သစ္တံခါးဆရာေတာ္၏ မဟာေဗာဓိေညာင္ပင္(၁၀)ပင္ အဓိဌာန္က်င့္စဥ္
Zawgyi
သစ္တံခါးဆရာေတာ္၏ မဟာေဗာဓိေညာင္ပင္(၁၀)ပင္ အဓိဌာန္က်င့္စဥ္
မိမိတို႔တြင္ ေငြေရးေၾကးေရးခက္ခဲမႈ အမႈကိစၥ လာဘ္ပိတ္ေနမႈ အလုပ္ကိစၥမပြင့္လင္း မေပၚမႈ အခက္အခဲမွန္သမွ်ေတြ အဆင္ေျပေခ်ာေမြ႕ၿပီး ေအာင္ျမင္မႈေတြ ရရွိေစပါတယ္လို႔ ဘုန္းဘုန္း ကမိန႔္ထားပါတယ္..
ေငြေၾကးခက္ခဲေနသူေတြ စီးပြားေရးမွာလာဘ္ပိတ္ေနသူေတြ ဝင္သင့္တဲ့အဓိဌာန္တစ္ခုပါ…
“ အဓိ႒ာန္ေဆာင္႐ြက္ရာတြင္ အဓိကေဆာင္႐ြက္ရမည့္အခ်က္မ်ား ”
၁_ ေရ (၁၀) ခြက္၊ အေမႊးတိုင္ (၁၀) တိုင္ ကြမ္းယာ (၁၀) ယာ၊ ဆီမီး (၁၀) တိုင္ပူေဇာ္ပါ။
ယခုဘုရား( ___ ) အမည္တြင္ ေစာင့္ေ႐ွာက္ၾကကုန္ေသာ အေစာင့္အေ႐ွာက္ နတ္မင္းမ်ားႏွင့္ သူေတာ္စင္ သူေတာ္ေကာင္း သူေတာ္ျမတ္အေပါင္းႏွင့္
ဤေဗာဓိေညာင္ပင္တြင္ ေစာင့္ေ႐ွာက္ရန္ေနၾကကုန္ေသာ ႐ုကၡစိုး နတ္မင္းတို႔….. အ႐ွင္တို႔ကိုယ္တိုင္ ျမတ္စြားဘုရား႐ွင္အားလာေရာက္လႉဒါန္းႏိုင္ေစရန္ ကြၽႏု္ပ္တို႔မိသားစု(__)တို႔မွ
အေမႊးတိုင္ ၁၀တိုင္ အလင္းတိုင္ ၁၀တိုင္ေသာက္ေတာ္ေရ ၁၀ခြက္ /ဗူး တို႔ကို အလႉဒါနျပဳေပးပါတယ္ အ႐ွင္တို႔ကိုယ္တိုင္ ၾကားရာအရပ္မွ ႂကြေရာက္၍ အလွဴ ခံေတာ္မူၿပီး ျမတ္စြာဘုရားအား ကပ္လႉပူေဇာ္ၾက ပါကုန္ေလာ့ အ႐ွင္ ႐ုကၡစိုး နတ္မင္းအတြက္ ကြမ္းယာ ၁၀ယာကိုလည္း ကပ္လႉ ပူေဇာ္ပါတယ္ဟု ေလ်ွာက္ပါ။
၂ _ ျမတ္ဗုဒၶ အာ႐ုံျပဳ ရွိခိုးပူေဇာ္ပါ။
၃ _ငါးပါးသီလ ခံယူေဆာက္တည္ပါ။ဂုဏ္ေတာ္ ၉ ပါး႐ြတ္ပါ။
