ရွားပါးတဲ့ေရာဂါလကၡဏာျဖင့္ေမြးဖြားလာခဲ့ေပမဲ့ သခင္ေကာင္းနဲ႔ေတြ႕ဆုံခြင့္ရခဲ့တဲ့ ေက်ာ႐ိုးတိုၿပီးလည္ပင္းမရွိတဲ့ေခြးမေလး

zawgyi

ရွားပါးတဲ့ေရာဂါလကၡဏာျဖင့္ေမြးဖြားလာခဲ့ေပမဲ့ သခင္ေကာင္းနဲ႔ေတြ႕ဆုံခြင့္ရခဲ့တဲ့ ေက်ာ႐ိုးတိုၿပီးလည္ပင္းမရွိတဲ့ေခြးမေလး

Anna Marie Giannini အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာအြန္လိုင္းေၾကာ္ျငာတစ္ခု၌အျခားေခြးမ်ားနဲ႔မတူတဲ့ ေခြးေပါက္ေလးတစ္ေကာင္ကိုေတြ႕လိုက္ရၿပီး ထိုေခြးေလးက သူမရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ခဲ့ပါတယ္။

အျခားေခြးမ်ားထဲမွထင္ရွားတဲ့ Tillyအမည္ရွိထိုေခြးေပါက္ေလးဟာခ်စ္စရာေကာင္းတဲ့တိဘက္ spaniel ေခြးတစ္ေကာင္ျဖစ္ပါတယ္။Tilly ဟာ ေက်ာ႐ိုးတိုလည္ပင္းမရွိတဲ့အျပင္ ရွားပါးတဲ့ေက်ာ႐ိုး syndrome ေရာဂါျဖင့္ေမြးဖြားလာခဲ့တဲ့ ေခြးမေလးတစ္ေကာင္ဘဲျဖစ္ပါတယ္။

Anna ထိုေဂဟာသို႔ေရာက္တဲ့အခါ ဝန္ထမ္းမ်ားက Anna အား Tilly က မသန္မစြမ္းျဖစ္ေနတဲ့ေခြးေပါက္ေလးတစ္ေကာင္ျဖစ္ၿပီး Tilly အတြက္ေနအိမ္မရွာေပးႏိုင္ခဲ့ေၾကာင္းေျပာျပခဲ့ပါတယ္။

Anna ဟာ Tilly ကိုေပြ႕ဖက္လိုက္တဲ့အခါမွာ ဘယ္သူကမွ Tilly ကိုအိမ္ေခၚမျပန္ခ်င္ၾကတာကိုသူမမယုံႏိုင္ျဖစ္ခဲ့ရေၾကာင္းကို “ ငါ Tillyကိုစခ်ီလိုက္တုန္းက သူကေသးငယ္ေခ်ာေမြ႕တဲ့ေဘာလုံးတစ္လုံးလိုပါပဲ ၊ Tilly က ငါ့လက္ထဲမွာေတာ့ လုံးဝအဆင္ေျပေနတယ္

အိမ္ျပန္ခရီးမွာ Tilly က ငါ့ေပါင္ေပၚတက္အိပ္ၿပီး သူ႔ရဲ႕အညိဳေရာင္မ်က္လုံးႀကီးေတြနဲ႔ ငါ့ကိုစိုက္ၾကည့္ေနခဲ့တယ္ ” လို႔ Anna က ေျပာၾကားခဲ့ပါတယ္။Tilly ဟာ အသက္ႀကီးလာတာႏွင့္အမွ် သူမရဲ႕ေက်ာ႐ိုးအတိုက ပိုျမင္သာလာခဲ့ပါတယ္။ Tilly ဟာ ရွားပါးေရာဂါတစ္မ်ိဳးျဖင့္ေမြးလာခဲ့ေပမဲ့လည္း

သူမရဲ႕ခႏၶာကိုယ္က လိုက္ေလ်ာညီေထြျဖစ္ေအာင္သင္ယူႏိုင္ခဲ့ၿပီး သူမရဲ႕ေက်ာ႐ိုးအတိုေၾကာင့္ က်န္းမာေရးျပႆနာကလႊဲရင္ အျခားျပသနာမရွိသလို သူမအသက္ရွည္ၿပီးက်န္းမာပါေစလို႔ဆႏၵျပဳေၾကာင္း Anna က ထပ္မံေျပာၾကားခဲ့ပါတယ္။

