Wifi ကိုတီထြင္ခဲ့တဲ့ ေခ်ာေမာလွပတဲ့ ေဟာလိဝုဒ္မင္းသမီး..

zawgyi

Wifi ကိုတီထြင္ခဲ့တဲ့ ေခ်ာေမာလွပတဲ့ ေဟာလိဝုဒ္မင္းသမီး..

Hedy Lamarrလို႔ေခၚတဲ့ အသက္၃၀အ႐ြယ္ရွိ အမ်ိဴးသမီးတစ္ဦးဟာ႐ုပ္ရွင္ေပါင္းေျမာက္ျမားစြာမွာသ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ ေအာ္စကာဆု အတြက္လည္း ဆန္ခါတင္စာရင္းေတြ ဝင္ခဲ့ပါတယ္။

Hedy Lamarrမွာလွပတဲ့႐ုပ္ရည္နဲ႔သ႐ုပ္ေဆာင္အရည္အခ်င္းေတြသာရွိ႐ုံမကပဲနည္းပညာကိုလည္းအလြန္အမင္းစိတ္ဝင္စားခဲ့ပါတယ္

။သူမရဲ႕တီထြင္မႈနဲ႔ ႀကိဳးစားမႈတို႔ေၾကာင့္သာ ကြၽန္ေတာ္တို႔လက္ရွိသုံးေနတဲ့ Wifi ေတြ ေပၚလာရျခင္းပဲဖစ္ပါတယ္။

Hedy Lamar ကို ၁၉၁၄ဩစႀတီးယား ဟန္ေဂရီႏိုင္ငံ Vienna ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။သူမရဲ႕ နာမည္အရင္းကေတာ့ Hedwig Eva Maria Kieslerျဖစ္ၿပီး အေဖဟာ ဘဏ္မန္ေနဂ်ာ တစ္ဦးျဖစ္ၿပီး အေမကေတာ့ စႏၵယားပညာရွင္တစ္ဦး ျဖစ္ပါတယ္။

အဲဒါေၾကာင့္ သူမဟာ အႏုပညာကို အရမ္းဝါသနာပါၿပီး ငယ္စဥ္ကတည္းကဇာတ္လမ္းေတြ ျပဇာတ္ေတြ ႐ုပ္ရွင္ေတြထဲမွာ ကေလးသ႐ုပ္ေဆာင္ အျဖစ္ပါဝင္ခဲ့ပါတယ္။အသက္ ၁၂ႏွစ္အ႐ြယ္မွာေတာ့ အလွမယ္ၿပိဳင္ပြဲမွာ ဆုရရွိခဲ့ပါေသးတယ္။

Hedy ဟာ သူမအေဖနဲ႔ လမ္းေလွ်ာက္ရင္း ကမာၻႀကီးရဲ႕ လည္ပတ္ပုံကို ေျပာျပတဲ့အခါမွာေတာ့ တီထြင္မႈေတြကို ျပဳလုပ္ဖို႔ ဝါသနာပါလာ ပါေတာ့တယ္။Kieslerနာမည္ကို ဆက္သုံးၿပီးေတာ့ Hedyဟာ ဥေရာပတစ္ခြင္မွာ အႏုပညာအလုပ္ကို ဆက္လုပ္ေနခဲ့ပါတယ္။

သူမရဲ႕ အေအာင္ျမင္ဆုံး႐ုပ္ရွင္ကေတာ့ Ecasty1933 ျဖစ္ပါတယ္။ေနာက္ပိုင္းမွာ Hedy ဟာ သူ႔ထက္အသက္ႀကီးတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ လက္ထပ္ခဲ့ ေပမယ့္လည္း အိမ္ေထာင္ေရးဟာ မတည္ၿမဲခဲ့ပါဘူး။

၁၉၃၇ မွာေတာ့ Hedy ဟာ သ႐ုပ္ေဆာင္ အရည္အခ်င္းအသစ္ေတြကို ရွာေဖြေနတဲ့ MGM ကုမၸဏီရဲ႕အႀကီးအကဲ Louis B Mayer နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

Hedy ရဲ႕ အရည္အခ်င္းကို အရမ္းသေဘာက်ၿပီးေတာ့ တစ္ပတ္ကို ေဒၚလာ ၅၀၀နဲ႔ စာခ်ဳပ္ ခ်ဴပ္ခဲ့ပါတယ္။Hedy ရဲ႕ အရည္အခ်င္းကို အရမ္းသေဘာက်ၿပီးေတာ့ တစ္ပတ္ကို ေဒၚလာ ၅၀၀နဲ႔ စာခ်ဳပ္ ခ်ဴပ္ခဲ့ပါတယ္။

