ္ေနေသာအသံ သည္ စူးနစ္စြာထြက္ေပၚလာ၏။ ေမာင္ေက်ာ္မိုး၏ ဖခင္ႏွင့္ အကိုျဖစ္သူတို႔မွာ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနၾကသည္။

ေမာင္ေက်ာ္မိုး ၏ေအာ္သံမွာလည္းပို၍က်ယ္လာၿပီး ေအာ္သံစိပ္လာသျဖင့္ အိမ္နီးခ်င္းမ်ားမွအားလုံးဝိုင္းအုံလာၾကသျဖင့္ သူတို႔အိမ္တြင္လူမ်ားျပည့္က်ပ္သြားသည္။ တစ္ေယာက္ကေျပးေခၚသျဖင့္ဗိေႏၷာေဆးဆရာႀကီး ဦးျဖဴသီးေရာက္လာၿပီး တိုင္းရင္းေဆးမ်ားတိုက္ေႂကြးေသာ္လည္း အေအာင့္ကမေပ်ာက္သျဖင့္ ၿမိဳ႕ေဆး႐ုံသို႔ပို႔ရန္အႀကံေပးၾကေလသည္။

ထိုအခ်ိန္မွာပင္ ႐ြာဦးေက်ာင္းဆရာေတာ္ဦးသုတဆြမ္းခံႂကြလာ၏ အိမ္ထဲသို႔ဝင္လိုက္သည္ႏွင့္ ေမာင္ေက်ာ္မိုး မခ်ိမဆန႔္ေအာ္လိုက္ေသာ အသံမ်ားက ဆီးႀကိဳလ်က္ရွိသည္။ ထို႔ေၾကာင့္ သပိတ္ခ်ၿပီး လူနာထံႂကြသြား၏။ အသင့္ခင္းထားေသာေနရာေပၚထိုင္ၿပီးသည္ႏွင့္အက်ိဳးအေၾကာင္းေမးေလ၏

“ေမာင္ေက်ာ္မိုးဘာေရာဂါျဖစ္တာလည္း”ဟုေမးေလသည္ မည္သူမွဦးေဆာင္၍ေျဖသူမရွိ ေမာင္ေက်ာ္မိုး၏ဖခင္မွ ဗိုက္ေအာင့္တာပါဘုရားဟုေျဖးေျဖးေလးျပန္ေလွ်ာက္၏ ဆရာေတာ္မွ“ေရာဂါေၾကာင့္လား မတည့္စာ စားမိလို႔လား” ထိုအေမးကို မည္သူမွေျဖသံမၾကား သူတို႔မ်က္ႏွာမ်ားမွာ ေၾကာက္လန႔္ေနသည့္လဏၡာေတြ႕ရသည္။

ထိုအခ်ိန္မွာပင္ ေမာင္ေက်ာ္မိုး၏အကိုျဖစ္သူမွ ရဲဝံ့စြာ “ေဝဒနာေၾကာင့္ပါဘုရား ေဝဒနာမွ႐ိုး႐ိုးေဝဒနာမဟုတ္ပါဘုရား” “ဒါဆိုရင္ဘယ္လိုေဝဒနာမ်ိဳးလည္းကြဲ႕” “ေအာက္လမ္းဆရာလုပ္ထားတာပါဘုရား” “ဒါကိုဘယ္လိုသိရတာလည္းကြဲ႕” “တင္ပါ့ ခုမနက္ပိုင္း ေမာင္ေက်ာ္မိုးဦးသာဒင္ရဲ႕အိမ္ေရွ႕ကအျဖတ္ ဦးသာဒင္ေမြးထားတဲ့ေခြးက ေမာင္ေက်ာ္မိုးကိုလိုက္ၿပီးဆြဲပါတယ္။ အဲ့ဒီမွာေမာင္ေက်ာ္မိုးက အုတ္ခဲပိုင္းနဲ႔ပစ္လိုက္တာ ေခြးႏွာႏု႐ိုးကိုထိၿပီးေအာ္ေျပးပါတယ္။

