မေကြးၿမိဳ႕က သရဲစီးသည့္ “ဓာတ္တိုင္မမ”

Zawgyi

သူမကို တၿမိဳ႕လုံးက “ဓာတ္တိုင္မမ” ဟုသာ သိေသာ္လည္း နာမည္အရင္းက ေက်ာ့ေ႐ႊစင္….။

ခါးႏွင့္ ေျခက်င္းဝတ္တို႔တြင္ စတီးႏွင့္ျပဳလုပ္ထားေသာ အသက္ကယ္ ပစၥည္းမ်ား ခ်ိတ္ထားေသာ သူမအေန ျဖင့္ လမ္းေဘးလွ်ပ္စစ္မီးတိုင္ ေပၚသို႔ လုံၿခဳံေရးအဝတ္ႏွင့္ ဦးထုပ္မ်ားဝတ္ဆင္ထားျခင္းမရွိပဲ တက္ေန ေသာ ျမင္ကြင္းမွာ ျမင္ရသူတိုင္းကို သည္းထိတ္ရင္ဖိုျဖစ္ေစသည္။

သူမအၿမဲလြယ္ေနက် ဂ်င္းလြယ္အိတ္ထဲမွာေတာ့ ပလာယာႏွစ္ေခ်ာင္း၊ဝက္အူလွည့္စသည့္ မီးျပင္ပစၥည္းတို႔ကို ထည့္ထားသည္။သူမဖခင္မွာ လွ်စ္စစ္ဝန္ထမ္းတဦးျဖစ္ၿပီး အရက္ကို စြဲစြဲၿမဲၿမဲ ေသာက္တတ္သူျဖစ္သျဖင့္ မိသားစုတာဝန္ကို လက္လႊဲတာဝန္ ထမ္းေဆာင္ရန္

သမီးႀကီးျဖစ္ေသာ ေက်ာ့ေ႐ႊစင္က (၁၃)ႏွစ္အ႐ြယ္ ကတည္းက ေမာင္ႏွမ (၉)ေယာက္၏ စားဝတ္ေနေရးအတြက္ လွ်ပ္စစ္မီးတိုင္တက္ျပင္ျခင္း၊ အလိုင္းမင္း၊ လွ်ပ္စစ္ပစၥည္းႏွင့္ ပါတ္သက္ေသာ အလုပ္မွန္သမွ်ကို အသက္ေမြးဝမ္းေက်ာင္းအျဖစ္ လုပ္ကိုင္လာခဲ့ရသည္။

ေမြးခ်င္းေမာင္ႏွမထဲတြင္ အငယ္ဆုံးသမီးျဖစ္ေသာ္လည္း မိဘေနရာမွာ ပင္ အားလုံးလိုလို ေထာက္ပံ့ေပးသည့္အျပင္ ၎ေမြးခ်င္းတို႔မွ ေမြးေသာ ကေလးမ်ားကိုပင္ တာဝန္ယူေပးႏိုင္သည့္ အာဂအမ်ိဳးသမီးတဦးျဖစ္သည္။

အရက္သမားလုံးလုံးျဖစ္ေနသည့္ ဖခင္မွာ သူမ(၁၆)ႏွစ္အ႐ြယ္တြင္ ဆုံးပါးသြားေသာ္လည္း အျခားလွ်ပ္စစ္ ဝန္ထမ္းမ်ားက လွ်ပ္စစ္ျပင္ ပညာကို သူမက ဖခင္ဆီမွ တျဖည္းျဖည္းသင္ယူခဲ့ေသာ သူမ၏ ကြၽမ္းက်င္မႈကို အသိအမွတ္ျပဳသျဖင့္ လွ်ပ္စစ္ျပင္သည့္အလုပ္ကို နားလည္ခြင့္ျပဳေပးခဲ့ၾကသည္။

မိခင္ႀကီးမွာလည္း သူမအသက္ (၂၃)ႏွစ္အ႐ြယ္တြင္ လူ႔ေလာကႀကီး ထဲမွ ထြက္သြားခဲ့ျပန္သည့္အတြက္ သမီးေထြးအမိအရာဆိုသကဲ့သို႔ အငယ္ဆုံးသမီးျဖစ္သည့္ သူမ၏ပခုံးတြင္ မိဘတာဝန္မ်ား လႊဲေျပာင္းယူခဲ့ရ ေတာ့သည္။

῝ေမာင္ႏွမေတြအကုန္လုံးက လွ်ပ္စစ္နဲ႔ပါတ္သက္ၿပီး လုပ္ၾကတယ္။ေျမေအာက္ပိုက္လိုင္းကိုေတာ့ က်မက ႐ုံးကလူေတြနဲ႔ တိုင္ပင္ၿပီး အဖြဲ႕လိုက္လုပ္တယ္။ မီးတိုင္ေပၚတက္ရင္ေတာ့ အႏၲရာယ္ရွိတာေပါ့။ ဒါေပမယ့္ လည္း ဒီအလုပ္ပဲ ကြၽမ္းက်င္တာကိုး῎