Mayer က Hedy ကိုLamarrဆိုတဲ့ နာမည္ကိုလည္း ေျပာင္းေစခဲ့ပါတယ္။ၿပီးေတာ့ ေဟာလိဝုဒ္ကို ေျပာင္းေ႐ႊ႕ေစၿပီး နာမည္ႀကီး ဒါ႐ိုက္တာမ်ားနဲ႔လည္း မိတ္ဆက္ေပးခဲ့ပါတယ္။

Lamarrအမည္ေျပာင္းၿပီး ေက်ာ္ၾကားခဲ့တဲ့ ဇာတ္ကားေတြကေတာ့ Algiers 1938 Boom Town 1940 Come Live With Me 1941 The Conspirators 1944 Her Highness and the Bellboy 1945 Samson and Delilah 1949 တို႔ျဖစ္ၿပီး

The Story of Mankind 1957နဲ႔ Algiers ဇာတ္ကားတို႔ဟာ အကယ္ဒမီအတြက္ ဆန္ကာတင္ ဆုေပါင္းမ်ားစြာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။သူမဟာ သ႐ုပ္ေဆာင္ဘက္မွာ တစ္ခါတရံ ၿငီးေငြ႕လာတဲ့အတြက္ တီထြင္စမ္းသပ္မႈ အခ်ိဳ႕ကိုလည္း ျပဳလုပ္ခဲ့ ပါေသးတယ္။

ေရဆူေဆးျပားေတြ Howard Hughes ပိုင္တဲ့ ေလေၾကာင္း ကုမၸဏီအတြက္ ေလယာဥ္ဒီဇိုင္း ဆြဲေပးတာေတြ စတာေတြကို ျပဳလုပ္ခဲ့ပါတယ္။ေလယာဥ္ေတြကို ပိုမိုျမန္ဆန္ေစဖို႔အတြက္ ငွက္နဲ႔ ငါးတို႔ရဲ႕ပုံစံကို နမူနာယူၿပီး တီထြင္ခဲ့တယ္လို႔ဆိုပါတယ္။

Lamarrရဲ႕ အေက်ာ္ၾကားဆုံး တီထြင္မႈက ႀကိမ္ႏႈန္းျဖင့္ ခုန္ေသာလႈိင္းလို႔ေခၚၿပီး ဒုတိယကမာၻစစ္အတြင္းမွာ ေရငုပ္သေဘၤာကို ေတာ္ပီဒိုရန္ကေန ကာကြယ္ ေပးႏိုင္ခဲ့ပါတယ္။

သူမဟာ ဒီတီထြင္မႈကို သူမရဲ႕ ေတးေရးဆရာ စႏၵယားတီးခတ္တဲ့သူ စတဲ့သူေတြနဲ႔ ေပါင္းၿပီး တီထြင္ခဲ့တာပဲ ျဖစ္ပါတယ္။၁၉၄၂ မွာေတာ့ မူပိုင္ခြင့္ရခဲ့ေပမယ့္လည္း အေမရိကန္ေရတပ္က ခြင့္ျပဳေပးခဲ့ျခင္း မရွိပါဘူး။

၁၉၅၉မွာ မူပိုင္ခြင့္သက္တမ္း ကုန္သြားေပမယ့္လည္း ဒါဟာ GPS ေတြ Bluetooth ေတြရဲ႕ ေရွ႕ေျပး ျဖစ္လာခဲ့ပါတယ္။၁၉၉၇ မွာေတာ့ Electronic Frontier Foundationရဲ႕ Pioneer Award ကို ရရွိခဲ့ပါတယ္။ Hedy Lamarrဟာ အိမ္ေထာင္ ၆ ႀကိမ္က်ၿပီးေတာ့ သားသမီး ၃ေယာက္ ထြန္းကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အကုန္လုံးနဲ႔ ျပတ္ဆဲခဲ့ၿပီးေတာ့ တစ္ကိုယ္တည္းဘဝနဲ႔ပဲ ဘဝလက္က်န္ ၃၅ႏွစ္ကို ကုန္ဆုံးခဲ့ပါတယ္။၁၉၇၀ ဝန္းက်င္မွာ ဇာတ္လမ္း ဇာတ္ၫႊန္းေတြကို ကမ္းလွမ္းခဲ့ေပမယ့္လည္း ျငင္းပယ္ခဲ့ပါတယ္။သူမဟာ ၁၉၉၇မွာေတာ့ ကေနဒါကုမၸဏီကေန ေလ်ာ္ေၾကး ၄၉% ေပးခဲ့ပါတယ္။