ဦးသာဒင္က သူ႔ေခြးေအာ္သံၾကားေတာ့ ၿခံအျပင္ထြက္လာၿပီးေမာင္ေက်ာ္မိုးေနာက္ေက်ာကို လက္ညႇိဳးနဲ႔ထိုးၿပီးေျမႀကီးကိုသူ႔ဖေနာင့္နဲ႔ေပါက္လိုက္တာ တဖက္ကလာေနတဲ့ တပည့္ေတာ္ကိုယ္တိုင္ေတြ႕လိုက္ရပါတယ္ဘုရား” “အဲ့ဒါနဲ႔ေမာင္ေက်ာ္မိုးအိမ္ေရာက္ၿပီး အခုလိုေအာင့္ၿပီ လူးလိမ့္ေနတာပါပဲဘုရား”ဟုေလွ်ာက္ေလသည္။

“ဆရာေတာ္ကအနည္းငယ္စဥ္းစားၿပီး” “ဒါဆိုျဖစ္ႏိုင္တယ္ ဦးသာဒင္အရင္လူေတြကိုေရာအခုလိုလုပ္ဖူးလား” “လုပ္ဖူးပါတယ္ဘုရား ေမာင္ေက်ာ္မိုးနဲ႔ဆို လူမနည္းေတာ့ပါဖူး အဲ့ဒီလိုျဖစ္ၿပီဆို ဘယ္ေဆးဆရာနဲ႔မွ ကုလို႔မရပါဘူး ဦးသာဒင္ ကုေပးမွေပ်ာက္ပါတယ္ ခုတပည့္ေတာ္တို႔သူ႔ဆီ ေဆးမကုခ်င္လို႔တျခားဆရာနဲ႔ကုေနတာပါဘုရား”

“ဆရာေတာ္ဦးသုတရိပ္မိသြား၏ ေအာက္လမ္းဆရာဆိုတာ ရက္စက္သည့္ေနရာမွာႏွစ္ေယာက္မရွိ သူတစ္ပါးကိုဒုကၡမ်ားမ်ားေပးႏိုင္ေလ သူတို႔ပညာတတ္ေလျဖစ္၏” “ယၡဳလက္ေတြ႕အသုံးခ်ရေတာ့မည္ ထို႔ေၾကာင့္လည္းထယ္သြားတြင္ကပ္ေနေသာေျမကိုယူခိုင္းၿပီးလွ်င္” “အ႒ာနေမတံပါဋိေတာ္ကို ငါးေခါက္ ဘုရားဂုဏ္ေတာ္ကိုးပါးကို ငါးေခါက္မန္းၿပီး ေမာင္ေက်ာ္မိုးအားတိုက္လိုက္ေလသည္”

“ဘုရာဂုဏ္ေတာ္အစြမ္း အံ့မခန္းပါတကား” ေမာင္ေက်ာ္မိုးတစ္ေယာက္ ထည္သြားကပ္ ေျမႀကီးေရစိမ္ကိုေသာက္ၿပီး ဗိုက္ေအာင့္ေရာဂါခ်က္ျခင္းေပ်ာက္သြား၏။ လူအမ်ား ဘုရားရွင္၏ဂုဏ္ေတာ္ကို ပိုမိုယုံၾကည္လာၾကသည္။ ေမာင္ေက်ာ္မိုး၏ဖခင္မွ“အရွင္ဘုရားဒီလူရွိေနသေ႐ြ႕တပည့္ေတာ္တို႔စိတ္ဆင္းရဲေနရမွာပါပဲဘုရား” “အဲ့ဒါဆို႐ြာထဲကႏွင္ထုတ္ၾကပါလား” “ႏွင္မရလို႔ခက္ေနတာပါဘုရား” “ဒါဆိုသူ႔ဘာသာထြက္သြားေအာင္လုပ္ရမယ္”ဟုဆရာေတာ္မွမိန႔္ၿပီးေက်ာင္းျပန္ႂကြသည္။

ေနာက္တစ္ေန႔ညေနခင္းတြင္ ႐ြာေက်ာင္းဆရာေတာ္တစ္ပါးထဲ ဦးသာဒင္အိမ္သို႔ မည္သူမွအသိမေပးပဲ ႂကြသြားသည္။ အိမ္ေပၚသို႔အေရာက္တြင္ မ်က္လုံးျပဴးုျပဴး အသားမည္းမည္း မုတ္ဆိတ္ေမြးရွည္ရွည္ႏွင့္ဦးသာဒင္က ဖ်ာတခ်ပ္ခင္းေပးသည္။ သို႔ေသာ္ ဦးေတာ့မခ် “အရွင္ဘုရားဘာကိစၥရွိလို႔ ႂကြလာတာလည္း” “ဦးပၪၨင္းကစကားကို သြယ္ဝိုက္မေျပာတတ္ဖူး ဒကာႀကီးက ေအာက္လမ္းပညာတတ္တယ္ဆိုတာဟုတ္လား?” ဦးသာဒင္ျငင္း၍မရမည့္အတူတူဝန္ခံလိုက္၏။

