အသက္ရွိေနတဲ့ ေရွးေဟာင္းပစၥည္းမ်ား

Zawgyi

အသက္ရွိေနတဲ့ေရွးေဟာင္းပစၥည္းမ်ား

ကြၽန္ေတာ္တို႔ ေရွးေဟာင္းသုေတသနဌာနထဲမွာ ႏွစ္ေပါင္း ၂၅ႏွစ္နီးပါးတာဝန္ထမ္းေဆာင္လာခဲ့ေပမယ့္ ေရွးေဟာင္းပစၥည္းေတြနဲ႔ပတ္သက္ၿပီး ေယာင္လို႔ေတာင္အိမ္ကိုသယ္ေလ့မရွိဘူး ေၾကာက္လို႔ ။

ကိုယ္လုပ္ရတဲ့အလုပ္က ေရွးၿမိဳ႕ေဟာင္းေတြကိုတူးေဖာ္ရတာဆိုေတာ့ ျပတိုက္မွာျပသေနတဲ့ပစၥည္းအေတာ္မ်ားမ်ားက ဒီတူးေဖာ္ေရးေတြကေန ရလာၾကတာ ၊ ျပတိုက္မေရာက္ခင္လတ္လတ္ဆတ္ဆတ္ေျမႀကီးထဲကေန ကြၽန္ေတာ္တို႔လိုတူးေဖာ္ေရးသမားေတြကထုတ္ယူေပးခဲ့ၾကတာပါ။

တစ္ခုရွိတာက ေရွးေဟာင္းပစၥည္းေတြဟာ အၿမဲပဲရွင္သန္ေနတယ္ဆိုတာပဲ ၊ သူတို႔ဟာ သူတို႔ရဲ႕မူလ သခင္ေတြကို တမ္းတမ္းတတ ျဖစ္ေနၾကတုန္းဆိုတာပါပဲ ၊ အကိုင္အတြယ္မတတ္ရင္ ဒုကၡေရာက္တတ္တယ္ ဒါကို တစ္ခ်ိဳ႕က ခိုက္တယ္လို႔ေျပာေလ့ရွိတယ္ ။

၁၉၉၆ခုႏွစ္ က်ိဳင္းတုံၿမိဳမွာရွိတဲ့ေစတီကုန္းတစ္ခုကို တူးေဖာ္သုေတသနျပဳခဲ့ရတုန္းက ေရွးေဟာင္းတူးေဖာ္ေရးအဖြဲ႕ေတြက်ိဳင္းတုံမေရာက္ခင္၊ မိုးေလဝသ ႐ုံးဝင္းဝန္ထမ္းအိမ္ယာအတြက္ေျမက်င္းတူးရင္း ဘုရားကုန္းကိုတူးမိရာက ေရွးေဟာင္းအုတ္ခြက္ဘုရားေသးေသးေလးေတြထြက္လာတယ္။

ဒါကို တာခ်ီလိတ္ဘက္သြားမယ့္ကားဆရာေတြက သူတို႔လာဘ္ေကာင္းေအာင္ အႏၲာရာယ္ကင္းေအာင္ေဆာင္ထားခ်င္လို႔ ခြင့္မေတာင္းပဲသယ္ယူသြားၾကတာ လမ္းခရီးမွာ ကားပ်က္ ကားေခါင္းထဲေႁမြေတြ႕ စသျဖင့္ထူးျခားတာေတြျဖစ္လာလို႔ ျပန္ပို႔ၾကရပါတယ္ ။

ေနာက္တစ္ခု က ဘာသာျခားတစ္ေယာက္ အဲ့ဒီကပဲ အုတ္ခြက္ဘုရားတစ္ဆူကိုယူသြားတာ အိပ္ယာဝင္ေတာ့ေခါင္းအုန္းေအာက္မွာေႁမြႀကီးေခြေနလို႔ ျပန္ပို႔ရသတဲ့ ၊ စသျဖင့္ စသျဖင့္ ေရွးေဟာင္း ပစၥည္းနဲ႔ပတ္သက္လို႔ ထူးထူးျခားျခားၾကားၾကရပါတယ္ ။

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ယခုရန္ကုန္ေရွးေဟာင္းဌာနခြဲ႐ုံးဟာ ယခင္က ေရွးေဟာင္းရဲ႕႐ုံးခ်ဳပ္ျဖစ္ပါတယ္ ၊ ဒါေၾကာင့္ ေရွးေဟာင္းပစၥည္းေတြထားတဲ့ကြၽန္ေတာ္တို႔အေခၚ” ေဘာ့အခန္း ႀကီး”ရွိပါတယ္။

