zawgyi
Instagram ပေါ် ကြောင်ကြီး Kefirကို တင်လိုက်တဲ့အခါ လူအမျိုးမျိုးကလည်း မှတ်ချက်အမျိုးမျိုပေးခဲ့ကြပါတယ်။
crd
unicode
(၂)နှစ်ကလေးအရွယ် အရပ်လောက်ရှိသည့် ကမ္ဘာ့ အကြီးဆုံးကြောင်ကြီး
Kefirလို့ အမည်ရတဲ့ ကမ္ဘာ့အကြီးဆုံးကြောင်ကြီးကို ရုရှားနိုင်ငံမှ ပိုင်ရှင်ဖြစ်သူ Yulia Mininaလို့ အမည်ရတဲ့ အမျိုးသမီးက ကြောင်ချစ်သူများ အတွက် Instagram မှာ တင်ရာမှစ၍ ကမ္ဘာ့တဝန်းလုံး သိရှိလာခဲ့တာဖြစ်ပါတယ်။
ကြောင်ကြီး Kefirဟာ Maine Coonsအမျိုးအစားဖြစ်ပါတယ်။အရွယ်အစားကြီးမားတဲ့ မျိုးစိတ်ဖြစ်၍ မြောက်အမေရိကတွင် ရှေးအကျဆုံး သဘာဝမျိုးစိတ်များထဲမှ တစ်ခုဖြစ်သည်။
Yulia Minina၏ သမီးဖြစ်သူ Anechka က ထိုကြီးမားသောကြောင်ကြီးနဲ့ သူငယ်ချင်းကဲ့သို့ နေထိုင်ကြကြောင်း Yulia Mininaက ပြောခဲ့ပါတယ်။
Anechka ကဆိုဖာပေါ်မှာ ထိုင်ပီး ကာတွန်းကားကြည့်နေရင်လည်း ကြောင်ကြီး Kefir ကလည်း သူမရဲ့အနားမှာပဲနေပီး အစားစားရင်လည်း အတူတူစားသောက်ကြပါတယ်
Instagram ပေါ် ကြောင်ကြီး Kefirကို တင်လိုက်တဲ့အခါ လူအမျိူးမျိုးကလည်း မှတ်ချက်အမျိုးမျိူပေးခဲ့ကြပါတယ်။
” ဝါး ကြောင်လို့မထင်ဘူး ။ ခွေးလို့ထင်နေတာ ” ” ကြောင်ကြီးနဲ့ Anechkaတို့ videoလေးကြည့်ရတာ ကြည်နူးစရာကောင်းလိုက်တာ” စသည်ဖြင့် မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။
တချို့ လူတွေက ဒီလောက်ကြီးမာတဲ့ကြောင်ကြီးကို ဘယ်လိုထိန်းသိန်းမွေးမြူလဲလို့မေးခဲ့ကြပါတယ်။
ပိုင်ရှင်ဖြစ်သူ Yulia Mininaက သူ့သားကဲ့သို့ ချစ်ပြီး ဂရုတစိုက် ပြစုကြောင်းနှင့် ကြောင်ရဲ့အမွှေးကျွတ်များကိုလည်း ဖုန်စုပ်စက်နဲ့ သေချာသန့်ရှင်းရကြောင်းပြောခဲ့ပါတယ်။
crd