ယောက်ျားအကြိုက် အလိုလိုက်ပြီး ကလေးယူပေး၊ နှိပ်စက်ခံရရာမှ အသက်ပါပေးလိုက်ရတဲ့မိန်းကလေး
Zawgyi
Unicode
ကျွန်မသူငယ်ချင်းက နှလုံးရောဂါ ရှိတယ် ကလေးယူမရဘူးလို့ ဆရာဝန်မှာထားတယ်။သူ့ယောက်ကျားက ကလေးလိုချင်တယ် ကလေးယူပေးလို့ ခနခနပြောတယ်။
(4.12.2019)သူကိုယ်ဝန်ရှိနေပြီး ကျွန်မနဲ့ပြောပြလာတယ် ကျွန်မကမယုံဘူးမယုံဘူး ။နင်ငါရှေ့မာဆီးစစ်ပြဆိုပြီး သူကစစ်ပြပေးတယ်။ကျွန်မကပျော်လေပျော်တယ်၊စိတ်လေပူတယ်။
သူက ကျန်းမာရေးမကောင်းဘူး၊ဆရာဝန်လေကလေးယူရင်အသက်အန္တရာယ်ရှိတယ်လို့မှာထားတယ် ကျွန်မစိတ်ပူနေမိတယ်။
ိကိုယ်ဝန်ရှိနေတဲ့အကြောင်းသူယောကျာ်းနဲ့ သူပြောပြတယ်။သူယောကျာ်းပျော်မယ်လို့ထင်ထားတယ် ဘယ်ဟုတ်မလဲ ဖျက်ချဖို့ပြောလာတယ်
နင်ပဲလိုချင်တယ် ငါရတော့မှ ဖျက်ချဖို့ဆိုတာ မလုပ်ပေးနိုင်ဘူးတဲ့ ကိုယ်ဝန်ရပြီးတယ်နောက်ပိုင်း သူယောကျာ်း သူ့ကိုနည်းနည်းလေးမှ ဂရုမစိုက်တော့ဘူး အိမ်မှာမနေဘူး သူကနှလုံးရောဂါရှိတယ်လေ စိတ်ဓာတ်ကျတယ် စားမဝင်အိပ်မပျော်တော့ဘူး
ကျွန်မက အားပေးစကားပြောတယ် သူ့နဲ့အဖော်နေပေးတယ် နောက်တစ်နေ့မှာ သူယောကျာ်းအမေအိမ်ပြန်သွားတယ် သူကဆံပင်ဖျောင့်ချင်တယ် လမ်းမလျှောက်တလျှောက်နိုင်တဲ့ ကျွန်မ အိမ်ကိုရောက်လာတယ်။
အဲဒီနေ့က ကျွန်မနားအရမ်းနာနေတယ် နောက်နေ့မှသွားလို့မရဘူးလား သူကဒီနေ့ပဲဖျောင့်ချင်တယ် ကျွန်မက သူအမိန့်အတိုင်းပဲ ခေါ်ဇာမြို့မှာ ဆံပင်သွားဖျောင့်တယ်။ဆံပင်ဖျောင့်နေတဲ့အချိန်က သူ့ယောက်ကျား ဖုန်းဝင်လာတယ်
ကျွန်မပဲကိုင်တယ် သူဆံပင်ဖျောင့်နေတယ်လို့ခနနေပြီးတော့မယ် သူ့ယောက်ကျားက ဒေါသထွက်နေတဲ့အသံ သူ့ကိုဖုန်းပေးပြောလို့ ကျွန်မက ဖုန်းပေးလိုက်တယ်
သူတို့နှစ်ယောက်ဘာတွေပြောနေလဲ ကျွန်မမသိဘူး သေချာတာတစ်ခုက ရန်ဖြစ်နေတယ် သူ့ယောက်ကျားက ကျွန်မနဲ့လိုက်တာမကြိုက်ဘူး ကျွန်မမသိအောင်သူဖုံးကွယ်ထားတယ် ကျွန်မစိတ်ဆိုးသွားမှာကို သူကြောက်တယ်