အနယ္နယ္အရပ္ရပ္ကအေရးႀကီးတဲ့ေရွးပစၥည္းေတြကိုတံခါးအထပ္ထပ္ေသာ့အထပ္ထပ္နဲ႔ထားပါတယ္၊ ဒီအထဲကပစၥည္းေတြဟာ အထူးျပပြဲမ်ားျပသဖို႔ထုတ္တဲ့အခါ သူ႔ေနရာမွာသူထားေပမယ့္ေပ်ာက္ေနတတ္တယ္လို႔အဆိုရွိပါတယ္။

ေရွးေဟာင္းပစၥည္းထုတ္ယူတဲ့ဝန္ထမ္းမ်ားက ပါးစပ္ကေန “ကဲကဲ အပိုင္မယူပါဘူး ျပပြဲအတြက္ပါ ခနယူၿပီးျပမွာပါ ကိုယ့္ဟာကိုျပန္ထားၾကပါလို႔” ေျပာဆိုမွ ေနာက္တစ္ႀကိမ္ ဒီေဘာ့ခန္းႀကီးထဲျပန္ဝင္ရင္ သူ႔ေနရာမွာပဲေတြ႕ရတယ္လို႔ဆိုပါတယ္။

တစ္ခါက ျပပြဲတစ္ခုအတြက္ ပ်ဴဒဂၤါးေတြရည္တြက္ၾကရေတာ့ ေရတြက္တိုင္း အရည္အတြက္က တစ္ေခါက္နဲ႔တစ္ေခါက္မတူဘူးတဲ့ ဒါနဲ႔ အထက္အရာရွိလူႀကီးေတြကဒါဘယ္လိုျဖစ္တာလဲဆိုေတာ့ အထာသိတဲ့သူက ဆရာေရ သူ႔ဟာသူျပန္မွန္သြားလိမ့္မယ္ ညေန၄ခြဲမွျပန္ဝင္ ျပန္ရည္တြက္ၾကမယ္ လို႔ေျပာရင္းခုနကအတိုင္း” ကဲယူထားရင္လည္းျပန္ထားၾကဒါႏိုင္ငံေတာ္ျပပြဲ ျပရမွာ ဘယ္သူမွအပိုင္မယူဘူး”လို႔ေျပာၿပီးေနာက္တစ္ႀကိမ္ ေဘာ့ခန္းႀကီးထဲျပန္ဖြင့္ ျပန္ဝင္ရည္တြက္ေတာ့မွ ရည္တြက္လို႔အမွန္ထြက္ပါသတဲ့၊။

ဒါေတြဟာယုံၾကည္ရခက္ခက္ဆိုေပမယ့္တကယ္ႀကဳံခဲ့ၾကတဲ့သူေတြကႀကဳံခဲ့ၾကတယ္၊ ၿပီးခဲ့တဲ့လပိုင္းကပဲ ႏိုင္ငံျခားငွားျပရမယ့္ဆင္းတုေတာ္တစ္ဆူကို ဝန္ထမ္းတစ္ေယာက္က သယ္ယူေပးရင္း တပည့္ေတာ္လည္းေခၚပါအုန္းလို႔ ေနာက္ေျပာေလး ေျပာမိတာ က တကယ္ပဲ အဲ့ဒီဝန္ထမ္း အဲ့ဒီဘုရားနဲ႔အတူ ႏိုင္ငံျခားျပပြဲပါသြားသတဲ့၊ ယုံခ်င္ယုံမယုံခ်င္ေန believe it or not ပါေနာ္ ၾကားဘူးတာေလးေတြျပန္ေျပာျပတာပါ ။

ေရွးေဟာင္းပစၥည္းေတြကိုေတာ့ ေလ်ာ့မတြက္နဲ႔ ပ်ဴကေျခသည္ ၅႐ုပ္မွာ ၄႐ုပ္က အခိုးခံရၿပီးအေမရိကန္ကိုေရာက္သြားတာေတာင္ ျမန္မာျပည္ကိုႀကံႀကံဖန္ဖန္ျပန္ေရာက္လာေသးတယ္မဟုတ္လား၊ေရွးေဟာင္း ပစၥည္းေတြဟာ အႏုပညာလက္ရာေျမာက္ေလ သူတို႔ရဲ႕အသက္ဝိညာဥ္ေတြဟာရွင္သန္ေလပါပဲ။

