မႈိႏွင့္ၾကက္သားစားရင္ ကိုလာ မေသာက္မိပါေစနဲ႔…

zawgyi

မႈိႏွင့္ၾကက္သားစားရင္ ကိုလာ မေသာက္မိပါေစနဲ႔…

ေတာင္ႀကီး၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွာ ဇြန္လေနာက္ဆုံးပါတ္အတြင္းက မႈိဟင္း၊ ၾကက္သားနဲ႔ ကိုကာကိုလာခ်က္ျပဳတ္စားသုံးရာမွ အစာအဆိပ္သင့္ၿပီး အမ်ိဳးသမီးႏွစ္ဦးေ.သ.ဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သစ္ေတာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးထံမွ သိရပါတယ္။

သစ္ေတာရပ္ကြက္၊ ေဇာတိကလမ္းရွိေနအိမ္တစ္လုံးမွ မိသားစုဝင္ေတြက ဇြန္လ၂၂ရက္က ေ႐ႊဘုန္းပြင့္ေတာင္ေပၚသို႔ သြားေရာက္ရာမွ မႈိေတြေတြ႕ရွိတဲ့အတြက္ ေနအိမ္သို႔ ယူေဆာင္လာကာ ေန႔လည္စာခ်က္ျပဳတ္စားသုံးခဲ့ၿပီး ညေနစာအျဖစ္ ၾကက္သားနဲ႔ ကိုကာကိုလာအခ်ိဳရည္ကို တြဲဖက္ကာ ခ်က္ျပဳတ္စားသုံးခဲ့ၾကတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္သိရသေလာက္က စျဖစ္တဲ့ ေန႔ပိုင္းအခ်ိန္ကေတာ့ ဘာမွလကၡဏာမျပဘူးလို႔ ေျပာတယ္။ ညေရာက္မွ ၾကက္သားနဲ႔ ကိုကာကိုလာခ်က္စားၿပီး မိနစ္၃၀ေလာက္ေနေတာ့ ဗိုက္နာလာတယ္။ ဝမ္းေတြသြားၾကတယ္။ ေအာ့အန္လာၾကတယ္။

ေဆး႐ုံမွာတစ္ပါတ္ေလာက္ၾကာၿပီးေတာ့ တစ္ေယာက္က စၿပီးေတာ့ ဆုံးတယ္။ သုံးရက္ေနေတာ့ သူ႔အေဒၚကို သၿဂိဳလ္မယ့္ရက္မွာ သူ႔တူမက ထပ္ၿပီးေတာ့ ဆုံးတယ္။

သူ႔တူမကိုေတာ့ မေန႔က သၿဂိဳလ္တယ္လို႔ေတာ့ သိရပါတယ္”လို႔ သစ္ေတာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဲဒီလိုအစာအဆိပ္သင့္မႈေၾကာင့္ အမ်ိဳးသမီး(၄)ဦးကို ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ေပမယ့္ ႏွစ္ဦးေ.သ.ဆုံးမႈျဖစ္ပြားခဲ့ၿပီး ဆုံးသူႏွစ္ဦးအနက္ အသက္(၇၃)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးက ဇြန္လ(၂၅)ရက္ဆုံးခဲ့ကာ

အသက္(၄၀)ေက်ာ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးက ဇြန္လ(၂၇)ရက္ကဆုံးသြားခဲ့ေၾကာင္း၊ဆုံးသူေတြကို ေတာင္ႀကီးၿမိဳ႕၊ တိုင္းရင္းသားေပါင္းစုံသုႆန္သို႔ ပို႔ေဆာင္သၿဂိဳလ္ထားေၾကာင္း သိရပါတယ္။

ခရက္ဒစ္

unicode

မှိုနှင့်ကြက်သားစားရင် ကိုလာ မသောက်မိပါစေနဲ့…

တောင်ကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ဇွန်လနောက်ဆုံးပါတ်အတွင်းက မှိုဟင်း၊ ကြက်သားနဲ့ ကိုကာကိုလာချက်ပြုတ်စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦးေ.သ.ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရပါတယ်။

သစ်တောရပ်ကွက်၊ ဇောတိကလမ်းရှိနေအိမ်တစ်လုံးမှ မိသားစုဝင်တွေက ဇွန်လ၂၂ရက်က ရွှေဘုန်းပွင့်တောင်ပေါ်သို့ သွားရောက်ရာမှ မှိုတွေတွေ့ရှိတဲ့အတွက် နေအိမ်သို့ ယူဆောင်လာကာ နေ့လည်စာချက်ပြုတ်စားသုံးခဲ့ပြီး ညနေစာအဖြစ် ကြက်သားနဲ့ ကိုကာကိုလာအချိုရည်ကို တွဲဖက်ကာ ချက်ပြုတ်စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။

“ကျွန်တော်သိရသလောက်က စဖြစ်တဲ့ နေ့ပိုင်းအချိန်ကတော့ ဘာမှလက္ခဏာမပြဘူးလို့ ပြောတယ်။ ညရောက်မှ ကြက်သားနဲ့ ကိုကာကိုလာချက်စားပြီး မိနစ်၃၀လောက်နေတော့ ဗိုက်နာလာတယ်။ ဝမ်းတွေသွားကြတယ်။ အော့အန်လာကြတယ်။

ဆေးရုံမှာတစ်ပါတ်လောက်ကြာပြီးတော့ တစ်ယောက်က စပြီးတော့ ဆုံးတယ်။ သုံးရက်နေတော့ သူ့အဒေါ်ကို သဂြိုလ်မယ့်ရက်မှာ သူ့တူမက ထပ်ပြီးတော့ ဆုံးတယ်။

သူ့တူမကိုတော့ မနေ့က သဂြိုလ်တယ်လို့တော့ သိရပါတယ်”လို့ သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဲဒီလိုအစာအဆိပ်သင့်မှုကြောင့် အမျိုးသမီး(၄)ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပေမယ့် နှစ်ဦးေ.သ.ဆုံးမှုဖြစ်ပွားခဲ့ပြီး ဆုံးသူနှစ်ဦးအနက် အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဇွန်လ(၂၅)ရက်ဆုံးခဲ့ကာ

အသက်(၄၀)ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဇွန်လ(၂၇)ရက်ကဆုံးသွားခဲ့ကြောင်း၊ဆုံးသူတွေကို တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿန်သို့ ပို့ဆောင်သဂြိုလ်ထားကြောင်း သိရပါတယ်။

ခရက်ဒစ်