“ဒကာႀကီး ပညာလက္ေတြ႕ျမင္ဖူးခ်င္တယ္ ျပလို႔ရမလား” “အရွင္ဘုရားက ဘယ္လိုျပေစခ်င္တာလည္းဘုရား” “ဦးပၪၨင္းလက္ညႇိဳးထိုးတဲ့အပင္ကို ေသေအာင္လုပ္ေပးႏိုင္မလား” “ဒါေလာက္ကမခက္ပါဖူး ႐ိုး႐ိုးေသေအာင္ထက္ အပင္ကိုမီးေလာင္ၿပီးေသေအာင္ လုပ္ျပႏိုင္ပါတယ္ဘုရား’

“ကဲ့…ဒါဆိုအျပင္ထြက္ၾကစို႔ ဒကာႀကီး အိမ္ေရွ႕လမ္းမေဘးမွာ ဝါး႐ုံပင္ေတြရွိေနတာပဲ” သူတို႔ႏွစ္ေယာက္အျပင္ထြက္ၾကၿပီး ဦးသာဒင္ကို လမ္းေဘမွာေနေစၿပီး ဦးပၪၨင္းက ဝါး႐ုံပင္နားရပ္ေနေလသည္။ ဝါး႐ုံပင္ႏွင့္ ဦးသာဒင္ ေပငါးဆယ္ခန႔္ကြာေလသည္။ ႐ြာမွလူအမ်ားေရာက္လာၿပီး မ်က္ေတာင္မခတ္ပဲၾကည့္ေနၾကေလသည္။

ထို႔ေနာက္ ဦးပၪၨင္းမွ ဝါး႐ုံတစ္႐ုံအား လက္ညႇိဳးထိုးျပၿပီး… “ဒီအပင္ပဲဒကာႀကီး”ဟုလွမ္းေအာ္ေျပာလိုက္သည္ႏွင့္ “ဦးသာဒင္သည္ ဝါးပင္ကို စိုက္ၾကည့္လ်က္ လက္ညႇိဳးထိုး၍ တစ္စုံတစ္ခုကို႐ြတ္ဆိုေန၏။ ႏွစ္မိနစ္ခန႔္အၾကာ ဝါးပင္မွာစိမ္းစိုေနရာမွတျဖည္းျဖည္းေျခာက္ေသြ႕ၿပီး မီးေလာင္၍သြားေလသည္” ႐ြာသားမ်ားဦးသာဒင္ကိုပိုေၾကာက္လာၾကသည္”

“ဦးပၪၨင္းဒုတိယဝါးပင္ကိုၫႊန္ျပရာ ပထမဝါးပင္ကဲ့သို႔မီးေလာင္သြားေလသည္” “ဤတြင္ဦးသာဒင္မွရင္ေကာ့၍ သာဒင္ကို ဘာထင္သလဲဟူေသာ မ်က္လုံးျဖင့္ ေျမႇာက္ႂကြႂကြ ျဖစ္ေနသည္” “အရွင္ဘုရား တပည့္ေတာ္ဝါးတစ္႐ုံလုံးမီးေလာင္ေအာင္လုပ္ႏိုင္ပါတယ္” ႐ြာသားမ်ား႐ြာဦးေက်ာင္းဆရာေတာ္အား စိတ္ပူပင္ေနၾကသည္။