အသက္ ၈၅ ႏွစ္အ႐ြယ္ ၂၀၀၀ ခုႏွစ္ ဇန္နဝါရီလ၁၉ရက္ေန႔မွာေတာ့ သူမကြယ္လြန္ခဲ့ ပါတယ္။သူမဟာ ႐ုပ္ရည္ေခ်ာေမာ လွပ႐ုံသာ မ က တီထြင္မႈေတြလည္း မ်ားစြာျပဳလုပ္ခဲ့ပါတယ္။လူေသသြားေပမယ့္လည္း သူမရဲ႕တီထြင္မႈေတြက ယခုထိလူေတြကို အက်ိဳးျပဳ ေနဆဲပါပဲ။

Crd

unicode

Wifi ကိုတီထွင်ခဲ့တဲ့ ချောမောလှပတဲ့ ဟောလိဝုဒ်မင်းသမီး..

Hedy Lamarrလို့ခေါ်တဲ့ အသက်၃၀အရွယ်ရှိ အမျိူးသမီးတစ်ဦးဟာရုပ်ရှင်ပေါင်းမြောက်မြားစွာမှာသရုပ်ဆောင်ခဲ့ပြီးတော့ အော်စကာဆု အတွက်လည်း ဆန်ခါတင်စာရင်းတွေ ဝင်ခဲ့ပါတယ်။

Hedy Lamarrမှာလှပတဲ့ရုပ်ရည်နဲ့သရုပ်ဆောင်အရည်အချင်းတွေသာရှိရုံမကပဲနည်းပညာကိုလည်းအလွန်အမင်းစိတ်ဝင်စားခဲ့ပါတယ်

။သူမရဲ့တီထွင်မှုနဲ့ ကြိုးစားမှုတို့ကြောင့်သာ ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Wifi တွေ ပေါ်လာရခြင်းပဲဖစ်ပါတယ်။

Hedy Lamar ကို ၁၉၁၄ဩစတြီးယား ဟန်ဂေရီနိုင်ငံ Vienna မြို့မှာ မွေးဖွားခဲ့ပါတယ်။သူမရဲ့ နာမည်အရင်းကတော့ Hedwig Eva Maria Kieslerဖြစ်ပြီး အဖေဟာ ဘဏ်မန်နေဂျာ တစ်ဦးဖြစ်ပြီး အမေကတော့ စန္ဒယားပညာရှင်တစ်ဦး ဖြစ်ပါတယ်။

အဲဒါကြောင့် သူမဟာ အနုပညာကို အရမ်းဝါသနာပါပြီး ငယ်စဉ်ကတည်းကဇာတ်လမ်းတွေ ပြဇာတ်တွေ ရုပ်ရှင်တွေထဲမှာ ကလေးသရုပ်ဆောင် အဖြစ်ပါဝင်ခဲ့ပါတယ်။အသက် ၁၂နှစ်အရွယ်မှာတော့ အလှမယ်ပြိုင်ပွဲမှာ ဆုရရှိခဲ့ပါသေးတယ်။

Hedy ဟာ သူမအဖေနဲ့ လမ်းလျှောက်ရင်း ကမ္ဘာကြီးရဲ့ လည်ပတ်ပုံကို ပြောပြတဲ့အခါမှာတော့ တီထွင်မှုတွေကို ပြုလုပ်ဖို့ ဝါသနာပါလာ ပါတော့တယ်။Kieslerနာမည်ကို ဆက်သုံးပြီးတော့ Hedyဟာ ဥရောပတစ်ခွင်မှာ အနုပညာအလုပ်ကို ဆက်လုပ်နေခဲ့ပါတယ်။

သူမရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကတော့ Ecasty1933 ဖြစ်ပါတယ်။နောက်ပိုင်းမှာ Hedy ဟာ သူ့ထက်အသက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ ပေမယ့်လည်း အိမ်ထောင်ရေးဟာ မတည်မြဲခဲ့ပါဘူး။

၁၉၃၇ မှာတော့ Hedy ဟာ သရုပ်ဆောင် အရည်အချင်းအသစ်တွေကို ရှာဖွေနေတဲ့ MGM ကုမ္ပဏီရဲ့အကြီးအကဲ Louis B Mayer နဲ့ တွေ့ဆုံခဲ့ပါတယ်။

Hedy ရဲ့ အရည်အချင်းကို အရမ်းသဘောကျပြီးတော့ တစ်ပတ်ကို ဒေါ်လာ ၅၀၀နဲ့ စာချုပ် ချူပ်ခဲ့ပါတယ်။Hedy ရဲ့ အရည်အချင်းကို အရမ်းသဘောကျပြီးတော့ တစ်ပတ်ကို ဒေါ်လာ ၅၀၀နဲ့ စာချုပ် ချူပ်ခဲ့ပါတယ်။

