zawgyi
Rain (For Ialinks)
crd
unicode
မြွေအကောင်၂၀ကို သားသမီးရင်းချာလို သဘောထားပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သော ဇနီးမောင်နှံ
အချို့သောသူများသည် အဆိပ်ပြင်းပြီး ကိုယ့်အသက်ကို အန္တရာယ်ရှိသည့်ကြားက မကြောက်မလန့်ပဲ မေတ္တာထားပြီး အိမ်မှာမွေးမြူထားတတ်ကြသည်။
ယခုအခါမှာလည်း တရုတ်နိုင်ငံ Jilinပြည်နယ် Sipingမြို့ရှိ တောင်ပေါ်ကျေးလက်ဒေသတွင် နေထိုင်သော အသက်၆၀ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦးသည် တောထဲမှာကျင်လည်ကျက်စားနေသော မြွေအကောင်၂၀ကို အိမ်မှာမွေးထားခဲ့သည်။
သူတို့ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်ကျတာကြာပြီဖြစ်သော်လည်း သားသမီးတစ်ယောက်မှ မထွန်းကားခဲ့၍ မြွေလေးတွေကိုပဲ သူတို့ရဲ့သားသမီးရင်းချာလို ကျွေးမွေးစောင့်ရှောက်ထားခဲ့သည်။
ဇနီးမောင်နှံသည် ဟင်းသီးဟင်းရွက်နဲ့ မှို စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ငွေကြေးမချမ်းသာသော်လည်း တစ်ပတ်တစ်ခါ မြွေတွေအတွက် ဈေးကနေ အသားဝယ်ကျွေးဖို့ ငွေတွေထုတ်သုံးခဲ့သည်။
ထိုမြွေတွေသည် အဆိပ်ရှိပေမယ့် နှစ်ပေါင်း၃၀ကျော်လာသည်ထိ သခင်ဖြစ်တဲ့ ဇနီးမောင်နှံကို အန္တရာယ်တစ်စုံတစ်ရာမပေးခဲ့တာကြောင့် အံ့အားသင့်စရာကောင်းသည်။
Rain (For Ialinks)
crd