သူ့ယောက်ကျားက အခုချက်ချင်းပြန်လာခဲ့လို့ ပြောလာတယ် ။ဆံပင်ဖျောင့်တာမပြီးသေးဘူး ပြီးရင်ပြန်လာမယ် ၊သူ့ယောက်ကျားကမရဘူးအခုချက်ချင်းပြန်လာတဲ့
သူယောက်ကျားလိုက်လာတယ် လမ်းမှာဆုံတယ် အရှိန်းနဲ့မောင်းလာတယ် ကျွန်မဆိုင်ကယ်အရှေ့မှာပိတ်ရပ်တယ် နှလုံးရောဂါ မရှိတဲ့ကျွန်မတောင်တော်တော်လန့်သွားတယ်
ကျွန်မသူငယ်ချင်းဘယ်လောက်တောင်လန့်သွားလဲမသိဘူး ဆိုင်ကယ်ရပ်ပြီး လမ်းမှာပဲ သူ့ယောက်ကျား သူ့ကိုလည်ပင်ညှစ်တယ်သူကလေးတစ်ယောက်လိုအော်ငိုတယ် ကျွန်မကသူ့ယောက်ကျာ်းကို တောင်းပန်တယ် သူ့ကိုဒီလိုမရိုက်ပါနဲ့ သူရောဂါရှိတယ်
ထပ်ခါထပ်ခါတောင်းပန်လဲ သူ့ယောက်ကျားသူ့ကိုလည်ပင်ညှစ်ထားတုန်းပဲ လမ်းသွားလာလူတွေလဲ တစ်ယောက်မှမကူညီကြဘူး ဘယ်သူမှလေ ဝင်မကူညီရဲဘူး ကျွန်မဘာမှမတတ်နိုင်တော့ ကျွန်မလေ မျက်ရည်ကျတယ်
ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက် ကျွန်မ ခြံစောင့်သမားဦးလေးတစ်ယောက်တွေ့သွားတယ် အဲဒီဦးလေးကို ကျွန်မအကူညီတောင်းတယ်
ဦးလေးကခြေထောက်မကောင်းဘူး လမ်းလျှောက်ထွက်လာတယ် ဦးလေးကဝင်ကူညီပေးတယ်ကျွန်မတို့အိမ်ပြန်သွားတယ် တစ်လမ်းလုံးသူငိုလာတယ်သူ့ယောက်ကျားလေ ကျွန်မဆိုင်ကယ်နောက်လိုက်လာတယ်
သူအိမ်အထိကျွန်မလိုက်ပို့တယ်သူအိမ်ရောက်ပြီးဆိုတော့ ကျွန်မလေ သူများလင်မယားကိစ္စဝင်မပါဘူးဆိုပြီးအိမ်ပြန်သွားတယ်အဲဒီညက သူ့ယောက်ကျား အခန်းတံခါးပိတ်ပြီး သူ့ကိုရိုက်တယ်လို့ ရပ်ကွက်ကလူတွေကျွန်မနဲ့လာပြောပြတယ်ကျွန်မအရမ်းဒေါသထွက်တယ်
ကျွန်မသူငယ်ချင်းနေ့တိုင်းစိတ်ဆင်းရဲနေတယ် ကျွန်မနဲ့လိုက်လို့ သူရိုက်တာတဲ့ သူအမေပြောပြတယ် ကျွန်မစိတ်ဆိုးသွားတယ် သူအိမ်မသွားတော့ဘူး သူကမနေနိုင်ဘူးကျွန်မအိမ်မလာရင် ကျွန်မဆီလာတယ်
စဉ်းစားကြည့်စမ်းကျွန်မတို့ ငယ်ပေါင်းတွေလေ မတွေ့ပဲနေနိုင်မလား ကိုယ်ဝန်ကလေ တစ်ဖြည်းဖြည်းကြီးလာပြီးကျန်းမာရေးလေမကောင်းဘူးဆိုတော့ အလုပ်လုပ်ဖို့ပြောလာတယ် ပိုက်ဆံစုဖို့ပြောတယ်