ထိုအခါ႐ြာဦးေက်ာင္းဆရာေတာ္မွ“ဒကာႀကီးပညာကို ဒကာႀကီးက ယုံၾကည္တယ္ဆိုရင္ေပါ့အေလာင္းအစားတစ္ခုလုပ္ၾကမယ္ဘယ္ႏွယ့္လဲ” “ဒီတတိယဝါးပင္ကို မီးေလာင္ေအာင္လုပ္ျပႏိုင္ခဲ့ရင္ဦးပၪၨင္းဒီ႐ြာကထြက္သြားမယ္၊ လုပ္မျပႏိုင္လို႔ရွိရင္ေတာ့ဒကာႀကီးဒီ႐ြာကထြက္သြားေပးပါ” “စိမ္လိုက္ေလသေဘာတူပါတယ္ဘုရား” “ဦးပၪၨင္းမွ ကဲ့ဒီစကားအားလုံးၾကားတယ္ေနာ္ မွတ္ထားၾက ဒါဆို ဒီဝါးပင္ကို မီးေလာင္ေအာင္လုပ္ျပပါဟု တတိယဝါးပင္ကိုလက္ညႇိဳးထိုးျပေလသည္”

“ဦးသာဒင္လည္းအရင္ပုံစံအတိုင္း လက္ညႇိဳးထိုးလွ်က္ဝါးပင္းအား စိုက္ၾကည့္ၿပီး တစ္စုံတစ္ခု႐ြတ္ေန၏” “ဝါးပင္မွာဘာမွမျဖစ္ေသာအခါ သူေခြၽးျပန္လာ၏ ထို႔အခါ ေနာက္ဆုံးပညာကုန္သုံးၿပီး ဖေနာင့္ေပါက္လိုက္သည္ ဝါးပင္မွာဘာမွမျဖစ္” “ဦးသာဒင္သာေနာက္သို႔ေလးေပခန႔္လြင့္သြားၿပီးေျမႀကီးေပၚလူးလိမ့္ေနေလသည္ အေတာ္ၾကာမွ သူ႔မယားႏွင့္ သူသားတြဲေခၚသြားရေလသည္”

“႐ြားသားမ်ားမွ ႐ြာေက်ာင္းဆရာေတာ္ႏိုင္ၿပီ ဦးသာဒင္ႀကီးရႈံးၿပီဟု အားရဝမ္းသာေအာ္ၾကေလသည္” “ဝမ္းသာအားရေအာ္ဟစ္ဆူညံေနသျဖင့္ တတိယဝါးပင္ကိုဦးသာဒင္မီးေလာင္ေအာင္မလုပ္ႏိုင္သည္ကို မည္သူမွ်မစူးစမ္းမေလ့လာမိၾက”

“တတိယေျမႇာက္ဝါးပင္၏ ေနာက္ေက်ာဖက္ကို ေသျခာၾကည့္လွ်င္ စကၠဴျဖင့္ေရးကပ္ထားေသာ စာလုံးသုံးလုံးကို ေတြ႕ရမည္ျဖစ္သည္။ ထိုစာလုံးကား” အ ရ ဟံ ေမတၱာရွင္ေ႐ႊျပည္သာ၏ဇာတ္လမ္းကိုအတိုခ်ဳံး၍ျပန္လည္မွ်ေဝပါသည္။

အားလုံးကို အထူးေက်းဇူးတင္လွ်က္ (စိုင္းမင္းသန႔္)

Unicode

အောက် လမ်း ဆရာ ကြောက် တဲ့ ထယ်သွား ကပ် မြေကြီးနှ င့် ဘုရားဂုဏ်တော်အစွမ်း အံ့မခန်း

“အောင့် တယ်…အောင့်တယ်”ဟူ၍အော်နေသော မောင်ကျော်မိုး ၏ အော်နေသောအသံ သည် စူးနစ်စွာထွက်ပေါ်လာ၏။ မောင်ကျော်မိုး၏ ဖခင်နှင့် အကိုဖြစ်သူတို့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြသည်။

မောင်ကျော်မိုး ၏အော်သံမှာလည်းပို၍ကျယ်လာပြီး အော်သံစိပ်လာသဖြင့် အိမ်နီးချင်းများမှအားလုံးဝိုင်းအုံလာကြသဖြင့် သူတို့အိမ်တွင်လူများပြည့်ကျပ်သွားသည်။ တစ်ယောက်ကပြေးခေါ်သဖြင့်ဗိန္နောဆေးဆရာကြီး ဦးဖြူသီးရောက်လာပြီး တိုင်းရင်းဆေးများတိုက်ကြွေးသော်လည်း အအောင့်ကမပျောက်သဖြင့် မြို့ဆေးရုံသို့ပို့ရန်အကြံပေးကြလေသည်။