၄ _ ပ႒ာန္းပစၥယနိေဒၵယ ပူေဇာ္ပါ(မပူေဇာ္ႏိုင္ပါက ပဌာန္း ၂၄ ပစၥည္း အက်ဥ္း၁၀ ေခါက္ ပူေဇာ္ပါ)
၅ _ ေမတၱာသုတ္ တစ္ေခါက္ပူေဇာ္ပါ (ကိုယ့္အဓိဌာန္နဲ႔ကိုယ္ႏိုင္သေ႐ြ႕ပူေဇာ္ႏိုင္ပါတယ္။)
၆ _ သစ္ပင္တစ္ပင္မွာ“အရဟံ သိဒၶိ ဘဂဝါေအာင္ “ပုတီး ၁၀ ပတ္အနည္းဆုံးစိပ္ပါ။
၇ _ ႐ုကၡစိုးဂါထာကို ၃၇ ေခါက္႐ြတ္ပြားပါ ။
“ ဥဳံ ယကၡ ႐ုကၡစိုး နတ္႐ုကၡစိုး မႏိုးစိမ့္စိမ့္ မအိပ္စက္စက္ အကြၽႏ္ုပ္အား အသက္ဥစၥာ ပညာ ေပးပါေလာ့။
”ေနာက္တစ္ဂါထာ ~ အာကာသေ႒ာ ဘူမ႒ာစ ႐ုကၡ႒ာစ မဟိဒၶိကာ ဣဒၶိမေႏၲာစ ေယေဒဝါ မံ ပါေလတု ယထိစၦိတံ။
တစ္ဂါထာဘဲ႐ြတ္႐ြတ္ ႏွစ္ဂါထာလုံးဘဲ ႐ြတ္႐ြတ္ ၃၇ေခါက္႐ြတ္ပြားပါ အထူးေကာင္းမြန္ပါ၏။
၈ _ သတၱဝါ မွန္သမွ် အနႏၲေတြ ေမတၱာပို႔ပါ အထူးက်န္းမာေစ ခ်မ္းသာပါေစ အဆင္ေျပပါေစ ေအးခ်မ္းၾကပါေစ ေအာင္ျမင္ၾကပါေစ အပူကင္းေပ်ာက္ အေအးေရာက္ၾကပါေစဟု ေမတၱာပို႔ပါ။
၉ _ မိဘ ဘိုးဘြား ဆရာသမား ေဆြေတာ္မ်ိဳးေတာ္ေတြ အမွ်ေဝပါ ႐ုကၡစိုးနတ္ ဘုမၼစိုးနတ္ အမွ်ေဝပါ {အထူး} ထူးျခားပါ၏။
မွတ္ခ်က္ _ တစ္ေန႔တည္း ၁၀ ပင္ၿပီးပါက အထူးေကာင္းပါ၏ မလုပ္ႏိုင္ပါက ေန႔ခြဲၿပီး ၁၀ ပင္အျပည့္ဟု အဓိ႒ာန္ပါကလဲ ရပါ၏။
အဓိ႒ာန္လုပ္ၿပီး ကိုယ္လႉထားေသာ ေရဘူး ကြမ္းယာစေသာ ပစၥည္းမ်ားအား သူတစ္ပါး အေႏွာက္အယွက္မျဖစ္ေအာင္ ကိုယ္တိုင္သိမ္းဆည္းၿပီး ေဝယ်ဝစၥကုသိုလ္ ျပန္လုပ္သင့္သည္။
အထက္ပါကိစၥအားလုံးကိုေညာင္ပင္ ၁ ပင္ တည္းဆယ္ခါလုပ္ရန္ မဟုတ္ပါ။ေညာင္ပင္ (၁၀ ) ပင္မွာ တစ္ပင္ကို တစ္ႀကိမ္ဆီ ျဖစ္ပါတယ္ေနာ္ ခဏခဏ ေမးတတ္ၾကတဲ့ ေမးခြန္းပါ ။ ။
