သာမည ဆရာတော်ဘုရားကြီးချီးမြင့်သော ချမ်းသာချင်လျှင် ရွတ်ရမည့်ဂါထာ…
Zawgyi
(မှတ်ချက်)
Unicode
အမှုအခင်းရှိလျှင်၊ ပစ္စည်းပျောက်လျှင် ၊နေထိုင်မကောင်းလျှင်၊ ချမ်းသာချင်လျှင်၊ စစ်တိုက်သွားလျှင် ရွတ်ရမည့် ဂါထာ
သာမညတောင်ဆရာတော်ဘုရားကြီးချီးမြင့်သောဂါထာ….
ဥုံ- သိဒ္ဓိဘုရားထိပ်မှာထားနားမှာ ဗြဟ္မာ ၊လက်မှာ သိကြား ၊ခါးမှာ ဘီလူး ၊ဒူးမှာ ခြင်္သေ့ ၊ခြေမှာ နဂါး ၊ကိုယ်မှာ ဂဠုန်၊ အစောင့်ထားပါ၏ ။
ဥုံ – ကောက္ကုသံ ၊ဥုံ – ကောဏဂုံ ၊ဥုံ- ကဿဖ ၊ဥုံ – ဂေါတမ ၊ဥုံ – အရိမေတ္တယျ ၊ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ ။
ဓာတ်တော်ဝင် ၊မဟာဝင် ၊ဧရာဝင် ၊မဟာဝိနေယာ ၊ဗောဓိရှစ်တန် ၊ညဏ်တော်( ၁၈ ) ပါး ၊ဥုံ – ဘုရား ၊ဥုံ – တရား ၊ဥုံ – သံဃာတော်နှင့် ရွှေအဆင်းအလား ဦးခေါင်းတော်က မြင်းမိုရ်တောင် ၊မျက်လုံးတော်က ပုလဲရောင် ၊သွားတော်က ဝရဇိန် ၊လည်တော်က သံချောင်း ၊မဏိဗောဓိ ရွှေညောင်ပင်က ပွင့်တော် မူပါ၍
လေးသင်္ချေ ကမ္ဘာတစ်သိန်း ၊ရှစ်သင်္ချေ ကမ္ဘာတစ်သိန်း ၊တစ်ဆယ့်ခြောက်သင်္ချေ ကမ္ဘာ တစ်သိန်း ၊ပါရမီဖြည့်လာသော ဘဘုရား ၊သားတော် ၊ သမီးတော် တို့ကိုဆင်းရဲဒုက္ခ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ချမ်းသာသုခဘဝရောက်အောင်ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ၊ချမ်းသာအောင် စောင့်ရှောက်တော်မူပါအရှင်ဘုရား။
(မှတ်ချက်)
သာမညဆရာတော် ဘုရားကြီး အထူးပေးသော ဂါထာတော်ကို…….
( ၁ ) အမှုအခင်းရှိက ( ၉ ) ခေါက် ရွတ်
( ၂ ) ပစ္စည်းပျောက်လျှင် ( ၃ ) ခေါက် ရွတ်
( ၃ ) နေထိုင်မကောင်းလျှင် ( ၇ ) ခေါက် ရွတ်
( ၄ ) ချမ်းသာချင်လျှင် ( ၁၂ ) ခေါက် ရွတ်
( ၅ ) စစ်တိုက်သွားလျှင် ( ၅ ) ခေါက်ရွတ်
ဘုရားအား အာရုံပြု၍ ရွတ်ဖတ်သရဇ္ဇျယ် ပွားများပါ။)
မိမိမိတ်ဆွေများလည်းသိရအောင် share ပြီး ကုသိုလ်ယူကြပါ….။အားလုံးကြမ္မာ ချမ်းသာကြပါစေ….။ခရက်ဒစ်