ထိုအချိန်မှာပင် ရွာဦးကျောင်းဆရာတော်ဦးသုတဆွမ်းခံကြွလာ၏ အိမ်ထဲသို့ဝင်လိုက်သည်နှင့် မောင်ကျော်မိုး မချိမဆန့်အော်လိုက်သော အသံများက ဆီးကြိုလျက်ရှိသည်။ ထို့ကြောင့် သပိတ်ချပြီး လူနာထံကြွသွား၏။ အသင့်ခင်းထားသောနေရာပေါ်ထိုင်ပြီးသည်နှင့်အကျိုးအကြောင်းမေးလေ၏

“မောင်ကျော်မိုးဘာရောဂါဖြစ်တာလည်း”ဟုမေးလေသည် မည်သူမှဦးဆောင်၍ဖြေသူမရှိ မောင်ကျော်မိုး၏ဖခင်မှ ဗိုက်အောင့်တာပါဘုရားဟုဖြေးဖြေးလေးပြန်လျှောက်၏ ဆရာတော်မှ“ရောဂါကြောင့်လား မတည့်စာ စားမိလို့လား” ထိုအမေးကို မည်သူမှဖြေသံမကြား သူတို့မျက်နှာများမှာ ကြောက်လန့်နေသည့်လဏ္ခာတွေ့ရသည်။

ထိုအချိန်မှာပင် မောင်ကျော်မိုး၏အကိုဖြစ်သူမှ ရဲဝံ့စွာ “ဝေဒနာကြောင့်ပါဘုရား ဝေဒနာမှရိုးရိုးဝေဒနာမဟုတ်ပါဘုရား” “ဒါဆိုရင်ဘယ်လိုဝေဒနာမျိုးလည်းကွဲ့” “အောက်လမ်းဆရာလုပ်ထားတာပါဘုရား” “ဒါကိုဘယ်လိုသိရတာလည်းကွဲ့” “တင်ပါ့ ခုမနက်ပိုင်း မောင်ကျော်မိုးဦးသာဒင်ရဲ့အိမ်ရှေ့ကအဖြတ် ဦးသာဒင်မွေးထားတဲ့ခွေးက မောင်ကျော်မိုးကိုလိုက်ပြီးဆွဲပါတယ်။ အဲ့ဒီမှာမောင်ကျော်မိုးက အုတ်ခဲပိုင်းနဲ့ပစ်လိုက်တာ ခွေးနှာနုရိုးကိုထိပြီးအော်ပြေးပါတယ်။

ဦးသာဒင်က သူ့ခွေးအော်သံကြားတော့ ခြံအပြင်ထွက်လာပြီးမောင်ကျော်မိုးနောက်ကျောကို လက်ညှိုးနဲ့ထိုးပြီးမြေကြီးကိုသူ့ဖနောင့်နဲ့ပေါက်လိုက်တာ တဖက်ကလာနေတဲ့ တပည့်တော်ကိုယ်တိုင်တွေ့လိုက်ရပါတယ်ဘုရား” “အဲ့ဒါနဲ့မောင်ကျော်မိုးအိမ်ရောက်ပြီး အခုလိုအောင့်ပြီ လူးလိမ့်နေတာပါပဲဘုရား”ဟုလျှောက်လေသည်။

“ဆရာတော်ကအနည်းငယ်စဉ်းစားပြီး” “ဒါဆိုဖြစ်နိုင်တယ် ဦးသာဒင်အရင်လူတွေကိုရောအခုလိုလုပ်ဖူးလား” “လုပ်ဖူးပါတယ်ဘုရား မောင်ကျော်မိုးနဲ့ဆို လူမနည်းတော့ပါဖူး အဲ့ဒီလိုဖြစ်ပြီဆို ဘယ်ဆေးဆရာနဲ့မှ ကုလို့မရပါဘူး ဦးသာဒင် ကုပေးမှပျောက်ပါတယ် ခုတပည့်တော်တို့သူ့ဆီ ဆေးမကုချင်လို့တခြားဆရာနဲ့ကုနေတာပါဘုရား”

“ဆရာတော်ဦးသုတရိပ်မိသွား၏ အောက်လမ်းဆရာဆိုတာ ရက်စက်သည့်နေရာမှာနှစ်ယောက်မရှိ သူတစ်ပါးကိုဒုက္ခများများပေးနိုင်လေ သူတို့ပညာတတ်လေဖြစ်၏” “ယ္ခုလက်တွေ့အသုံးချရတော့မည် ထို့ကြောင့်လည်းထယ်သွားတွင်ကပ်နေသောမြေကိုယူခိုင်းပြီးလျှင်” “အဋ္ဌာနမေတံပါဋိတော်ကို ငါးခေါက် ဘုရားဂုဏ်တော်ကိုးပါးကို ငါးခေါက်မန်းပြီး မောင်ကျော်မိုးအားတိုက်လိုက်လေသည်”