ေဗာဓိေညာင္ပင္(၁၀)ပင္အဓိဌာန္အက်ိဳးေက်းဇူးေတြကေတာ့ မဟာေဗာဓိေညာင္ပင္သည္ ျမတ္ဗုဒၶ၏ ဖြားဖက္ေတာ္လည္းျဖစ္ပါသည္.. ပရိေဘာဂေစတီလည္းျဖစ္ပါသည္…
ပရိေဘာဂေစတီေတာ္ကို ပူေဇာ္ရာမည္ေသာေၾကာင့္ အသက္လည္းရွည္ က်န္းမာေရးလည္း ေကာင္းပါတယ္။သစ္ပင္ေအာက္တြင္ က်င့္ရေသာေၾကာင့္ ႐ုကၡမူ ဒူတင္လည္း ရပါတယ္ေနာ္။
ဂုဏ္ေတာ္ျဖင့္ပူေဇာ္ေသာေၾကာင့္ ဂုဏ္ေတာ္ဓါတ္အက်ိဳးတရားလည္းရပါတယ္။ေသာက္ေတာ္ေရ ဆီမီး အ ေမႊးနံသာျဖင့္ ပူေဇာ္ေသာ ဒါနလည္းရပါတယ္ ။
ေဗာဓိပင္ေစာင့္ေသာ ႐ုကၡစိုးနတ္ကို ကြမ္းယာျဖင့္လႉဒါနျပဳရေသာေၾကာင့္ သီလရွိေသာ ႐ုကၡစိုးနတ္မွ ခ်စ္၍အမွ်ရေသာေၾကာင့္လက္ေတြ႕ ဒိဌဓမၼ အက်ိဳးထူး ခံစားရပါလိမ့္ မယ္။
သတိထားရမည္မွာ..အဓိဌာန္ျပဳလုပ္ၿပီးတိုင္းမွာ မိမိတို႔ လႉထားေသာ ေရဗူး ကြမ္းယာစေသာ ပစၥည္းမ်ားကို တစ္ပါးသူမ်ားအား အေႏွာင့္အယွက္မျဖစ္ေစဘဲကိုယ္တိုင္ျပန္သိမ္းဆည္းၿပီး ေဝယ်ဝစၥကုသိုလ္ျပန္လုပ္သင့္ပါတယ္ေနာ္ .
ယုံၾကည္ခ်က္ျဖင့္ အဓိဌာန္ပါ.. ဆုေတာင္းျပည့္ၾကပါေစ ။တစ္ပါးသူေတြလည္း အဓိဌာန္ဝင္ေစခ်င္တဲ့ စိတ္ရင္းေစတနာ အမွန္ျဖင့္ေရးသားေဖာ္ျပတာပါ။
ေစတနာအက်ိဳး ခံစားရပါေစ ကုသိုလ္ထပ္တူရၾကပါေစ။ခရက္ဒစ္
Unicode
သစ်တံခါးဆရာတော်၏ မဟာဗောဓိညောင်ပင်(၁၀)ပင် အဓိဌာန်ကျင့်စဉ်
မိမိတို့တွင် ငွေရေးကြေးရေးခက်ခဲမှု အမှုကိစ္စ လာဘ်ပိတ်နေမှု အလုပ်ကိစ္စမပွင့်လင်း မပေါ်မှု အခက်အခဲမှန်သမျှတွေ အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုတွေ ရရှိစေပါတယ်လို့ ဘုန်းဘုန်း ကမိန့်ထားပါတယ်..
