၇ရက်သားသမီး လိုအင်ပြေစေဖို့ နေ့နံအလိုက် အလင်းတိုင်ပူဇော်နည်း
Zawgyi
တနင်္လာသားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
Unicode
၇ရက်သားသမီးများ လိုအင်ဆန္ဒပြည့်ဝစေဖို့ အလင်းတိုင်ပူဇော်ခြင်း
မည်သည့်နေ့နံသားသမီးမဆို ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်ဝစေရန် နှင့် ဖြစ်ပျက်တွေ့ကြုံခံစားနေရသည့် သောက ဒုက္ခများ ခပ်သိမ်း ကင်းလွှတ်စေရန် အတွက်ရည်ရွယ်ပြီးတင်ပြပေးလိုက်ပါတယ်။
နေ့နံတစ်ခုချင်းစီအလိုက် အလင်းတိုင်ထွန်း ရမည့်”အရပ်မျက်နှာ” နှင့် “ဖယောင်းတိုင်” အရေအတွက်နှင့်နေ့ရက်များကိုအောက်တွင် အတိအကျဖော်ပြရေးပြထားပါတယ်။
တနင်္ဂနွေသားသမီးများ
မိမိနေအိမ်အတွင်းရှိ “အနောက်အရပ်”တွင် ဖယောင်းတိုင်အသေး(၅)တိုင်ကို ခုံအမြှင့်ပေါ် စတီးပန်းကန်ပြားတစ်ချပ်တွင်စိုက်စေ၍ (၁၉)ရက်တိတိ ထွန်းညှိပူဇော်ရမည်။မိမိလိုရာကိုရိုသေစွာပြောဆို၍ ဆုတောင်းလိုက်ပါ။
တနင်္လာသားသမီးများ
မိမိနေအိမ်အတွင်းရှိ “အနောက်မြောက်ရပ်” ဖယောင်းတိုင်အသေး(၈)တိုင်ကို ခုံအမြှင့်ပေါ် စတီးပန်းကန်ပြားတစ်ချပ်တွင်စိုက်စေ၍ (၁၂)ရက်တိတိ ထွန်းညှိပူဇော်ရမည်။မိမိလိုရာကိုရိုသေစွာပြောဆို၍ ဆုတောင်းလိုက်ပါ။
အင်္ဂါသားသမီးများ
မိမိနေအိမ်အတွင်းရှိ “မြောက်အရပ်”တွင် ဖယောင်းတိုင်အသေး(၆)တိုင်ကို ခုံအမြှင့်ပေါ် စတီးပန်းကန်ပြားတစ်ချပ်တွင်စိုက်စေ၍ (၂၁)ရက်တိတိ ထွန်းညှိပူဇော်ရမည်။မိမိလိုရာကိုရိုသေစွာပြောဆို၍ ဆုတောင်းလိုက်ပါ။
ဗုဒ္ဓဟူးသားသမီးများ
မိမိနေအိမ်အတွင်းရှိ “အရှေ့မြောက်ရပ်”တွင် ဖယောင်းတိုင်အသေး(၁)တိုင်ကို ခုံအမြှင့်ပေါ် စတီးပန်းကန်ပြားတစ်ချပ်တွင်စိုက်စေ၍ (၆)ရက်တိတိ ထွန်းညှိပူဇော်ရမည်။မိမိလိုရာကိုရိုသေစွာပြောဆို၍ ဆုတောင်းလိုက်ပါ။
ကြာသပတေးသားသမီးများ
မိမိနေအိမ်အတွင်းရှိ “အရှေ့တောင်ရပ်”တွင် ဖယောင်းတိုင်အသေး(၃)တိုင်ကို ခုံအမြှင့်ပေါ် စတီးပန်းကန်ပြားတစ်ချပ်တွင်စိုက်စေ၍ (၈)ရက်တိတိ ထွန်းညှိပူဇော်ရမည်။မိမိလိုရာကိုရိုသေစွာပြောဆို၍ ဆုတောင်းလိုက်ပါ။
သောကြာသားသမီးများ
မိမိနေအိမ်အတွင်းရှိ “အနောက်တောင်ရပ်” ဖယောင်းတိုင်အသေး(၇)တိုင်ကို ခုံအမြှင့်ပေါ် စတီးပန်းကန်ပြားတစ်ချပ်တွင်စိုက်စေ၍ (၁၀)ရက်တိတိ ထွန်းညှိပူဇော်ရမည်။မိမိလိုရာကိုရိုသေစွာပြောဆို၍ ဆုတောင်းလိုက်ပါ။
စနေသားသမီးများ
မိမိနေအိမ်အတွင်းရှိ “အရှေ့အရပ်”တွင် ဖယောင်းတိုင်အသေး(၂)တိုင်ကို ခုံအမြှင့်ပေါ် စတီးပန်းကန်ပြားတစ်ချပ်တွင်စိုက်စေ၍ (၁၅)ရက်တိတိ ထွန်းညှိပူဇော်ရမည်။မိမိလိုရာကိုရိုသေစွာပြောဆို၍ ဆုတောင်းလိုက်ပါ။
မိမိနေအိမ်အတွင်းတွင် မလုပ်ဆောင်နိုင်ပါက ဂြိုဟ်ပြေနံပြေဘုရားရှိရာတွင် တိကျစွာဖြင့်ဆောင်ရွက်၍ ပူဇော် ဆုတောင်းပါ။
ဤအလင်းတိုင်ပူဇော်ဆုတောင်းအစီရင်ကို ယုံကြည်မှုအပြည့်နှင့်သေချာစွာလုပ်မည့်သူ များ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်၍လိုအင်ဆန္ဒတစ်လုံးတစ်ဝ ပြည့်ဝကြပါစေ။ခရက်ဒစ်