အႏုပညာလက္ရာေျမာက္တဲ့ ေရွးေဟာင္းပစၥည္းေတြအေပၚ မေတာ္မတရားျပဳလုပ္ၿပီး ႂကြယ္ဝ ခ်မ္းသာလာတဲ့လူေတြဟာ အဲ့ဒီေရွးေဟာင္းပစၥည္းမ်ားေၾကာင့္ပဲ အလုံးစုံ ပ်က္စီးသြားၾကပါတယ္ မယုံမရွိနဲ႔ ။ခရက္ဒစ္

Unicode

အသက်ရှိနေတဲ့ရှေးဟောင်းပစ္စည်းများ

ကျွန်တော်တို့ ရှေးဟောင်းသုတေသနဌာနထဲမှာ နှစ်ပေါင်း ၂၅နှစ်နီးပါးတာဝန်ထမ်းဆောင်လာခဲ့ပေမယ့် ရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်ပြီး ယောင်လို့တောင်အိမ်ကိုသယ်လေ့မရှိဘူး ကြောက်လို့ ။

ကိုယ်လုပ်ရတဲ့အလုပ်က ရှေးမြို့ဟောင်းတွေကိုတူးဖော်ရတာဆိုတော့ ပြတိုက်မှာပြသနေတဲ့ပစ္စည်းအတော်များများက ဒီတူးဖော်ရေးတွေကနေ ရလာကြတာ ၊ ပြတိုက်မရောက်ခင်လတ်လတ်ဆတ်ဆတ်မြေကြီးထဲကနေ ကျွန်တော်တို့လိုတူးဖော်ရေးသမားတွေကထုတ်ယူပေးခဲ့ကြတာပါ။

တစ်ခုရှိတာက ရှေးဟောင်းပစ္စည်းတွေဟာ အမြဲပဲရှင်သန်နေတယ်ဆိုတာပဲ ၊ သူတို့ဟာ သူတို့ရဲ့မူလ သခင်တွေကို တမ်းတမ်းတတ ဖြစ်နေကြတုန်းဆိုတာပါပဲ ၊ အကိုင်အတွယ်မတတ်ရင် ဒုက္ခရောက်တတ်တယ် ဒါကို တစ်ချို့က ခိုက်တယ်လို့ပြောလေ့ရှိတယ် ။

၁၉၉၆ခုနှစ် ကျိုင်းတုံမြိုမှာရှိတဲ့စေတီကုန်းတစ်ခုကို တူးဖော်သုတေသနပြုခဲ့ရတုန်းက ရှေးဟောင်းတူးဖော်ရေးအဖွဲ့တွေကျိုင်းတုံမရောက်ခင်၊ မိုးလေဝသ ရုံးဝင်းဝန်ထမ်းအိမ်ယာအတွက်မြေကျင်းတူးရင်း ဘုရားကုန်းကိုတူးမိရာက ရှေးဟောင်းအုတ်ခွက်ဘုရားသေးသေးလေးတွေထွက်လာတယ်။

ဒါကို တာချီလိတ်ဘက်သွားမယ့်ကားဆရာတွေက သူတို့လာဘ်ကောင်းအောင် အန္တာရာယ်ကင်းအောင်ဆောင်ထားချင်လို့ ခွင့်မတောင်းပဲသယ်ယူသွားကြတာ လမ်းခရီးမှာ ကားပျက် ကားခေါင်းထဲမြွေတွေ့ စသဖြင့်ထူးခြားတာတွေဖြစ်လာလို့ ပြန်ပို့ကြရပါတယ် ။

နောက်တစ်ခု က ဘာသာခြားတစ်ယောက် အဲ့ဒီကပဲ အုတ်ခွက်ဘုရားတစ်ဆူကိုယူသွားတာ အိပ်ယာဝင်တော့ခေါင်းအုန်းအောက်မှာမြွေကြီးခွေနေလို့ ပြန်ပို့ရသတဲ့ ၊ စသဖြင့် စသဖြင့် ရှေးဟောင်း ပစ္စည်းနဲ့ပတ်သက်လို့ ထူးထူးခြားခြားကြားကြရပါတယ် ။

ရန်ကုန်မြို့မှာရှိတဲ့ယခုရန်ကုန်ရှေးဟောင်းဌာနခွဲရုံးဟာ ယခင်က ရှေးဟောင်းရဲ့ရုံးချုပ်ဖြစ်ပါတယ် ၊ ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေထားတဲ့ကျွန်တော်တို့အခေါ်” ဘော့အခန်း ကြီး”ရှိပါတယ်။