ငွေကြေးခက်ခဲနေသူတွေ စီးပွားရေးမှာလာဘ်ပိတ်နေသူတွေ ဝင်သင့်တဲ့အဓိဌာန်တစ်ခုပါ…
“ အဓိဋ္ဌာန်ဆောင်ရွက်ရာတွင် အဓိကဆောင်ရွက်ရမည့်အချက်များ ”
၁_ ရေ (၁၀) ခွက်၊ အမွှေးတိုင် (၁၀) တိုင် ကွမ်းယာ (၁၀) ယာ၊ ဆီမီး (၁၀) တိုင်ပူဇော်ပါ။
ယခုဘုရား( ___ ) အမည်တွင် စောင့်ရှောက်ကြကုန်သော အစောင့်အရှောက် နတ်မင်းများနှင့် သူတော်စင် သူတော်ကောင်း သူတော်မြတ်အပေါင်းနှင့်
ဤဗောဓိညောင်ပင်တွင် စောင့်ရှောက်ရန်နေကြကုန်သော ရုက္ခစိုး နတ်မင်းတို့….. အရှင်တို့ကိုယ်တိုင် မြတ်စွားဘုရားရှင်အားလာရောက်လှူဒါန်းနိုင်စေရန် ကျွနု်ပ်တို့မိသားစု(__)တို့မှ
အမွှေးတိုင် ၁၀တိုင် အလင်းတိုင် ၁၀တိုင်သောက်တော်ရေ ၁၀ခွက် /ဗူး တို့ကို အလှူဒါနပြုပေးပါတယ် အရှင်တို့ကိုယ်တိုင် ကြားရာအရပ်မှ ကြွရောက်၍ အလှူ ခံတော်မူပြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်ကြ ပါကုန်လော့ အရှင် ရုက္ခစိုး နတ်မင်းအတွက် ကွမ်းယာ ၁၀ယာကိုလည်း ကပ်လှူ ပူဇော်ပါတယ်ဟု လျှောက်ပါ။
၂ _ မြတ်ဗုဒ္ဓ အာရုံပြု ရှိခိုးပူဇော်ပါ။
၃ _ငါးပါးသီလ ခံယူဆောက်တည်ပါ။ဂုဏ်တော် ၉ ပါးရွတ်ပါ။
၄ _ ပဋ္ဌာန်းပစ္စယနိဒ္ဒေယ ပူဇော်ပါ(မပူဇော်နိုင်ပါက ပဌာန်း ၂၄ ပစ္စည်း အကျဉ်း၁၀ ခေါက် ပူဇော်ပါ)
၅ _ မေတ္တာသုတ် တစ်ခေါက်ပူဇော်ပါ (ကိုယ့်အဓိဌာန်နဲ့ကိုယ်နိုင်သရွေ့ပူဇော်နိုင်ပါတယ်။)
၆ _ သစ်ပင်တစ်ပင်မှာ“အရဟံ သိဒ္ဓိ ဘဂဝါအောင် “ပုတီး ၁၀ ပတ်အနည်းဆုံးစိပ်ပါ။
၇ _ ရုက္ခစိုးဂါထာကို ၃၇ ခေါက်ရွတ်ပွားပါ ။
“ ဥုံ ယက္ခ ရုက္ခစိုး နတ်ရုက္ခစိုး မနိုးစိမ့်စိမ့် မအိပ်စက်စက် အကျွန်ုပ်အား အသက်ဥစ္စာ ပညာ ပေးပါလော့။
”နောက်တစ်ဂါထာ ~ အာကာသဋ္ဌော ဘူမဋ္ဌာစ ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ ဣဒ္ဓိမန္တောစ ယေဒေဝါ မံ ပါလေတု ယထိစ္ဆိတံ။
တစ်ဂါထာဘဲရွတ်ရွတ် နှစ်ဂါထာလုံးဘဲ ရွတ်ရွတ် ၃၇ခေါက်ရွတ်ပွားပါ အထူးကောင်းမွန်ပါ၏။