ေက်ာ့ေ႐ႊစင္သည္ အတန္းပညာမသင္ယူခဲ့ရေသာ္လည္း လွ်ပ္စစ္မီးျပင္၊လွ်ပ္စစ္မီးတိုင္ေပၚတက္ျခင္း၊ ေျမေအာက္ပိုက္လိုင္းျပဳျပင္ျခင္းတို႔ကို စိတ္ပါဝင္စားစြာ သင္ယူလာခဲ့ျခင္းျဖစ္သည္။ အသက္ေမြးဝမ္းေက်ာင္းအတြက္ အစိုးရမွ အသိအမွတ္ျပဳလက္မွတ္ မရွိေသာ္လည္း မေကြးတၿမိဳ႕လုံးက အသိအမွတ္ျပဳခဲ့သည္။

῝ကိုယ္က အမ်ိဳးသမီးျဖစ္ေတာ့ မီးလိုင္းသမားအလုပ္ကို ေတာ္႐ုံတန္႐ုံ ဆို မေခၚၾကဘူး၊ အမ်ိဳးသားေတြကိုပဲ ေခၚၾကတယ္ ေခၚတဲ့လူရွိလို႔ လိုက္သြားရင္လည္း ဟာ ဒီေကာင္မေလးပါသြားျပန္ၿပီ၊

ဟာ တေန႔တေန႔ ႏွစ္ဦး သုံးဦးပဲ ေအာ္ဒါလိုက္ေနတာပဲ အစကေတာ့ က်မက နားမလည္ဘူး ေျပာတဲ့ဟာေတြ မီးျပင္ဖို႔လာေခၚတာ လိုက္သြားခဲ့ရင္ ရပ္ကြက္ထဲမွာ ဒီလိုေတြအေျပာခံရတယ္῎

ပတ္ဝန္းက်င္မွ နိမ့္ခ်ေသာ၊ ခ်ိဳးႏွိမ္ေသာ အေျပာအဆိုမ်ားကို ခံရသည္မ်ားရွိေသာ္လည္း သူမလုပ္ရမည့္ အသက္ေမြးဝမ္းေက်ာင္း မီးျပင္အလိုင္းမင္းအလုပ္ကို စိန္ေခၚမႈအခက္အခဲမ်ားစြာၾကားထဲမွ အမ်ိဳးသားမ်ား ႏွင့္ တန္းတူလုပ္ကိုင္ႏိုင္ခဲ့သည္။

တခါတေလ အမ်ိဳးသားမ်ား မသြားလိုေသာအေျခအေနတြင္ မီးျပင္သမားအျဖစ္ ခံယူထားသည့္အျပင္ အသက္ ေမြးဝမ္းေက်ာင္းအတြက္ပါမျဖစ္မေန လိုက္ေပးခဲ့ရသည္။

῝မွတ္မွတ္ရရတရက္မွာ အမ်ိဳးသားတဦးက မီးျပင္ဖို႔ က်မကိုလာေခၚတယ္။ က်မလိုက္သြားေတာ့ သူ႔ မိန္းမက အမ်ိဳးသမီးကိုမွ ေခၚရလား ဆိုၿပီး သူတို႔လင္မယား ျပႆနာတက္ၾကတယ္။ တကယ္တမ္း မိုး႐ြာေလတိုက္ရင္ အမ်ိဳးသားေတြက မီးျပင္မလိုက္ဘူး၊ သူပဲလိုက္လို႔ေခၚရတာဆိုၿပီး ေျပာျပရတာမ်ိဳး ႀကဳံခဲ့ရတယ္ ῎

သူမသည္ မေကြးၿမိဳ႕ရွိ ရန္ပယ္ရန္ကင္း၊ ကားဂိတ္ကြင္း စသည့္ေနရာ မ်ားတြင္ အလိုင္းမင္း၊ မီးျပင္၊ ဓာတ္တိုင္တက္သည့္ အလုပ္ကို အၿမဲတမ္း လုပ္ေနသျဖင့္ “ဓာတ္တိုင္မမ”ဟု အမည္တြင္ကာ တၿမိဳ႕လုံးလိုလိုသိၾကသည္။

အစပိုင္းတြင္ လူအမ်ား၏ အထင္လြဲမႈကို ခံခဲ့ရေသာ္လည္း ေနာက္ပိုင္းမွာေတာ့ အံ့ၾသခ်ီးက်ဳးမႈမ်ားျဖင့္ အသိအမွတ္ ျပဳလာၾကသည္။နာၾကည္းမႈႏွင့္ မခံခ်င္စိတ္မ်ား ရွိခဲ့သည့္သူမသည္ ေန႔စားအလုပ္ႏွင့္ ထပ္ခ်ိတ္ကာ ဆိုင္ကယ္တစီး မျဖစ္မေန ဝယ္ယူခဲ့ၿပီး အလိုင္းမင္းမီးျပင္အလုပ္ကို ဆက္လက္လုပ္ကိုင္ခဲ့သည္။

