ကမာၻမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြ ေနထိုင္တဲ့႐ြာ

zawgyi

ကမာၻမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြ ေနထိုင္တဲ့႐ြာ

အဲဒီ ႐ြာမွာ ေနထိုင္တဲ့ အမ်ိဳးသမီးေတြရဲ႕ ဆံပင္အရွည္က ၃ ေပကေန ၆ ေပ အထိ ရွိတယ္လို႔သိရပါတယ္။အမ်ိဳးသမီးေတြအတြက္ ဆံပင္ဆိုတာ အေရးႀကီးတဲ့ အရာပါ။ အမ်ိဳးသမီးအမ်ားစုအေနနဲ႔ ဆံပင္ရွည္ထားရျခင္းကို ႏွစ္သက္ျမတ္ႏိုးေလ့ ရွိၾကပါတယ္။

ကမာၻေပၚမွာ ဆံပင္အရွည္ဆုံး အမ်ိဳးသမီးေတြေနထိုင္တဲ့ ႐ြာကေတာ့ တ႐ုတ္ႏိုင္ငံမွာရွိတဲ့ Huangluo Yao ဆိုတဲ့ ေက်း႐ြာပဲျဖစ္ပါတယ္။အဲဒီ႐ြာမွာ ေနထိုင္တဲ့ လူမ်ိဳးစုေတြကေတာ့ ဆံပင္ရွည္ထားျခင္းဟာ က်န္းမာေရးကို ေကာင္းမြန္ေစတယ္လို႔ ယုံၾကည္ထားၾကပါတယ္။

ဒါေၾကာင့္လည္း အဲဒီ႐ြာမွာ ေနထိုင္တဲ့ မိသားစု ၆၀ ေလာက္က ဆံပင္အရွည္ထားေလ့ရွိၾကပါတယ္။အဲဒီ ေက်း႐ြာမွာ ေနထိုင္တဲ့ အမ်ိဳးသမီးေတြရဲ႕ ဆံပင္အရွည္က ၃ ေပကေန ၆ ေပ အထိ ရွိတယ္လို႔သိရပါတယ္။ ဒါေၾကာင့္လည္း “ကမာၻ႔ ဆံပင္အရွည္ဆုံးေက်း႐ြာ”အျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

အဲဒီေက်း႐ြာကို ေရာက္ဖို႔ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းက ၿမိဳ႕တၿမိဳ႕ျဖစ္တဲ့ Guilin ၿမိဳ႕ကေန ၂ နာရီေလာက္ ကားစီးသြားရပါတယ္။Jinsha ျမစ္ကမ္းေဘးမွာရွိတဲ့ Huangluo Yao ေက်း႐ြာရဲ႕ ထူးျခားတဲ့ ဓေလ့ေၾကာင့္ ၂၀၀၂ ခုႏွစ္မွာ ႏိုင္ငံတကာခရီးသြားေတြ လာေရာက္ လည္ပတ္ႏိုင္ဖို႔ တ႐ုတ္အစိုးရက စီစဥ္ခဲ့ပါတယ္။

အဲဒီေက်း႐ြာမွာေနထိုင္တဲ့ လူမ်ိဳးစုေတြဟာ Qin မင္းဆက္ လက္ထက္ကတည္းက ေနထိုင္လာခဲ့ၾကတဲ့ ေဒသခံဌာေန တိုင္းရင္းသားေတြလို႔ သိရပါတယ္။လူဦးေရ ၆၀၀ နီးပါးရွိၿပီး မိသားစုဝင္ ၈၀ နီးပါး ရွိပါတယ္။ အဲဒီေက်း႐ြာက အမ်ိဳးသမီးေတြဟာ သန္ စြမ္းနက္ေမွာင္ၿပီး ရွည္လ်ားတဲ့ ဆံပင္ေတြကို

ပိုင္ဆိုင္ထားၾကၿပီး အမ်ိဳးသမီးတေယာက္ရဲ႕ ဆံပင္ အေလးခ်ိန္က ၂ ေပါင္ေက်ာ္ ရွိပါတယ္။ Yao အမ်ိဳးသမီးေတြဟာ ဆံပင္အရွည္ထားရတာကို ဂုဏ္ယူေလ့ ရွိၿပီး ဒီဓေလ့ ေပ်ာက္ကြယ္ မသြားေအာင္ မ်ိဳးဆက္တခုကေန ေနာက္မ်ိဳးဆက္တခုကို လက္ဆင့္ ကမ္း သယ္ေဆာင္ခဲ့ၾကပါတယ္။