Tilly က အတက္အဆင္းလုပ္ရာမွာ အနည္းငယ္အကူအညီလိုအပ္တာေၾကာင့္ Anna က သူမအတြက္ အထူးေလွခါးကိုျပဳလုပ္ေပးထားပါတယ္။ Tilly ဟာ သူမအတြက္လုပ္ေပးခဲ့သမွ်အတြက္ Anna ကို ေက်းဇူးတင္ေၾကာင္းျပရန္ တြန႔္ဆုတ္မေနခဲ့သလို နာရီတိုင္းမွာ အလိုလို Anna ဆီသို႔ေျပးသြားၿပီး

အနမ္းေပးတတ္ပါေသးတယ္။တစ္ျခားေခြးမ်ားက သူမကိုေတြ႕ရင္စပ္စုေလ့ရွိတတ္ၾကေပမယ့္ သူမကလည္း ဂ႐ုမစိုက္ေနတတ္ပါဘူး။သို႔ေပမဲ့ Tilly က ကစားခ်င္လာရင္လည္း ဘယ္လိုအ႐ြယ္အစားေခြးေတြနဲ႔မဆိုကို အတူတူေဆာ့ကစားတတ္ပါတယ္။“

Tilly က ငါ့နဲ႔အတူအိပ္တယ္၊ ၿပီးေတာ့ သူမက ငါ့ကိုအၿမဲထိေတြ႕ေနတတ္တယ္၊ ငါခ်က္ျပဳတ္တဲ့အခါဆို ငါ့ေျခေထာက္ၾကားမွာလာလာၿပီးရပ္ေနတတ္သလို ငါ့အိမ္စာလုပ္တဲ့အခါမွာဆိုလည္း ငါ့ေျခေထာက္ေပၚ ဒါမွမဟုတ္ ငါ့နံေဘးမွာအၿမဲရွိေနတတ္တယ္ ” လို႔ Anna ကဆိုခဲ့ပါတယ္။

Anna ဟာ Tilly ကိုပိုင္ဆိုင္ရသည္မွာအလြန္ကံေကာင္းၿပီးTilly ႏွင့္ပတ္သက္ၿပီးဘယ္အရာကိုမွ်ေျပာင္းလဲသြားေစမွာမဟုတ္ေၾကာင္းႏွင့္ သူမက Tilly အားေပ်ာ္႐ႊင္တဲ့ဘဝကိုေပးႏိုင္ခဲ့တာေၾကာင့္လည္း အလြန္ပင္ဝမ္းေျမာက္ေပ်ာ္႐ႊင္ရေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါေသးတယ္။

crd

unicode

ရှားပါးတဲ့ရောဂါလက္ခဏာဖြင့်မွေးဖွားလာခဲ့ပေမဲ့ သခင်ကောင်းနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ ကျောရိုးတိုပြီးလည်ပင်းမရှိတဲ့ခွေးမလေး

Anna Marie Giannini အမည်ရှိအမျိုးသမီးတစ်ဦးဟာအွန်လိုင်းကြော်ငြာတစ်ခု၌အခြားခွေးများနဲ့မတူတဲ့ ခွေးပေါက်လေးတစ်ကောင်ကိုတွေ့လိုက်ရပြီး ထိုခွေးလေးက သူမရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။

အခြားခွေးများထဲမှထင်ရှားတဲ့ Tillyအမည်ရှိထိုခွေးပေါက်လေးဟာချစ်စရာကောင်းတဲ့တိဘက် spaniel ခွေးတစ်ကောင်ဖြစ်ပါတယ်။Tilly ဟာ ကျောရိုးတိုလည်ပင်းမရှိတဲ့အပြင် ရှားပါးတဲ့ကျောရိုး syndrome ရောဂါဖြင့်မွေးဖွားလာခဲ့တဲ့ ခွေးမလေးတစ်ကောင်ဘဲဖြစ်ပါတယ်။

Anna ထိုဂေဟာသို့ရောက်တဲ့အခါ ဝန်ထမ်းများက Anna အား Tilly က မသန်မစွမ်းဖြစ်နေတဲ့ခွေးပေါက်လေးတစ်ကောင်ဖြစ်ပြီး Tilly အတွက်နေအိမ်မရှာပေးနိုင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။