“ဘုရာဂုဏ်တော်အစွမ်း အံ့မခန်းပါတကား” မောင်ကျော်မိုးတစ်ယောက် ထည်သွားကပ် မြေကြီးရေစိမ်ကိုသောက်ပြီး ဗိုက်အောင့်ရောဂါချက်ခြင်းပျောက်သွား၏။ လူအများ ဘုရားရှင်၏ဂုဏ်တော်ကို ပိုမိုယုံကြည်လာကြသည်။ မောင်ကျော်မိုး၏ဖခင်မှ“အရှင်ဘုရားဒီလူရှိနေသရွေ့တပည့်တော်တို့စိတ်ဆင်းရဲနေရမှာပါပဲဘုရား” “အဲ့ဒါဆိုရွာထဲကနှင်ထုတ်ကြပါလား” “နှင်မရလို့ခက်နေတာပါဘုရား” “ဒါဆိုသူ့ဘာသာထွက်သွားအောင်လုပ်ရမယ်”ဟုဆရာတော်မှမိန့်ပြီးကျောင်းပြန်ကြွသည်။

နောက်တစ်နေ့ညနေခင်းတွင် ရွာကျောင်းဆရာတော်တစ်ပါးထဲ ဦးသာဒင်အိမ်သို့ မည်သူမှအသိမပေးပဲ ကြွသွားသည်။ အိမ်ပေါ်သို့အရောက်တွင် မျက်လုံးပြူးုပြူး အသားမည်းမည်း မုတ်ဆိတ်မွေးရှည်ရှည်နှင့်ဦးသာဒင်က ဖျာတချပ်ခင်းပေးသည်။ သို့သော် ဦးတော့မချ “အရှင်ဘုရားဘာကိစ္စရှိလို့ ကြွလာတာလည်း” “ဦးပဉ္ဇင်းကစကားကို သွယ်ဝိုက်မပြောတတ်ဖူး ဒကာကြီးက အောက်လမ်းပညာတတ်တယ်ဆိုတာဟုတ်လား?” ဦးသာဒင်ငြင်း၍မရမည့်အတူတူဝန်ခံလိုက်၏။

“ဒကာကြီး ပညာလက်တွေ့မြင်ဖူးချင်တယ် ပြလို့ရမလား” “အရှင်ဘုရားက ဘယ်လိုပြစေချင်တာလည်းဘုရား” “ဦးပဉ္ဇင်းလက်ညှိုးထိုးတဲ့အပင်ကို သေအောင်လုပ်ပေးနိုင်မလား” “ဒါလောက်ကမခက်ပါဖူး ရိုးရိုးသေအောင်ထက် အပင်ကိုမီးလောင်ပြီးသေအောင် လုပ်ပြနိုင်ပါတယ်ဘုရား’

“ကဲ့…ဒါဆိုအပြင်ထွက်ကြစို့ ဒကာကြီး အိမ်ရှေ့လမ်းမဘေးမှာ ဝါးရုံပင်တွေရှိနေတာပဲ” သူတို့နှစ်ယောက်အပြင်ထွက်ကြပြီး ဦးသာဒင်ကို လမ်းဘေမှာနေစေပြီး ဦးပဉ္ဇင်းက ဝါးရုံပင်နားရပ်နေလေသည်။ ဝါးရုံပင်နှင့် ဦးသာဒင် ပေငါးဆယ်ခန့်ကွာလေသည်။ ရွာမှလူအများရောက်လာပြီး မျက်တောင်မခတ်ပဲကြည့်နေကြလေသည်။

