သင္၏ဘ၀ထဲကို ကံဆိုး မိုးေမွာင္မွဳေတြ ေရာက္ရွိလာေတာ့မယ္ဆိုတာကို ညႊန္ျပေနေသာ နမိတ္(၅) မ်ိဳး

Zawgyi

သင္၏ဘ၀ထဲကို ကံဆိုး မိုးေမွာင္မွဳေတြ ေရာက္ရွိလာေတာ့မယ္ဆိုတာကို ညႊန္ျပေနေသာ နမိတ္(၅) မ်ိဳး

တစ္ခုခုကို လုပ္ေတာ့မယ့္အခါ မလုပ္သင့္ဘူး၊ ဆိုးက်ိဳးေတြ ျဖစ္လာမယ္ဆိုရင္ နိမိတ္တခ်ိဳ႕ျပတတ္သလို ၊ တစ္ေနရာရာကို သြားသင့္လား မသြားသင့္လား ဆိုတာလည္း သြားခါနီးရင္ နိမိတ္ေလးေတြ ျပတတ္ပါတယ္။နိမိတ္ကိုယံုတဲ့သူေတြအတြက္ ေနရာတစ္ေနရာသြားခါနီး၊တစ္ခုခုလုပ္ခါနီးမွာ ျဖစ္လာတတ္တဲ့နိမိတ္ေလးေတြကို သိျပီးေရွာင္ရွားနိုင္ဖို႕ ေဖာ္ျပ ေပးလိုက္ပါတယ္။

သင္၏ဘ၀ထဲကို ကံဆိုး မိုးေမွာင္မွဳေတြ ေရာက္ရွိလာေတာ့မယ္ဆိုတာကို ညႊန္ျပေနေသာ နမိတ္(၅) မ်ိဳး

(1)ခလုတ္တိုက္ရင္

တစ္ခုခုလုပ္ခါနီး၊တစ္ေနရာရာသြားခါနီးမွာ ခဏခဏခလုတ္တိုက္ေနရင္ မလုပ္သင့္မသြားသင့္ေသးပါဘူး။

(2)အလိုလိုစိတ္ညစ္ညဴးေနရင္

တခါတ ေလစိတ္က အလိုလိုမၾကည္ေနတာမ်ိဳး၊ စိတ္မရွည္ေနတာမ်ိဳးျဖစ္တတ္ပါတယ္။အဲ့လိုျဖစ္တာက စိတ္ခံစားခ်က္သက္သက္လို႕လည္း ေျပာလို႕ရသလို၊ နိမိတ္တစ္ခုလို႕လည္းေျပာလို႕ရပါတယ္။ဘာလို႕လဲဆိုေတာ့ သင့္အေနနဲ႕စိတ္မၾကည္လင္ဘူး၊ စိတ္ညစ္ညူးေနမယ္ဆိုရင္ သင္လုပ္မယ့္အရာတစ္ခုက အဆင္ေျပဖို႕သိပ္မျဖစ္ နိုင္သလို၊ သြားမယ့္ေနရာမွာလည္း ေပ်ာ္စရာေကာင္းလာမွာမဟုတ္ပါဘူး။ဒါေၾကာင့္ စိတ္ညစ္ညဴးေနရင္ ခဏ ေလာက္ ျငိမ္ျငိမ္ေလးေနျပီး အသက္ရွဴသြင္း၊ရွဴထုတ္တာေလးကို ဆယ့္ငါးမိနစ္ေလာက္လုပ္ေပးသင့္ပါတယ္။

(3)ကိုယ္ခ်စ္တဲ့သူတစ္ေယာက္ေယာက္နဲ႕ခိုက္ရန္ျဖစ္ပြားရင္

ဒါလည္း ခုနကဟာနဲ႕ သေဘာတရားအတူတူပါပဲ။ခ်စ္တဲ့သူေတြနဲ႕ခိုက္ရန္ျဖစ္ပြားတာက တစ္ခုခုကိုေအာင္ေအာင္ျမင္ျမင္လုပ္ဖုိ႕၊ တစ္ေနရာရာကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္သြြားဖို႕သိပ္မျဖစ္နိုင္ပါဘူး။

(4)ပစၥည္းတစ္ခုခုေပ်ာက္ေနရင္

တခါတေလ သဘာ၀တရားၾကီးက ထူးဆန္းလွပါတယ္။သင့္အေနနဲ႕ အေရးၾကီးကိစၥတစ္ခုရွိလို႕ ဘယ္ေလာက္ပဲရွာရွာပစၥည္းတစ္ခုကရွာလို႕လံုး၀မ ေတြ႕ဘဲေပ်ာက္ေနတတ္ပါတယ္။အဲ့ဒါဆိုရင္ေတာ့ သင္လုပ္မယ့္အလုပ္၊ သင္သြားမယ့္ေနရာကို မလုပ္ပါနဲ႕၊ မသြားပါနဲ႕ဦး။အဲ့ဒီလို ပစၥည္းေပ်ာက္ေနတာက အဆိုး၊ အညံ့ေတြနဲ႕လြဲေခ်ာ္သြားဖို႕လည္းျဖစ္နိုင္ပါတယ္။

