ကိုရီးယားစတိုင္ ၾကက္ေၾကာ္ကို လြယ္လြယ္ကူကူ အိမ္မွာ ကိုယ္တိုင္ ေၾကာ္နည္း

zawgyi

ကိုရီးယားစတိုင္ ၾကက္ေၾကာ္ကို လြယ္လြယ္ကူကူ အိမ္မွာ ကိုယ္တိုင္ ေၾကာ္နည္း

ကိုရီးယားၾကက္ေၾကာ္ Homemade Korea Chicken Fried လုပ္နည္းေလးကို ေျပာျပေပးခ်င္ပါတယ္။ ဆိုင္ေတြနဲ႔ အရသာလုံးဝထပ္တူက်ခ်င္မွ က်မယ္ဆိုေပမယ့္ စာေရးသူကိုယ္တိုင္ လုပ္စားၾကည့္တဲ့အခါ တကယ္အရသာရွိၿပီး လြယ္ကူျမန္ဆန္တာေၾကာင့္ တစ္ခါေလာက္ေတာ့ လုပ္စားၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

ကဲ ဒါဆို လုပ္နည္းေလး ၾကည့္လိုက္ရေအာင္ေနာ္.. ၾကက္သားေၾကာ္ရန္အတြက္ ပါဝင္ပစၥည္းမ်ားကေတာ့..

ၾကက္သား – (၁၅) က်ပ္သား

ၾကက္ဥ – (၁) လုံး

ေျပာင္းေကာ္မႈန္႔ (သို႔) အာလူးေကာ္မႈန္႔ – ထမင္းစားဇြန္း (၂) ဇြန္း

င႐ုတ္ေကာင္းမႈန္႔ – အနည္းငယ္

ၾကက္သြန္ျဖဴ – အနည္းငယ္

ေဆာ့ အခ်ဥ္ျပဳလုပ္ရန္အတြက္ကေတာ့..

ပဲငံျပာရည္အၾကည္ – (၂) ဇြန္း

ပဲငံျပာရည္အေနာက္ – ထမင္းစားဇြန္း ဇြန္းတစ္ဝက္

ခရမ္းခ်ဥ္သီးေဆာ့စ္ (tomato ketchup) – ထမင္းစားဇြန္း (၁) ဇြန္း

င႐ုတ္သီးဖတ္ေဆာ့စ္အခ်ိဳ (Sweet Chili sauce) – ထမင္းစားဇြန္း (၁) ဇြန္း

င႐ုတ္သီးအၾကမ္းမႈန္႔ – ထမင္းစားဇြန္း ဇြန္းတစ္ဝက္ (အစပ္ႀကိဳက္ရင္ ပိုထည့္ပါ)

ျပဳလုပ္နည္းကေတာ့..

ၾကက္ေၾကာ္ဖို႔ ၾကက္သားကို အတုံးခပ္ေသးေသးအေနေတာ္ေလးေတြ တုံးၿပီး ၾကက္ေၾကာ္ရန္အတြက္ ပါဝင္ပစၥည္းေတြ အကုန္လုံးကို ေရာနယ္လိုက္ပါ။ ဆီပူပူမွာ အေရာင္ရဲတဲ့အထိ ဆီျမဳပ္ေအာင္ ေၾကာ္လိုက္ၿပီး ဆယ္ထားပါ။

နည္းနည္းအေအးခံထားၿပီး အတြင္းထဲထိ ေသခ်ာက်က္ဖို႔ ေနာက္ထပ္ (၃) မိနစ္ေလာက္ထပ္ေၾကာ္ရမယ္ေနာ္။ေဆာ့စ္စပ္ဖို႔ကေတာ့ ဒယ္အိုးထဲမွာ ဆီအနည္းငယ္ထည့္ၿပီး ေဆာ့စ္စပ္ဖို႔ ပါဝင္ပစၥည္းအားလုံးကို ထည့္ကာ ေဆာ့စ္အေနအထားပုံစံ ပ်စ္ပ်စ္ေလးေရာက္တဲ့အထိ ေမႊေပးပါ။

ၿပီးရင္ေတာ့ ေၾကာ္ၿပီးသားၾကက္ေၾကာ္ထည့္ေမႊၿပီး ဒယ္အိုးထဲက ခ်ကာ စားသုံးႏိုင္ပါၿပီ။ ႀကိဳက္တတ္ရင္ေတာ့ ႏွမ္းနဲ႔ ၾကက္သြန္ၿမိတ္ေလးေတြ အေပၚကေန ျဖဴးလို႔ရပါေသးတယ္။

