အဆိပ္ျပင္းလွပါတယ္ဆိုတဲ့ ပဒူေကာင္ေတြ အခုေတာ့ တစ္ေကာင္ 100 က်ပ္ ၊ အမ်ားယူ 50 နဲ႔ပဲယူပါတဲ့…

zawgyi

အဆိပ္ျပင္းလွပါတယ္ဆိုတဲ့ ပဒူေကာင္ေတြ အခုေတာ့ တစ္ေကာင္ 100 က်ပ္ ၊ အမ်ားယူ 50 နဲ႔ပဲယူပါတဲ့…

ပဒူေကာင္မွာ ႐ိုး႐ိုးပဒူေကာင္အျပင္ အျခားအမ်ိဳးအစားမ်ားလည္း ရွိပါေသးတယ္။ေျမေအာက္မွာ အသိုက္ေဆာက္ၿပီးေနတဲ့ ေျမေအာင္းပဒူေကာင္ဆိုတာမ်ိဳးလဲ ရွိပါတယ္။

အထူးသျဖင့္ လူသူမနီးတဲ့ေတာနက္မ်ားမွာ ရွိတတ္ပီး ပကတိေျမျပင္သဖြယ္ပုံစံေၾကာင့္ သတိမမူမိေသာ လူ-တိရိစာၦန္မ်ား သူတို႔ အသိုက္အၿမဳံ သို႔ က်သြားမိပါကလ်င္ျမန္ေသာအခ်ိန္ပိုင္းေလးမွာတင္ က်ေရာက္သြားေသာ ခႏၶာကိုယ္အစိတ္အပိုင္းအား အ႐ိုးက်သည္အထိ ကိုက္ႏိုင္ေသာေၾကာင့္

အလြန္အႏၲရာယ္ႀကီးမားပါတယ္။ေတာႀကီးပဒူေကာင္ ေခၚ အသားစားပဒူေကာင္ဆိုတဲ့ အဆိပ္ျပင္းထန္ အႏၲရာယ္မ်ားတဲ့ ပဒူအမ်ိဳးအစားလဲရွိပါေသးတယ္။ေတာႀကီးပဒူေကာင္ဟာ အသားစားပီး ေတာနက္ထဲမွာ အသိုက္အၿမဳံလုပ္ေနေလ့ရွိပါတယ္။

ေတာႀကီးပဒူေကာင္ရဲ႕ အကိုက္ကိုခံရရင္ေတာ့ ကြၽဲ-ႏြား တိရိစာၦန္ေတြမွာ ဇီးရွိခ်ိန္ဆိုရင္ သားေလ်ာတဲ့အထိကိုအဆိပ္ျပင္းထန္ပါတယ္။ငယ္ငယ္တုန္းကေတာ့ ညအခ်ိန္ အသိုက္ရွိတဲ့ အေပါက္ဝကို မီး‌ခိုးေတြ မႈတ္ၿပီး ဖမ္းတာေတြ႕ဖူးတယ္

အဲ့တုန္းကေတာ့ ဒလတ္ထဲရွိတဲ့ အေကာင္ေပါက္ေလးေတြကိုပဲ ယူတာေတြဖူးတယ္ေတာထဲမွာ လမ္းေဘးေတြမွာ ေဒသခံေတြ အမွတ္အသားနဲ႔ ဒုတ္ေခ်ာင္းေလးေတြေထာင္ထားရင္ဒီပဒူအသိုက္ ဒါမွမဟုတ္ ေထာင္ေခ်ာက္ေတြရွိတတ္တယ္

အခုေတာ့ ေဈးကြက္လိုအပ္ခ်က္အရ ဒလတ္ထဲက အေကာင္ ကေလးေတြမက မီးခိုးေၾကာင့္ေသတဲ့အေကာင္းႀကီးေတြ အေကာင္းႀကီး အရွင္ေတြေကာ ဖမ္းေရာင္းၾကတာပဲနားၾကားပဲ မွားတာလားမသိ တေကာင္းကို 100 တဲ့ မ်ားမ်ားယူရင္ 50 နဲ႔ရမယ္တဲ့

အေကာင္ေပါက္ေကာ မ်ိဳးျပန္ပြားမဲ့ အေကာင္ႀကီးအရွင္ေကာမခ်န္ ယူရင္ ေရရည္မ်ိဳးသုန္းဖို႔ပဲက်န္တယ္သဘာဝကို သူလည္း သူ႔ဟာနဲ႔သူ အက်ိဳးျပဳေနတယ္ ထိန္းထိန္းသိမ္းသိမ္းလုပ္ၾက အမ်ိဳးတို႔အေကာင္ႀကီးေတြကို အရက္မွာစိမ္ၿပီးေရာင္တာေတြ႕တယ္ ႀကီးၾကပ္လည္း ေသာက္ၾကပါ

ဟိုအရင္ နယ္စပ္တေနရာမွာ ဒါမ်ိဳးအေကာင္ဖြက္ၾကၿပီး အရက္နဲ႔စိမ္ေသာက္တာ မ်ားသြားၿပီးခ်က္ျခင္း အသည္းေတြေရာင္လို႔ တ႐ုတ္ျပည္ေဆး႐ုံးမွာ အသည္းအသန္ ကုလိုက္ရတာ ေတြ႕ဖူးတယ္။