(5)မေကာင္းတဲ့အနံ႕အသက္ေတြရ ေနရင္၊ ထူးဆန္းတဲ့အသံေတြၾကားရင္

ဒါကိုေတာ့ ၾကံဳဖူးၾကလားမသိပါဘူး။ မ ေကာင္းတဲ့ အနံ႕အသက္ေတြ၊ ထူးဆန္းတဲ့အသံေတြက သင္လုပ္မယ့္အရာေတြ၊သင္သြားမယ့္ေနရာေတြနဲ႕ပတ္သက္လို႕ တားဆီးခ်င္တာျဖစ္နိုင္ပါတယ္။အဲ့ဒီလို အျဖစ္ေတြက နိမိတ္ေကာင္းေတာ့လံုး၀မျဖစ္နိုင္တာေၾကာင့္ သင္လုပ္မယ့္အရာေလးေတြကို ခဏလာက္ရပ္ထားလိုက္ပါေနာ္။ခရက္ဒစ္

Unicode

သင်၏ဘဝထဲကို ကံဆိုး မိုးမှောင်မှုတွေ ရောက်ရှိလာတော့မယ်ဆိုတာကို ညွှန်ပြနေသော နမိတ်(၅) မျိုး

တစ်ခုခုကို လုပ်တော့မယ့်အခါ မလုပ်သင့်ဘူး၊ ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင် နိမိတ်တချို့ပြတတ်သလို ၊ တစ်နေရာရာကို သွားသင့်လား မသွားသင့်လား ဆိုတာလည်း သွားခါနီးရင် နိမိတ်လေးတွေ ပြတတ်ပါတယ်။နိမိတ်ကိုယုံတဲ့သူတွေအတွက် နေရာတစ်နေရာသွားခါနီး၊တစ်ခုခုလုပ်ခါနီးမှာ ဖြစ်လာတတ်တဲ့နိမိတ်လေးတွေကို သိပြီးရှောင်ရှားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။

သင်၏ဘဝထဲကို ကံဆိုး မိုးမှောင်မှုတွေ ရောက်ရှိလာတော့မယ်ဆိုတာကို ညွှန်ပြနေသော နမိတ်(၅) မျိုး

(1)ခလုတ်တိုက်ရင်

တစ်ခုခုလုပ်ခါနီး၊တစ်နေရာရာသွားခါနီးမှာ ခဏခဏခလုတ်တိုက်နေရင် မလုပ်သင့်မသွားသင့်သေးပါဘူး။

(2)အလိုလိုစိတ်ညစ်ညူးနေရင်

တခါတ လေစိတ်က အလိုလိုမကြည်နေတာမျိုး၊ စိတ်မရှည်နေတာမျိုးဖြစ်တတ်ပါတယ်။အဲ့လိုဖြစ်တာက စိတ်ခံစားချက်သက်သက်လို့လည်း ပြောလို့ရသလို၊ နိမိတ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ သင့်အနေနဲ့စိတ်မကြည်လင်ဘူး၊ စိတ်ညစ်ညူးနေမယ်ဆိုရင် သင်လုပ်မယ့်အရာတစ်ခုက အဆင်ပြေဖို့သိပ်မဖြစ် နိုင်သလို၊ သွားမယ့်နေရာမှာလည်း ပျော်စရာကောင်းလာမှာမဟုတ်ပါဘူး။ဒါကြောင့် စိတ်ညစ်ညူးနေရင် ခဏ လောက် ငြိမ်ငြိမ်လေးနေပြီး အသက်ရှူသွင်း၊ရှူထုတ်တာလေးကို ဆယ့်ငါးမိနစ်လောက်လုပ်ပေးသင့်ပါတယ်။

(3)ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်နဲ့ခိုက်ရန်ဖြစ်ပွားရင်

ဒါလည်း ခုနကဟာနဲ့ သဘောတရားအတူတူပါပဲ။ချစ်တဲ့သူတွေနဲ့ခိုက်ရန်ဖြစ်ပွားတာက တစ်ခုခုကိုအောင်အောင်မြင်မြင်လုပ်ဖို့၊ တစ်နေရာရာကို ပျော်ပျော်ရွှင်ရွှင်သွားဖို့သိပ်မဖြစ်နိုင်ပါဘူး။

(4)ပစ္စည်းတစ်ခုခုပျောက်နေရင်

တခါတလေ သဘာဝတရားကြီးက ထူးဆန်းလှပါတယ်။သင့်အနေနဲ့ အရေးကြီးကိစ္စတစ်ခုရှိလို့ ဘယ်လောက်ပဲရှာရှာပစ္စည်းတစ်ခုကရှာလို့လုံးဝမ တွေ့ဘဲပျောက်နေတတ်ပါတယ်။အဲ့ဒါဆိုရင်တော့ သင်လုပ်မယ့်အလုပ်၊ သင်သွားမယ့်နေရာကို မလုပ်ပါနဲ့၊ မသွားပါနဲ့ဦး။အဲ့ဒီလို ပစ္စည်းပျောက်နေတာက အဆိုး၊ အညံ့တွေနဲ့လွဲချော်သွားဖို့လည်းဖြစ်နိုင်ပါတယ်။

(5)မကောင်းတဲ့အနံ့အသက်တွေရ နေရင်၊ ထူးဆန်းတဲ့အသံတွေကြားရင်

ဒါကိုတော့ ကြုံဖူးကြလားမသိပါဘူး။ မ ကောင်းတဲ့ အနံ့အသက်တွေ၊ ထူးဆန်းတဲ့အသံတွေက သင်လုပ်မယ့်အရာတွေ၊သင်သွားမယ့်နေရာတွေနဲ့ပတ်သက်လို့ တားဆီးချင်တာဖြစ်နိုင်ပါတယ်။အဲ့ဒီလို အဖြစ်တွေက နိမိတ်ကောင်းတော့လုံးဝမဖြစ်နိုင်တာကြောင့် သင်လုပ်မယ့်အရာလေးတွေကို ခဏလာက်ရပ်ထားလိုက်ပါနော်။ခရက်ဒစ်