ျမစ္ကမ္းေဘးမွာ တည္ရွိတဲ့အတြက္ေၾကာင့္လည္း ျမစ္ေရနဲ႔ ေန႔စဥ္ ေခါင္းေလွ်ာ္ေလ့ ရွိၾကၿပီး ရက္သတၱပတ္ ၁ ပတ္ရဲ႕ ၃ ရက္ေျမာက္ေန႔၊ ဒါမွမဟုတ္ ၄ ရက္ေျမာက္ေန႔ မွာေတာ့ ဆံပင္ရွည္ဖို႔ အထူးေဖာ္စပ္ထားတဲ့ ေဆးတမ်ိဳးနဲ႔ ေခါင္းေလွ်ာ္ေလ့ ရွိၾကတယ္လို႔ သိရပါတယ္။

ေနာက္ထပ္ ထူးျခားခ်က္တခုကေတာ့ အိမ္ေထာင္မက်ေသးတဲ့ မိန္းမပ်ိဳေတြအေနနဲ႔ သူမရဲ႕ဆံပင္ကို အျခားသူေတြ မျမင္ရေအာင္ ထိန္းသိမ္းရတာပါပဲ။ မိန္းမပ်ိဳတေယာက္ရဲ႕ ဆံပင္ကို ပထမဆုံး ျမင္ရတဲ့ အမ်ိဳးသားဟာ သူမရဲ႕ခင္ပြန္းေလာင္းပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အဲဒီေက်း႐ြာက မိန္းမပ်ိဳေတြဟာ သူမရဲ႕ဆံပင္ကို အျခားသူေတြ မျမင္ရေအာင္ အျပာေရာင္ပုဝါနဲ႔ ဖုံးထားေလ့ ရွိၾကပါတယ္။Yao အမ်ိဳးသမီးေတြအတြက္ေတာ့ ဆံပင္အရွည္က အေရးႀကီးတဲ့ အမွတ္အသားတခုပါပဲ။

Yao အမ်ိဳးသမီးေတြဟာ ေမြးၿပီးလို႔ ရက္ ၁၀၀ ျပည့္တဲ့အခ်ိန္နဲ႔ အသက္ ၁၈ ႏွစ္ျပည့္တဲ့အခ်ိန္ ၂ ႀကိမ္ပဲ ဆံပင္ညႇပ္ေလ့ ရွိၾကပါတယ္။ဓေလ့တခု တည္ၿမဲေအာင္ ေရရွည္ ထိန္းသိမ္းထားႏိုင္တဲ့အတြက္လည္း

Huangluo Yao ေက်း႐ြာဟာ “ကမာၻ႔ဆံပင္အရွည္ဆုံး ေက်း႐ြာ” အျဖစ္ ကမာၻမွာ လူသိမ်ားတဲ့ ေက်း႐ြာတ႐ြာ ျဖစ္လို႔ေနပါတယ္။

Credit

unicode

ကမ္ဘာမှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေထိုင်တဲ့ရွာ

အဲဒီ ရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်။အမျိုးသမီးတွေအတွက် ဆံပင်ဆိုတာ အရေးကြီးတဲ့ အရာပါ။ အမျိုးသမီးအများစုအနေနဲ့ ဆံပင်ရှည်ထားရခြင်းကို နှစ်သက်မြတ်နိုးလေ့ ရှိကြပါတယ်။

ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေနေထိုင်တဲ့ ရွာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ Huangluo Yao ဆိုတဲ့ ကျေးရွာပဲဖြစ်ပါတယ်။အဲဒီရွာမှာ နေထိုင်တဲ့ လူမျိုးစုတွေကတော့ ဆံပင်ရှည်ထားခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ယုံကြည်ထားကြပါတယ်။