အနယ်နယ်အရပ်ရပ်ကအရေးကြီးတဲ့ရှေးပစ္စည်းတွေကိုတံခါးအထပ်ထပ်သော့အထပ်ထပ်နဲ့ထားပါတယ်၊ ဒီအထဲကပစ္စည်းတွေဟာ အထူးပြပွဲများပြသဖို့ထုတ်တဲ့အခါ သူ့နေရာမှာသူထားပေမယ့်ပျောက်နေတတ်တယ်လို့အဆိုရှိပါတယ်။

ရှေးဟောင်းပစ္စည်းထုတ်ယူတဲ့ဝန်ထမ်းများက ပါးစပ်ကနေ “ကဲကဲ အပိုင်မယူပါဘူး ပြပွဲအတွက်ပါ ခနယူပြီးပြမှာပါ ကိုယ့်ဟာကိုပြန်ထားကြပါလို့” ပြောဆိုမှ နောက်တစ်ကြိမ် ဒီဘော့ခန်းကြီးထဲပြန်ဝင်ရင် သူ့နေရာမှာပဲတွေ့ရတယ်လို့ဆိုပါတယ်။

တစ်ခါက ပြပွဲတစ်ခုအတွက် ပျူဒင်္ဂါးတွေရည်တွက်ကြရတော့ ရေတွက်တိုင်း အရည်အတွက်က တစ်ခေါက်နဲ့တစ်ခေါက်မတူဘူးတဲ့ ဒါနဲ့ အထက်အရာရှိလူကြီးတွေကဒါဘယ်လိုဖြစ်တာလဲဆိုတော့ အထာသိတဲ့သူက ဆရာရေ သူ့ဟာသူပြန်မှန်သွားလိမ့်မယ် ညနေ၄ခွဲမှပြန်ဝင် ပြန်ရည်တွက်ကြမယ် လို့ပြောရင်းခုနကအတိုင်း” ကဲယူထားရင်လည်းပြန်ထားကြဒါနိုင်ငံတော်ပြပွဲ ပြရမှာ ဘယ်သူမှအပိုင်မယူဘူး”လို့ပြောပြီးနောက်တစ်ကြိမ် ဘော့ခန်းကြီးထဲပြန်ဖွင့် ပြန်ဝင်ရည်တွက်တော့မှ ရည်တွက်လို့အမှန်ထွက်ပါသတဲ့၊။

ဒါတွေဟာယုံကြည်ရခက်ခက်ဆိုပေမယ့်တကယ်ကြုံခဲ့ကြတဲ့သူတွေကကြုံခဲ့ကြတယ်၊ ပြီးခဲ့တဲ့လပိုင်းကပဲ နိုင်ငံခြားငှားပြရမယ့်ဆင်းတုတော်တစ်ဆူကို ဝန်ထမ်းတစ်ယောက်က သယ်ယူပေးရင်း တပည့်တော်လည်းခေါ်ပါအုန်းလို့ နောက်ပြောလေး ပြောမိတာ က တကယ်ပဲ အဲ့ဒီဝန်ထမ်း အဲ့ဒီဘုရားနဲ့အတူ နိုင်ငံခြားပြပွဲပါသွားသတဲ့၊ ယုံချင်ယုံမယုံချင်နေ believe it or not ပါနော် ကြားဘူးတာလေးတွေပြန်ပြောပြတာပါ ။

ရှေးဟောင်းပစ္စည်းတွေကိုတော့ လျော့မတွက်နဲ့ ပျူကခြေသည် ၅ရုပ်မှာ ၄ရုပ်က အခိုးခံရပြီးအမေရိကန်ကိုရောက်သွားတာတောင် မြန်မာပြည်ကိုကြံကြံဖန်ဖန်ပြန်ရောက်လာသေးတယ်မဟုတ်လား၊ရှေးဟောင်း ပစ္စည်းတွေဟာ အနုပညာလက်ရာမြောက်လေ သူတို့ရဲ့အသက်ဝိညာဉ်တွေဟာရှင်သန်လေပါပဲ။

အနုပညာလက်ရာမြောက်တဲ့ ရှေးဟောင်းပစ္စည်းတွေအပေါ် မတော်မတရားပြုလုပ်ပြီး ကြွယ်ဝ ချမ်းသာလာတဲ့လူတွေဟာ အဲ့ဒီရှေးဟောင်းပစ္စည်းများကြောင့်ပဲ အလုံးစုံ ပျက်စီးသွားကြပါတယ် မယုံမရှိနဲ့ ။ခရက်ဒစ်