ငယ္ငယ္ကဆိုခဲ့တဲ့ ကဗ်ာေလးက တေဘာင္ျဖစ္ေနမွန္း ခုမွသိေတာ့တယ္ဗ်ာ

zawgyi

ငယ္ငယ္ကဆိုခဲ့တဲ့ ကဗ်ာေလးက တေဘာင္ျဖစ္ေနမွန္း ခုမွသိေတာ့တယ္ဗ်ာ

“ဤ တေဘာင္ကို အဓိပၸါယ္ေကာက္လြဲသူမ်ားသို႔ ” အဖိုးႀကီးအို ခါးကုန္းကုန္း မေသပါနဲ႔အုံး၊ ေရွးႏွစ္ခါ တန္ေဆာင္မုန္းပြဲၾကည့္ပါ အုံး။ သိသူေဖာ္စား မသိသူေက်ာ္သြား တေဘာင္မ်ား။

အဖိုးႀကီးအိုခါးကုန္းကုန္း ဆိုသည္မွာ တို႔တေတြဟာ ဘဝတိုင္း ဘဝတိုင္း အဖိုးႀကီးအေမႀကီးဘဝနဲ႔ အသက္အ႐ြယ္ႀကီးႀကီးနဲ႔ေသရတဲ့ဘဝေတြ မ်ားခဲ့လွပါၿပီ။ လူျဖစ္ေတာ့လည္း လူအဖိုးႀကီး လူအဘြားႀကီး ငွက္ျဖစ္ေတာ့လည္း ငွက္အဖိုးႀကီး ငွက္အဖြားႀကီး ႏြားျဖစ္ေတာ့လည္း ႏြားအဖိုးႀကီး ႏြားအဖြားႀကီး။

ၾကက္ျဖစ္ေတာ့လည္း ၾကက္အဖိုးႀကီး ၾကက္အဖြားႀကီး သူေဌးႀကီးျဖစ္ေတာ့လည္း သူေဌးအဖိုးႀကီး သူေဌးအဖြားႀကီး ဘုရင္ ျဖစ္ေတာ့လည္း ဘုရင္အဖိုးႀကီး ဘုရင္အဖြားႀကီး ဘဝမ်ားစြာမွာ အရိယာဘဝကလြဲ၍ မျဖစ္ဖူးတဲ့ဘဝဆိုတာ မရွိပါဘူး။

သူေဌးႀကီး၊ဘုရင္ႀကီးေတြလည္း ျဖစ္ခဲ့ဖူးတယ္ တိရိစာၦန္မ်ိဳးစုံ ဘဝလည္း ျဖစ္ဖူးခဲ့ၿပီ နတ္ေတြ၊ျဗဟၼာေတြလည္း ျဖစ္ခဲ့ဖူး ၿပီး ၃၁ ဘုံမွာ မျဖစ္ဖူးတာ မရွိသေလာက္ပဲ ဘဝတိုင္းဘဝတိုင္း အသက္ႀကီးၿပီး ေသခဲ့ရတာခ်ည္းပဲတစ္ခ်ိဳ႕ဆိုရင္ အသက္ေတာင္မႀကီးလိုက္ရေသေနၾကရတာပဲ။

ဒါေပမဲ့မေသပါနဲ႔အုံး ေရွးႏွစ္ခါတန္ေဆာင္မုန္း ဆိုတာက တစ္ခ်ိဳ႕က ေနာက္ႏွစ္ခါ တန္ေဆာင္မုန္းလို႔ဆိုၾကတယ္။ အမွန္ကေရွးႏွစ္ခါတန္ေဆာင္မုန္းပါ ေရွးႏွစ္ခါဆိုတာက လာမဲ့ႏွစ္လို႔ ထင္တတ္ၾကတယ္ မဟုတ္ပါဘူး။

သာသနာေတာ္ ၂၅၆၅ ႏွစ္ရွိခဲ့ၿပီ ဘုရားရွင္ထားခဲ့ေတာ္မူေသာ သာသနာေတာ္ႏွစ္ ၅၀၀၀ ကို တစ္ေခတ္လွ်င္အႏွစ္ ၅၀၀ စီျဖင့္ ေခတ္(၅)ေခတ္ ပိုင္းျခားကာ ၅ ေခတ္ျပည့္လွ်င္ တစ္ဖန္ျပန္ေက်ာ့သည္။

