
zawgyi






Rain (For Ialinks)

crd

unicode

ဘူဖေးစားသောက်ဆိုင်သို့ လာစားရာတွင် အလွန်အကျွံ စားသုံးမှုကြောင့် အရင်းပြုတ်လုမတက်ဖြစ်ရ၍ ဆိုင်တွင်တစ်သက်တာလုံး လာမစားရန် ပိတ်ပင်ခံလိုက်ရသော အမျိုးသား

တရုတ်နိုင်ငံ Changshaမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် ဒေသရှိ Handadi Seafood BBQ Buffetအမည်ရှိသော စားသောက်ဆိုင်တစ်ဆိုင်တွင် အလွန်အကျွံ စားသောက်ခဲ့သည့်အတွက်ကြောင့် ဆိုင်ရှင်မှ

တစ်ခါတစ်ခါ လာစားသည့်အခါ မမြတ်ပဲ အရင်းပါတော့ပြုတ်မည့်ကိန်းစိုက်နေ၍ နောက်ခါလာမစားရန် တားမြစ်ခဲ့သည်။အမျိုးသားသည် ဘူဖေးဆိုင်သို့ ပထမဆုံးအကြိမ် လာရောက်စားသုံးသောအခါ ၁.၅ကီလိုဂရမ် လောက်တန်ဖိုးရှိတဲ့ ဝက်သားတွေကို စားခဲ့ပြီး

ဒုတိယအကြိမ်မှာတော့ ပုစွန်ကောင် ၄ကီလိုဂရမ်လောက်ကို စားနိုင်ခဲ့သည်။ထို့အပြင် အမျိုးသားသည် ပဲနို့သောက်ရာတွင်လည်း ပုလင်းပေါင်း၂၀ကနေ ၃၀ထိကို သောက်နိုင်ပြီး ထမင်းစားရင်လည်း လင်ဗန်းတစ်ခုလုံးကို အပြောင်စားနိုင်၍ ဆိုင်ရှင်မှ ထိုအမျိုးသားတစ်ခါ တစ်ခါလာစားတိုင်း

ယွမ်ရာဂဏန်းနဲ့ချီပြီး ကုန်ကျခဲ့ကြောင်းဆိုခဲ့သည်။ထို့ကြောင့် ဆိုင်ရှင်ဖြစ်သူသည် အမျိုးသားအား ပရော်ဖက်ရှင်နယ် စားသောက်ကုန် Streamerတစ်ဦးအဖြစ် ယူဆကာ အခြားသော Streamerသမားများလည်း လာရောက်စားသုံးမည်ကိုစိုးရိမ်ပြီး တားမြစ်ရကြောင်းဆိုခဲ့သည်။

Rain (For Ialinks)

crd