Mayer က Hedy ကိုLamarrဆိုတဲ့ နာမည်ကိုလည်း ပြောင်းစေခဲ့ပါတယ်။ပြီးတော့ ဟောလိဝုဒ်ကို ပြောင်းရွှေ့စေပြီး နာမည်ကြီး ဒါရိုက်တာများနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Lamarrအမည်ပြောင်းပြီး ကျော်ကြားခဲ့တဲ့ ဇာတ်ကားတွေကတော့ Algiers 1938 Boom Town 1940 Come Live With Me 1941 The Conspirators 1944 Her Highness and the Bellboy 1945 Samson and Delilah 1949 တို့ဖြစ်ပြီး

The Story of Mankind 1957နဲ့ Algiers ဇာတ်ကားတို့ဟာ အကယ်ဒမီအတွက် ဆန်ကာတင် ဆုပေါင်းများစွာ ရွေးချယ်ခံခဲ့ရပါတယ်။သူမဟာ သရုပ်ဆောင်ဘက်မှာ တစ်ခါတရံ ငြီးငွေ့လာတဲ့အတွက် တီထွင်စမ်းသပ်မှု အချို့ကိုလည်း ပြုလုပ်ခဲ့ ပါသေးတယ်။

ရေဆူဆေးပြားတွေ Howard Hughes ပိုင်တဲ့ လေကြောင်း ကုမ္ပဏီအတွက် လေယာဉ်ဒီဇိုင်း ဆွဲပေးတာတွေ စတာတွေကို ပြုလုပ်ခဲ့ပါတယ်။လေယာဉ်တွေကို ပိုမိုမြန်ဆန်စေဖို့အတွက် ငှက်နဲ့ ငါးတို့ရဲ့ပုံစံကို နမူနာယူပြီး တီထွင်ခဲ့တယ်လို့ဆိုပါတယ်။

Lamarrရဲ့ အကျော်ကြားဆုံး တီထွင်မှုက ကြိမ်နှုန်းဖြင့် ခုန်သောလှိုင်းလို့ခေါ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ ရေငုပ်သင်္ဘောကို တော်ပီဒိုရန်ကနေ ကာကွယ် ပေးနိုင်ခဲ့ပါတယ်။

သူမဟာ ဒီတီထွင်မှုကို သူမရဲ့ တေးရေးဆရာ စန္ဒယားတီးခတ်တဲ့သူ စတဲ့သူတွေနဲ့ ပေါင်းပြီး တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။၁၉၄၂ မှာတော့ မူပိုင်ခွင့်ရခဲ့ပေမယ့်လည်း အမေရိကန်ရေတပ်က ခွင့်ပြုပေးခဲ့ခြင်း မရှိပါဘူး။

၁၉၅၉မှာ မူပိုင်ခွင့်သက်တမ်း ကုန်သွားပေမယ့်လည်း ဒါဟာ GPS တွေ Bluetooth တွေရဲ့ ရှေ့ပြေး ဖြစ်လာခဲ့ပါတယ်။၁၉၉၇ မှာတော့ Electronic Frontier Foundationရဲ့ Pioneer Award ကို ရရှိခဲ့ပါတယ်။ Hedy Lamarrဟာ အိမ်ထောင် ၆ ကြိမ်ကျပြီးတော့ သားသမီး ၃ယောက် ထွန်းကားခဲ့ပါတယ်။

ဒါပေမယ့်လည်း အကုန်လုံးနဲ့ ပြတ်ဆဲခဲ့ပြီးတော့ တစ်ကိုယ်တည်းဘဝနဲ့ပဲ ဘဝလက်ကျန် ၃၅နှစ်ကို ကုန်ဆုံးခဲ့ပါတယ်။၁၉၇၀ ဝန်းကျင်မှာ ဇာတ်လမ်း ဇာတ်ညွှန်းတွေကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့ပါတယ်။သူမဟာ ၁၉၉၇မှာတော့ ကနေဒါကုမ္ပဏီကနေ လျော်ကြေး ၄၉% ပေးခဲ့ပါတယ်။

အသက် ၈၅ နှစ်အရွယ် ၂၀၀၀ ခုနှစ် ဇန်နဝါရီလ၁၉ရက်နေ့မှာတော့ သူမကွယ်လွန်ခဲ့ ပါတယ်။သူမဟာ ရုပ်ရည်ချောမော လှပရုံသာ မ က တီထွင်မှုတွေလည်း များစွာပြုလုပ်ခဲ့ပါတယ်။လူသေသွားပေမယ့်လည်း သူမရဲ့တီထွင်မှုတွေက ယခုထိလူတွေကို အကျိုးပြု နေဆဲပါပဲ။

Crd