ငါးဖယ္ေၾကာ္ကို ေစးေစးေလးနဲ႔ ေပ်ာ့ေပ်ာ့ေလးျဖစ္ေအာင္ မႏၲေလးစတိုင္ ေၾကာ္နည္း

zawgyi

ငါးဖယ္ေၾကာ္ကို ေစးေစးေလးနဲ႔ ေပ်ာ့ေပ်ာ့ေလးျဖစ္ေအာင္ မႏၲေလးစတိုင္ ေၾကာ္ၾကမယ္

ငါးဖယ္ေၾကာ္ကို ေစးေစးေလးနဲ႔ ေပ်ာ့ေပ်ာ့ေလးျဖစ္ေအာင္ ေၾကာ္ၾကမယ္ရွင္.. ဒီေၾကာ္နည္းေလးက မႏၲေလးေၾကာ္နည္းပါ..

မန္းေလးမွာငါးဖယ္အစစ္နဲ႔မဟုတ္ပဲ ငါးျမစ္ခ်င္းျခစ္ေၾကာ္ရင္ေတာင္ စားေကာင္းတယ္..ေစးေစးေပ်ာ့ေပ်ာ့ဖတ္ဖတ္ကေလးေတြ..ငါးဖယ္လို မာထုတ္ထုတ္မစားခ်င္တဲ့အခါ ေပ်ာ့ေပ်ာ့ေစးေစးေလးစားခ်င္တဲ့အခါ ဒီနည္းနဲ႔ေၾကာ္ၾကည့္ပါေနာ္..

ါးဖယ္ေၾကာ္ ေပ်ာ့လဲေပ်ာ့သလို ေစးလဲေစးတယ္.. ေၾကာ္နည္းလဲလြယ္တယ္ရွင္..ငါးဖယ္သားေလးေတြေပ်ာ့ၿပီး ပိတ္ေနေအာင္ေစးပါတယ္..လိုအပ္တာေတြက ငါးဖယ္ ၁၀ က်ပ္သား ဂ်င္းလက္ ၂ ဆစ္ခန္႔ညက္ညက္ေထာင္းထားပါ..

ၾကက္သြန္ျဖဴတစ္ဥ ညက္ညက္ေထာင္းထားပါ..ေရအၾကမ္းပန္းကန္တစ္ဝက္ ငါးဖယ္ထဲထည့္ရန္ ဆားလက္ဖက္ရည္ဇြန္းတစ္ဇြန္းပါရွင္..ငါးဖယ္ထဲ ဆား၊ ေရအၾကမ္းပန္းကန္တစ္ဝက္ ထည့္ၿပီး ႏွယ္ပါမယ္..

စႏွယ္စမွာ ငါးဖယ္နဲ႔ေရေတြ႕ၿပီး ခုလိုပဲ ငါးဖယ္အသားေတြ ကြဲထြက္ပါတယ္.. အေစးေပါက္လာေအာင္ဆက္ႏွယ္ပါရွင္..တစ္ျဖည္းျဖည္းနဲ႔ ငါးဖယ္က ႏွယ္လို႔ေကာင္းလာၿပီး ေပ်ာ့ေပ်ာ့ေစးေစးေလးျဖစ္လာပါမယ္ အဓိက ေစးေနေအာင္ႏွယ္ရ၊ ေပါက္ရပါမယ္..

ေၾကာ္မယ့္ဒယ္မွာ ဆီ ၇ က်ပ္သားခန္႔ထည့္ပါမယ္..ဒယ္အိုးကိုအပူမေပးေသးပဲ ငါးဖယ္ေလးေတြကို လက္ထဲခပ္ရွည္ရွည္ပုံေလးေတြ ဆုပ္ပါမယ္..အပူမေပးရေသးတဲ့ ဆီဒယ္အိုးထဲ စီထည့္ပါမယ္..ငါးဖယ္ေတြအကုန္ဆုပ္ၿပီးရင္ ညက္ညက္ေထာင္းထားတဲ့ဂ်င္းနဲ႔ ၾကက္သြန္ျဖဴကို အရည္ညႇစ္ထည့္ပါမယ္

အဖတ္ေတြ လုံးဝမထည့္ပါဘူးရွင္..ဒါဆို စေၾကာ္လို႔ရပါၿပီ.. အဲ့ဒီမွာ အဓိက အက်ဆုံးေသာအရာလာပါၿပီ..ငါးဖယ္ကို မီးေအးေအးနဲ႔သာ စေၾကာ္ပါမယ္..မီးျပင္းနဲ႔ေၾကာ္ရင္ ေစးေပမယ့္ ေပ်ာ့ေပ်ာ့ေစးေစးေတာ့မျဖစ္ပါဘူး..

မာပါမယ္ရွင္..မီးေအးေအးမွာ အဖုံးခဏအုပ္တည္ပါမယ္..ဆီပူၿပီး ဆီပူစီေဖာင္းေလးေတြတက္လာရင္ ဇြန္းနဲ႔အသာယာလွန္ေလွာေၾကာ္ပါမယ္..မီးလုံးဝေအးေအးနဲ႔ ေၾကာ္ပါမယ္.. တျဖည္းျဖည္းေၾကာ္ရင္း ငါးဖယ္ေလးေတြ ပြတက္လာပါမယ္..ငါးဖယ္ေလးေတြ ၂ ဆေလာက္ ပြတက္လာရင္ေတာ့ အထဲကလဲက်က္ၿပီမို႔ ဆယ္လို႔ရပါၿပီရွင္..