၈ _ သတ္တဝါ မှန်သမျှ အနန္တတွေ မေတ္တာပို့ပါ အထူးကျန်းမာစေ ချမ်းသာပါစေ အဆင်ပြေပါစေ အေးချမ်းကြပါစေ အောင်မြင်ကြပါစေ အပူကင်းပျောက် အအေးရောက်ကြပါစေဟု မေတ္တာပို့ပါ။
၉ _ မိဘ ဘိုးဘွား ဆရာသမား ဆွေတော်မျိုးတော်တွေ အမျှဝေပါ ရုက္ခစိုးနတ် ဘုမ္မစိုးနတ် အမျှဝေပါ {အထူး} ထူးခြားပါ၏။
မှတ်ချက် _ တစ်နေ့တည်း ၁၀ ပင်ပြီးပါက အထူးကောင်းပါ၏ မလုပ်နိုင်ပါက နေ့ခွဲပြီး ၁၀ ပင်အပြည့်ဟု အဓိဋ္ဌာန်ပါကလဲ ရပါ၏။
အဓိဋ္ဌာန်လုပ်ပြီး ကိုယ်လှူထားသော ရေဘူး ကွမ်းယာစသော ပစ္စည်းများအား သူတစ်ပါး အနှောက်အယှက်မဖြစ်အောင် ကိုယ်တိုင်သိမ်းဆည်းပြီး ဝေယျဝစ္စကုသိုလ် ပြန်လုပ်သင့်သည်။
အထက်ပါကိစ္စအားလုံးကိုညောင်ပင် ၁ ပင် တည်းဆယ်ခါလုပ်ရန် မဟုတ်ပါ။ညောင်ပင် (၁၀ ) ပင်မှာ တစ်ပင်ကို တစ်ကြိမ်ဆီ ဖြစ်ပါတယ်နော် ခဏခဏ မေးတတ်ကြတဲ့ မေးခွန်းပါ ။ ။
ဗောဓိညောင်ပင်(၁၀)ပင်အဓိဌာန်အကျိုးကျေးဇူးတွေကတော့ မဟာဗောဓိညောင်ပင်သည် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော်လည်းဖြစ်ပါသည်.. ပရိဘောဂစေတီလည်းဖြစ်ပါသည်…
ပရိဘောဂစေတီတော်ကို ပူဇော်ရာမည်သောကြောင့် အသက်လည်းရှည် ကျန်းမာရေးလည်း ကောင်းပါတယ်။သစ်ပင်အောက်တွင် ကျင့်ရသောကြောင့် ရုက္ခမူ ဒူတင်လည်း ရပါတယ်နော်။
ဂုဏ်တော်ဖြင့်ပူဇော်သောကြောင့် ဂုဏ်တော်ဓါတ်အကျိုးတရားလည်းရပါတယ်။သောက်တော်ရေ ဆီမီး အ မွှေးနံသာဖြင့် ပူဇော်သော ဒါနလည်းရပါတယ် ။
ဗောဓိပင်စောင့်သော ရုက္ခစိုးနတ်ကို ကွမ်းယာဖြင့်လှူဒါနပြုရသောကြောင့် သီလရှိသော ရုက္ခစိုးနတ်မှ ချစ်၍အမျှရသောကြောင့်လက်တွေ့ ဒိဌဓမ္မ အကျိုးထူး ခံစားရပါလိမ့် မယ်။
သတိထားရမည်မှာ..အဓိဌာန်ပြုလုပ်ပြီးတိုင်းမှာ မိမိတို့ လှူထားသော ရေဗူး ကွမ်းယာစသော ပစ္စည်းများကို တစ်ပါးသူများအား အနှောင့်အယှက်မဖြစ်စေဘဲကိုယ်တိုင်ပြန်သိမ်းဆည်းပြီး ဝေယျဝစ္စကုသိုလ်ပြန်လုပ်သင့်ပါတယ်နော် .
ယုံကြည်ချက်ဖြင့် အဓိဌာန်ပါ.. ဆုတောင်းပြည့်ကြပါစေ ။တစ်ပါးသူတွေလည်း အဓိဌာန်ဝင်စေချင်တဲ့ စိတ်ရင်းစေတနာ အမှန်ဖြင့်ရေးသားဖော်ပြတာပါ။
စေတနာအကျိုး ခံစားရပါစေ ကုသိုလ်ထပ်တူရကြပါစေ။ခရက်ဒစ်