(၁) ဝိမုတၱိယုဂေခတ္ (အႏွစ္ ၅၀၀) ဘုရားပြင့္ေတာ္မူၿပီးႏွစ္ေပါင္း ၅၀၀ အတြင္း သည္ဂိမုတၱိယုဂေခတ္ျဖစ္ရာ ထိုေခတ္အတြင္း ဈာန္မဂ္ဖိုလ္ရရွိသူမ်ား အလြန္ေပါမ်ားသည္။

(၂) သမာဓိယုဂေခတ္ (အႏွစ္၅၀၀) ထိုေခတ္ကာလအတြင္း သမာဓိတည္႐ုံမွ်သာျဖစ္ေပသည္။

(၃) သီလယုဂေခတ္ (အႏွစ္၅၀၀) ထိုေခတ္ကာလသည္ သီလကိုသာ ဦးစားေပးေသာေခတ္ျဖစ္သည္။

(၄) သုတယုဂေခတ္ (အႏွစ္၅၀၀) ထိုေခတ္ ကာလအတြင္း စာေပဗဟုသုတကို ဦးစားေပးေသာေခတ္မွ်သာျဖစ္သည္။

(၅) ဒါနယုဂေခတ္ (အႏွစ္၅၀၀) ထိုေခတ္ကာလသည္ ဒါနျပဳမႈကိုသာ အားသန္ၾကေသာေခတ္ျဖစ္သွ္။

ထို ၅ေခတ္မွလြန္ေသာ္ ဝိမုတၱိယုဂေခတ္သို႔ျပန္လည္ေရာက္ရွိလာသည္။

သို႔ျဖစ္ရာ သာသနာေတာ္ႏွစ္၂၅၀ ေကာဇာသကၠရာဇ္ ၁၃၁၈ ခုႏွစ္ ျပည့္ၿပီးသည္မွစ၍ ဝိမုတၱိယုဂေခတ္ သို႔ျပန္လည္ဆိုက္ေရာက္လာသည္။ ထို႔ေၾကာင့္ ေကာဇာသကၠရာဇ္ ၁၃၁၉ မွ ၁၈၁၉ ခုႏွစ္ အတြင္းသည္ ဝိမုတၱိယုဂေခတ္ျဖစ္ၿပီး၊ ထိုေခတ္မွလြဲ၍ က်န္ေခတ္မ်ားတြင္ မဂ္ဖိုလ္တရားထူးမ်ားရရန္မလြယ္ကူေတာ့ပါ။ ဒါကို သိထားရမယ္။

ပြဲၾကည့္ပါအုံး ဆိုတာက ဝိမုတၱိယုဂေခတ္ အနတၱသာသနာတစ္ပတ္ျပန္လည္လာေတာ့ပြဲ ၾကည့္ၾကရအုံးမယ္ ဘာပြဲၾကည့္ရလည္းဆိုေတာ့ ခႏၶာကျပတဲ့ပြဲကို ၾကည့္ခ်င္လည္းၾကည့္ မၾကည့္ခ်င္လည္းၾကည့္ၾကရမယ့္။ ပြဲ႐ုပ္ပြဲနာမ္ပြဲ ေဝဒနါပြဲ ပရမတ္ပြဲဓာတ္ပြဲ အာယတနပြဲ သစၥာပြဲေတြ ကိုၾကည့္ၾကရမယ္။ တျခား သြားၾကည့္ရမွာ မဟုတ္ဘူး။

မိမိခႏၶာက ျပတဲ့ပြဲကို ၾကည့္ရမပဲပြဲေလးပြဲ ၾကည့္ၾကပါကာယသတိပ႒ာန္ပြဲ၊ ေဝဒနါသတိပ႒ာန္ပြဲ၊ စိတၱသတိပ႒ာန္ပြဲ၊ ဓမၼသတိပ႒ာန္ပြဲ၊ကို သတိ သမာဓိ ပညာမ်က္လုံးနဲ႔ ၾကည့္ရမယ္။ ဒါမွ အမွန္ကို အမွန္အတိုင္း ျမင္လိုက္မယ္။