အလိုင္းမင္းမီးလိုင္းသမျဖစ္သည့္သူမကို ပတ္ဝန္းက်င္မွ အတန္းပညာရွိသူ၊ လွ်ပ္စစ္ဝန္ထမ္းဟု ထင္ခဲ့ၾကေသာ္လည္း သူမမွာ ငယ္စဥ္က လွ်ပ္စစ္႐ုံးမွ ေထာက္ပံ့ေၾကးျဖင့္(၄)တန္းအထိသာ ေက်ာင္းေနခဲ့ရသည္ဟု ဆိုသည္။

လြန္ခဲ့ေသာ (၅)ႏွစ္ခန႔္က ဆိုင္ကယ္ေမွာက္သြားသျဖင့္ ဒဏ္ရာအႀကီးအက်ယ္ရခဲ့ကာ ပတ္ဝန္းက်င္တြင္ “ဓာတ္တိုင္မမ” ဆုံးသြားၿပီဆိုေသာ သတင္းထြက္ခဲ့သည့္ေနာက္ပိုင္း ယခုခ်ိန္အထိ မီးျပင္ရန္ေခၚမည့္သူ မရွိ သေလာက္ျဖစ္သြားသည္ဟု သူမက ေျပာသည္။

῝အရင္ကဆို အနည္းဆုံး မီးျပင္ဖို႔ လာေခၚတဲ့သူက တေန႔ (၃)ဦး(၄)ဦးေလာက္ရွိတယ္။ ခုေသတဲ့နာမည္ ေပါက္သြားေတာ့ မီးျပင္တဲ့အလုပ္ သိပ္မျဖစ္ေတာ့ဘူး။ အရမ္းရင္းႏွီးၿပီး သိတဲ့သူေတြေလာက္ပဲ မီးေခၚျပင္ ၾကေတာ့တယ္῎

သူမအေနျဖင့္ ေလာကႀကီးကို အရႈံးေပးလိုက္ခ်င္ေသာ္လည္း သူမကိုယ္သူမ စိတ္ဓာတ္ခြန္အားမ်ား ျပန္လည္ျမႇင့္တင္ကာ“ဓာတ္တိုင္မမ”ဟု လူအမ်ားက ျပန္သိရွိလာေစရန္ႏွင့္ အမွတ္ရေစရန္ အတြက္ သူမ အိမ္ေရွ႕တြင္ “ဓာတ္တိုင္မမ” ဟူေသာအမည္ျဖင့္ ကြမ္းယာဆိုင္ေလးဖြင့္ထားသည္ဟု ဆိုသည္။

῝ကြမ္းယာဆိုင္ဖြင့္ေတာ့ လူေတြလာဝယ္ၾကမယ္ေလ ဒါဆို မီးျပင္သမားမွန္း ပိုသိလာၿပီး အလုပ္ျပန္ေခၚၾကမယ္ လာေခၚျပင္တဲ့သူေတြ (၂)ဦး (၃)ဦးေတာ့ရွိေနပါၿပီ အနည္းဆုံးေတာ့“ဓာတ္တိုင္မမ” ဒီေလာကမွာ ရွိေနေသးတယ္ဆိုတာ လူေတြသိၿပီးရင္ ကြမ္းယာဆိုင္ ျပန္ပိတ္မွာပါ῎

သူမသည္ ဓာတ္တိုင္တက္မီးျပင္သည့္အလုပ္အျပင္ အလိုင္းမင္းႏွင့္ ပါတ္သက္ေသာ လွ်ပ္စစ္မွန္သမွ် တပ္ဆင္ျပဳျပင္ကြၽမ္းက်င္သူျဖစ္သည္။ဓာတ္တိုင္ေပၚတက္ၿပီး မီးႀကိဳးျပင္သည့္အခ်ိန္ ဓာတ္လိုက္ၿပီး ေသကံမေရာက္ပဲ သက္မေပ်ာက္ခဲ့သည့္အခ်ိန္ေတြကိုလည္း သူမက ျပန္လည္ ေျပာျပသည္။

မွတ္မွတ္ရရေျပာရရင္

῝မွတ္မွတ္ရရေျပာရရင္ ဓာတ္တိုင္ေပၚ မီးတက္ျပင္ေနတဲ့အခ်ိန္မွာလမ္းထဲကားႀကီးဝင္လာတယ္။ ကား ႀကီးကို ဓာတ္လိုက္မွာစိုးလို႔မလာခဲ့နဲ႔လို႔ေျပာေနတဲ့ ၾကားထဲကေန ကူးလာတယ္ သူတို႔က စ,ေနတယ္ထင္ ၿပီး ကူးလာေတာ့ က်မက မီးႀကိဳးကို သြားဆြဲလိုက္တာေအာက္ကို ျပဳတ္က်သြားတယ္ ကားထဲမွာ လူေတြ အမ်ားႀကီးပဲ။

က်မက စိုးရိမ္တဲ့စိတ္နဲ႔ လွမ္းဆြဲလိုက္တာ ေအာက္က်သြားေတာ့ တကိုယ္လုံးဒဏ္ရာေတြနဲ႔ ..῎ျပဳတ္က်ၿပီး ေဆး႐ုံေရာက္သြားေသာ္လည္း သူမမွာ တနာရီခြဲေလာက္သာနားၿပီး ဓာတ္တိုင္ေပၚ ျပန္တက္ခဲ့ သည့္အတြက္ ပတ္ဝန္းက်င္မွသူမကို ῝ဖုတ္ဝင္ေနၿပီ῎ ဆိုၿပီး အထင္လြဲမွားခဲ့ၾကေသးသည္ဟုဆိုသည္။