ဒါကြောင့်လည်း အဲဒီရွာမှာ နေထိုင်တဲ့ မိသားစု ၆၀ လောက်က ဆံပင်အရှည်ထားလေ့ရှိကြပါတယ်။အဲဒီ ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်။ ဒါကြောင့်လည်း “ကမ္ဘာ့ ဆံပင်အရှည်ဆုံးကျေးရွာ”အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီကျေးရွာကို ရောက်ဖို့ တရုတ်နိုင်ငံတောင်ပိုင်းက မြို့တမြို့ဖြစ်တဲ့ Guilin မြို့ကနေ ၂ နာရီလောက် ကားစီးသွားရပါတယ်။Jinsha မြစ်ကမ်းဘေးမှာရှိတဲ့ Huangluo Yao ကျေးရွာရဲ့ ထူးခြားတဲ့ ဓလေ့ကြောင့် ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်နိုင်ဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ပါတယ်။

အဲဒီကျေးရွာမှာနေထိုင်တဲ့ လူမျိုးစုတွေဟာ Qin မင်းဆက် လက်ထက်ကတည်းက နေထိုင်လာခဲ့ကြတဲ့ ဒေသခံဌာနေ တိုင်းရင်းသားတွေလို့ သိရပါတယ်။လူဦးရေ ၆၀၀ နီးပါးရှိပြီး မိသားစုဝင် ၈၀ နီးပါး ရှိပါတယ်။ အဲဒီကျေးရွာက အမျိုးသမီးတွေဟာ သန် စွမ်းနက်မှောင်ပြီး ရှည်လျားတဲ့ ဆံပင်တွေကို

ပိုင်ဆိုင်ထားကြပြီး အမျိုးသမီးတယောက်ရဲ့ ဆံပင် အလေးချိန်က ၂ ပေါင်ကျော် ရှိပါတယ်။ Yao အမျိုးသမီးတွေဟာ ဆံပင်အရှည်ထားရတာကို ဂုဏ်ယူလေ့ ရှိပြီး ဒီဓလေ့ ပျောက်ကွယ် မသွားအောင် မျိုးဆက်တခုကနေနောက်မျိုးဆက်တခုကို လက်ဆင့် ကမ်း သယ်ဆောင်ခဲ့ကြပါတယ်။

မြစ်ကမ်းဘေးမှာ တည်ရှိတဲ့အတွက်ကြောင့်လည်း မြစ်ရေနဲ့ နေ့စဉ် ခေါင်းလျှော်လေ့ရှိကြပြီး ရက်သတ္တပတ် ၁ပတ်ရဲ့ ၃ ရက်မြောက်နေ့၊ဒါမှမဟုတ် ၄ ရက်မြောက်နေ့ မှာတော့ ဆံပင်ရှည်ဖို့ အထူးဖော်စပ်ထားတဲ့ ဆေးတမျိုးနဲ့ ခေါင်းလျှော်လေ့ ရှိကြတယ်လို့ သိရပါတယ်။

နောက်ထပ် ထူးခြားချက်တခုကတော့ အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုတွေအနေနဲ့ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် ထိန်းသိမ်းရတာပါပဲ။ မိန်းမပျိုတယောက်ရဲ့ ဆံပင်ကို ပထမဆုံး မြင်ရတဲ့ အမျိုးသားဟာ သူမရဲ့ခင်ပွန်းလောင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲဒီကျေးရွာက မိန်းမပျိုတွေဟာ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် အပြာရောင်ပုဝါနဲ့ ဖုံးထားလေ့ ရှိကြပါတယ်။Yao အမျိုးသမီးတွေအတွက်တော့ ဆံပင်အရှည်က အရေးကြီးတဲ့ အမှတ်အသားတခုပါပဲ။

Yao အမျိုးသမီးတွေဟာ မွေးပြီးလို့ ရက် ၁၀၀ ပြည့်တဲ့အချိန်နဲ့ အသက် ၁၈ နှစ်ပြည့်တဲ့အချိန် ၂ ကြိမ်ပဲ ဆံပင်ညှပ်လေ့ ရှိကြပါတယ်။ဓလေ့တခု တည်မြဲအောင် ရေရှည် ထိန်းသိမ်းထားနိုင်တဲ့အတွက်လည်း

Huangluo Yao ကျေးရွာဟာ “ကမ္ဘာ့ဆံပင်အရှည်ဆုံး ကျေးရွာ” အဖြစ် ကမ္ဘာမှာ လူသိများတဲ့ ကျေးရွာတရွာ ဖြစ်လို့နေပါတယ်။

Credit