ေငြတခုထဲကိုပဲၾကည့္ၿပီး ထိန္းထိန္းသိမ္းသိမ္းမလုပ္ရင္ ေရရည္ၾကရင္ကြၽန္ေတာ္တို႔ မ်ိဳးဆက္ေတြပဲ ဒုကၡေတြ႕ၾကလိမ္မယ္ အသိတရားေလ ရွိၾကဖို႔လိုၿပီ အားလုံးက်န္းမာပါေစ

ဘရန္ေရွာင္ (ေလးစားစြာ ခရက္ဒစ္)

unicode

အဆိပ်ပြင်းလှပါတယ်ဆိုတဲ့ ပဒူကောင်တွေ အခုတော့ တစ်ကောင် 100 ကျပ် ၊ အများယူ 50 နဲ့ပဲယူပါတဲ့…

ပဒူကောင်မှာ ရိုးရိုးပဒူကောင်အပြင် အခြားအမျိုးအစားများလည်း ရှိပါသေးတယ်။မြေအောက်မှာ အသိုက်ဆောက်ပြီးနေတဲ့ မြေအောင်းပဒူကောင်ဆိုတာမျိုးလဲ ရှိပါတယ်။

အထူးသဖြင့် လူသူမနီးတဲ့တောနက်များမှာ ရှိတတ်ပီး ပကတိမြေပြင်သဖွယ်ပုံစံကြောင့် သတိမမူမိသော လူ-တိရိစ္ဆာန်များ သူတို့ အသိုက်အမြုံ သို့ ကျသွားမိပါကလျင်မြန်သောအချိန်ပိုင်းလေးမှာတင် ကျရောက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းအား အရိုးကျသည်အထိ ကိုက်နိုင်သောကြောင့်

အလွန်အန္တရာယ်ကြီးမားပါတယ်။တောကြီးပဒူကောင် ခေါ် အသားစားပဒူကောင်ဆိုတဲ့ အဆိပ်ပြင်းထန် အန္တရာယ်များတဲ့ ပဒူအမျိုးအစားလဲရှိပါသေးတယ်။တောကြီးပဒူကောင်ဟာ အသားစားပီး တောနက်ထဲမှာ အသိုက်အမြုံလုပ်နေလေ့ရှိပါတယ်။

တောကြီးပဒူကောင်ရဲ့ အကိုက်ကိုခံရရင်တော့ ကျွဲ-နွား တိရိစ္ဆာန်တွေမှာ ဇီးရှိချိန်ဆိုရင် သားလျောတဲ့အထိကိုအဆိပ်ပြင်းထန်ပါတယ်။ငယ်ငယ်တုန်းကတော့ ညအချိန် အသိုက်ရှိတဲ့ အပေါက်ဝကို မီး‌ခိုးတွေ မှုတ်ပြီး ဖမ်းတာတွေ့ဖူးတယ်

အဲ့တုန်းကတော့ ဒလတ်ထဲရှိတဲ့ အကောင်ပေါက်လေးတွေကိုပဲ ယူတာတွေဖူးတယ်တောထဲမှာ လမ်းဘေးတွေမှာ ဒေသခံတွေ အမှတ်အသားနဲ့ ဒုတ်ချောင်းလေးတွေထောင်ထားရင်ဒီပဒူအသိုက် ဒါမှမဟုတ် ထောင်ချောက်တွေရှိတတ်တယ်

အခုတော့ ဈေးကွက်လိုအပ်ချက်အရ ဒလတ်ထဲက အကောင် ကလေးတွေမက မီးခိုးကြောင့်သေတဲ့အကောင်းကြီးတွေ အကောင်းကြီး အရှင်တွေကော ဖမ်းရောင်းကြတာပဲနားကြားပဲ မှားတာလားမသိ တကောင်းကို 100 တဲ့ များများယူရင် 50 နဲ့ရမယ်တဲ့

အကောင်ပေါက်ကော မျိုးပြန်ပွားမဲ့ အကောင်ကြီးအရှင်ကောမချန် ယူရင် ရေရည်မျိုးသုန်းဖို့ပဲကျန်တယ်သဘာဝကို သူလည်း သူ့ဟာနဲ့သူ အကျိုးပြုနေတယ် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြ အမျိုးတို့အကောင်ကြီးတွေကို အရက်မှာစိမ်ပြီးရောင်တာတွေ့တယ် ကြီးကြပ်လည်း သောက်ကြပါ

ဟိုအရင် နယ်စပ်တနေရာမှာ ဒါမျိုးအကောင်ဖွက်ကြပြီး အရက်နဲ့စိမ်သောက်တာ များသွားပြီးချက်ခြင်း အသည်းတွေရောင်လို့ တရုတ်ပြည်ဆေးရုံးမှာ အသည်းအသန် ကုလိုက်ရတာ တွေ့ဖူးတယ်။

ငွေတခုထဲကိုပဲကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်းမလုပ်ရင် ရေရည်ကြရင်ကျွန်တော်တို့ မျိုးဆက်တွေပဲ ဒုက္ခတွေ့ကြလိမ်မယ် အသိတရားလေ ရှိကြဖို့လိုပြီ အားလုံးကျန်းမာပါစေ

ဘရန်ရှောင် (လေးစားစွာ ခရက်ဒစ်)