Anna ဟာ Tilly ကိုပွေ့ဖက်လိုက်တဲ့အခါမှာ ဘယ်သူကမှ Tilly ကိုအိမ်ခေါ်မပြန်ချင်ကြတာကိုသူမမယုံနိုင်ဖြစ်ခဲ့ရကြောင်းကို “ ငါ Tillyကိုစချီလိုက်တုန်းက သူကသေးငယ်ချောမွေ့တဲ့ဘောလုံးတစ်လုံးလိုပါပဲ ၊ Tilly က ငါ့လက်ထဲမှာတော့ လုံးဝအဆင်ပြေနေတယ်

အိမ်ပြန်ခရီးမှာ Tilly က ငါ့ပေါင်ပေါ်တက်အိပ်ပြီး သူ့ရဲ့အညိုရောင်မျက်လုံးကြီးတွေနဲ့ ငါ့ကိုစိုက်ကြည့်နေခဲ့တယ် ” လို့ Anna က ပြောကြားခဲ့ပါတယ်။Tilly ဟာ အသက်ကြီးလာတာနှင့်အမျှ သူမရဲ့ကျောရိုးအတိုက ပိုမြင်သာလာခဲ့ပါတယ်။ Tilly ဟာ ရှားပါးရောဂါတစ်မျိုးဖြင့်မွေးလာခဲ့ပေမဲ့လည်း

သူမရဲ့ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင်သင်ယူနိုင်ခဲ့ပြီး သူမရဲ့ကျောရိုးအတိုကြောင့် ကျန်းမာရေးပြဿနာကလွှဲရင် အခြားပြသနာမရှိသလို သူမအသက်ရှည်ပြီးကျန်းမာပါစေလို့ဆန္ဒပြုကြောင်း Anna က ထပ်မံပြောကြားခဲ့ပါတယ်။

Tilly က အတက်အဆင်းလုပ်ရာမှာ အနည်းငယ်အကူအညီလိုအပ်တာကြောင့် Anna က သူမအတွက် အထူးလှေခါးကိုပြုလုပ်ပေးထားပါတယ်။ Tilly ဟာ သူမအတွက်လုပ်ပေးခဲ့သမျှအတွက် Anna ကို ကျေးဇူးတင်ကြောင်းပြရန် တွန့်ဆုတ်မနေခဲ့သလို နာရီတိုင်းမှာ အလိုလို Anna ဆီသို့ပြေးသွားပြီး

အနမ်းပေးတတ်ပါသေးတယ်။တစ်ခြားခွေးများက သူမကိုတွေ့ရင်စပ်စုလေ့ရှိတတ်ကြပေမယ့် သူမကလည်း ဂရုမစိုက်နေတတ်ပါဘူး။သို့ပေမဲ့ Tilly က ကစားချင်လာရင်လည်း ဘယ်လိုအရွယ်အစားခွေးတွေနဲ့မဆိုကို အတူတူဆော့ကစားတတ်ပါတယ်။“

Tilly က ငါ့နဲ့အတူအိပ်တယ်၊ ပြီးတော့ သူမက ငါ့ကိုအမြဲထိတွေ့နေတတ်တယ်၊ ငါချက်ပြုတ်တဲ့အခါဆို ငါ့ခြေထောက်ကြားမှာလာလာပြီးရပ်နေတတ်သလို ငါ့အိမ်စာလုပ်တဲ့အခါမှာဆိုလည်း ငါ့ခြေထောက်ပေါ် ဒါမှမဟုတ် ငါ့နံဘေးမှာအမြဲရှိနေတတ်တယ် ” လို့ Anna ကဆိုခဲ့ပါတယ်။

Anna ဟာ Tilly ကိုပိုင်ဆိုင်ရသည်မှာအလွန်ကံကောင်းပြီးTilly နှင့်ပတ်သက်ပြီးဘယ်အရာကိုမျှပြောင်းလဲသွားစေမှာမဟုတ်ကြောင်းနှင့် သူမက Tilly အားပျော်ရွှင်တဲ့ဘဝကိုပေးနိုင်ခဲ့တာကြောင့်လည်း အလွန်ပင်ဝမ်းမြောက်ပျော်ရွှင်ရကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။

crd