တို႔တေတြအားလုံး ယခုဝိမုတၱိယုဂေခတ္အတြင္းလူ ျဖစ္လာရသည္မွာပင္ ထူးကဲေသာ ဒုလႅဘတရားပင္ျဖစ္တယ္။ ဒါ့အျပင္ ဘဒၵကမာၻတြင္ လူျဖစ္ရျခင္း၊ ျမတ္စြာဘုရား၏ သာသနာေတာ္ႏွင့္ႀကဳံေတြ႕ရျခင္း၊ ဗုဒၶဘါသာဝင္ မိဘမ်ား၏ သားသမီးမ်ားျဖစ္ရျခင္းမွာ အင္မတန္ႀကီးမားေသာ

ဘုန္းကံေၾကာင့္ ျမတ္စြာဘုရျမတ္စြာဘုရား ပြင့္ထြန္းေတာ္မူရျခင္း၏ အေၾကာင္းရင္းတစ္ခုမွ ာသံသရာဝဋ္ဆင္းရဲအေပါင္းမွ ကင္းလြတ္ရာအမွန္ျမတ္နိဗၺာန္သို႔ ရေစျခင္းငွာ ပြင့္ေတာ္မူခဲ့သျဖင့္ နိဗၺာန္ေရာက္ရာရေၾကာင္း အက်င့္တရားမ်ားကို က်င့္ႀကံအားထုတ္ရပါမည္။

ဘုရားရွင္သည္ ပိဋကတ္သုံးပုံဟု ဆိုအပ္ေသာ ဓမၼကၡႏၶာေပါင္း ၈၄,၀၀၀ ကို ေဟာၾကားခဲ့ေသာ္လည္း အဓိကရည္ ႐ြယ္ခ်က္မွာ ဆင္းရဲခပ္သိမ္းကင္းၿငိမ္းရာအမွန္ ျမတ္နိဗၺာန္သို႔ ေရာက္ေၾကာင္းအက်င့္တရားကို က်င့္ႀကံအားထုတ္ရန္သာ ျဖစ္ပါသည္။

ထိုနိဗၺာန္ေရာက္ေၾကာင္း အက်င့္တရားမ်ားသည္ လူ႔ဘုံဘဝကသာလွ်င္ က်င့္ႀကံအားထုတ္ၿပီး ရရွိႏိူင္ပါသည္။ သို႔ေၾကာင့္သာျမတ္စြာဘုရားရွင္တိုင္းသည္ လူ႔ျပည္ကသာလွ်င္ ပြင့္ေတာ္မူျခင္းျဖစ္ေပသည္။

လူ႔ဘုံမွ နိဗၺာန္ကိုရရန္ က်င့္ႀကံသည့္နည္း၃နည္းရွိရာ၊ ယင္းတို႔မွာ-#ကံလမ္း၊ ဈာန္လမ္း၊ ဉာဏ္လမ္းဟူ၍ ျဖစ္သည္။ ကံလမ္းသည္ ဒါန၊ သီလေဆာက္ တည္၍က်င့္ႀကံ အားထုတ္သည့္လမ္းျဖစ္သည္။

သမထက်င့္ႀကံအားထုတ္သည့္လမ္းကို ဈာန္လမ္းဟုေခၚၾကၿပီး၊ဝိပႆနာပြား၍ က်င့္ႀကံအားထုတ္သည့္လမ္းကို ဉာဏ္လမ္းဟုေခၚပါသည္။ ဉာဏ္လမ္းသည္သာလွ်င္ အျမန္ဆုံးႏွင့္အေကာင္းဆုံးျဖစ္ေပသည္။သစၥာတရားကို ျပသတတ္ေသာ ဆရာသမားေကာင္းႏွင့္ေတြ႕၍ ကိေလသာၾကားမခိုပဲ

က်င့္ႀကံအားထုတ္ပါက ေန႔ခ်င္းေပါက္ပင္ရႏိူင္ပါသည္။ ကိေလသာၾကားခို၍ မရႏိူင္ပါက ၇ရက္၊ ၇လ၊ ၇ႏွစ္အတြင္းရႏိူင္သည္။ သို႔မဟုတ္ပါက ယခုဘဝ ေသခါနီးအခ်ိန္တြင္ ဝိပႆနာတရာႏွလုံးသြင္းၿပီး ေသဆုံးမည္ဆိုပါက ေနာက္ဘဝ နတ္ဘုံမေရာက္ခင္ (ပထမအဆင့္)ေသာတာပတၱိမဂ္ဖိုလ္ကိုရႏိူင္သည္။

