
zawgyi
















crd

unicode

စိတ်ထားကောင်းမွန်လှသော YBS 30 ယာဉ်မောင်းဆရာတစ်ဦးအား မချီးကျူးးပဲ မနေနိုင်တဲ့ ခရီးသည်တစ်ဦး၏ ချီးကျူးးပြောဆိုမှု

ဒီနေ့ မြောက်ဒဂုံကနေ ၅နာရီခွဲလောက်ကနေ အရှေ့ဒဂုံကို ပြန်လာတယ် YBS30ယာဉ်မောင်းရဲ့ သဘောထားပြည့်ဝချက်လေးကို ပြောချင်လို့ပါ

ကားနံပါတ်နဲ့ ယာဉ်မောင်းအမည်ကို အောက်ဆုံးမှာရေးပေးထားပါတယ် ကားလိုင်းတွေနဲ့ပတ်သတ်ပြီး တစ်ခါမှဝင်မရေးဖူးပါဘူး ပထမဆုံး ချီးကျူးခြင်းလေးမို့ အစအဆုံးလေးဖတ်ပေးပါ

ကျွန်မတို့က သားမိ၂ယောက်မို့ ၅၀၀တန်တစ်ရွက်နဲ့ ၅၀တန်၂ရွက်ကို လိပ်ပြီးထည့်လိုက်ပါတယ်။၅၀၀တန်ကအပေါ်ကဆိုတော့ သူ့စိတ်ထဲမှာ ၅၀၀ထည့်လိုက်တယ်လို့ သူထင်လိုက်တယ်။

ဒါပေမယ့် သူကကျွန်မတစ်ယောက်ပဲစီးတယ်ထင်ပြီး နောက်ခရီးသည်တတ်လာတော့ ညီလေး၂၀၀တန်ကို ဟိုညီမလေး(ကျွန်မ)ကိုပေးလိုက်တဲ့။ကျွန်မက ဘယ်သူ့ကိုပြောတာလဲပေါ့ မေးတော့မှ သူကညီမလေးမဟုတ်ဘူးလားတဲ့ မဟုတ်ဘူးလို့ ညီမတို့ကသားမိနှစ်ယောက်စီးတာလို့ပြောလိုက်တာ

အဲ့မှာတစ်ချက်နော် တချို့ကားဆရာတွေ ပိုတဲ့ပိုက်ဆံပြန်အမ်းဖို့ ကြားထဲကပြောပေးဖို့နေနေသာသာ မအမ်းရလေ ကောင်းလေနဲ့တောင် တွေးပြီး ငြိမ်နေတဲ့ကားဆရာတွေပဲ တွေ့ဖူးတယ်(ကျွန်မကြုံဖူးသမျှပါနော်)

နောက်တစ်ချက်က ကားလမ်းတစ်လျှောက်လုံး ဘယ်မှတ်တိုင်ရောက်ပါတော့မယ် ဆင်းမယ့်ခရီးသည်များပြင်ထားပေးပါ ဆိုတဲ့အသံကို တစ်လမ်းလုံးသူအော်ပေးနေတာအဲ့လိုအော်ပေးခြင်းဖြင့် ရန်ကုန်မြေကို မကျွမ်းကျင်တဲ့ ကျွန်မတို့လို ခရီးသည်တွေမဖို့ စိတ်ဖြောင့်ဖြောင့်နဲ့ ကားစီးနိုင်ပါတယ်

ကျွန်မတွေ့ဖူးသမျှ ကားဆရာထဲမှာတော့ မရှိပါဘူး တချို့ကားဆရာတွေ ခရီးသည်ကသွားပြောထားမှ အော်ပေးတာမျိုးရှိတယ်။သွားပြောထားရင်တောင်မေ့ပြီး မှတ်တိုင်ကျော်မှ သိပြီးကိုယ့်ဘာကိုယ်ဆင်းရတာတို့ရှိတယ်။

တချို့ဆို မှတ်တိုင်ရောက်ရင် ပြောဖို့ပြောတာတောင် သူတစ်ယောက်တည်းတစ်ကားလုံးကို အာရုံစိုက်ပြီး မောင်းနေရလို့ ဘေးကခရီးသည်ကိုပဲမေးပါဆိုတဲ့ ကားဆရာ ကျွန်မကိုယ်တိုင်ကြုံခဲ့ရဖူးပါတယ်

ကွာခြားချက်လေးပါ ယခုကားဆရာကတော့ Air conကိုလည်း တစ်လမ်းလုံးဖွင့်ပေးထားလို့ လူဘယ်လောက်များများ သက်တောင့်သက်သာဖြစ်ပါတယ် ကျန်းမာပါစေ ကားဆရာကြိးရေ

ပြီးတော့ နောက်တစ်ချက်က မြောက်ဒဂုံဘုန်းကြီးကျောင်းကွေ့ရောက်တော့ ဂိတ်ကဆုံးခါနီးပြီလေ အဲ့မှတ်တိုင်မှာ တတ်လာတဲ့ ခရီးသည်တချို့ကို ကားခပိုက်ဆံမထည့်ဖို့ သူလှမ်းတားတယ်

အဲ့မှာလည်းလေးစားသွားရပြန်ပြီ ဘာလို့ဆို အခုချိန် ယာဉ်စီးခအပြောင်းလဲလေးတွေရှိလို့ ၄၀၀တန်ခရီးကို ၄၀၀တောင်းပေမယ့် ၂၀၀တန်ခရီးကို ၂၀၀ပဲပေးပါလို့ ပြောတဲ့ကားဆရာတွေ ကျွန်တွေ့ဖူးသမျှထဲမှာ မရှိသေးဘူး

၁မှတ်တိုင်ပဲစီးရလည်း ပုံမှန်စီးခ ၃၀၀ပဲယူတယ် ဒါကြောင့် ကျွန်မစီးလာတဲ့ YBS30 ကားဆရာရဲ့ စိတ်ဓာတ်ကိုချီးကျူးချင်တာပါ

နောက်အဲ့ဒီကားတွေ့ရင် စိတ်ချလက်ချစီးနိုင်အောင်လို့ တင်ပြရခြင်းပါ ကားဆရာလည်း ခရီးသည်တွေအပေါ် စေတနာထားရခြင်းအကျိုးအားကြောင့် ကိုယ်ပိုင်ကားပေါင်းများစွားပိုင်ဆိုင်နိုင်ပါစေရှင်

YBS – 30 / ကားနံပါတ် 9N-8327 / အမည် ဦးမောင်မောင် (အမည်ကတော့ ဝိုးတဝါးဖတ်မိတာလေးမို့ မှန်ချင်မှမှန်နိုင်မယ်)

crd