
Zawgyi





ဆံပင်ပေါ်မှာလိမ်းပြီးဦးရေပြားကို နှိပ်ပေးပါမိနစ်အနည်းငယ်နေမှ ရေ အေးဖွငျ့ လျှော်ပါ(၃)ဆံပင်ကိုထုံးပြီးအိပ်ပါဆံပင်ထူထဲစေဖို့အလွယ်ဆုံးနည်းလမ်းတစ်ခုက အိပ်ရာမဝင်ခင်မှာ hair sprayနှင့်ဆံပင်ကိုစိုအောင်လုပ်ပြီးဆံပင်အားလုံးကိုခပ်မြင့်မြင့်စုထုံးပြီးအိပ်ပါဒီနည်းလမ်းကသင့်ဆံပင်အားလုံးကို










Credit

unicode

ဦးရေပြားမှိုစွဲ ဗောက်သန်းနှင့် ဆံပင်ဖြူပေါက်နေသူများအတွက် ဆံကေသာသန်စွမ်းပြီး ဆံပင်အုံထူစေမယ့်နည်းလမ်း

ဆံပင်တွေပါးလွှာပြီးပျက်ဆီးနေသူများအတွက်ဆံကေသာသန်စွမ်းပြီးဆံပင်အုပ်ထူစေမယ့် နည်းလမ်းကောင်းများဆံပင်ဟာကျွန်မတို့ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလိုပဲအထူးဂရုစိုက်မှုလိုအပ်ပါတယ်ဆံပင်တွေပါးလွှာပြီးပျက်စီးသူများအတွက်ပင်ကိုကျန်းမာသန်စွမ်းစေဖို့နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်မယ်နော်

(၁)ကြက်ဥဒိန်ချဉ်တို့ဖြင့် ပေါင်းတင်ပါဥတွေမှာပရိုတိန်း၊ဘိုင်အိုတင်းနှင့်ဗီတာမင် B11 တို့ ကြွယ်ဝတာကြောင့်ပါးလွှာပြီး အဆြီပန်တဲ့ဆံပင်ကိုသန်စွမ်းစေပါတယ်။ ကြက်ဥကိုဂရိဒိန်ချဉ်နှင့် ရောပါဆံပင်မှာလိမ်းပြီးတစ်နာရီ လောကျထားပါပြီးမှ ခေါင်းလျှာ်ပေးပါgelatinအမှုန့်ကိုessential oil နှင့်ရောပါ

gelatin အမှုန့်မှာပရိုတင်းဓါတ်များစွာပါရှိပါတယ်ခွက်တစ်ဝက်လျှင်ပရိုတင်း၂ဂရမ်နီးပါးထောက်ပံ့ပေးပါတယ်ပါးလွှာပြီးပျက်စီးနေသောဆံပင်ကို ထူပြီးခိုင်မာစေဖို့ အရမ်းကောင်းတဲ့ဆံပင်ပေါင်းတင်ဆေးဖြစ်ပါတယ်။ရေနှင့် gelatin မှုန့်ကိုရောပြီး essential oil အစက်အနည်း ငယ်ကို ထည့်ပါ

ဆံပင်ပေါ်မှာလိမ်းပြီးဦးရေပြားကို နှိပ်ပေးပါမိနစ်အနည်းငယ်နေမှ ရေ အေးဖွင့ျ လျှော်ပါ(၃)ဆံပင်ကိုထုံးပြီးအိပ်ပါဆံပင်ထူထဲစေဖို့အလွယ်ဆုံးနည်းလမ်းတစ်ခုက အိပ်ရာမဝင်ခင်မှာ hair sprayနှင့်ဆံပင်ကိုစိုအောင်လုပ်ပြီးဆံပင်အားလုံးကိုခပ်မြင့်မြင့်စုထုံးပြီးအိပ်ပါဒီနည်းလမ်းကသင့်ဆံပင်အားလုံးကို

တစ်ညလုံးခြောက်သွေ့သွားစေပြီးမနက်အိပ်ရာထတဲ့အခါဆံသားကလှိုင်းထူထူလေးတွေ ဖြစ်နေတာကိုသတိပြုမိပါလိမ့်မယ်(၄) ခေါင်းမလျှော်မီဦးရေပြားကိုဆီဖြင့်နှိပ်ပေးပါလေ့လာမှုအရဦးရေပြားကို နှိပ်နယ်ခြင်းကဆံပင်ကိုထူထဲစေပြီးသန်စွမ်းစေနိုငတယ်လို့ ဖော်ပြထားပါတယ်၊