ကံလမ္းႏွင့္ဈာန္လမ္းသည္ နိဗၺာန္ကိုတိုက္႐ိုက္မေရာက္ႏိူင္။ နိဗၺာန္ေရာက္အေထာက္အပံ့ ေကာင္းသာျဖစ္ေစၿပီး၊ ဝိပႆနာဘက္ေျပာင္း၍ က်င့္ႀကံအားထုတ္မွသာ နိဗၺာန္ကိုရႏိူင္ပါသည္။

ယခုကာလ ဝိမုတၱိယုဂေခတ္အတြင္း သစၥာေလးပါးျမတ္တရားကိုေကာင္းစြာသိျမင္၍ မွန္ကန္ေသာအက်င့္ ပဋိပတ္ျဖင့္ လ်င္ျမန္စြာ က်င့္ႀကံအားထုတ္ ေရာက္ရွိႏိူင္ၾကပါေစကုန္သတည္း။

(ဝိေဇၨာဒယ ျပည္သဲအင္းဆရာေတာ္ ႀကီးတရားကို နာယူ၍ေရးသားသည္)

unicode

ငယ်ငယ်ကဆိုခဲ့တဲ့ ကဗျာလေးက တဘောင်ဖြစ်နေမှန်း ခုမှသိတော့တယ်ဗျာ

“ဤ တဘောင်ကို အဓိပ္ပါယ်ကောက်လွဲသူများသို့ ” အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး၊ ရှေးနှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါ အုံး။ သိသူဖော်စား မသိသူကျော်သွား တဘောင်များ။

အဖိုးကြီးအိုခါးကုန်းကုန်း ဆိုသည်မှာ တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း အဖိုးကြီးအမေကြီးဘဝနဲ့ အသက်အရွယ်ကြီးကြီးနဲ့သေရတဲ့ဘဝတွေ များခဲ့လှပါပြီ။ လူဖြစ်တော့လည်း လူအဖိုးကြီး လူအဘွားကြီး ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး နွားဖြစ်တော့လည်း နွားအဖိုးကြီး နွားအဖွားကြီး။

ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး သူဌေးကြီးဖြစ်တော့လည်း သူဌေးအဖိုးကြီး သူဌေးအဖွားကြီး ဘုရင် ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး ဘဝများစွာမှာ အရိယာဘဝကလွဲ၍ မဖြစ်ဖူးတဲ့ဘဝဆိုတာ မရှိပါဘူး။

သူဌေးကြီး၊ဘုရင်ကြီးတွေလည်း ဖြစ်ခဲ့ဖူးတယ် တိရိစ္ဆာန်မျိုးစုံ ဘဝလည်း ဖြစ်ဖူးခဲ့ပြီ နတ်တွေ၊ဗြဟ္မာတွေလည်း ဖြစ်ခဲ့ဖူး ပြီး ၃၁ ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲ ဘဝတိုင်းဘဝတိုင်း အသက်ကြီးပြီး သေခဲ့ရတာချည်းပဲတစ်ချို့ဆိုရင် အသက်တောင်မကြီးလိုက်ရသေနေကြရတာပဲ။

ဒါပေမဲ့မသေပါနဲ့အုံး ရှေးနှစ်ခါတန်ဆောင်မုန်း ဆိုတာက တစ်ချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့ဆိုကြတယ်။ အမှန်ကရှေးနှစ်ခါတန်ဆောင်မုန်းပါ ရှေးနှစ်ခါဆိုတာက လာမဲ့နှစ်လို့ ထင်တတ်ကြတယ် မဟုတ်ပါဘူး။

သာသနာတော် ၂၅၆၅ နှစ်ရှိခဲ့ပြီ ဘုရားရှင်ထားခဲ့တော်မူသော သာသနာတော်နှစ် ၅၀၀၀ ကို တစ်ခေတ်လျှင်အနှစ် ၅၀၀ စီဖြင့် ခေတ်(၅)ခေတ် ပိုင်းခြားကာ ၅ ခေတ်ပြည့်လျှင် တစ်ဖန်ပြန်ကျော့သည်။