ထို့နောက် ဦးပဉ္ဇင်းမှ ဝါးရုံတစ်ရုံအား လက်ညှိုးထိုးပြပြီး… “ဒီအပင်ပဲဒကာကြီး”ဟုလှမ်းအော်ပြောလိုက်သည်နှင့် “ဦးသာဒင်သည် ဝါးပင်ကို စိုက်ကြည့်လျက် လက်ညှိုးထိုး၍ တစ်စုံတစ်ခုကိုရွတ်ဆိုနေ၏။ နှစ်မိနစ်ခန့်အကြာ ဝါးပင်မှာစိမ်းစိုနေရာမှတဖြည်းဖြည်းခြောက်သွေ့ပြီး မီးလောင်၍သွားလေသည်” ရွာသားများဦးသာဒင်ကိုပိုကြောက်လာကြသည်”

“ဦးပဉ္ဇင်းဒုတိယဝါးပင်ကိုညွှန်ပြရာ ပထမဝါးပင်ကဲ့သို့မီးလောင်သွားလေသည်” “ဤတွင်ဦးသာဒင်မှရင်ကော့၍ သာဒင်ကို ဘာထင်သလဲဟူသော မျက်လုံးဖြင့် မြှောက်ကြွကြွ ဖြစ်နေသည်” “အရှင်ဘုရား တပည့်တော်ဝါးတစ်ရုံလုံးမီးလောင်အောင်လုပ်နိုင်ပါတယ်” ရွာသားများရွာဦးကျောင်းဆရာတော်အား စိတ်ပူပင်နေကြသည်။

ထိုအခါရွာဦးကျောင်းဆရာတော်မှ“ဒကာကြီးပညာကို ဒကာကြီးက ယုံကြည်တယ်ဆိုရင်ပေါ့အလောင်းအစားတစ်ခုလုပ်ကြမယ်ဘယ်နှယ့်လဲ” “ဒီတတိယဝါးပင်ကို မီးလောင်အောင်လုပ်ပြနိုင်ခဲ့ရင်ဦးပဉ္ဇင်းဒီရွာကထွက်သွားမယ်၊ လုပ်မပြနိုင်လို့ရှိရင်တော့ဒကာကြီးဒီရွာကထွက်သွားပေးပါ” “စိမ်လိုက်လေသဘောတူပါတယ်ဘုရား” “ဦးပဉ္ဇင်းမှ ကဲ့ဒီစကားအားလုံးကြားတယ်နော် မှတ်ထားကြ ဒါဆို ဒီဝါးပင်ကို မီးလောင်အောင်လုပ်ပြပါဟု တတိယဝါးပင်ကိုလက်ညှိုးထိုးပြလေသည်”

“ဦးသာဒင်လည်းအရင်ပုံစံအတိုင်း လက်ညှိုးထိုးလျှက်ဝါးပင်းအား စိုက်ကြည့်ပြီး တစ်စုံတစ်ခုရွတ်နေ၏” “ဝါးပင်မှာဘာမှမဖြစ်သောအခါ သူချွေးပြန်လာ၏ ထို့အခါ နောက်ဆုံးပညာကုန်သုံးပြီး ဖနောင့်ပေါက်လိုက်သည် ဝါးပင်မှာဘာမှမဖြစ်” “ဦးသာဒင်သာနောက်သို့လေးပေခန့်လွင့်သွားပြီးမြေကြီးပေါ်လူးလိမ့်နေလေသည် အတော်ကြာမှ သူ့မယားနှင့် သူသားတွဲခေါ်သွားရလေသည်”

“ရွားသားများမှ ရွာကျောင်းဆရာတော်နိုင်ပြီ ဦးသာဒင်ကြီးရှုံးပြီဟု အားရဝမ်းသာအော်ကြလေသည်” “ဝမ်းသာအားရအော်ဟစ်ဆူညံနေသဖြင့် တတိယဝါးပင်ကိုဦးသာဒင်မီးလောင်အောင်မလုပ်နိုင်သည်ကို မည်သူမျှမစူးစမ်းမလေ့လာမိကြ”

“တတိယမြှောက်ဝါးပင်၏ နောက်ကျောဖက်ကို သေခြာကြည့်လျှင် စက္ကူဖြင့်ရေးကပ်ထားသော စာလုံးသုံးလုံးကို တွေ့ရမည်ဖြစ်သည်။ ထိုစာလုံးကား” အ ရ ဟံ မေတ္တာရှင်ရွှေပြည်သာ၏ဇာတ်လမ်းကိုအတိုချုံး၍ပြန်လည်မျှဝေပါသည်။

အားလုံးကို အထူးကျေးဇူးတင်လျှက် (စိုင်းမင်းသန့်)