နှိပ်နယ်ခြင်းက သွေးလည်ပတ်မှုကို အထောက်အကူပြုပါတယ်။ခေါင်း မေ လျှာ်ခင် ဦးရေပြားကိုစက်ဝိုင်းပုံရွေ့လျားမှုဖြင့်ညင်ညင်သာသာနှိပ်ပါ။ hair treatment oil (သို့)အုန်းဆီအနည်းငယ်ကိုသုံးနိုင်ပါတယ်ပျက်စီးနေတဲ့ ဆံပင်တွေအတွက်အရမ်းကောင်းပါတယ်

(၅)အပူကောက်စက်ကိုမသုံးဘဲနည်းလမ်းဟောင်းဖြစ်တဲ့ roller လေးတွေသုံးကြည့်ပါအပူတွေကဆံပင်ကိုကျွတ်စေပြီးပါးလွှာစေပါတယ်ဒါ့ကြောင့် ခေါင်းလျှော်ပြီးရင်ဆံပင်ကိုမျက်နှာသုတ်ပုဝါနှင့် ညင်ညင်သာသာ ခြောက်သွေ့အောင်လုပ်ပါအပူနည်းတဲ့လေမှုတ်စက်ကိုအသုံးပြုပါ

ဆံပင်ကိုအပူကောက်စက်သုံးမယ့်အစားဆံပင်တွေကိုခွဲကြောင်းခွဲပြီးတစ်ခုစီကိုrollerနှင့်လိပ်ပါမိနစ်၂ဝမှနာရီဝက်ခန့်စောင့်ပါကောက်သားကြာရှည်စေဖို့မလိပ်ခငမှာhairsprayဖြန်းပေးပါ၆ဟင်းသီးဟင်းရွက်သစ်သီးနှင့်ပရိုတိန်းတွေပိုစားပါကျန်းမာသန်စွမ်းတဲ့ဆံပင်လိုချင်ပါကသင့်အစားအစာထဲမှာ

အစိမ်းရောင်နှင့်အသီးများပါဝင်သင့်ပါတယ်ကျွန်မတို့ဆံပင်တွေကျန်းမာသန်စွမ်းစေဖို့ဗီတာမင်၊ဘရိုတိန်းတွေလိုအပ်ပါတယ်ဟင်းနုနွယ်ပဲမျိုးစုံအပါအဝင်ဟင်းသီးဟင်းရွက်များစွာမှာသံဓါတ်တွေပါဝင်ပြီးသစ်သီးတွေကဗီတာမင်များစွာကိုရရှိစေပါတယ်ငှက်ပျောသီး၊မြေပဲနှင့်ပန်းဂေါ်ဖီတို့မှာ biotin ဓါတ်ပါတင်ပါတယ်

ဆံပင်ထူစေဖို့အတွက်ပရိုတိန်းလိုအပ်တာကြောင့်ပဲပုပ်နှင့်အစေ့အဆန်များကိုစားသုံးပေးပါ(၇)ဆေးစစ်ဖို့အတွက်ဆရာဝန်နှင့် ပြသပါဒါကသိပ်မတွေ့ပေမယ့်လည်းဆံပင်ပါးခြင်းကျွတ်ခြင်းက ကျန်းမာရေးအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။အဖြစ်များသော ဆက်စပ်အခြေအနေတွေမှာသိုင်းရွိုက်ချွတ်ယွင်းမှု

ဗီတာမင်(သို့)သံဓါတ်ချို့တဲ့မှုသွေးအားနည်းရောဂါနှင့်ဟော်မုန်းပြဿနာတွေဖြစ်ပါတယ်မျိုးရိုးဗီဇကြောင့်ဖြစ်ပြီးအသက်၁၂နှစ်(သို့)သွေးဆုံးပြီးနောက်ပိုင်းမှာ စတင်နိုင်တဲ့ androgenic alopeciaလို့ခေါ်တဲ့ရောဂါလည်းရှိပါတယ်ဒါ့ကြောင့်check-upရယူခြင်းဟာအမြဲတမ်းကောင်းတဲ့နေရာဖြစ်ပါတယ်

(၈)တစ်ပတ်တစ်ကြိမ်ထောပတ်သီးဖြင့်ဆံပင်ပေါင်းပါဆံပင်အတွက် အာဟာရဖြစ်စေဖို့ပရိုတိန်းပါဝင်တဲ့ထောပတ်သီးနှင့်ကြက်ဥကိုသုံးနိုင်ပါတယ်ထောပတ်သီး၊ကြက်ဥကိုသမအောင်မွှေပြီးသံလွင်ဆီသို့အာဂမ်ဆီထည့်မွှေပါ

ဆံပင်ပေါင်းဆေးကိုစိုနေတဲ့ဆံပင်(သို့)ခေါင်းလျှော်ပြီးသားဆံပင်ပေါ်မှာလိမ်းပြီးမိနစ်၂ဝလောက်ထားပါပုံမှန်အသုံးပြုပါကခြားနားချက်ကိုသတိထားမိပါလိမ့်မယ်

Credit