ဓာတ္တိုင္ေပၚတက္ခ်ိန္တြင္ တိုင္တက္ခါးပတ္ ပတ္ထားေသာ္လည္းမၾကာခဏျပဳတ္က်ခဲ့ေၾကာင္း သူမက ေျပာသည္။῝တခ်ိဳ႕ဆို သရဲစီးေနၿပီဆိုၿပီး ပဌာန္း႐ြတ္ေပးတဲ့သူေတြနဲ႔῎῝ပိုက္ဆံ (၃)ေထာင္၊ (၄)ေထာင္ရဖို႔အေရး အသက္နဲ႔ရင္းၿပီးလုပ္ရတယ္။

စစ္သားက က်ည္ဆံေရွာင္လို႔ရမယ္ ဒီအလိုင္းမင္းအလုပ္က က်ည္ဆံေရွာင္လို႔မရဘူး῎ ဟု ေန႔စဥ္ႏွင့္အမွ် အသက္ႏွင့္ရင္းေနရသည့္ သူမ၏ အေျခအေနကို ဆက္ေျပာျပသည္

သူမအေနျဖင့္ အသက္အႏၲရာယ္ကို ပဓာနမထားပဲ အသက္ေမြးဝမ္းေၾကာင္းအတြက္ စိတ္ေဆာင္သည့္ အတိုင္း အားသြန္ခြန္စိုက္ လုပ္ေဆာင္ခဲ့သည္ကို သူမကိုယ္တိုင္သာ သိသည္ဟု သူမက ဆိုသည္။

မိသားစုအတြက္ မျဖစ္မေနေကြၽးေမြးေစာင့္ေရွာက္ရမည့္ တာဝန္သိစိတ္ႀကီးမားသည့္အျပင္ လူရယ္လို႔ျဖစ္လာလွ်င္ အသက္ေဘးအႏၲရာယ္မ်ားႏွင့္ ႀကဳံေတြ႕ရမည္ဆိုသည့္အသိျဖင့္ သူမက ေနာက္မတြန႔္ခဲ့ျခင္းလည္းျဖစ္သည္။

ဆိုင္ကယ္ေမွာက္သည့္ ဒဏ္ရာေၾကာင့္ မ်က္ႏွာတခုလုံးပ်က္စီးသြားခဲ့ေသာ္လည္း ျပန္လည္ကုသႏိုင္ခဲ့သည့္ အတြက္ ယခုအခ်ိန္တြင္ နဂို႐ုပ္ျပန္ရသြားၿပီဟု သူမက ဆိုသည္။῝မီးျပင္သြားတာ သူမ်ားထက္ ေလွ်ာ့ေတာင္းတာေတာင္ မေပးခ်င္လို႔စိတ္တိုၿပီးျပန္လာတဲ့လမ္းမွာ ကား ေအာက္ထဲ ေရာက္သြားတယ္။

ဒါေပမယ့္မေသခဲ့ဘူး။ ဘဝမွာ ဘာနဲ႔ေသမလဲေတာ့မသိဘူး῎ ဟုရယ္ေမာၿပီး ေျပာျပေလသည္။သူမသည္ အႏၲရာယ္ရွိေသာအလုပ္ကို လုပ္ေနရၿပီး ထိုက္တန္ေသာလုပ္အားခမရခဲ့သည့္အခ်ိန္မ်ားလည္း ရွိေသာ္လည္း လွ်ပ္စစ္ျပင္သည့္ အလုပ္ကိုသာ ကြၽမ္းက်င္ဝါသနာပါသည့္အတြက္ က်ိတ္မွိတ္လုပ္ရသည္။

῝အသက္နဲ႔ရင္းရတဲ့အလုပ္ကို က်ပ္(၄)ေထာင္ေလာက္နဲ႔ လုပ္ခဲ့ရတယ္῎သူမသည္ အိမ္ေထာင္မရွိေသာ္လည္း လက္ရွိအခ်ိန္တြင္အကူအညီမဲ့ေနသူ ကေလးႏွစ္ေယာက္ကို ေမြး စားထားေသးသည္။သူမအလုပ္လုပ္ရာတြင္ အၿမဲတမ္းအာ႐ုံစူးစိုက္မႈရွိၿပီး သူမမ်က္ႏွာသည္ စိတ္ပါလက္ပါရွိမႈ အရိပ္အေရာင္မ်ားကို ျမင္ေတြ႕ရေၾကာင္း အိမ္နီးခ်င္းျဖစ္သူ မသႏၲာက ေျပာသည္။