သူ့ယောကျာ်းက နင်အဲလောက်ထိပိုက်ဆံလိုနေရင် ဖာသည်းမ သွားလုပ်လိုက်ပါလားတဲ့ စဉ်းစားကြည့်စမ်းကိုယ့်ကိုအဲလိုပြောရင် စိတ်မတိုဘူးလား တိုမှာပေါ့နော် အဲအချိန်သူလေပြန်ပြောလာတယ်နင်ညီမလေး သုံးယောက်ရှိတယ် ပေးလုပ်လိုက်ပါလား အဲလိုပြောတော့ သူ့ယောကျားပါးရိုက်တယ် (10 PM) ကျော်နေပြီး
ကျွန်မသူငယ်ချင်းအမေအိပ်ပျော်နေပြီး သူယောက်ကျား သူ့ကိုပါးရိုက်တာဘယ်လောက်နာလဲတော့မသိဘူး ကျွန်မသူငယ်ချင်းအမေနိုးလာတယ် အိမ်ပေါ်မောင်းထုတ်တယ်
သူ့ယောက်ကျားပြန်သွားတယ် နောက်သုံးလေ ရက်ကြာတော့ သူတို့နှစ်ယောက်ကွာရှင်းတယ် ပြီးတော့ ကျွန်မဆီရောက်လာတယ် သုံးလေရက်တောင်ကြာတယ်သူ့မျက်နှာရောခြေလက်တွေရောမဲနေသေးတယ် ကွာရှင်းပြီးနောက်ပိုင်း သူ့ယောက်ကျား ရည်းစား ရသွားပြီးလေ။
သူကိုယ်ဝန်လေ ၄ လကျော်သွားတယ် နေ့တိုင်းစိတ်ဆင်းရဲနေတယ်ကျန်းမာရေး ကလဲမကောင်းရဲ့သားနဲ့ သူယောက်ကျား ရည်းစားရသွားပြီး ပိုပြီးခံစားရတယ်သူကဆေးခန်းမကြာမကြာသွားပြရတယ် သူ့ယောက်ကျားလျော်ကြေးမပေးဘူး
ဆေးခန်းတစ်ခါပြရင် တစ်ခါလာရှင်းပေးမယ် ဆေးခန်းပြဘယ်လောက်ကုန်လဲ ဆေးခပဲ ပေးတယ် ကားခ ဘာညာဘာမပေးဘူး အချိုရည်တစ်ဘူးတောင် မသောက်ရဘူးဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ စဉ်းစားကြည့်စမ်း ဆရာဝန်တွေက သူ့ကိုဂရုစိုက်ပေးဖို့်မှာတယ်
မကောင်းတဲ့စကားတွေ သူ့အရှေ့မာမပြောပါနဲ့ တစ်ခုခုဖြစ်ရင်ဆေးခန်းလာပြပါ ဒါပေမဲ့ သူက နေ့တိုင်းစိတ်ဆင်းရဲနေတယ် ကိုယ်ဝန်က ကြီးလာလေ လူက အသက်ရှူမရလာလေပဲ အုန်းရည်သောက်ချင်တယ် ကိုယ်ယောက်ကျားမရှိတော့ ဝယ်သောက်ရတယ်
နောက်ဆုံး ကိုယ်ဝန် ၇ လ နဲ့ ကျွန်မသူငယ်ချင်းလောကကြီးထွက်သွားခဲ့ရပြီးစိတ်ရောဂါကြောင့်။အာ့တာကြောင့် မိန်းကလေးတွေနဲ့ သတိပေးချင်လို့. ကိုယ့်ချစ်လဲမရှာ သူ့အချစ်လဲမရှာနဲ့ လူစိတ်ရှိတဲ့လူကိုပဲရှာပါ။ခရက်ဒစ်