ၾကက္ေၾကာ္မထည့္ခင္ ေဆာ့စ္အရသာကိုေတာ့ အရင္ျမည္းၿပီး ဆား၊ အခ်ိဳ လိုသလို အနည္းငယ္ ထပ္ထည့္လို႔ရပါတယ္။ ဒီအခ်ိဳးအစားေလးက ႏွစ္ေယာက္/သုံးေယာက္စာ ပဲျဖစ္လို႔ လူမ်ားရင္မ်ားသလို အခ်ိဳးအစားအလိုက္ ပိုထည့္သြား႐ုံပါပဲ။

လြယ္လည္းလြယ္သလို ခ်ိဳခ်ိဳစပ္စပ္နဲ႔ အရသာလည္းအရမ္းရွိပါတယ္ေနာ္။

crd

unicode

ကိုရီးယားစတိုင် ကြက်ကြော်ကို လွယ်လွယ်ကူကူ အိမ်မှာ ကိုယ်တိုင် ကြော်နည်း

ကိုရီးယားကြက်ကြော် Homemade Korea Chicken Fried လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ဆိုင်တွေနဲ့ အရသာလုံးဝထပ်တူကျချင်မှ ကျမယ်ဆိုပေမယ့် စာရေးသူကိုယ်တိုင် လုပ်စားကြည့်တဲ့အခါ တကယ်အရသာရှိပြီး လွယ်ကူမြန်ဆန်တာကြောင့် တစ်ခါလောက်တော့ လုပ်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ကဲ ဒါဆို လုပ်နည်းလေး ကြည့်လိုက်ရအောင်နော်.. ကြက်သားကြော်ရန်အတွက် ပါဝင်ပစ္စည်းများကတော့..

ကြက်သား – (၁၅) ကျပ်သား

ကြက်ဥ – (၁) လုံး

ပြောင်းကော်မှုန့် (သို့) အာလူးကော်မှုန့် – ထမင်းစားဇွန်း (၂) ဇွန်း

ငရုတ်ကောင်းမှုန့် – အနည်းငယ်

ကြက်သွန်ဖြူ – အနည်းငယ်

ဆော့ အချဉ်ပြုလုပ်ရန်အတွက်ကတော့..

ပဲငံပြာရည်အကြည် – (၂) ဇွန်း

ပဲငံပြာရည်အနောက် – ထမင်းစားဇွန်း ဇွန်းတစ်ဝက်

ခရမ်းချဉ်သီးဆော့စ် (tomato ketchup) – ထမင်းစားဇွန်း (၁) ဇွန်း

ငရုတ်သီးဖတ်ဆော့စ်အချို (Sweet Chili sauce) – ထမင်းစားဇွန်း (၁) ဇွန်း

ငရုတ်သီးအကြမ်းမှုန့် – ထမင်းစားဇွန်း ဇွန်းတစ်ဝက် (အစပ်ကြိုက်ရင် ပိုထည့်ပါ)

ပြုလုပ်နည်းကတော့..

ကြက်ကြော်ဖို့ ကြက်သားကို အတုံးခပ်သေးသေးအနေတော်လေးတွေ တုံးပြီး ကြက်ကြော်ရန်အတွက် ပါဝင်ပစ္စည်းတွေ အကုန်လုံးကို ရောနယ်လိုက်ပါ။ ဆီပူပူမှာ အရောင်ရဲတဲ့အထိ ဆီမြုပ်အောင် ကြော်လိုက်ပြီး ဆယ်ထားပါ။

နည်းနည်းအအေးခံထားပြီး အတွင်းထဲထိ သေချာကျက်ဖို့ နောက်ထပ် (၃) မိနစ်လောက်ထပ်ကြော်ရမယ်နော်။ဆော့စ်စပ်ဖို့ကတော့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆော့စ်စပ်ဖို့ ပါဝင်ပစ္စည်းအားလုံးကို ထည့်ကာ ဆော့စ်အနေအထားပုံစံ ပျစ်ပျစ်လေးရောက်တဲ့အထိ မွှေပေးပါ။

ပြီးရင်တော့ ကြော်ပြီးသားကြက်ကြော်ထည့်မွှေပြီး ဒယ်အိုးထဲက ချကာ စားသုံးနိုင်ပါပြီ။ ကြိုက်တတ်ရင်တော့ နှမ်းနဲ့ ကြက်သွန်မြိတ်လေးတွေ အပေါ်ကနေ ဖြူးလို့ရပါသေးတယ်။

ကြက်ကြော်မထည့်ခင် ဆော့စ်အရသာကိုတော့ အရင်မြည်းပြီး ဆား၊ အချို လိုသလို အနည်းငယ် ထပ်ထည့်လို့ရပါတယ်။ ဒီအချိုးအစားလေးက နှစ်ယောက်/သုံးယောက်စာ ပဲဖြစ်လို့ လူများရင်များသလို အချိုးအစားအလိုက် ပိုထည့်သွားရုံပါပဲ။

လွယ်လည်းလွယ်သလို ချိုချိုစပ်စပ်နဲ့ အရသာလည်းအရမ်းရှိပါတယ်နော်။

crd