῝သူက မိ႐ိုးဖလာကေန ဆင္းသက္လာတဲ့အလုပ္ဆိုေတာ့ ေသခ်ာလုပ္တတ္တယ္῎အမ်ိဳးသမီးအမ်ားစုသည္ အျမင့္တက္ရန္ ေၾကာက္ၾကေသာ္လည္းမေက်ာ့ေ႐ႊစင္မွာမူ အမ်ိဳးသားမ်ား ႏွင့္တန္းတူလုပ္ႏိုင္ၿပီး တခါတေလတြင္ အမ်ိဳးသားမ်ားထက္ပင္ အလုပ္ပိုလုပ္ႏိုင္သည္ကို ေတြ႕ျမင္ရသည့္ အတြက္ တမူထူးသည့္သူဟုပင္ ျမင္မိသည္ဟု မသႏၲာက ဆိုသည္။

῝ေျပာရမယ္ဆိုရင္ အမ်ိဳးသမီး(၁၀၀)မွာ (၁)ေယာက္ေလာက္ပဲရွိတဲ့ အမူအက်င့္မ်ိဳးေပါ့၊ သူက စိတ္သေဘာ ထားျဖဴစင္ေပမယ့္ သူလုပ္တဲ့အလုပ္ေၾကာင့္ အျပင္ပန္းၾကည့္ရင္ မႏူးညံ့သလိုျဖစ္ေနတာေပါ့῎သူမ၏အသြင္က မႏႉးညံ့သလိုျဖစ္ေနေသာ္လည္း လူခ်စ္လူခင္မ်ားသူျဖစ္ေၾကာင္း မသႏၲာကေျပာဆိုခဲ့သည္။

ေကာေကာ္ (Kaw Kaw)
via:hiburma

(ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

သူမကို တမြို့လုံးက “ဓာတ်တိုင်မမ” ဟုသာ သိသော်လည်း နာမည်အရင်းက ကျော့ရွှေစင်….။

ခါးနှင့် ခြေကျင်းဝတ်တို့တွင် စတီးနှင့်ပြုလုပ်ထားသော အသက်ကယ် ပစ္စည်းများ ချိတ်ထားသော သူမအနေ ဖြင့် လမ်းဘေးလျှပ်စစ်မီးတိုင် ပေါ်သို့ လုံခြုံရေးအဝတ်နှင့် ဦးထုပ်များဝတ်ဆင်ထားခြင်းမရှိပဲ တက်နေ သော မြင်ကွင်းမှာ မြင်ရသူတိုင်းကို သည်းထိတ်ရင်ဖိုဖြစ်စေသည်။

သူမအမြဲလွယ်နေကျ ဂျင်းလွယ်အိတ်ထဲမှာတော့ ပလာယာနှစ်ချောင်း၊ဝက်အူလှည့်စသည့် မီးပြင်ပစ္စည်းတို့ကို ထည့်ထားသည်။သူမဖခင်မှာ လျှစ်စစ်ဝန်ထမ်းတဦးဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်သူဖြစ်သဖြင့် မိသားစုတာဝန်ကို လက်လွှဲတာဝန် ထမ်းဆောင်ရန်

သမီးကြီးဖြစ်သော ကျော့ရွှေစင်က (၁၃)နှစ်အရွယ် ကတည်းက မောင်နှမ (၉)ယောက်၏ စားဝတ်နေရေးအတွက် လျှပ်စစ်မီးတိုင်တက်ပြင်ခြင်း၊ အလိုင်းမင်း၊ လျှပ်စစ်ပစ္စည်းနှင့် ပါတ်သက်သော အလုပ်မှန်သမျှကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လာခဲ့ရသည်။

မွေးချင်းမောင်နှမထဲတွင် အငယ်ဆုံးသမီးဖြစ်သော်လည်း မိဘနေရာမှာ ပင် အားလုံးလိုလို ထောက်ပံ့ပေးသည့်အပြင် ၎င်းမွေးချင်းတို့မှ မွေးသော ကလေးများကိုပင် တာဝန်ယူပေးနိုင်သည့် အာဂအမျိုးသမီးတဦးဖြစ်သည်။

အရက်သမားလုံးလုံးဖြစ်နေသည့် ဖခင်မှာ သူမ(၁၆)နှစ်အရွယ်တွင် ဆုံးပါးသွားသော်လည်း အခြားလျှပ်စစ် ဝန်ထမ်းများက လျှပ်စစ်ပြင် ပညာကို သူမက ဖခင်ဆီမှ တဖြည်းဖြည်းသင်ယူခဲ့သော သူမ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုသဖြင့် လျှပ်စစ်ပြင်သည့်အလုပ်ကို နားလည်ခွင့်ပြုပေးခဲ့ကြသည်။

မိခင်ကြီးမှာလည်း သူမအသက် (၂၃)နှစ်အရွယ်တွင် လူ့လောကကြီး ထဲမှ ထွက်သွားခဲ့ပြန်သည့်အတွက် သမီးထွေးအမိအရာဆိုသကဲ့သို့ အငယ်ဆုံးသမီးဖြစ်သည့် သူမ၏ပခုံးတွင် မိဘတာဝန်များ လွှဲပြောင်းယူခဲ့ရ တော့သည်။