ငါးဖယ္ေလးေတြကို ဆီစစ္ၿပီး စိတ္ႀကိဳက္သုံးေဆာင္လို႔ရပါၿပီ..ဂ်င္းနံ႔၊ ၾကက္သြန္ျဖဴနံေလးေတြေမႊးၿပီး ေပ်ာ့ေပ်ာ့ေစးေစးေလးေတြပါရွင္..

Credit

unicode

ငါးဖယ်ကြော်ကို စေးစေးလေးနဲ့ ပျော့ပျော့လေးဖြစ်အောင် မန္တလေးစတိုင် ကြော်ကြမယ်

ငါးဖယ်ကြော်ကို စေးစေးလေးနဲ့ ပျော့ပျော့လေးဖြစ်အောင် ကြော်ကြမယ်ရှင်.. ဒီကြော်နည်းလေးက မန္တလေးကြော်နည်းပါ..

မန်းလေးမှာငါးဖယ်အစစ်နဲ့မဟုတ်ပဲ ငါးမြစ်ချင်းခြစ်ကြော်ရင်တောင် စားကောင်းတယ်..စေးစေးပျော့ပျော့ဖတ်ဖတ်ကလေးတွေ..ငါးဖယ်လို မာထုတ်ထုတ်မစားချင်တဲ့အခါ ပျော့ပျော့စေးစေးလေးစားချင်တဲ့အခါ ဒီနည်းနဲ့ကြော်ကြည့်ပါနော်..

ါးဖယ်ကြော် ပျော့လဲပျော့သလို စေးလဲစေးတယ်.. ကြော်နည်းလဲလွယ်တယ်ရှင်..ငါးဖယ်သားလေးတွေပျော့ပြီး ပိတ်နေအောင်စေးပါတယ်..လိုအပ်တာတွေက ငါးဖယ် ၁၀ ကျပ်သား ဂျင်းလက် ၂ ဆစ်ခန့်ညက်ညက်ထောင်းထားပါ..

ကြက်သွန်ဖြူတစ်ဥ ညက်ညက်ထောင်းထားပါ..ရေအကြမ်းပန်းကန်တစ်ဝက် ငါးဖယ်ထဲထည့်ရန် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းပါရှင်..ငါးဖယ်ထဲ ဆား၊ ရေအကြမ်းပန်းကန်တစ်ဝက် ထည့်ပြီး နှယ်ပါမယ်..

စနှယ်စမှာ ငါးဖယ်နဲ့ရေတွေ့ပြီး ခုလိုပဲ ငါးဖယ်အသားတွေ ကွဲထွက်ပါတယ်.. အစေးပေါက်လာအောင်ဆက်နှယ်ပါရှင်..တစ်ဖြည်းဖြည်းနဲ့ ငါးဖယ်က နှယ်လို့ကောင်းလာပြီး ပျော့ပျော့စေးစေးလေးဖြစ်လာပါမယ် အဓိက စေးနေအောင်နှယ်ရ၊ ပေါက်ရပါမယ်..

ကြော်မယ့်ဒယ်မှာ ဆီ ၇ ကျပ်သားခန့်ထည့်ပါမယ်..ဒယ်အိုးကိုအပူမပေးသေးပဲ ငါးဖယ်လေးတွေကို လက်ထဲခပ်ရှည်ရှည်ပုံလေးတွေ ဆုပ်ပါမယ်..အပူမပေးရသေးတဲ့ ဆီဒယ်အိုးထဲ စီထည့်ပါမယ်..ငါးဖယ်တွေအကုန်ဆုပ်ပြီးရင် ညက်ညက်ထောင်းထားတဲ့ဂျင်းနဲ့ ကြက်သွန်ဖြူကို အရည်ညှစ်ထည့်ပါမယ်

အဖတ်တွေ လုံးဝမထည့်ပါဘူးရှင်..ဒါဆို စကြော်လို့ရပါပြီ.. အဲ့ဒီမှာ အဓိက အကျဆုံးသောအရာလာပါပြီ..ငါးဖယ်ကို မီးအေးအေးနဲ့သာ စကြော်ပါမယ်..မီးပြင်းနဲ့ကြော်ရင် စေးပေမယ့် ပျော့ပျော့စေးစေးတော့မဖြစ်ပါဘူး..

မာပါမယ်ရှင်..မီးအေးအေးမှာ အဖုံးခဏအုပ်တည်ပါမယ်..ဆီပူပြီး ဆီပူစီဖောင်းလေးတွေတက်လာရင် ဇွန်းနဲ့အသာယာလှန်လှောကြော်ပါမယ်..မီးလုံးဝအေးအေးနဲ့ ကြော်ပါမယ်.. တဖြည်းဖြည်းကြော်ရင်း ငါးဖယ်လေးတွေ ပွတက်လာပါမယ်..ငါးဖယ်လေးတွေ ၂ ဆလောက် ပွတက်လာရင်တော့ အထဲကလဲကျက်ပြီမို့ ဆယ်လို့ရပါပြီရှင်..

ငါးဖယ်လေးတွေကို ဆီစစ်ပြီး စိတ်ကြိုက်သုံးဆောင်လို့ရပါပြီ..ဂျင်းနံ့၊ ကြက်သွန်ဖြူနံလေးတွေမွှေးပြီး ပျော့ပျော့စေးစေးလေးတွေပါရှင်..

Credit