
zawgyi








crd

unicode

ကျောင်းမတက်ချင်ဘူးဟု ငြင်းဆန်နေသော သားငယ်လေးကို ပညာသားပါပါနှင့် လမ်းမပေါ်ထွက်ပြီး ဘူးခွံကောက်ခြင်းဖြင့် ငွေရှာခိုင်းခဲ့သော မိခင်

လောကကြီးရှိ မိဘများသည် သားသမီးတွေ လမ်းမှားရောက်နေပါက ပြုပြင်ပေးရမည့် တာဝန်ရှိသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၅နှစ်အရွယ် ကောင်လေးတစ်ဦးသည် ကျောင်းနေအရွယ်ရောက်ပြီဖြစ်တာကြောင့် မိခင်ဖြစ်သူမှ ကျောင်းသွားအပ်ပေးမည်လုပ်ရာတွင် သားငယ်လေးမှ မတက်ချင်ဘူးဆိုပြီး ဇွတ်အတင်းငြင်းဆန်နေခဲ့သည်။

ထိုအခါ မိခင်ဖြစ်သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် ကျောင်းမတက်ချင်သည့် သားငယ်လေးအား ပညာပေးရန်အတွက် တစ်ရက်တွင် လမ်းမပေါ်ခေါ်ထွက်ကာ ဘူးခွံ ပုလင်းခွံလေးတွေကို လိုက်ရှာကောက်ခိုင်းခဲ့သည်။

ကောင်လေးသည် အပြင်မှာနေအရမ်းပူတာကြောင့် မိခင်ဖြစ်သူအား အိမ်ပြန်တော့မည်ဟု ဆိုခဲ့ရာ သူကောက်ရထားသော ဘူးခွံအချို့ကို ရောင်းချခိုင်းခဲ့စဉ် အကြွေစေ့လေးနှစ်စေ့သာ ရရှိခဲ့သည်။

ထို့နောက် ကောင်လေးသည် အရမ်းညောင်းညာနေတာကြောင့် မိခင်ဖြစ်သူအား ကားဌားပြန်မည်ဟုဆိုသောအခါ ကားဌားခအရ ၁၀ဘတ်ပေးဆောင်ရမည်ဖြစ်၍ ပိုက်ဆံအလုံအလောက်ရှိရဲ့လားဟု ပြန်မေးခဲ့သည်။

ကောင်လေးလည်း ကားဌားခမလုံလောက်တာကြောင့်လမ်းလျှောက်ပြန်ခဲ့ရာ အရမ်းမောလာ၍ ရေခဲမုန့်လေးစားချင်ကြောင်းဆိုခဲ့သော်လည်း ငွေမလောက်တာကြောင့် ဝယ်မစားနိုင်သည့်အဆုံး မိခင်ဖြစ်သူအား ကျောင်းပြန်တက်တော့မည်ဟု တောင်းဆိုခဲ့သည်။

crd