῝မောင်နှမတွေအကုန်လုံးက လျှပ်စစ်နဲ့ပါတ်သက်ပြီး လုပ်ကြတယ်။မြေအောက်ပိုက်လိုင်းကိုတော့ ကျမက ရုံးကလူတွေနဲ့ တိုင်ပင်ပြီး အဖွဲ့လိုက်လုပ်တယ်။ မီးတိုင်ပေါ်တက်ရင်တော့ အန္တရာယ်ရှိတာပေါ့။ ဒါပေမယ့် လည်း ဒီအလုပ်ပဲ ကျွမ်းကျင်တာကိုး῎

ကျော့ရွှေစင်သည် အတန်းပညာမသင်ယူခဲ့ရသော်လည်း လျှပ်စစ်မီးပြင်၊လျှပ်စစ်မီးတိုင်ပေါ်တက်ခြင်း၊ မြေအောက်ပိုက်လိုင်းပြုပြင်ခြင်းတို့ကို စိတ်ပါဝင်စားစွာ သင်ယူလာခဲ့ခြင်းဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက် အစိုးရမှ အသိအမှတ်ပြုလက်မှတ် မရှိသော်လည်း မကွေးတမြို့လုံးက အသိအမှတ်ပြုခဲ့သည်။

῝ကိုယ်က အမျိုးသမီးဖြစ်တော့ မီးလိုင်းသမားအလုပ်ကို တော်ရုံတန်ရုံ ဆို မခေါ်ကြဘူး၊ အမျိုးသားတွေကိုပဲ ခေါ်ကြတယ် ခေါ်တဲ့လူရှိလို့ လိုက်သွားရင်လည်း ဟာ ဒီကောင်မလေးပါသွားပြန်ပြီ၊

ဟာ တနေ့တနေ့ နှစ်ဦး သုံးဦးပဲ အော်ဒါလိုက်နေတာပဲ အစကတော့ ကျမက နားမလည်ဘူး ပြောတဲ့ဟာတွေ မီးပြင်ဖို့လာခေါ်တာ လိုက်သွားခဲ့ရင် ရပ်ကွက်ထဲမှာ ဒီလိုတွေအပြောခံရတယ်῎

ပတ်ဝန်းကျင်မှ နိမ့်ချသော၊ ချိုးနှိမ်သော အပြောအဆိုများကို ခံရသည်များရှိသော်လည်း သူမလုပ်ရမည့် အသက်မွေးဝမ်းကျောင်း မီးပြင်အလိုင်းမင်းအလုပ်ကို စိန်ခေါ်မှုအခက်အခဲများစွာကြားထဲမှ အမျိုးသားများ နှင့် တန်းတူလုပ်ကိုင်နိုင်ခဲ့သည်။

တခါတလေ အမျိုးသားများ မသွားလိုသောအခြေအနေတွင် မီးပြင်သမားအဖြစ် ခံယူထားသည့်အပြင် အသက် မွေးဝမ်းကျောင်းအတွက်ပါမဖြစ်မနေ လိုက်ပေးခဲ့ရသည်။

῝မှတ်မှတ်ရရတရက်မှာ အမျိုးသားတဦးက မီးပြင်ဖို့ ကျမကိုလာခေါ်တယ်။ ကျမလိုက်သွားတော့ သူ့ မိန်းမက အမျိုးသမီးကိုမှ ခေါ်ရလား ဆိုပြီး သူတို့လင်မယား ပြဿနာတက်ကြတယ်။ တကယ်တမ်း မိုးရွာလေတိုက်ရင် အမျိုးသားတွေက မီးပြင်မလိုက်ဘူး၊ သူပဲလိုက်လို့ခေါ်ရတာဆိုပြီး ပြောပြရတာမျိုး ကြုံခဲ့ရတယ် ῎

သူမသည် မကွေးမြို့ရှိ ရန်ပယ်ရန်ကင်း၊ ကားဂိတ်ကွင်း စသည့်နေရာ များတွင် အလိုင်းမင်း၊ မီးပြင်၊ ဓာတ်တိုင်တက်သည့် အလုပ်ကို အမြဲတမ်း လုပ်နေသဖြင့် “ဓာတ်တိုင်မမ”ဟု အမည်တွင်ကာ တမြို့လုံးလိုလိုသိကြသည်။

အစပိုင်းတွင် လူအများ၏ အထင်လွဲမှုကို ခံခဲ့ရသော်လည်း နောက်ပိုင်းမှာတော့ အံ့သြချီးကျုးမှုများဖြင့် အသိအမှတ် ပြုလာကြသည်။နာကြည်းမှုနှင့် မခံချင်စိတ်များ ရှိခဲ့သည့်သူမသည် နေ့စားအလုပ်နှင့် ထပ်ချိတ်ကာ ဆိုင်ကယ်တစီး မဖြစ်မနေ ဝယ်ယူခဲ့ပြီး အလိုင်းမင်းမီးပြင်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