(၁) ဝိမုတ္တိယုဂခေတ် (အနှစ် ၅၀၀) ဘုရားပွင့်တော်မူပြီးနှစ်ပေါင်း ၅၀၀ အတွင်း သည်ဂိမုတ္တိယုဂခေတ်ဖြစ်ရာ ထိုခေတ်အတွင်း ဈာန်မဂ်ဖိုလ်ရရှိသူများ အလွန်ပေါများသည်။

(၂) သမာဓိယုဂခေတ် (အနှစ်၅၀၀) ထိုခေတ်ကာလအတွင်း သမာဓိတည်ရုံမျှသာဖြစ်ပေသည်။

(၃) သီလယုဂခေတ် (အနှစ်၅၀၀) ထိုခေတ်ကာလသည် သီလကိုသာ ဦးစားပေးသောခေတ်ဖြစ်သည်။

(၄) သုတယုဂခေတ် (အနှစ်၅၀၀) ထိုခေတ် ကာလအတွင်း စာပေဗဟုသုတကို ဦးစားပေးသောခေတ်မျှသာဖြစ်သည်။

(၅) ဒါနယုဂခေတ် (အနှစ်၅၀၀) ထိုခေတ်ကာလသည် ဒါနပြုမှုကိုသာ အားသန်ကြသောခေတ်ဖြစ်သှ်။

ထို ၅ခေတ်မှလွန်သော် ဝိမုတ္တိယုဂခေတ်သို့ပြန်လည်ရောက်ရှိလာသည်။

သို့ဖြစ်ရာ သာသနာတော်နှစ်၂၅၀ ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ် ပြည့်ပြီးသည်မှစ၍ ဝိမုတ္တိယုဂခေတ် သို့ပြန်လည်ဆိုက်ရောက်လာသည်။ ထို့ကြောင့် ကောဇာသက္ကရာဇ် ၁၃၁၉ မှ ၁၈၁၉ ခုနှစ် အတွင်းသည် ဝိမုတ္တိယုဂခေတ်ဖြစ်ပြီး၊ ထိုခေတ်မှလွဲ၍ ကျန်ခေတ်များတွင် မဂ်ဖိုလ်တရားထူးများရရန်မလွယ်ကူတော့ပါ။ ဒါကို သိထားရမယ်။

ပွဲကြည့်ပါအုံး ဆိုတာက ဝိမုတ္တိယုဂခေတ် အနတ္တသာသနာတစ်ပတ်ပြန်လည်လာတော့ပွဲ ကြည့်ကြရအုံးမယ် ဘာပွဲကြည့်ရလည်းဆိုတော့ ခန္ဓာကပြတဲ့ပွဲကို ကြည့်ချင်လည်းကြည့် မကြည့်ချင်လည်းကြည့်ကြရမယ့်။ ပွဲရုပ်ပွဲနာမ်ပွဲ ဝေဒနါပွဲ ပရမတ်ပွဲဓာတ်ပွဲ အာယတနပွဲ သစ္စာပွဲတွေ ကိုကြည့်ကြရမယ်။ တခြား သွားကြည့်ရမှာ မဟုတ်ဘူး။

မိမိခန္ဓာက ပြတဲ့ပွဲကို ကြည့်ရမပဲပွဲလေးပွဲ ကြည့်ကြပါကာယသတိပဋ္ဌာန်ပွဲ၊ ဝေဒနါသတိပဋ္ဌာန်ပွဲ၊ စိတ္တသတိပဋ္ဌာန်ပွဲ၊ ဓမ္မသတိပဋ္ဌာန်ပွဲ၊ကို သတိ သမာဓိ ပညာမျက်လုံးနဲ့ ကြည့်ရမယ်။ ဒါမှ အမှန်ကို အမှန်အတိုင်း မြင်လိုက်မယ်။

တို့တတွေအားလုံး ယခုဝိမုတ္တိယုဂခေတ်အတွင်းလူ ဖြစ်လာရသည်မှာပင် ထူးကဲသော ဒုလ္လဘတရားပင်ဖြစ်တယ်။ ဒါ့အပြင် ဘဒ္ဒကမ္ဘာတွင် လူဖြစ်ရခြင်း၊ မြတ်စွာဘုရား၏ သာသနာတော်နှင့်ကြုံတွေ့ရခြင်း၊ ဗုဒ္ဓဘါသာဝင် မိဘများ၏ သားသမီးများဖြစ်ရခြင်းမှာ အင်မတန်ကြီးမားသော