အလိုင်းမင်းမီးလိုင်းသမဖြစ်သည့်သူမကို ပတ်ဝန်းကျင်မှ အတန်းပညာရှိသူ၊ လျှပ်စစ်ဝန်ထမ်းဟု ထင်ခဲ့ကြသော်လည်း သူမမှာ ငယ်စဉ်က လျှပ်စစ်ရုံးမှ ထောက်ပံ့ကြေးဖြင့်(၄)တန်းအထိသာ ကျောင်းနေခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သော (၅)နှစ်ခန့်က ဆိုင်ကယ်မှောက်သွားသဖြင့် ဒဏ်ရာအကြီးအကျယ်ရခဲ့ကာ ပတ်ဝန်းကျင်တွင် “ဓာတ်တိုင်မမ” ဆုံးသွားပြီဆိုသော သတင်းထွက်ခဲ့သည့်နောက်ပိုင်း ယခုချိန်အထိ မီးပြင်ရန်ခေါ်မည့်သူ မရှိ သလောက်ဖြစ်သွားသည်ဟု သူမက ပြောသည်။

῝အရင်ကဆို အနည်းဆုံး မီးပြင်ဖို့ လာခေါ်တဲ့သူက တနေ့ (၃)ဦး(၄)ဦးလောက်ရှိတယ်။ ခုသေတဲ့နာမည် ပေါက်သွားတော့ မီးပြင်တဲ့အလုပ် သိပ်မဖြစ်တော့ဘူး။ အရမ်းရင်းနှီးပြီး သိတဲ့သူတွေလောက်ပဲ မီးခေါ်ပြင် ကြတော့တယ်῎

သူမအနေဖြင့် လောကကြီးကို အရှုံးပေးလိုက်ချင်သော်လည်း သူမကိုယ်သူမ စိတ်ဓာတ်ခွန်အားများ ပြန်လည်မြှင့်တင်ကာ“ဓာတ်တိုင်မမ”ဟု လူအများက ပြန်သိရှိလာစေရန်နှင့် အမှတ်ရစေရန် အတွက် သူမ အိမ်ရှေ့တွင် “ဓာတ်တိုင်မမ” ဟူသောအမည်ဖြင့် ကွမ်းယာဆိုင်လေးဖွင့်ထားသည်ဟု ဆိုသည်။

῝ကွမ်းယာဆိုင်ဖွင့်တော့ လူတွေလာဝယ်ကြမယ်လေ ဒါဆို မီးပြင်သမားမှန်း ပိုသိလာပြီး အလုပ်ပြန်ခေါ်ကြမယ် လာခေါ်ပြင်တဲ့သူတွေ (၂)ဦး (၃)ဦးတော့ရှိနေပါပြီ အနည်းဆုံးတော့“ဓာတ်တိုင်မမ” ဒီလောကမှာ ရှိနေသေးတယ်ဆိုတာ လူတွေသိပြီးရင် ကွမ်းယာဆိုင် ပြန်ပိတ်မှာပါ῎

သူမသည် ဓာတ်တိုင်တက်မီးပြင်သည့်အလုပ်အပြင် အလိုင်းမင်းနှင့် ပါတ်သက်သော လျှပ်စစ်မှန်သမျှ တပ်ဆင်ပြုပြင်ကျွမ်းကျင်သူဖြစ်သည်။ဓာတ်တိုင်ပေါ်တက်ပြီး မီးကြိုးပြင်သည့်အချိန် ဓာတ်လိုက်ပြီး သေကံမရောက်ပဲ သက်မပျောက်ခဲ့သည့်အချိန်တွေကိုလည်း သူမက ပြန်လည် ပြောပြသည်။

မှတ်မှတ်ရရပြောရရင်

῝မှတ်မှတ်ရရပြောရရင် ဓာတ်တိုင်ပေါ် မီးတက်ပြင်နေတဲ့အချိန်မှာလမ်းထဲကားကြီးဝင်လာတယ်။ ကား ကြီးကို ဓာတ်လိုက်မှာစိုးလို့မလာခဲ့နဲ့လို့ပြောနေတဲ့ ကြားထဲကနေ ကူးလာတယ် သူတို့က စ,နေတယ်ထင် ပြီး ကူးလာတော့ ကျမက မီးကြိုးကို သွားဆွဲလိုက်တာအောက်ကို ပြုတ်ကျသွားတယ် ကားထဲမှာ လူတွေ အများကြီးပဲ။

ကျမက စိုးရိမ်တဲ့စိတ်နဲ့ လှမ်းဆွဲလိုက်တာ အောက်ကျသွားတော့ တကိုယ်လုံးဒဏ်ရာတွေနဲ့ ..῎ပြုတ်ကျပြီး ဆေးရုံရောက်သွားသော်လည်း သူမမှာ တနာရီခွဲလောက်သာနားပြီး ဓာတ်တိုင်ပေါ် ပြန်တက်ခဲ့ သည့်အတွက် ပတ်ဝန်းကျင်မှသူမကို ῝ဖုတ်ဝင်နေပြီ῎ ဆိုပြီး အထင်လွဲမှားခဲ့ကြသေးသည်ဟုဆိုသည်။

ဓာတ်တိုင်ပေါ်တက်ချိန်တွင် တိုင်တက်ခါးပတ် ပတ်ထားသော်လည်းမကြာခဏပြုတ်ကျခဲ့ကြောင်း သူမက ပြောသည်။῝တချို့ဆို သရဲစီးနေပြီဆိုပြီး ပဌာန်းရွတ်ပေးတဲ့သူတွေနဲ့῎῝ပိုက်ဆံ (၃)ထောင်၊ (၄)ထောင်ရဖို့အရေး အသက်နဲ့ရင်းပြီးလုပ်ရတယ်။

စစ်သားက ကျည်ဆံရှောင်လို့ရမယ် ဒီအလိုင်းမင်းအလုပ်က ကျည်ဆံရှောင်လို့မရဘူး῎ ဟု နေ့စဉ်နှင့်အမျှ အသက်နှင့်ရင်းနေရသည့် သူမ၏ အခြေအနေကို ဆက်ပြောပြသည်

သူမအနေဖြင့် အသက်အန္တရာယ်ကို ပဓာနမထားပဲ အသက်မွေးဝမ်းကြောင်းအတွက် စိတ်ဆောင်သည့် အတိုင်း အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သည်ကို သူမကိုယ်တိုင်သာ သိသည်ဟု သူမက ဆိုသည်။

မိသားစုအတွက် မဖြစ်မနေကျွေးမွေးစောင့်ရှောက်ရမည့် တာဝန်သိစိတ်ကြီးမားသည့်အပြင် လူရယ်လို့ဖြစ်လာလျှင် အသက်ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်ဆိုသည့်အသိဖြင့် သူမက နောက်မတွန့်ခဲ့ခြင်းလည်းဖြစ်သည်။

ဆိုင်ကယ်မှောက်သည့် ဒဏ်ရာကြောင့် မျက်နှာတခုလုံးပျက်စီးသွားခဲ့သော်လည်း ပြန်လည်ကုသနိုင်ခဲ့သည့် အတွက် ယခုအချိန်တွင် နဂိုရုပ်ပြန်ရသွားပြီဟု သူမက ဆိုသည်။῝မီးပြင်သွားတာ သူများထက် လျှော့တောင်းတာတောင် မပေးချင်လို့စိတ်တိုပြီးပြန်လာတဲ့လမ်းမှာ ကား အောက်ထဲ ရောက်သွားတယ်။

ဒါပေမယ့်မသေခဲ့ဘူး။ ဘဝမှာ ဘာနဲ့သေမလဲတော့မသိဘူး῎ ဟုရယ်မောပြီး ပြောပြလေသည်။သူမသည် အန္တရာယ်ရှိသောအလုပ်ကို လုပ်နေရပြီး ထိုက်တန်သောလုပ်အားခမရခဲ့သည့်အချိန်များလည်း ရှိသော်လည်း လျှပ်စစ်ပြင်သည့် အလုပ်ကိုသာ ကျွမ်းကျင်ဝါသနာပါသည့်အတွက် ကျိတ်မှိတ်လုပ်ရသည်။

῝အသက်နဲ့ရင်းရတဲ့အလုပ်ကို ကျပ်(၄)ထောင်လောက်နဲ့ လုပ်ခဲ့ရတယ်῎သူမသည် အိမ်ထောင်မရှိသော်လည်း လက်ရှိအချိန်တွင်အကူအညီမဲ့နေသူ ကလေးနှစ်ယောက်ကို မွေး စားထားသေးသည်။သူမအလုပ်လုပ်ရာတွင် အမြဲတမ်းအာရုံစူးစိုက်မှုရှိပြီး သူမမျက်နှာသည် စိတ်ပါလက်ပါရှိမှု အရိပ်အရောင်များကို မြင်တွေ့ရကြောင်း အိမ်နီးချင်းဖြစ်သူ မသန္တာက ပြောသည်။

῝သူက မိရိုးဖလာကနေ ဆင်းသက်လာတဲ့အလုပ်ဆိုတော့ သေချာလုပ်တတ်တယ်῎အမျိုးသမီးအများစုသည် အမြင့်တက်ရန် ကြောက်ကြသော်လည်းမကျော့ရွှေစင်မှာမူ အမျိုးသားများ နှင့်တန်းတူလုပ်နိုင်ပြီး တခါတလေတွင် အမျိုးသားများထက်ပင် အလုပ်ပိုလုပ်နိုင်သည်ကို တွေ့မြင်ရသည့် အတွက် တမူထူးသည့်သူဟုပင် မြင်မိသည်ဟု မသန္တာက ဆိုသည်။

῝ပြောရမယ်ဆိုရင် အမျိုးသမီး(၁၀၀)မှာ (၁)ယောက်လောက်ပဲရှိတဲ့ အမူအကျင့်မျိုးပေါ့၊ သူက စိတ်သဘော ထားဖြူစင်ပေမယ့် သူလုပ်တဲ့အလုပ်ကြောင့် အပြင်ပန်းကြည့်ရင် မနူးညံ့သလိုဖြစ်နေတာပေါ့῎သူမ၏အသွင်က မနှူးညံ့သလိုဖြစ်နေသော်လည်း လူချစ်လူခင်များသူဖြစ်ကြောင်း မသန္တာကပြောဆိုခဲ့သည်။

ကောကော် (Kaw Kaw)
via:hiburma

(လေးစားမှုဖြင့် ခရက်ဒစ်)