ဘုန်းကံကြောင့် မြတ်စွာဘုရမြတ်စွာဘုရား ပွင့်ထွန်းတော်မူရခြင်း၏ အကြောင်းရင်းတစ်ခုမှ ာသံသရာဝဋ်ဆင်းရဲအပေါင်းမှ ကင်းလွတ်ရာအမှန်မြတ်နိဗ္ဗာန်သို့ ရစေခြင်းငှာ ပွင့်တော်မူခဲ့သဖြင့် နိဗ္ဗာန်ရောက်ရာရကြောင်း အကျင့်တရားများကို ကျင့်ကြံအားထုတ်ရပါမည်။

ဘုရားရှင်သည် ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဓမ္မက္ခန္ဓာပေါင်း ၈၄,၀၀၀ ကို ဟောကြားခဲ့သော်လည်း အဓိကရည် ရွယ်ချက်မှာ ဆင်းရဲခပ်သိမ်းကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်တရားကို ကျင့်ကြံအားထုတ်ရန်သာ ဖြစ်ပါသည်။

ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားများသည် လူ့ဘုံဘဝကသာလျှင် ကျင့်ကြံအားထုတ်ပြီး ရရှိနိူင်ပါသည်။ သို့ကြောင့်သာမြတ်စွာဘုရားရှင်တိုင်းသည် လူ့ပြည်ကသာလျှင် ပွင့်တော်မူခြင်းဖြစ်ပေသည်။

လူ့ဘုံမှ နိဗ္ဗာန်ကိုရရန် ကျင့်ကြံသည့်နည်း၃နည်းရှိရာ၊ ယင်းတို့မှာ-#ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဟူ၍ ဖြစ်သည်။ ကံလမ်းသည် ဒါန၊ သီလဆောက် တည်၍ကျင့်ကြံ အားထုတ်သည့်လမ်းဖြစ်သည်။

သမထကျင့်ကြံအားထုတ်သည့်လမ်းကို ဈာန်လမ်းဟုခေါ်ကြပြီး၊ဝိပဿနာပွား၍ ကျင့်ကြံအားထုတ်သည့်လမ်းကို ဉာဏ်လမ်းဟုခေါ်ပါသည်။ ဉာဏ်လမ်းသည်သာလျှင် အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်ပေသည်။သစ္စာတရားကို ပြသတတ်သော ဆရာသမားကောင်းနှင့်တွေ့၍ ကိလေသာကြားမခိုပဲ

ကျင့်ကြံအားထုတ်ပါက နေ့ချင်းပေါက်ပင်ရနိူင်ပါသည်။ ကိလေသာကြားခို၍ မရနိူင်ပါက ၇ရက်၊ ၇လ၊ ၇နှစ်အတွင်းရနိူင်သည်။ သို့မဟုတ်ပါက ယခုဘဝ သေခါနီးအချိန်တွင် ဝိပဿနာတရာနှလုံးသွင်းပြီး သေဆုံးမည်ဆိုပါက နောက်ဘဝ နတ်ဘုံမရောက်ခင် (ပထမအဆင့်)သောတာပတ္တိမဂ်ဖိုလ်ကိုရနိူင်သည်။

ကံလမ်းနှင့်ဈာန်လမ်းသည် နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိူင်။ နိဗ္ဗာန်ရောက်အထောက်အပံ့ ကောင်းသာဖြစ်စေပြီး၊ ဝိပဿနာဘက်ပြောင်း၍ ကျင့်ကြံအားထုတ်မှသာ နိဗ္ဗာန်ကိုရနိူင်ပါသည်။

ယခုကာလ ဝိမုတ္တိယုဂခေတ်အတွင်း သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍ မှန်ကန်သောအကျင့် ပဋိပတ်ဖြင့် လျင်မြန်စွာ ကျင့်ကြံအားထုတ် ရောက်ရှိနိူင်ကြပါစေကုန်သတည်း။

(ဝိဇ္ဇောဒယ ပြည်သဲအင်းဆရာတော် ကြီးတရားကို နာယူ၍ရေးသားသည်)